image

image

ဘာနေဗျူးတကျော့ပြန်ခရီးတွင် ပထမဆုံးခေါ်ယူမှုအဖြစ် ဆေးလ်ဗားအား ခေါ်ယူရန် မော်ရင်ဟို သဘောတူညီမှု ရရှိလာ
====================

ရီးရဲလ်မက်ဒရစ်ဟာ ဘာနာဒိုဆေးလ်ဗားအား ခေါ်ယူရန် သဘောတူညီမှု ရရှိလာမှုနှင့်အတူ ဘာနေဗျူးသို့ တကျော့ပြန်ရောက်လာတဲ့ ဂျိုဆေးမော်ရင်ဟိုအနေဖြင့် ပထမဆုံးကစားသမား ခေါ်ယူရန် အနီးစပ်ဆုံးအနေအထားသို့ ရောက်လာပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းအား ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်ပါ ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘာနာဒိုဆေးလ်ဗားအား ခေါ်ယူရေး ၃၆ နာရီအကြာသာ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အလယ်တန်းကစားသမားဟာ ယခုလအကုန်တွင် ကိုးနှစ်ကြာ ကစားလာတဲ့ မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာမှာလည်း ဖြစ်ပါတယ်။
ဆေးလ်ဗားဟာ အစောပိုင်းတုန်းက ဘာစီလိုနာသို့ ပြောင်းမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရန် သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
ဆေးလ်ဗားဟာ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးခဲ့သူ ဖြစ်ပြီး မန်စီးတီးအတွက် ဂိုးနှင့် ဖန်တီးမှု ၁၅၃ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

image

အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးပစ္စည်းများ အခိုးခံရ
===================

အင်္ဂလန်အသင်းဟာ စနေနေ့ ကန်ဆက်စ်စီးတီးသို့ မရောက်မီမှာပင် လေ့ကျင့်ရေးပစ္စည်းများ အခိုးခံရမှုနှင့် ကြုံတွေ့လာရပါတယ်။
အင်္ဂလန်အသင်းရဲ့ ဘောလုံးများ၊ ဖိနပ်များအပါအဝင် လေ့ကျင့်ရေးပစ္စည်းများကို မော်တော်ယာဉ်များဖြင့် ကန်ဆက်စ်စီးတီးရှိ Swope Soccer Village အခြေစိုက်စခန်းသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် လုံခြုံရေး ကျိုးပေါက်ကာ အခိုးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အက်ဖ်အေဟာ စနေနေ့ နေ့လည်ပိုင်းတွင် အင်္ဂလန်အသင်း မရောက်မီကတည်းက လေ့ကျင့်ရေးပစ္စည်းများအား အသင်းအခြေစိုက်ရာ လေ့ကျင့်ရေးစခန်းသို့ စောစောစီးစီး ပို့ဆောင်ထားခဲ့တာပါ။
ရဲတပ်ဖွဲ့ဝင်များဟာ သောကြာနေ့ညတုန်းက အက်ဖ်အေနှင့် ဆက်သွယ်မှုများ ပြုလုပ်ကာ လေ့ကျင့်ရေပစ္စည်းအခိုးခံရမှုအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
အင်္ဂလန်အသင်းလေ့ကျင့်ရေးပစ္စည်းအခိုးခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ထားကြောင်းလည်း သိရပါတယ်။
ယခုကဲ့သို့ လေ့ကျင့်ရေးပစ္စည်းများ အခိုးခံရမှုက ဗုဒ္ဓဟူးနေ့ ခရိုအေးရှားနှင့် ကစားမဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အတွက် လုပ်ဆောင်နေတဲ့ အင်္ဂလန်ရဲ့ ပြင်ဆင်မှုအပေါ် အနည်းနှင့် အများဆိုသလို ထိခိုက်စေလျက်ရှိပါတယ်။
အင်္ဂလန်ကစားသမားများဟာ တနင်္ဂနွေနေ့တွင်မှ Swope Soccer Village တွင် လေ့ကျင့်ခန်း အပြည့်အဝ လုပ်ဆောင်လာကြပါမယ်။

image

ကနေဒါသို့ ပြည်ဝင်ခွင့်မရမှုကြောင့် ဂါနာရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲကို ပါတေး လွဲချော်လာမည်
=====================

