လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ အနိမ့်ပိုင်းဒေသများ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုင်းအစိုးရအဖွဲ့ သတိပေး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်ရေကာတာသည် မြစ်ရေတွန်းအားကြောင့် တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ထိုသို့ တာကျိုးပေါက်မှုကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂.၅ ပေခန့် စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ ရေဘေးအန္တရာယ် ကျရောက်နိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အရေးပေါ် သတိပေး နှိုးဆော်ထားသည်။
တာအတွင်းသို့ စီးဝင်လာသော မြစ်ရေများသည် ဖြစ်စဉ်နေရာ၏ အရှေ့ဘက် မြစ်ကျိုးအင်းမှတစ်ဆင့် အရှေ့မြောက်ဘက် ချောင်းဇောက်၊ ထိုမှတစ်ဆင့် စာရေးကုန်းချောင်းအတိုင်း ဒါးကမြစ်အတွင်းသို့ စီးဝင်နိုင်ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အနိမ့်ပိုင်းလယ်ကွင်းများနှင့် လေးမျက်နှာမြို့အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်နိုင်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ရေဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျ လိုက်နာဆောင်ရွက်ကြရန် တိုင်းအစိုးရအဖွဲ့က တိုက်တွန်းထားသည်။
ရေဝင်ရောက်နိုင်သည့် အနိမ့်ပိုင်း ရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်များ၊ စက်ရုံ၊ ကျောင်း၊ ဓမ္မာရုံများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းကြရန် လိုအပ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် တန်ဖိုးရှိ စာရွက်စာတမ်းများ၊ ဆေးဝါး၊ အစားအစာများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို လုံခြုံသောနေရာသို့ ရှေ့ဦးစွာ ပို့ဆောင်ထားကြရန်နှင့် မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်များ (Main Switches) ကို ချက်ချင်း ပိတ်ထားကြရန် သတိပေးထားသည်။
ရွှေ့ပြောင်းရေးနှင့် အရေးပေါ်အခက်အခဲများရှိပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များထံ ချက်ချင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး လက်ရှိတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့နှင့် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ် ဖော်ဆောင်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ်မြှင့်တင်ကာ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြကြောင်း၊ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသဖြင့် ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကကျကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လယ်မြေ၊ ယာမြေနှင့် တောင်ယာမြေများအပါအဝင် စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိသည့်အနက် စပါးစိုက်ဧက ၁၇ ဒသမ ၇ သန်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ ၆ သန်း၊ ပဲမျိုးစုံစိုက်ဧက ၂ ဒသမ ၇ သန်းနှင့် နှမ်းစိုက်ဧက ၃ ဒသမ ၉ သန်းရှိကြောင်း သိရသည်။ စိုက်ပျိုးမြေဧရိယာ ထပ်မံချဲ့ထွင်ခြင်းထက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအား မြှင့်တင်ရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍကို သမားရိုးကျစိုက်ပျိုးရေးစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ အရည်အသွေးနှင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်သွားမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်းဖြင့် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ဆန်စပါးကဏ္ဍ၌ လယ်မြေအားလုံး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရန် ကြိုးပမ်းပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးသာမက ပြည်ပသို့ ဆန်စပါးတင်ပို့မှု ပြန်လည်မြင့်မားလာစေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်” ဟူသည့် မျှော်မှန်းချက်နှင့်အညီ လက်ရှိ စိုက်ပျိုးလျက်ရှိသည့် ပေါ်ဆန်းစပါးဧက ၁ ဒသမ ၃ သန်းကျော်ကို အခြေခံ၍ မျိုးကောင်းမျိုးသန့်၊ အရည်အသွေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတို့ မြင့်မားလာစေရန် မြန်မာ့ပေါ်ဆန်းဖိုရမ်များကို စဉ်ဆက်မပြတ် ကျင်းပသွားမည်ဖြစ်သည်။

image

တပ်မတော်ကို ခေတ်မီ Standard Army အဖြစ် တည်ဆောက်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားပြည့်ဝသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် ယနေ့ ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နှင့်အညီ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကာ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များကို အစိုးရက မူဝါဒများချမှတ်၍ ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့နှင့် ဥပဒေစည်းမျဉ်းစည်းကမ်းထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Law Force Police) ဟူ၍ လုပ်ငန်းတာဝန်အလိုက် ခွဲခြားလေ့ကျင့်ပေးသွားမည်ဖြစ်သည်။
အလားတူ အဂတိကင်းရှင်းပြီး လေ့ကျင့်သားပြည့်ဝသည့် ရဲတပ်ဖွဲ့ဖြစ်ပေါ်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်ရေးအဆင်ပြေစေရန် ရဲတပ်ဖွဲ့အိမ်ရာများကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ S

image

တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် အစိုးရ၏ အမျိုးသားမူဝါဒများ ချမှတ်ဖော်ဆောင်မည်

