အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကို သတိပေးလာတဲ့ ပွဲတစ်ထောင်ပြည့်လာမယ့် ဂွါဒီယိုလာ
=======================

မန်စီတီးနည်းပြပက်ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ အပြီးတွင် ၆ မှတ်ဖြတ်ထားတဲ့ ဦးဆောင်သူ အာဆင်နယ်အား သတိပေးမှု ပြုလုပ်လာပါတယ်။

ဂွါဒီယိုလာဦးဆောင်တဲ့ မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနှင့် ရင်ဆိုင်ကစားလာရမှာ ဖြစ်ပြီး ဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ပိုမိုကွာဟလာနိုင်ပါသေးတယ်။

လာမယ့် လီဗာပူးနှင့်ပွဲစဉ်မှာ ၂၀၀၇ ခုနှစ်တွင် နည်းပြဘဝစတင်ခဲ့တဲ့ ဂွါဒီယိုလာအတွက် ပွဲတစ်ထောင်ပြည့်လာမယ့်ပွဲလည်း ဖြစ်ပါတယ်။

အာတီတာဦးဆောင်တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ အပြီးတွင် ရမှတ် ၄ မှတ်တည်းသာ ဆုံးရှုံးထားရပြီး ၂၀၂၂-၂၃ ရာသီနောက်ပိုင်း အကောင်းဆုံးတာထွက်နှင့် ကြုံနေရပါတယ်။

မန်စီးတီးဟာ ယခင်တုန်းက ဧပြီလတွင် အာဆင်နယ်အား အီတီဟတ်ကွင်းမှာ ၄-၁ ဖြင့် အနိုင်ယူကာ ၁ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ဖူးပါတယ်။ ၎င်းတို့ဟာ လာမယ့် ဧပြီလ ၁၈ ရက်နေ့တွင် အီတီဟတ်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံကစားလာရပါဦးမယ်။

ဂွါဒီယိုလာက "ကျွန်တော်တို့ အစွမ်းကုန်လုပ်ဆောင်နိုင်တာက ကိုယ့်ပွဲအနိုင်ယူပြီး အနီးကပ်ဆုံးဖြစ်နေဖို့ပါ။ သူတို့(အာဆင်နယ်) ဒီကို လာကစားရပါဦးမယ်။ နောက်ဆုံး နှစ်နှစ် သုံးနှစ်မှာ ကလပ်တစ်ခု အသင်းတစ်ခု တည်ဆောက်တယ်၊ ထိပ်ဆုံးသို့ ရောက်လာတယ်။ သူတို့ လုပ်ဆောင်ထားနိုင်တာ အရမ်းကောင်းတယ်။ နှစ်ရာသီ သို့မဟုတ် သုံးရာသီ လုပ်ပြထားပြီးပြီ။ ဒါပေမယ့် အခုမှ နိုဝင်ဘာပဲ ရှိပါသေးတယ်။ နိုဝင်ဘာအစောပိုင်းမှာ ဘယ်အသင်းမှ ချန်ပီယံမဖြစ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဂွါဒီယိုလာဟာ လီဗာပူးနှင့်ပွဲတွင် နည်းပြဘဝ ပွဲတစ်ထောင်ပြည့်လာမှာ ဖြစ်ပါတယ်။ သူဟာ စပိန်၊ ဂျာမနီနှင့် အင်္ဂလန်တို့တွင် အမှတ်ပေးဖလား ၁၂ ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ်အပါအဝင် ဆုဖလား အကြိမ် ၄၀ ဆွတ်ခူးထားနိုင်ပါတယ်။

image

ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ရီးရဲလ်မက်ဒရစ်လူစာရင်းတွင် အလာဘာ ပြန်လည်ပါဝင်လာဖွယ်ရှိ
=======================

ဒေးဗစ်အလာဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းလာနိုင်မှုနှင့်အတူ တနင်္ဂနွေနေ့ ဗယ်လီကာနိုနှင့် လာလီဂါပွဲစဉ်တွင် အသင်းလူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပတယ်။

ဩစတြီးယားနောက်ခံလူဟာ ခြေသလုံးဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲ ၄ ပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ တဖက်တွင် ရီးရဲလ်မက်ဒရစ်ဟာ အန်တိုနီယိုရူဒီဂါ၊ ဒါနီကာဗာဂျယ်၊ အူရယ်လီယန်ချူကွာမီနီတို့ ဒဏ်ရာရရှိနေမှုနှင့်အတူ အလာဘာ ပြန်လည်ကစားလာနိုင်မှုက သတင်းကောင်းဖြစ်နေပါတယ်။