ဂါနာကွင်းလယ်ကစားသမားသောမတ်စ်ပါတေးဟာ ကနေဒါပြည်ဝင်ခွင့် ငြင်းပယ်ခြင်းခံလာရပြီးနောက် ပနားမားနှင့် ကစားရမဲ့ ဂါနာရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ ပါတေးဟာ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကွဲပြားတဲ့ အမျိုးသမီး ၄ ဦးအား ဗလက္ကာယပြုကျင့်မှု ၇ မှု၊ လိင်အကြမ်းဖက်မှု ၁ မှုတို့ဖြင့် အမှုရင်ဆိုင်နေရသူ ဖြစ်ပြီး ၎င်းတွင် အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။
သူဟာ ယင်းအမှုများအား လာမဲ့နှစ်တွင် တရားရင်ဆိုင်ရပါဦးမယ်။
ယခုအခါ ဖီဖာက ဗီလာရီးရဲလ်ကွင်းလယ်ကစားသမားအား ကနေဒါအစိုးရက ဗီဇာပေးရန် ငြင်းဆိုလာမှုနှင့်အတူ ဘော်စတွန်ရှိ ဂါနာရဲ့ လေ့ကျင့်ရေးစခန်းမှ တိုရွန်တိုသို့ သွားရောက်နိုင်မှာ မဟုတ်ကြောင်း အတည်ပြုကြေညာလာသလို ဖီဖာအနေဖြင့် ဗီလဇာအပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်စွက်ဖက်နိုင်ခြင်း မရှိကြောင်း ကြေညာထားပါတယ်။
သောမတ်စ်ပါတေးအနေဖြင့် ပနားမားနှင့် အဖွင့်ပွဲတွင် ပါဝင်လာနိုင်မှာ မဟုတ်ပေမဲ့လည်း ဇွန်လ ၂၃ ရက်နေ့တွင် ဘော်စတွန်ကွင်းတွင် အင်္ဂလန်နှင့် ရင်ဆိုင်ရမဲ့ အုပ်စုဒုတိယပွဲစဉ်နှင့် ဇွန်လ ၂၇ ရက်နေ့ ဖယ်လာဒယ်ဖီယာတွင် ခရိုအေးရှားနှင့် ရင်ဆိုင်ကစားရမဲ့ပွဲစဉ်တို့မှာတော့ ပါဝင်ကစားလာနိုင်ပါမယ်။
တဖက်တွင် ဂါနာဟာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်သို့ အုပ်စုဒုတိယအနေဖြင့်သာ တက်ရောက်နိုင်ပါက ကနေဒါသို့ သွားရောက်ကစားရဖို့ ရှိနေပါသေးတယ်။
၎င်းတို့ဟာ အုပ်စုတတိယရရှိပြီး ၃၂ သင်းအဆင့်ကိုလည်း ကျော်ဖြတ်လာနိုင်ပါက ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်း ဗန်ကူးဗားတွင်ပင် ကစားလာရမှာ ဖြစ်လို့ ပါတေးအနေဖြင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။
တဖက်တွင် ဂါနာအာဏာပိုင်တို့ကလည်း ပါတေးမှာ စွဲချက်တင်ခြင်းခံထားရဆဲသာ ဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိရခြင်း မရှိသေးချိန်တွင် ကနေဒါဗီဇာ မရရှိမှုအပေါ် အံ့ဩသင့်ရကြောင်း ကြေညာထားပါတယ်။
အမေရိကန်၊ ကနေဒါ၊ မက္ကဆီတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗီဇာပြဿနာ ကြုံတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
အီရတ်တိုက်စစ်မှူးအေမန်ဟူစိန်မှာ ချီကာဂိုလေဆိပ်တွင် နာရီအတန်ကြာ စစ်ဆေးမေးမြန်းခြင်းခံရပြီးမှ ပြည်ဝင်ခွင့်ဗီဇာ ရရှိခဲ့ပါတယ်။
ဆိုမာလီဒိုင်လူကြီးအိုမာအာတန်မှာလည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိတယ်ဆိုပြီး မိုင်ယာမီနိုင်ငံတကာလေဆိပ်တွင် ၁၁ နာရီကြာ စစ်ဆေးမေးမြန်းခြင်းခံရခြင်း၊ နာရီအတန်ကြာ ထိန်းသိမ်းခြင်းခံရခြင်းတို့ ကြုံပြီးနောက် တူရကီသို့ သွားမဲ့ လေယာဉ်ပေါ်သို့ အတင်ခံရကာ ကမ္ဘာ့ဖလားနှင့် လွဲချော်ထားပါတယ်။

image

ဆေ့ဂျ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရေး ခရစ္စတယ်ပဲလေ့စ် အပြီးသတ် လုပ်ဆောင်နေ
====================