နိုင်ငံတော်အစိုးရသည် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” တို့ကို အဓိကဦးစားပေးရည်မှန်းချက်များအဖြစ် ချမှတ်ထားပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတို့အတွက် အောက်ပါမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင်ပြောကြားခဲ့ပါသည်။
နိုင်ငံတော်အစိုးရ၏ အဓိကမူဝါဒများ
၁။ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးမူဝါဒ
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများနှင့် ခိုင်မာသည့် လွှတ်တော်စနစ်တို့မှတစ်ဆင့် ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ကို တည်ဆောက်သွားမည်။
၂။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးမူဝါဒ
တိုင်းရင်းသားပြည်သူအားလုံး၏ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုတို့ကို အခြေခံ၍ စည်းလုံးညီညွတ်သော ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်သွားမည်။
၃။ ထာဝရငြိမ်းချမ်းရေးမူဝါဒ
နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနှင့် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် ဖြေရှင်းသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ထားမည်။
၄။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒ
နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်နိုင်သည့် ခေတ်မီတပ်မတော်နှင့် စွမ်းရည်ပြည့်ဝသော လုံခြုံရေးအဖွဲ့အစည်းများကို တည်ဆောက်သွားမည်။
၅။ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ
နိုင်ငံအချင်းချင်း အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံ၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေးကို ဖော်ဆောင်သွားမည်။
၆။ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ
မြေ၊ မျိုး၊ ရေ၊ နည်းပညာနှင့် သွင်းအားစုများ ပြည့်စုံစွာရရှိရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးတို့ကို ဦးစားပေးဆောင်ရွက်မည်။
၇။ မွေးမြူရေးနှင့် ရေထွက်ကုန်ဖွံ့ဖြိုးရေးမူဝါဒ
ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ကျေးလက်မိသားစုဝင်ငွေတိုးပွားရေးနှင့် တန်ဖိုးမြှင့်မွေးမြူရေးထုတ်ကုန်များ ပြည်ပတင်ပို့နိုင်ရေးကို မြှင့်တင်သွားမည်။
၈။ သွင်းကုန်အစားထိုးနှင့် ပို့ကုန်မြှင့်တင်ရေးမူဝါဒ
စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်။
၉။ MSME နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးမူဝါဒ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သားများ ရရှိစေရေး အားပေးကူညီသွားမည်။

image

ချဲလ်ဆီးသို့ ပြောင်းရွှေ့ရေး အပြီးသတ်ရန် ဒန်နီဝဲလ်ဘက် ဆေးစစ်ဆေးမှု ခံယူလာတော့မည်
======================