အသက် ၃၃ နှစ်ရှိ ဘိုင်ယန်မြူးနစ်နောက်ခံလူဟာ နောက်တန်းပြဿနာကြုံနေရချိန်တွင် ချိန်သားကိုက် ပြန်လည်ကစားလာနိုင်တာလည်း ဖြစ်ပါတယ်။

အလာဘာဟာ သောကြာနေ့တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းတွင် ကစားဖော်များနှင့်အတူ ပုံမှန်လေ့ကျင့်ခန်းအပြည့်အဝ ပြုလုပ်နိုင်ခဲ့ရာ ဗယ်လီကာနိုနှင့်အဝေးကွင်းပွဲတွင် လူစာရင်းမှာ ပါဝင်လာနိုင်ကြောင်း AS က ဖော်ပြသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဒဏ်ရာရစာရင်းတွင် နောက်ဆုံးပါဝင်လာတဲ့ ပြင်သစ်ကစားသမားချူကွာမီနီမှာ ဘယ်ဖက်ကြွက်သားဒဏ်ရာရရှိနေခဲ့တာ ဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ အယ်ချီနှင့်ပွဲတွင်မ ပါဝင်နိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ တဖက်တွင် ညာတောင်ပံတိုက်စစ်သမားဖရန်ကိုမာစတန်တူအိုနိုမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုဟာ ယခုရာသီတွင် ဗဟိုခံစစ်တွင် မီလီတာအိုနှင့် ဟူဆန်တို့အား အဓိကထား အားကိုး အသုံးပြုနေခဲ့တာ ဖြစ်ပြီး စပိန်လက်ရွေးစင်ဗဟိုနောက်ခံလူ ပါဝင်နိုင်ခြင်း မရှိတဲ့ ဂျူဗင်တပ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဗဟိုခံစစ်ပြဿနာတက်ခဲ့ပါတယ်။

image

မြန်မာဖိုက်တာစိုးနောင်ဦးနှင့် ဗီရိုနီကာတို့ ပြိုင်ဘက်များအား အနိုင်ရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုဝင်ဘာ၇ရက် ညပိုင်းက ကျင်းပခဲ့တဲ့ One Championshipရဲ့ One Friday Fight 132ပြိုင်ပွဲမှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ စိုးနောင်ဦးနဲ့ ဗီရိုနီကာတို့က ပြိုင်ဘက်တွေကို အမှတ်နဲ့ အသီးသီးအနိုင်ရသွားပြီး သန့်ဇင်ကပြိုင်ဘက်ကို အမှတ်နဲ့ရှုံးနိမ့်သွားပါတယ်။

စိုးနောင်ဦးနဲ့ ထိုင်းဖိုက်တာ မိုင်ဆန်းဂန်တို့ရဲ့ပွဲမှာ စိုးနောင်ဦးက ပွဲချိန်အတွင်း အကောင်းဆုံးထိုးသတ်နိုင်ခဲ့ပြီး သုံးချီအပြည့်ထိုးသတ်ခဲ့အပြီးမှာ အမှတ်နဲ့အနိုင်ရသွားပါတယ်။

မြန်မာပရိသတ်စိတ်ဝင်စားမှုများတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာဖိုက်တာဗီရိုနီကာနဲ့ တရုတ်ဖိုက်တာ လိမင်ယွီတို့ရဲ့ အမျိုးသမီးပွဲစဉ်မှာလည်း ဗီရိုနီကာရဲ့ထိုးချက်တွေက ထိရောက်ကောင်းမွန်ခဲ့ပြီး အမှတ်နဲ့အနိုင်ရသွားတာပါ။

နောက်ထပ်မြန်မာဖိုက်တာတစ်ယောက်ဖြစ်တဲ့ သန့်ဇင်နဲ့ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်တို့ရဲ့ ပွဲစဉ်မှာတော့ သန့်ဇင်က အမှတ်နဲ့ရှုံးနိမ့်သွားခဲ့ရပါတယ်။

အခုပွဲမှာ သန့်ဇင်ရှုံးနိမ့်သွားခဲ့ပေမဲ့ မြန်မာပရိသတ်တွေကတော့ ထိုးသတ်ပုံ ပိုမိုကောင်းမွန်ပါးနပ်လာတဲ့ သန့်ဇင်ကိုချီးကျူးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

image

၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် ပါတီများအား ဖိတ်ခေါ်ခြင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြ မည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို One News Online သတင်းဌာန၏ Facebook၊ Website၊ You Tube တို့မှ ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်ပါသည်။

