မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုခဲ့သူများ ရာနှုန်းပြည့်အောင်မြင်

သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးရှိ
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ၁၀ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။
ထိုပြင် သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးရှိခဲ့ပြီး ရာခိုင်နှုန်းပြည့်အောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုအောင်မြင်သူ ၂၈၃၉၃ ဦးရှိခဲ့ကြောင်းလည်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၄၅၆၃၅ ဦးရှိသည့်အနက် အောင်မြင်သူ ၂၈၃၉၃ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ၂၂ ရာခိုင်နှုန်းရှိခဲ့ခြင်းလည်း ဖြစ်သည်။

image

ဝိပ္ပံဘာသာရပ်မှ တစ်နိုင်ငံလုံး ပထမရသည့် ကျောင်းသူအား ဂုဏ်ပြုချီးမြှင့်

တက္ကသိုလ်ဝင်စာမေးပွဲ၌ ရမှတ်ပေါင်း (၅၃၀) မှတ်ဖြင့် ဝိပ္ပံဘာသာတွဲမှ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့သည်။
မနီနီကျော်သည် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ နေထိုင်သူ ဖြစ်သည်။
သူမသည် ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေးနှင့်အတူ နေထိုင်ပြီး စက်ရုံအလုပ်သမားဖြစ်သူ အစ်မ၏ ထောက်ပံ့မှုဖြင့် (G-12) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ကာ မြန်မာတစ်နိုင်ငံလုံး ပထမဆုကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။
၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အောင်မြင်သူ(၁)သိန်း(၃)သောင်းကျော်ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

image

Perkasa Flight School တွင် Commercial Pilot License သင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား (၅) ဦး အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ကျောင်းသား (၅) ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Commercial Pilot License (CPL) သင်တန်း တက်ရောက်ရန် ဇွန် ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးထံမှ သိရသည်။
အဆိုပါ ကျောင်းသား (၅) ဦးသည် Myanmar Airways International (MAI) နှင့် Perkasa Flight School တို့အကြား ဖေဖော်ဝါရီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် Pilot Training Agreement အရ လေယာဉ်မောင်းသင်တန်းကို တက်ရောက်ကြမည်ဖြစ်သည်။
ကျောင်းသားများသည် ဇွန် ၂၉ ရက်မှစတင်၍ စာရင်းသွင်းခြင်းနှင့် Orientation (မိတ်ဆက်) အစီအစဉ်များကို တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲကို ဇူလိုင် ၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းရှိ Cilacap မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလမှာ (၁၄) လကြာမြင့်မည်ဖြစ်ပြီး Commercial Pilot License (CPL) ရရှိနိုင်ရေးအတွက် ကျောင်းသားများသည် Cilacap နှင့် Pangandaran မြို့များရှိ Perkasa Flight School ၏ လေ့ကျင့်ရေးစင်တာများတွင် လေယာဉ်မောင်းပညာရပ်များကို စနစ်တကျ သင်ယူလေ့ကျင့်သွားမည်ဖြစ်သည်။
MAI နှင့် Perkasa Flight School တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေကြောင်းကဏ္ဍဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာလူငယ်များ အင်ဒိုနီးရှားနိုင်ငံတွင် လေကြောင်းပညာရပ်များ ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးပွားလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ပညာရေး၊ လေကြောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း သိရသည်။

image

လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်၊ အ နေကဇာတင်

တည်ငြိမ်အေးချမ်းလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့ ဇွန် ၂၉ ရက်(ပထ မဝါဆိုလပြည့်နေ့)တွင် မျက်နှာတော်သစ်ပူဇော်ပြီး အ နေကဇာတင်လှူခဲ့ကြကြောင်း သိရသည်။
ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာ တော်များနှင့် တာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပူဇော်ကာ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များကအနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များကိုနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

image

ယခုနွေတွင် ရောင်းချရန် စီစဉ်ထားတဲ့ ကစားသမား ကမ္ဘာ့ဖလားတွင် ဒူးဒဏ်ရာပြင်းထန်စွာ ရရှိလာမှုနှင့်အတူ ထိုးနှက်ချက်ကြုံလာရတဲ့ ယူနိုက်တက်
=====================