ဒန်နီဝဲလ်ဘက်ဟာ ဘရိုက်တန်ဘက်က ဆေးစစ်ဆေးမှုခံယူရန် ခွင့်ပြုလာမှုနှင့်အတူ ချဲလ်ဆီးသို့ ပြောင်းရွှေ့ရေး အပြီးသတ်လာနိုင်တော့မှာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ ချဲလ်ဆီးနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုလာမယ်လို့ ယုံကြည်ရပြီး လာမယ့်အပတ် ဟောင်ကောင်တွင် ကလပ်သစ်နှင့် ပူးပေါင်းလာမယ်လို့ ယုံကြည်ရပါတယ်။
အလွန်ဆိုဟာ အသင်းတွင် လူငယ်ကစားသမား အလွန်များပြားနေကာ ပြီးခဲ့တဲ့နှစ်ရာသီဆက် ပရီးမီးယားလိဂ်ရဲ့ပျမ်းမျှအသက်အငယ်ဆုံးအသင်းဖြစ်လာခဲ့မှုကြောင့် ဝါရင့်ကစားသမားအချို့ကို အားဖြည့်လိုနေမှုနှင့်အတူ ဝဲလ်ဘက်အား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြအလွန်ဆိုဟာ လေဗာကူဆင်တွင် ၂ နှစ်တိုင်တိုင် လက်တွဲခဲ့တဲ့ အသက် ၃၄ နှစ်ရှိ ဝါရင့်ကွင်းလယ်ကစားသမားဂရာနစ်ဇာခါကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။
အာဆင်နယ်နှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဒန်နီဝဲလ်ဘက်ဟာ ၂၀၂၁ ခုနှစ်တွင် ဝက်ဖို့ဒ်မှ အလွတ်ပြောင်းရွေ့ကြေးဖြင့် ပြောင်းလာပြီးနောက် ဘရိုက်တန်ရဲ့ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပြီး ပွဲ ၄၀၀ ကျော်ကစားထားရာမှာ ဂိုး ၉၀ သွင်းထားနိုင်ပါတယ်။
ဒန်နီဝဲလ်ဘက် ရောက်လာတော့မှာ ဖြစ်လို့ ချဲလ်ဆီးတွင် တိုက်စစ်မှူး ၆ ဦးအထိ ရှိလာတော့မှာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးဟာ နီကိုလပ်ဂျက်ဆင်၊ လီယမ်ဒီလပ်၊ မာ့ခ်ဂူယူတို့အား အပြီးသတ် ရောင်းချခြင်း သို့မဟုတ် အငှားချခြင်း ပြုလုပ်လာပါမယ်။
ချဲလ်ဆီးဟာ ညီအစ်မကလပ် စထရာဘော့မှ ဒတ်ချ်တိုက်စစ်မှူးအီမန်နူရယ်အီမီဂါကိုလည်း ခေါ်ယူထားပါတယ်။

image

ကလပ်သစ်တွင် အမည်ပြောင်းလဲ ကစားလာရတော့မယ့် ကမ္ဘာ့ဖလားသူရဲကောင်းဗိုဇင်ညာ
=====================

ကမ္ဘာ့ဖလားသူရဲကောင်းဗိုဇင်ညာဟာ ကလပ်သစ် ကိုလိုကိုလိုတွင် ဗိုဇင်ညာဆိုတဲ့ပါ အင်္ကျီကို ဝတ်ဆင်ကစားလာနိုင်မှာ မဟုတ်ပါဘူး။
အသက် ၄၀ နှစ်ရှိ ကိတ်ဗာဒီဂိုးသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်စွမ်းပြကစားပြီးနောက် နေ့ချင်းညချင်း ကမ္ဘာကျော်သွားခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့ဖလားအပြီးမှာတော့ ချီလီထိပ်သီးကလပ် ကိုလိုကိုလိုသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လိဂ်စည်းမျဉ်းအရ ဗိုဇင်ညာဆိုတဲ့အမည်ကို အင်္ကျီတွင် အသုံးပြုခွင့် မရှိပါဘူး။
တကယ်လို့ သူသာ ဗိုဇင်ညာဆိုတဲ့အမည်ကို အသုံးပြုပါက ကွင်းအတွင်းသို့ ဝင်ရောက်ချိန်တွင်ပင် အဝါကတ်ပြသခြင်းခံရမှာ ဖြစ်သလို ကလပ်မှာလည်း ဒဏ်ရိုက်ခြင်းခံရပါမယ်။
ချီလီလိဂ်တွင် ကစားသမားများအား အမည်ပြောင်အသုံးပြုခွင့်မပေးဘဲ အမည်ရင်းထဲမှ တစ်ခုကိုသာ အသုံးပြုခွင့်ပေးပါတယ်။
ဗိုဇင်ညာရဲ့ မွေးစာရင်းရင်းမှာ ဂျိုဆီမာဂျို့စ်အီဗိုရာဒီယာ့စ်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားတွင် ကမ္ဘာကျော်ခဲ့တဲ့ ဗိုဇင်ညာရဲ့အမည်ရင်းကို မည်သူကမျှ မသိပါဘူး။
ဒါပေမဲ့လည်း ဗိုဇင်ညာဟာ ရာသီသစ်မှာတော့ ‘Evora’၊ ‘Dias’ သို့မဟုတ် ‘Evora Dias’ စတဲ့အမည်ကို အသုံးပြုလာရပါမယ်။

image

ဗီနီရှပ်စ်အား အသင်းတွင် ဆက်ထိန်းရန် ရီးရဲလ်မက်ဒရစ် စီစဉ်ထားလာမှုနှင့်အတူ အာဆင်နယ်တို့ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရ
====================

ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရင်ဟိုဟာ လာမယ့် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်ခြေရှိပေမဲ့လည်း ဗီနီရှပ်စ်ဂျူနီယာအား ဘာနေဗျူးတွင်ပင် ဆက်ထိန်းထားလိုနေပါတယ်။
ဗီနီရှပ်စ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လတွင် ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ကလပ်ဘက်က စာချုပ်သစ်ချုပ်ဆိုရေး ကြိုးပမ်းနေသလို အာဆင်နယ်ကလည်း ခေါ်ယူရေး စိတ်အားထက်သန်နေပါတယ်။
မော်ရင်ဟိုဟာ အသက် ၂၆ နှစ်ရှိ ဗီနီရှပ်စ်ဘက်က စာချုပ်သစ်မချုပ်ဆိုလျှင်လည်း အသင်းတွင် ဆက်ထိန်းထားလိုနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ရက်ဘူးလ်လိုက်ဇစ်မှ တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ခေါ်ယူရန် ကြိုးပမ်းနေပေမဲ့လည်း ဗီနီရှပ်စ်နေရာတွင် အစားထိုးရန် ခေါ်ယူလိုခြင်း မဟုတ်ပါဘူး။
တဖက်တွင် အာဆင်နယ်နည်းပြမီခေးလ်အာတီတာကလည်း ဗီနီရှပ်စ်အား ခေါ်ယူလာနိုင်မည်ဆိုပါက ပရီးမီးယားလိဂ်ဖလားချန်ပီယံဘွဲ့အား ကာကွယ်ရေးသာမက ပထမဆုံးချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ရေး အခြေအနေကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်ဟာ ဗီနီရှပ်စ်အား ခေါ်ယူနိုင်မည်ဆိုပါက ကလပ်စံချိန်တင်လုပ်ခ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ အထိပေးရန် ပြင်ဆင်ထားပါတယ်။
ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးထားသူ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအား ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံ့းနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ထားရပါတယ်

image

ကမ္ဘာ့ဖလားတွင် အင်္ဂလန်ကို အနိုင်ရပြီးနောက် နေအိမ်လုံခြုံရေးအား တိုးမြှင့်လာရတဲ့ အာဂျင်တီးနားကမ္ဘာ့ဖလားစတားများ
===================

လီဆန်ဒရိုမာတီနက်ဇ်နှင့် အလက်ဆစ်မက်အယ်လစ်စတာတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားက အင်္ဂလန်ကို အနိုင်ယူလိုက်ပြီးနောက် နေအိမ်လုံခြုံရေးအတွက် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများအား ငှားရမ်းလာပါတယ်။
ယူနိုက်တက်နောက်ခံလူနှင့် လီဗာပူးအလယ်တန်းကစားသမားတို့ရဲ့ အနောက်မြောက်ပိုင်းရှိ‌ နေအိမ်များကို ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများက လုံခြုံရေးပေးနေပါတယ်။
အာဂျင်တီးနားက အင်္ဂလန်ကို ကမ္ဘာဖ့လားဆီမီးဖိုင်နယ်တွင် ၂-၁ ဖြင့် အနိုင်ယူပြီးနောက် ယခုကဲ့သို့ လုံခြုံရေးမြှင့်တင်လာတာပါ။
ယင်းပွဲအပြီးတွင် အာဂျင်တီးနားနောက်ခံလူမာတီနက်ဇ်ဟာ ‘The Falklands are Argentina’s’ဆိုတဲ့စာသားပါ နဖူးစည်းကို ကိုင်ဆောင်ခဲ့သလို အယ်လစ်စတာမှာလည်း ယင်းအောင်ပွဲခံမှုတွင် ပါဝင်ခဲ့ပါတယ်။
စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုနှင့် စပါးစ်ကစားဖော်ဟောင်းဂျီယိုဗန်နီလိုစယ်ဆိုတို့ကလည်း ယင်းနဖူးစည်းအား ကိုင်ဆောင်ခဲ့ကြပါတယ်။
ရိုမီယိုမှာ ယခုနွေရာသီတွင် စပါးစ်မှ ထွက်ခွာနိုင်ခြေ ရှိနေပါတယ်။
တဖက်တွင် မာတီနက်ဇ်နှင့် အယ်လစ်စတာတို့ကတော့ ယင်းအဖြစ်အပျက်ကြောင့် အင်္ဂလန်ပရိသတ်များရဲ့ ပစ်မှတ်ထားခြင်းခံလာရနိုင်မှုနှင့်အတူ နေအိမ်လုံခြုံရေးအား မြှင့်တင်လာပါတယ်။
ယင်းသို့ နေအိမ်လုံခြုံရေးမြှင့်တင်ရာ ကလပ်များဖြစ်ကြတဲ့ ယူနိုက်တက်နှင့် လီဗာပူးတို့ တစုံတရာ ပါဝင်လုပ်ဆောင်ကြခြင်း မရှိပါဘူး။
မာတီနက်ဇ်နှင့် အယ်လစ်စတာတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ရယူပြီး ကလပ်နှင့် ပူးပေါင်းချိန်တွင် ယူနိုက်တက်နှင့် ဘရိုက်တန်ပရိသတ်တို့ရဲ့ ဂုဏ်ပြုကြိုဆိုမှုများနှင့် ကြုံခဲ့ရသူများ ဖြစ်ပါတယ်။
ဒါပေမဲ့ ၎င်းတို့ဟာ အင်္ဂလန်အား အနိုင်ရတဲ့ပွဲစဉ်အပြီး ဖော့ကလန်ကျွန်းနှင့်ပတ်သက်တဲ့ နဖူးစည်းကြောင့် အင်္ဂလန်ပရိသတ်များရဲ့ ပစ်မှတ်ထားခြင်းခံလာနိုင်ပြီလည်း ဖြစ်ပါတယ်။