ဟောပြောတင်ပြလိုသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများသည် မိမိဟောပြော တင်ပြ လိုသည့် ငါးမိနစ်စာ ရုပ်သံဗီဒီယို များကို One News Online သတင်းဌာန၏ ဖော်ပြပါ Email လိပ်စာ onenewsregional@gmail.com နှင့် ဖုန်းနံပါတ် 09-449002083 သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။

မဲဆွယ်ဟောပြောချက်များကို စာဖြင့်ရေးသားထားသည့် PDF File ၊ Word File များ နှင့်တကွ ဟောပြောချက် ရုပ် သံ ဗီဒီယိုကိုလည်း HD Quality ဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖြင့် ပေးပို့ရမည် ဖြစ်ပါသည်။(ပေးပို့သည့်အခါ ဥက္က ဋ္ဌ လက်မှတ်ရေးထိုးထားသည့် Letter Head ပါ အပေါ်စာ တစ်စောင်နှင့် တွဲ၍ ပေးပို့ရပါမည်။)

ဟောပြောရာတွင် ဟောပြောမည့် ပုဂ္ဂိုလ်အမည်၊ မိမိပါတီအကြောင်း အကျဉ်းချုပ်၊ ပါတီမူဝါဒ၊ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ သဘောထား၊ လုပ်ငန်းစဉ် စသည့် အကြောင်းအရာများကို တည်ဆဲဥပဒေများ နှင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်း ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

image

ပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပ

လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည့်အတွက် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကို ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၇ ရက်)နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြကြောင်း သိရသည်။

ယခုကဲ့သို့ လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာ ကောင်းမွန်စေခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

image

PDF အဖွဲ့များ ခေတ္တစိုးမိုးထားသည့် မတ္တရာမြို့နယ် ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့

PDF အဖွဲ့များ ခေတ္တစိုးမိုးထားသည့် မတ္တရာမြို့နယ် ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF များ ခေတ္တထိန်းချုပ်ထားသော ဆည်တော်ကြီးကျေးရွာ အပါအဝင် ဆည်တော်ကြီးရေလှောင်တမံနှင့် နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံတို့အား ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ပြန်လည်ရရှိရေးအတွက် စီမံချက်များ အဆင့်ဆင့်ရေးဆွဲပြီး စစ်ကြောင်းများခွဲ၍ ချေမှုန်းခဲ့ရာ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ဖယောင်းတောင်သတ္တုတွင်း ဒေသတစ်ဝိုက်အားလည်းကောင်း၊ ဩဂုတ် ၂၈ ရက်တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံအားလည်းကောင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် မတ္တရာဒေသ မြောက်ဘက်ခြမ်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှစတင်၍ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်ခဲ့ရာ တပ်မတော်အနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံ၏ အရှေ့ဘက် သပြေဒိုးဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ သံဘိုဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ တောင်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံအနီးရှိ စခန်းသာ-ကြာပင်- သန်းကုန်းဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ စခန်းသာ-သဖန်း ကိုင်း-တံတားကုန်းဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ အနောက်တောင်ဘက်မှ အထောက်အကူပြုစစ်ကြောင်း တစ်ကြောင်း စသည့် စစ်ကြောင်းငါးကြောင်းဖြင့် တိုက်စစ်ဆင်ခဲ့ကြောင်း သိရသည်။

PDF များအနေဖြင့်လည်း ၎င်းတို့ ခေတ္တထိန်းချုပ်ထားသည့် မြို့၊ ရွာများ၊ ရေလှောင်တမံတို့အား လက်မလွှတ်ရရေး ပြည်သူလူထု၏ လူနေအိမ် အဆောက်အဦများ၊ ဆည်တော်ကြီးဆည်၏ ရေထိန်းတံခါးများ၊ ရေလွှဲဆည်များကို အကာအကွယ် ရယူ၍လည်းကောင်း၊ ရေထိန်းတမံနှင့် ပတ်ဝန်းကျင်တွင် ကွန်ကရစ်ဘန်ကာများ၊ မြေခွေးကျင်းများနှင့် ဆက်သွယ်ရေးမြောင်းများကို တည်ဆောက်၍လည်းကောင်း အခိုင်အမာခံစစ်ဆင် ပြန်လည်ခုခံခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းတွင် ဆည်တော်ကြီး ရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ်၊ ပတ်ဝန်းကျင်အားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ ၁၉ ရက်အတွင်း သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ ၆၀ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက်ပေးခဲ့ရကြောင်း သိရသည်။