ယူနိုက်တက်ဟာ မန်နူရယ်အူဂတ်တီမှာ မတော်တဆ ဒူးဒဏ်ရာပြင်းထန်စွာ ရရှိလာမှုနှင့်အတူ ယခုနွေရာသီ အပြောင်းအရွှေ့လုပ်ဆောင်မှုအပေါ် များစွာ ထိုးနှက်ချက် ကြုံလာရပါတယ်။
ယူနိုက်တက်စတားဟာ ယနေ့ အစောပိုင်းတုန်းက မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေတဲ့ စပိန်နှင့် အုပ်စုအဆုံးအဖြတ်ပွဲစဉ်တွင် ဥရုဂွေးအတွက် ပွဲထွက်ကစားခဲ့ပါတယ်။
ဒါပေမဲ့ အူဂတ်တီဟာ ပထမပိုင်းမပြီးမီ ဘောလုံးဖျက်ထုတ်မှုတစ်ခု ပြုလုပ်ရန် ကြိုးပမ်းရန် ကစားဖော်နှင့် မတော်တဆထိခိုက်မိပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
အူဂတ်တီ၊ ရိုဒရီဂိုဘတ်တန်ကော်နှင့် မားသီးယပ်စ်အိုလီဗီယာတို့ဟာ စပိန်စတားပီဒရီကို ဖျက်ထုတ်ရန် ကြိုးပမ်းခဲ့ကြပါတယ်။
ဒါပေမဲ့ ပီဒရီက ကျော်ဖြတ်နိုင်ခဲ့ပြီး အူဂတ်တီမှာ အိုလီဗီယာနှင့် မတော်တဆနှင့် ထိခိုက်မိသွားခဲ့ပါတယ်။
အလယ်တန်းကစားသမားဟာ ဒူးဒဏ်ရာရရှိသွားမှုနှင့်အတူ ကွင်းအတွင်း ဆေးကုသမှု ခံယူခဲ့ရပြီး ကွင်းအတွင်းမှ လမ်းလျှောက် မထွက်ခွာနိုင်မှုနှင့်အတူ လူနာတင်ထမ်းစင်ဖြင့် ထွက်ခွာခဲ့ရပါတယ်။
အူဂတ်တီဟာ ယူနိုက်တက်တွင် နေရာရရှိရေး ရုန်းကန်နေရသူ ဖြစ်ပြီး နွေရာသီတွင် ရောင်းချရန် လျာထားခြင်းခံထားသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အူဂတ်တီမှာ ဒူးအရွတ်ဒဏ်ရာရရှိပြီး ကာလရှည်ကြာ အနားယူရမှုနှင့်အတူ နွေရာသီတွင် ကစားသမားအား ရောင်းချကာ ငွေရှာရေးအပေါ် ရပ်ဆိုင်းလာရတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ယခုနွေတွင် အန်ဒါဆင်အား ခေါ်ယူထားပြီး ဖြစ်ပေမဲ့ နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦး မဖြစ်မနေ ထပ်မံ ခေါ်ယူလာရတော့မှာလည်း ဖြစ်ပါတယ်။

image

ယူနိုက်တက်တိုက်စစ်မှူးဟောင်းကို တွမ်တီးအတွက် ခေါ်ယူပေးနိုင်ခဲ့လို့ အကြီးအကျယ် ဂုဏ်ယူနေတဲ့ အဲရစ်တန်ဟက်
=====================

တွမ်တီးဟာ အေဂျက်စ်မှ ထွက်ခွာလာခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူးဝတ်ဝက်ဟော့စ်ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
တွမ်တီးဟာ ယူနိုက်တက်တွင် အငှားဖြင့် လာကစားဖူးတဲ့ ဝတ်ဟော့စ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး တွမ်တီးအားကစားဒါရိုက်တာအဲရစ်တန်ဟက်က ယင်းအပြောင်းအရွှေ့ကို ဦးစီး လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို ကိုင်တွယ်တုန်းက နယ်သာလန်တိုက်စစ်မှူးကို အိုးထရက်ဖို့ဒ်သို့ ကာလတို အငှားဖြင့် ခေါ်ဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဝတ်ဟော့စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အဲရစ်တန်ဟက်က "အက်ဖ်စီတွမ်တီးအတွက် ဝတ်ဟော့စ်ကစားလာမှာ ဖြစ်လို့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ကိုယ့်ကလပ်အတွက် နိုင်ငံပွဲ ငါးဆယ်ကျော်ကစားထားတဲ့ နယ်သာလန်တိုက်စစ်မှူးကစားလာတာ ဝမ်းမသာပါဘူးလား။ ဒီအပြောင်းအရွှေ့က ကျွန်တော်တို့အတွက် တကယ့် ရွှေအခွင့်အရေးပါ။ သူက အားလုံး အိတ်သွန်ဖာမှောက် ကြိုးစားပေးတဲ့ အတုယူစရာကစားသမားဖြစ်သလို ထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ဦး ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
နယ်သာလန်အတွက် ၅၁ ပွဲကစားထားရာမှာ ၁၄ ဂိုးသွင်းထားတဲ့ ဝတ်ဟော့စ်ဟာ အေဂျက်စ်တွင် ကစားတဲ့ နှစ်ရာသီအတွင်းတွင် ၆၅ ပွဲကစားထားရာမှာ ဂိုး ၂၀ သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

image

ရီစီဂျိမ်းစ် ဒဏ်ရာရရှိလာပြီးနောက် နောက်တန်းအစွန်လူရွေးချယ်မှုအပေါ် တူချယ် ကာကွယ်ပြောကြားလာ
====================