ခရစ္စတယ်ပဲလေ့စ်ဟာ လန့်စ်နည်းပြပီယာရီ‌ဆေ့ဂျ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရေး အပြီးသတ် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် အသင်းမှ ထွက်ခွာသွားတဲ့ အိုလီဗာဂလပ်စ်နာနေရာတွင် အစားထိုးခန့်အပ်ရန် အသက် ၄၇ နှစ်ရှိ ပြင်သစ်နည်းပြနှင့် ဆွေးနွေးနေခဲ့တာပါ။
ယခုအခါ ပဲလေ့စ်နှင့် ဆေ့ဂျ်တို့အကြား လုပ်ခနှင့်ပတ်သက်ပြီး အပြီးသတ် ဆွေးနွေးမှုအပိုင်းသို့ ရောက်နေပြီ ဖြစ်ပါတယ်။
ဆေ့ဂျ်ဟာ လွန်ခဲ့တဲ့ ၁၂ လခန့်တုန်းက လန့်စ်သို့ ရောက်လာပြီးနောက် လီဂူး ၁ တွင် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်နိုင်ခဲ့သလို ကလပ်ရဲ့ နှစ် ၁၂၀ သမိုင်းတွင် ပထမဆုံး Coupe de France ဖလားကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ပထမဦးစားပေးနည်းပြအဖြစ် ဘုန်းမောက်နည်းပြအန်ဒိုနီအိုင်ရာအိုလာအား ခန့်အပ်ရေး ကြိုးပမ်းခဲ့ပေမဲ့ လီဗာပူးအား အရေးနိမ့်သွားခဲ့ပါတယ်။
ဒါပေမဲ့ ပဲလေ့စ်ဟာ ဆေ့ဂျ်ရဲ့ တိုက်စစ်အသားပေး ကစားဟန်က ပရိသတ်များ သဘောကျလာစေနိုင်တဲ့အပြင် အင်္ဂလိပ်ဘာသာစကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်မှုနှင့်အတူ ကောင်းမွန်တဲ့ ခန့်အပ်မှု ဖြစ်လာမယ်လို့ ယံကြည်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ကွန်ဖရင့်လိဂ်ဖလား ဆွတ်ခူးထားရာ လာမဲ့ရာသီတွင် ယူရိုပါလိဂ်ဝင်ခွင့်ရထားပါတယ်။
တဖက်တွင် ပဲလေ့စ်ဟာ တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့ ပြင်သစ်တိုက်စစ်မှူးဂျိန်းဖီးလစ်ပီမာတီတာရဲ့အနာဂတ်နှင့် ကလပ်များစွာတို့က စိတ်ဝင်စားနေတဲ့ အင်္ဂလန်ကွင်းလယ်လူအဒမ်ဝါတွန်ရဲ့အနာဂတ်တို့အား ဖြေရှင်းရပါဦးမယ်။
ပဲလေ့စ်ဟာ အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးထားတဲ့ ဂျပန်ကွင်းလယ်ကစားသမားဒိုင်ချီကာမာဒါကို စာချုပ်သစ်ကမ်းလှမ်းထားပါတယ်။

image

ကနေဒါနှင့် ဘော့စနီးယားတို့ သရေကျတဲ့ ပွဲစဉ်တွင် အငြင်းပွားဖွယ် စည်းမျဉ်းသစ်အား ပထမဆုံးအကြိမ်အသုံးပြုလာ
=====================