image

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး

November 8, 2025

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၈ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၀၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၅၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၁၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၁၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၄၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၀၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၉၉၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၄၅ ကျပ်
ဝယ်ဈေး - ၃၉၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅ ကျပ်
ဝယ်ဈေး - ၁၂၁.၉၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၈ ကျပ်
ဝယ်ဈေး - ၉၄၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၃၆ ကျပ်
ဝယ်ဈေး - ၂၅.၇၂ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၁ ကျပ်
ဝယ်ဈေး - ၄၄.၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၈ ကျပ်
ဝယ်ဈေး - ၂.၇၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၂၀ ကျပ်
ဝယ်ဈေး - ၅၁၉၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၅ ကျပ်
ဝယ်ဈေး - ၂၅၆၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၇၈ ကျပ်
ဝယ်ဈေး - ၂၈၀၈ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၀ ကျပ်
ဝယ်ဈေး - ၅၀၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၁ ကျပ်
ဝယ်ဈေး - ၁၀၇၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

သီချင်းသစ်ဖြင့် တိုက်ခိုက်လာတဲ့ ရက်ပါကို တစစီဖြစ်အောင် တုံ့ပြန်လာတဲ့ ဘက်ပေး
=======================

ကိုင်လီယန်ဘက်ပေးဟာ ကိန်းအသင်းပိုင်ရှင်ဖြစ်နေမှုအပေါ် လှောင်ပြောင်တိုက်ခိုက်တဲ့ ပြင်သစ်ရက်ပါ Orelsan ကို ပြန်လည်တုံ့ပြန်မှု ပြုလုပ်လာပါတယ်။

ဘက်ပေးပိုင်ဆိုင်တဲ့ ကိန်းဟာ ပြင်သစ်တတိယလိဂ်တွင် ရုန်းကန်နေပါတယ်။ ကိန်းဖွား ပြင်သစ်ရက်ပါ Orelsan ဟာ အခွေသစ် ထွက်လာရမှာ “La petite voix.” လို့ အမည်ပေးထားတဲ့ သီချင်းသစ်တွင် ကိန်းအသင်းပိုင်ရှင် ဘက်ပေးကို တိုက်ခိုက်ထားတဲ့ စာသားထည့်သွင်းရေးသား သီဆိုထားပါတယ်။

၎င်းက "မင်းက မင်းမြို့ကို ဘက်ပေးလို့ နစ်မြပ်မယ့်အကောင်"လို့ ထည့်သွင်း ရေးသား သီဆိုထားတာလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ကတည်းက ကိန်းကို ပိုင်ဆိုင်လာတဲ့ ဘက်ပေးက ချက်ချင်းဆိုသလိုပင် "မင်းကို ဒီကို လာဖို့ ကြိုဆိုတယ်။ မင်းအရမ်းချစ်တယ်ဆိုတဲ့ မြို့ကို ကယ်တင်လိုက်။ ဒီကောင်က ငွေတပြားမှ မရှိ ငွေတပြားမှ မပေးဘဲ ရှယ်ယာ ၁ ရာခိုင်နှုန်းရဖို့ တောင်းဆိုနေတဲ့ကောင်ပါ။ ဒါပေမယ့် နော်မန်ဒီက ကောင်လေးလို ဖြစ်ချင်ခဲ့တယ်"လို့ ဆိုရှယ်မီဒီယာမ တုံ့ပြန်သွားပါတယ်။
ဘက်ပေးဟာ ၂၀၂၄ ခုနှစ်တွင် ကိန်းကို ဝယ်ယူပြီးနောက် ဥရောပဘောလုံးလောကတွင် အသက်အငယ်ဆုံးဘောလုံးပိုင်ရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ Coalition Capitalဟာ ကိန်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ယူရိုသန်း ၂၀ ဝန်းကျင်ဖြင့် ဝယ်ယူ ရင်းနှီးမြှပ်နှံခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကိန်းဟာ စီမံခန့်ခွဲမှုအမှားတွေနဲ့အတူ လီဂူး ၂ မှ လီဂူး ၃ သို့ တန်းဆင်းခဲ့ရပါတယ်။ ၎င်းတို့ဟာ ၄၁ နှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် တတိယတန်းသို့ ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်။ ပရိသတ်များဟာ တန်းဆင်းရပြီးနောက် ကွင်းအတွင်းသိ့ အတင်းဆင်းကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ယင်းနောက်ပိုင်းတွင် ကိန်းဟာ စီမံအုပ်ချုပ်ရေးပိုင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ယခုရာသီတွင် နည်းပြဒီအော်နာနိုရဲ့ ဦးဆောင်မှုနှင့်အတူ ကလပ်အခြေတည်ရေး၊ လူငယ်ပြုစုပျိုးထောင်ရေးကို ဦးစားပေးလုပ်ဆောင်လာပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ

💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image