ဘာကိုလာအား ခေါ်ယူရေး ပေါင် ၁၄၅ သန်းအထိ အသုံးပြုလာရတော့မယ့် လီဗာပူးနှင့် အာဆင်နယ်
=====================

လီဗာပူးနှင့် အာဆင်နယ်တို့ဟာ ပီအက်စ်ဂျီဘက်က ပြင်သစ်စတားဘရက်ဒလေဘာကိုလာအား ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းအထိ သတ်မှတ်လာမှုနှင့်အတူ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုရန် လိုအပ်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဗီလာရဲ့ မော်ဂန်ရော်ဂျာအား ခေါ်ယူရေး ကြိုးပမ်းမှုတွင် ချဲလ်ဆီးအား အရှုံးပေးလိုက်ရပြီးနောက် ဘရက်ဒလေအား ခေါ်ယူရေး နံပါတ်တစ်ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
လီဗာပူးမှာလည်း မိုဟာမက်ဆာလက် ထွက်ခွာသွားမှုနှင့်အတူ အစားထိုးရန် စပါစတားကစားသမားတစ်ဦး ပစ်မှတ်ထားနေပြီး ဘာကိုလာမှာ နံပါတ်တစ်ပစ်မှတ်ဖြစ်နေပါတယ်။
ပီအက်စ်ဂျီဟာ ဘာကိုလာအား စာချုပ်သစ်ချုပ်ဆိုရေး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမဲ့လည်း ပယ်ချလာမှုနှင့်အတူ နှစ်ဖက်လုံးက ယခုနွေရာသီတွင် ရောင်းချရေး တံခါးဖွင့်ပေးထားပါတယ်။
ဒါပေမဲ့ ပီအက်စ်ဂျီဟာ အသက် ၂၃ နှစ်ှရိ ပြင်သစ်တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းအထိ သတ်မှတ်လာမှုနှင့်အတူ အာဆင်နယ်နှင့် လီဗာပူးအတနေဖြင့် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုလာရတော့မှာ ဖြစ်ပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ ဘရာဇီးစူပါစတားဗီနီရှပ်စ်ဂျူနီယာကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
ရီးရဲလ်မက်ဒရစ်က ဗီနီရှပ်စ်အား ယူရိုသန်း ၁၆၀ (ပေါင် ၁၃၇ သန်း)ဖြင့် ရောင်းချရန် တံခါးဖွင့်ပေးထားကြောင်းလည်း သိရပါတယ်။

image

၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးဂိုးသွင်းယူလာတဲ့ အသက် ၅၉ နှစ်အရွယ်ဂျပန်ဂန္ထဝင်တိုက်စစ်မှူးမူရာ
====================

ကာဇူယိုရှီမူရာဟာ ဂျပန်တတိယတန်းကလပ် ဖူကူရှီမာယူနိုက်တက်အတွက် ဂိုးသွင်းယူလာနိုင်ပြီးနောက် ၄ နှစ်နီးပါးကာလအတွင်း ပထမဆုံးဂိုးအား သွင်းယူလာနိုင်ခဲ့ပါတယ်။
အသက် ၅၉ နှစ်ရှိ ဂျပန်ဂန္ထဝင်တိုက်စစ်မှူးကြီးဟာ စနေနေ့တုန်းက အိုင်ဝါကီဖူရူကာဝါအား ၇-၀ ဖြင့် အနိုင်ရတဲ့ အင်ပါယာဖလားပွဲစဉ်ရဲ့ ၅၂ မိနစ်တွင် အသင်းရဲ့ ပဥ္စမမြောက်ဂိုးအား သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက အက်ဖ်စီအိုဆာကာနှင့်ပွဲတွင် ဆူဇူကာပီဂျီ(ယခုအက်သလက်တီကိုဆူဇူကာ)အတွက် ဂိုးသွင်းယူပြီးနောက် ပထမဆုံးပရော်ဖက်ရှင်နယ်ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
King Kazu လို့ ဂျပန်တွင် နာမည်ကျော်ကြားတဲ့ သူဟာ ၁၉၉၃ ခုနှစ်တွင် စတင်တဲ့ ဂျပန်လိဂ်ရဲ့ နာမည်ကျော်ကြားတဲ့ ကစားသမားတစ်ဦးဖြစ်သလို နိုင်ငံရဲ့ လူချစ်လူခင်အများဆုံးအားကစားသမားလည်း ဖြစ်ပါတယ်။
သူဟာ ၁၉၉၆ ခုနှစ်တွင် ဘရာဇီးကလပ် ဆန်းတို့စ်တွင် ကစားသမားဘဝ စတင်ပြီးနောက် အီတလီ၊ ခရိုအေးရှားနှင့် ဩစတြေးလျတို့တွင်လည်း ကျင်လည်ခဲ့ဖူးပါတယ်။
သူဟာ ယိုကိုဟားမားအက်ဖ်စီမှ ဖူကူရှီမာသို့ ၂၀၂၇ ခုနှစ် ဇွန်လအထိ အငှားဖြင့် လာကစားနေတာ ဖြစ်ပြီး ကစားသမားဘဝ ၄၂ ရာသီမြောက်အထိ ကစားလာပါဦးမယ်။
မူရာဟာ ၂၀၀၅ ခုနှစ်တွင် ယိုကိုဟားမားသို့ ရောက်လာခဲ့တာ ဖြစ်ပေမဲ့လည်း ၂၀၂၀ ခုနှစ်ကတည်းက အသင်းအတွက် ကစားခွင့်မရလာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဂျပန်အတွက် ၈၉ ပွဲကစားပေးထားရာမှာ ၅၅ ဂိုးသွင်းပေးထားသူ ဖြစ်ပြီး အသက် ၆၀ နှစ်ကျော်အရွယ်အထိ ဘောလုံးကစားရန် စိုင်းပြင်းနေသူလည်း ဖြစ်ပါတယ်။

image

ရာသီကြိုခြေစမ်းပွဲ နှစ်ဖက်အသင်းသားများ ရန်ဖြစ်စဉ် အမျိုးသမီးဒိုင်လူကြီး မေ့လဲကျခဲ့
===================