image

အင်ဖန်တီနိုရဲ့ ကမ္ဘာ့ဖလားအစီအစဉ်ကို ယူအီးအက်ဖ်အေနှင့် ဗြိတိန်ဝန်ကြီးချုပ် ဝေဖန်လာ
=====================

ယူအီးအက်ဖ်အေနှင့် ဗြိတိန်ဝန်ကြီးချုပ်သစ်အင်ဒီဘန်းဟမ်တို့ဟာ ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ပြိုင်ပွဲများရဲ့ ရှယ်ယာအချို့တို့ကို ပုဂ္ဂိုလ်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီများထံ ရောင်းချရေး စီစဉ်လာမှုအပေါ် အပြင်းအထန် ဝေဖန်လာကြပါတယ်။
ဖီဖာဟာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖြစ် ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ တိုးချဲ့ရန် ရည်ရွယ်ထားပြီး ပြင်ပရင်းနှီးမြှပ်နှံရေးကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ရန် စီစဉ်ထားပါတယ်။
အထက်ပါသတင်းကို Financial Times နှင့် Times တို့က ဖော်ပြလာကြတာ ဖြစ်ပြီး Times က ယင်းအစီအစဉ်ကြောင့် ဖီဖာဥက္ကဌအင်ဖန်တီနိုမှာ ပေါင်သန်းဆယ်ချီ ရရှိလာမယ်လို့လည်း ဖော်ပြထားပါတယ်။
ဖီဖာဟာ တတိယရင်နှီးမြှပ်နှံရေးအဖွဲ့တို့အား ရှယ်ယာအနည်းငယ်ကို ရောင်းချကာ ထိန်းချုပ်မှု မရှိတဲ့ ရင်းနှီးမြှပ်နှံရေးအဖြစ် Fifa Forward Enterprise (FFE) အဖွဲ့သစ် ဖန်တီးလာမှာလည်း ဖြစ်ပါတယ်။
အထက်ပါအစီအစဉ်ဖြစ်မြောက်ရေးမှာ ဖီဖာအဖွဲ့ရဲ့ ၂၁၁ တို့ရဲ့ မဲပေးဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။
ယင်းအစီအစဉ်သာ ဖြစ်မြောက်လာပါက Fifa Forward Enterprise (FFE) အား Thrive Eternal က ဦးဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။
Thrive Eternal မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ သားမက်ဂျာရတ်နှင့် ညီအစ်ကိုဖြစ်သူ ဂျိုရှာကူရှနာက ဦးဆောင်နေတာပါ။
ဖီဖာကမူ ယင်းရင်းနှီးမြှနှံရေးအစီအစဉ်ကြောင့် ဖီဖာအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်ဖွဲ့လျှင် ဒေါ်လာသန်း ၂၀ အထိ အကျိုးအမြတ် ရရှိလာမယ်လို့လည်း ဆိုထားပါတယ်။
ဒါပေမဲ့ ယူအီးအက်ဖ်အေက ဖီဖာရဲ့ လုပ်ဆောင်မှုက စည်းကျော်ဘောင်ကျော်လုပ်ရပ် ဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဘန်းဟမ်းကလည်း "ကျွန်တော် တိုက်ရိုက်ပဲ ပြောပါရစေ။ ဘောလုံးဆိုတာ ရင်းနှီးမြှပ်နှံသူတွေနဲ့ ဆိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ နေပူ မိုးရွာမရှောင် အပတ်စဉ်အပတ်တိုင်း ကွင်းဘေးမှာ ရပ်တည်နေတဲ့လူတွေ၊ ကွင်းထဲလာကြည့်တဲ့သူတွေနဲ့ပဲ သက်ဆိုင်တာပါ။ ကမ္ဘာ့ဖလားက ထုတ်ကုန်မဟုတ်ပါဘူး။ ကမ္ဘာ့အားကစားရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။ ဘယ်သူမှ ရောင်းလို့မရပါဘူး။ ခင်ဗျားကြိုက်သလို အရောင်းအဝယ်ကို ပြင်ဆင်နိုင်တယ်။ ဒါပေမဲ့ တစ်စိတ်တစ်ပိုင်း ရောင်းပြီဆိုတာနဲ့ အားလုံးလည်း ရောင်းချထားပြီးသားပါ။ ဘောလုံးက ပရိသတ်တွေနဲ့ပဲ သက်ဆိုင်တယ်။ ဒါက အမြဲတမ်း အစဉ်တစိုက် ရှိနေရမယ့်အရာပါ"လို့ ပြောကြားသွားပါတယ်။