ကနေဒါနှင့် ဘော့စနီးယားတို့ သရေကျတဲ့ ပွဲစဉ်တွင် အငြင်းပွားဖွယ်စည်းမျဉ်းသစ်တစ်ခုအား အသုံးပြုကာ ကမ္ဘာ့ဖလားသမိုင်းမှတ်တမ်း ရေးထိုးလာပါတယ်။
တိုရွန်တိုတွင် တစ်ဂိုးစီသရေကျတဲ့ ယင်းပွဲစဉ်တွင် စည်းမျဉ်းသစ်အား ပထမဆုံးအကြိမ်အဖြစ် အသုံးပြုလာတာပါ။
တစ်ဂိုးစီသရေကျတဲ့ ယင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် ဘော့စနီးယားအသင်း လက်ပစ်ဘော ရရှိချိန်မှာတော့ လက်ပစ်ဘောအတွက် အချိန်သတ်မှတ်ထားတဲ့ စည်းမျဉ်းသစ်ကို မေ့လျော့သွားပုံရပါတယ်။
လက်ပစ်ဘောနှင့် ဂိုးလွန်ဘော တည်ကန်ဘောတို့အား ကန်ရာတွင် ၅ စက္ကန့်ထက် ပိုကြာလို့ မရပါဘူး။ ယင်းထက် ပိုကြာပါက ပြိုင်ဘက်အသင်းသို့ ပေးရပါတယ်။
အာဆင်နယ်နောက်ခံလူဟောင်းဆိဒ်ကိုလာဆီနစ်ဟာ လက်ပစ်ဘောမြှောက်ရာမှာတော့ အချိန်ဖြုန်းတီးမှုများ ပြုလုပ်ခဲ့ပါတယ်။
ယင်းကို ကနေဒါကစားသမားများက သတိထားမိသွားခဲ့ပြီး အာဂျင်တီးနားဒိုင်လူကြီးဖာကန်ဒိုတယ်လိုက စည်းမျဉ်းသစ်အတိုင်းပင် ကနေဒါအား လက်ပစ်ဘောမြှောက်ခွင့်ပေးလာပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အချိန်ဖြုန်းတီးမှု တိုက်ဖျက်ရေး လုပ်ဆောင်တဲ့အနေဖြင့် ယင်းစည်းမျဉ်ူးသစ်အား အသုံးပြုလာခဲ့တာပါ။
အထက်ပါ စည်းမျဉ်းက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင် အသုံးပြုလာတဲ့ စည်းမျဉ်းသစ်များထဲမှ တစ်ခု ဖြစ်ပါတယ်။
ဖီဖာရဲ့ အခြားစည်းမျဉ်းများအရ ကစားသမား လူစားလဲလှယ်မှု ပြုလုပ်ရာတွင်လည်း လူစားလဲခံရတဲ့ကစားသမားက ၁၀ စက္ကန့်အတွင်း ကွင်းအတွင်းမှာ ထွက်ခွာရမှာ ဖြစ်သလို လူစားဝင်ရောက်မဲ့ကစားသမားကလည်း တစ်မိနစ်အတွင်း ကွင်းအတွင်း ဝင်ရောက်ရပါမယ်။
ဒါ့အပြင် ဂိုးသမား ဒဏ်ရာအား ဆေးကုသမှု ခံယူချိန်တွင်လည်း ကစားသမားများအနေဖြင့် ရောက်ရှိနေတဲ့ နေရာတွင်သာ ရှိနေမှာ ဖြစ်ပြီး နည်းစနစ်ဧရိယာသို့ သွားရောက်ကာ နည်းပြထံမှ နည်းဗျူဟာပိုင်း လမ်းညွှန်ချက် ရယူနိုင်ခြင်း မရှိပါဘူး။

image

ကလေးငယ်များကို လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဆုံး ရှုံးမှုများဖြစ်ပေါ်နိုင်ဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော

ကလေးငယ်များကို လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်ဟု ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနာယက၊ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုက ယနေ့ ဇွန် ၁၂ ရက်တွင်ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများသည် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကလေးများအပေါ်များစွာမူတည်နေပြီး ကလေးငယ်များအား လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလေ့လာဆည်းပူးခွင့်အခွင့်အရေးများဆုံးရှုံးနိုင်ပြီး အဖိုးတန်သောလူငယ်များဖြစ်စေရေးကို အတားအဆီးဖြစ်စေနိုင်သည်ဟု ပြောသည်။
ထိုသို့ အတားအဆီးဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော် ၏ လူ့စွမ်းအားအရင်းအမြစ်များကိုဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကာ ကလေးငယ်များသည် နိုင်ငံတော်၏ အနာဂတ်ရင်သွေးငယ်များဖြစ်ပြီး ၎င်းတို့၏ဘဝအာမခံချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကာကွယ်စောင့်ရှောက်ရန် အားလုံး၏တာဝန်ဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် ကလေးအလုပ်သမားပပျေ-ာက်ရေးအတွက်သက်ဆိုင်ရာဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း တိုင်းဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့သည်။