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ရီစီဂျိမ်းစ်မှာ စနေနေ့ ပနားမားနှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲကို လွဲချော်လာပြီးနောက် သူ့ရဲ့ နောက်တန်းအစွန်လူရွေးချယ်မှုပေါ်လစီအား ကာကွယ်ပြောကြားလာပါတယ်။
ရီစီဂျိမ်းစ်ဟာ ဂါနာနှင့် ဂိုးမရှိသရေကျတဲ့ပွဲအပြီးတွင် တံကောက်ကြောဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရပြီး လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိပါဘူး။
တူချယ်က ချဲလ်ဆီးအသင်းခေါင်းဆောင်မှာ နယူးဂျာစီသို့ သွားရောက်မဲ့ အင်္ဂလန်အသင်းတွင် ပါဝင်လာမှာ မဟုတ်ကြောင်း အတည်ပြုထားပါတယ်။ ဒါပေမဲ့ ၎င်းက ဂျိမ်းစ်မှာ လာမဲ့အပတ် အင်္ဂလန်ရဲ့ ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ပါဝင်လာနိုင်ကြောင်း ဆိုထားပါတယ်။
ဒါပေမဲ့ တကယ်တမ်းတွင် ရီစီဂျိမ်းစ်ဟာ ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင်လည်း ပါဝင်ကစားရန် မသေချာသေးပါဘူး။
သောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းအား ရွေးချယ်ရာတွင် နောက်တန်းအစွန်လူများအဖြစ် ဒီဂျက်စပန့်စ်၊ ဂျိမ်းစ်၊ လီဗရာမန်တိုတို့ သုံးဦးတည်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ လီဗာရာမန်တိုမှာ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှ နုတ်ထွက်ခဲ့ရပြီး ဖြစ်ပါတယ်.
ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးတွင် ဘယ်နောက်ခံလူအဖြစ် ကစားခဲ့တဲ့ နီကိုအိုရီလီမှာ မန်စီးတီးတွင် အလယ်တန်းကစားသမားတစ်ဦးအဖြစ် ကြီးပြင်းလာတာပါ။ ဒန်ဘန်းမှာလည်း ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်တယ်ဆိုပေမဲ့ ဗဟိုနောက်ခံလူနေရာမှာ အဓိက ကစားတာပါ။
တူချယ်အနေဖြင့် ညာနောက်ခံလူအဖြစ် စပန့်စ်၊ ကွန်ရှာ၊ ကွန်ဆာတို့ကို ညာနောက်ခံလူအဖြစ် အသုံးပြုနိုင်ပါသေးတယ်။
တူချယ်က "ဟုတ်ကဲ့။ ကျေနပ်ပါတယ်(နောက်တန်းအစွန်လူရွေးချယ်မှု)။ ဒီအသင်းကို ကျွန်တော် ရွေးခဲ့တာ။ ကစားသမားတွေရဲ့ စရိုက်အပါအဝင် အားလုံးအပေါ် အရမ်းကျေနပ်တယ်။ ပြီးတော့ တန်မာမှုလည်း ပေးပါတယ်။ အရေးပါတဲ့ ကစားသမားတိုင်းကို ရှိစေချင်သလို ကစားနိုင်စေချင်တယ်။ မကစားနိုင်ရင် အဖြေရှာပါမယ်။ ဒီလိုပဲ လုပ်ပါမယ်။ ဒါက ပြိုင်ပွဲပါ။ ရှေ့ဆက်မယ်"လို့ ပြောကြားသွားပါတယ်။
ဂျိမ်းစ်နှင့် လီဗာရာမန်တိုတို့မှာ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်လာခဲ့ရသူများဖြစ်ကြပြီး ၎င်းတို့အား ဦးစားပေးအဖြစ် ရွေးလာမှုအတွက် တူချယ်ဟာ မေးခွန်းထုတ်ခြင်းခံလာရပါတယ်။
ဒါပေမဲ့ တူချယ်က ဂျိမ်းစ်မှာ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အတွက် ကစားလာနိုင်ဦးမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။