image

စပါးစ်ရဲ့ စိတ်ဝင်စားခြင်းခံလာရပြီးနောက် မန်စီးတီးမှ ထွက်ခွာရန် ဆာဗင်ဟို တံခါးဖွင့်ပေးလာ
====================

မန်စီးတီးတောင်ပံကစားသမားဆာဗင်ဟိုဟာ စပါးစ်သို့ ပြောင်းရွှေ့ရေး စိတ်ဝင်စားနေမှုနှင့်အတူ မန်စီးတီးမှ ထွက်ခွာရန် တံခါးဖွင့်ပေးလာပါတယ်။
ဘရာဇီးတောင်ပံကစားသမားဟာ စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီရဲ့ အဓိကပစ်မှတ်တစ်ဦးဖြစ်ပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဆာဗင်ဟိုအား ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးပါတယ်။
ယခုနွေရာသီမှာတော့ ဆာဗင်ဟိုကိုယ်တိုင်က မန်စီးတီးမှ ထွက်ခွာရန် စိတ်အားထက်သန်နေကာ စပါးစ်သို့ ပြောင်းရွှေ့လိုနေပါတယ်။
ဆာဗင်ဟိုဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတုန်းက မန်စီးတီးရဲ့ ညီအစ်မကလပ် ထရိုယက်စ်မှ ‌ပေါင် ၃၀.၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး စပိန်ကလပ် ဂီရိုနာတွင် အငှားဖြင့် သွားကစားဖူးပါတယ်။
သူဟာ ပြီးခဲ့တဲ့နွေတုန်းက စပါးစ်သို့ ပြောင်းရေး ပျက်ပြယ်ခဲ့ပြီးနောက် မန်စီးတီးနှင့် ၂၀၃၁ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
ဆာဗင်ဟိုဟာ မန်စီးတီးတွင် ကစားတဲ့ ပထမရာသီတုန်းက ဂွါဒီယိုလာလက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိခဲ့ကာ ၄၈ ပွဲအထိ ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ရာသီမှာတော့ အကန့်အသတ်ဖြင့်သာ ကစားခွင့်ရလာပြီး ၃၆ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။
ဆာဗင်ဟိုဟာ ပွဲထွက်ကစားသမားနေရာအတွက် ရိုင်ယန်ချာကီ၊ အန်တိုနီဆီမန်ယိုတို့နှင့် ယှဉ်ပြိုင်နေရပါတယ်။

image