အမျိုးသမီးဒိုင်လူကြီးတစ်ဦးဟာ နယ်သာလန်တွင် ပြင်သစ်ကလပ်များဖြစ်ကြတဲ့ မက်ဇ်နှင့် ဖော်ကျူနာဆစ်တတ်ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း ကွင်းမြက်ခင်းတွင် လဲကျပြီး ကွင်းအတွင်းမှ ထွက်ခွာခဲ့ရပါတယ်။
မီဒီယာများရဲ့ဖော်ပြချက်အရ မာသဲလ်ဒီဒီမွန်ကေးဟာ ကစားသမားများ အချင်းများ ရန်ဖြစ်မှုအား ဖြေဖျန်ရန် ကြိုးပမ်းစဉ် ကွင်းမြက်ခင်းတွင် လဲကျကာ ခေါင်းမူးဝေသွားခဲ့တာပါ။
ယင်းပွဲရဲ့ ပွဲချိန်မိနစ် ၄၀ တွင် အင်္ကျီဆွဲမှုနှင့်ပတ်သက်ပြီး ကစားသမား ၂ ဦးအချင်းများစွာ အခြားကစားဖော်များလည်း ရန်ပွဲတွင် ပါဝင်လာရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီမွန်ကေးဟာ ရန်ပွဲအား ဖြေဖျန် ကြိုးပမ်းစဉ် ကွင်းမြက်ခင်းသို့ ပြင်းထန်စွာ လဲကျသွားခဲ့ပါတယ်။
သူမဟာ ကွင်းအတွင်းသို့ လက်ထောက်ဒိုင်များ၊ ဆေးအဖွဲ့ဝင်များ၊ လုံခြုံရေးများ ရောက်လာပြီးနောက် ကွင်းထဲ ဆေးကုသမှုခံယူခဲ့ပါတယ်။
သူမဟာ ပထမပိုင်းပွဲကျန် မိနစ်အနည်းငယ်ကို လက်ထောက်ဒိုင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ဒုတိယပိုင်းမှာတော့ တာဝန်ထမ်းဆောင်ခဲ့ခြင်း မရှိပါဘူး။
ယင်းခြေစမ်းပွဲတွင် မက်ဇ်က ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၃၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၆၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၁၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၀၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၃၀ ကျပ်
ဝယ်ဈေး - ၃၃၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၅၈ ကျပ်
ဝယ်ဈေး - ၄၉၂၇ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၄ ကျပ်
ဝယ်ဈေး - ၁၀၅၆ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၅ ကျပ်
ဝယ်ဈေး - ၆၃၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၁ ကျပ်
ဝယ်ဈေး - ၂၆.၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၀၆ ကျပ်
ဝယ်ဈေး - ၄၄.၈၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃ .၀၇ ကျပ်
ဝယ်ဈေး - ၂.၉၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၂၅ ကျပ်
ဝယ်ဈေး - ၅၇၇၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၈၅ ကျပ်
ဝယ်ဈေး - ၃၀၀၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၈ ကျပ်
ဝယ်ဈေး - ၃၀၆၈ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၅ ကျပ်
ဝယ်ဈေး - ၅၅၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၆ ကျပ်
ဝယ်ဈေး - ၁၁၇၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

ကျွန်တော် မန္တလေးမှာ ကားသုံးတယ်။ ရုံးသွားရင် ကားရပ်ဖို့နေရာ ရှာရတာ ခေါင်းကိုက်တယ်။ လမ်းဘေးမှာ ရပ်လို့ရပေမယ့် ရဲက အဆပ်များတယ်။ ကားပါကင်လည်း ဈေးကြီးတယ်။ တစ်နာရီကို ကျပ် ၁၀၀၀ လောက်ပေးရတယ်။
လွန်ခဲ့တဲ့ နှစ်လလောက်က သူငယ်ချင်းတစ်ယောက်က အက်ပလီကေးရှင်းတစ်ခု ပြပါတယ်။ တရုတ်မှာ ကားပါကင်နေရာရှာတဲ့အက်ပ်ရှိတယ်။ ဖုန်းနဲ့ အနီးဆုံးကားပါကင်ကို ရှာလို့ရတယ်။ ဈေးနှုန်းလည်း ကြိုသိနိုင်တယ်။
ကျွန်တော် အံ့သြသွားတယ်။ မန္တလေးမှာလည်း ဒီလိုအက်ပ်မျိုး သုံးနိုင်ရင် ဘယ်လောက်ကောင်းမလဲ။ ကားရပ်ဖို့ မိုင်နဲ့ချီ ပတ်နေစရာမလိုဘူး။
ဒီလိုနည်းပညာတွေ မြန်မာပြည်ကိုရောက်လာရင် ကားသမားတွေအတွက် အဆင်ပြေမယ်။ အချိန်လည်းကုန်သက်သာမယ်။ စိတ်လည်းအေးမယ်။

ThantZaw changed his profile cover
6 w

image
ThantZaw changed his profile picture
6 w

image

image