image

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ/ဆရာမကြီးများနှင့်တွေ့ဆုံ
ပြည်သူ့လွှတ်တော်၏ဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားခဲ့

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ဇွန် ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်စာပေဝိုင်း၏ နာယကအဖွဲ့ဝင် စာရေးဆရာဦးကြည်သိန်း(ကဖိုးကျင်)နှင့် စာရေးဆရာ/ဆရာမကြီးများအား ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေးကျင်းပနေမှု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့စဉ်လှုပ်ရှားမှုများကို ပြည်သူများပိုမိုသိရှိနိုင်စေရန် ဆောင်ရွက်နေမှု၊ ဥပဒေပြုလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမကြီးများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြိုတင်ကြည့်ပေးမည်ဆိုသည့် အလိမ်အညာများကို သတိပြုရန် စာစစ်ဦးစီးဌာန နှိုးဆော်၊ တရားဝင် ဝက်ဘ်ဆိုက်မှထုတ်ပြန်မည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ မကြာမီ ထွက်ပေါ်တော့မည့် ကာလအတွင်း မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မသိနားမလည်၍ မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုများတွင် အလိမ်မခံရစေရန်အတွက် ကြိုတင်သတိပြုရမည့် အချက်များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သတိပေးထားသည်။
စာစစ်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းစနစ်အရ အများပြည်သူသို့ တရားဝင် မကြေညာခင် အောင်စာရင်း ကြိုတင်ပေါက်ကြားရန် လုံးဝမဖြစ်နိုင်သဖြင့် "အောင်စာရင်း ကြိုကြည့်ပေးမည်" ဟု အွန်လိုင်းပေါ်၌ ပြောဆိုနေမှုများသည် ရာနှုန်းပြည့် လိမ်လည်နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
မသမာသူများ အသုံးပြုလေ့ရှိသည့် လိမ်လည်မှုပုံစံများ
အလကားကြည့်ပေးရာမှ ငွေလိမ်ခြင်း
အစပိုင်းတွင် ခုံအမှတ်ကို အခမဲ့တောင်းယူပြီးနောက် "စာမေးပွဲကျနေသဖြင့် အောင်အောင်လုပ်ပေးမည်" သို့မဟုတ် "ဂုဏ်ထူးရအောင် လုပ်ပေးမည်" ဟု အယုံသွင်းကာ ငွေကြေးများကို အဆင့်ဆင့် လိမ်လည်တောင်းခံတတ်ကြသည်။
အကောင့်တုများဖြင့် အုပ်စုဖွဲ့လိမ်ခြင်း
Social Media ပေါ်တွင် အကောင့်တု ၃-၄ ခုဖြင့် တစ်ယောက်နှင့်တစ်ယောက် "ဒီဆရာကြည့်ပေးတာ မှန်သည်" ဟု ထောက်ခံချက်ပေးကာ စနစ်တကျ အယုံသွင်း လိမ်လည်လေ့ရှိသည်။
ပြင်ပ Application (App) အတုများ
စာစစ်ဦးစီးဌာနအနေဖြင့် မည်သည့် အောင်စာရင်းကြည့် App ကိုမျှ ထုတ်ဝေထားခြင်း မရှိပါ။ ပြင်ပ App များသည် အချက်အလက် မမှန်ကန်နိုင်သည့်အပြင် ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက်ပါ အန္တရာယ်ရှိနိုင်သည်။
အမှန်ကန်ဆုံးနှင့် တရားဝင် ကြည့်ရှုနိုင်မည့် လမ်းကြောင်းများ
စာစစ်ဦးစီးဌာနသည် အောင်စာရင်းများကို မိမိတို့၏ တရားဝင် ဝက်ဘ်ဆိုက် (Website) မှသာ တစ်ပြိုင်တည်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

image