image

ဘန်လေရဲ့အန်တိုနီကို ခေါ်ယူရေး ဘရန့်ဖို့ဒ်ဆွေးနွေးနေ
===================

ဘရန့်ဖို့ဒ်ဟာ တောင်ပံကစားသမားဂျိုင်ဒွန်အန်တိုနီကို ခေါ်ယူရန် ဘန်လေနှင့် ဆွေးနွေးနေကြောင်း သိရပါတယ်။
အသက် ၂၆ နှစ်ရှိ တောင်ပံကစားသမားဟာ ဘန်လေမှာ ချန်ပီယံရှစ်သို့ တန်းဆင်းသွားရမှုနှင့်အတူ ပရီးမီးယားလိဂ်တွင်ပင် ဆက်လက်ကစားလိုနေပါတယ်။
ဘရန့်ဖို့ဒ်ဟာ အခြားပရီးမီးယားလိဂ်ကလပ်များကို ကျော်ဖြတ်ပြီး ခေါ်ယူရေး ဆွေးနွေးမှု အဆင်ပြေနေတာ ဖြစ်ပြီး ဘန်လေဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင်တောင်းဆိုလာမယ်လို့ ယုံကြည်ရပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘန်လေအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၈ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နည်းပြကိတ်အင်ဒရူးက အာဆင်နယ်အကယ်ဒမီထွက်ကစားသမားမှာ သူ့ကစားဟန်စတိုင်တွင် အံဝင်တဲ့ ကစားသမားလို့ အပြည့်အဝ ယုံကြည်နေပါတယ်။
ဘရန့်ဖို့ဒ်ဟာ ရက်ဘူးလ်ဆဲလ်ဘတ်မှ နောက်ခံလူဂျန်နစ်ရှရှူစတာကို ပေါင် ၁၆ သန်းအပြင် အပိုဆုကြေးထပ်မံပေးရမဲ့အချက်ဖြင့် ခေါ်ယူထားပြီး ဖြစ်ပါတယ်။
အန်တိုနီဟာ ၂၀၁၆ ခုနှစ်တွင် အာဆင်နယ်အတွက် စီနီယာပွဲတစ်ပွဲမျှ မကစားရဘဲ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဝိုင်းမောက်နှင့် လိဒ်တို့တွင် အငှားဖြင့် သွားကစားပြီးနောက် ဘုန်းမောက်တွင် အရေးပါသူ ဖြစ်လာပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တွင် ဘုန်းမောက်မှ ဘန်လေသို့ အငှားဖြင့် ပြောင်းကစားပြီးနောက် ပြီးခဲ့တဲ့နွေတုန်းက ပေါင် ၈ သန်းဖြင့် အပြီးသတ်ပြောင်းခဲ့ပါတယ်။
ပရီးမီးယားလိဂ်တွင် တစ်ရာသီသာ ရှင်သန်နိုင်ခဲ့တဲ့ ဘန်လေဟာ ချန်ပီယံရှစ်အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ဝက်စ်ဟမ်းနှင့် ရင်ဆိုင်ကစားရပါမယ်။
ဥရောပဝင်ခွင့် ကပ်လွဲခဲ့တဲ့ ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် စပါးစ်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

ရှက်တာဒိုးနက်စ်ရဲ့ချန်ပီယံလိဂ်အိမ်ကွင်းပွဲများကို လက်ခံကျင်းပရန် ပရီးမီးယားလိဂ်ကလပ် ဆွေးနွေးနေ
=====================

ဘရန့်ဖို့ဒ်ဟာ ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်ရဲ့ လာမဲ့ရာသီ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များအား Gtech Community Stadium ကွင်းတွင် လက်ခံကစားရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ရှက်တာဒိုးနက်စ်ဟာ ၂၀၂၆-၂၇ ချန်ပီယံလိဂ်ရာသီတွင် လိဂ်အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိထားပါတယ်။
ပုံမှန်အားဖြင့် ရှက်တာဒိုးနက်စ်ဟာ တတိယအဆင့် ခြေစစ်ပွဲမှ ခြေစစ်ပွဲအောင်မြင်ရေး ကြိုးပမ်းရမှာ ဖြစ်ပေမဲ့လည်း လီဂူး ၁ ချန်ပီယံ ပီအက်စ်ဂျီမှာ ချန်ပီယံလိဂ်ချန်ပီယံဘွဲ့အား ကာကွယ်လာမှုနှင့်အတူ လိဂ်အဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိလာတာလည်း ဖြစ်ပါတယ်။
ရှက်တာဒိုးနက်စ်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲပြီးနောက် ဥရောပပွဲစဉ်များမှ အိမ်ကွင်းမှာ ကစားလာနိုင်ခဲ့ခြင်း မရှိပါဘူး။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဥရောပအိမ်ကွင်းပွဲစဉ်များကို ဆလိုဗေးနီးယား၊ ပိုလန်တို့တွင် လက်ခံကစားခဲ့ပါတယ်။
ယခုအခါ ရှက်တာဒိုးနက်စ်ဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များကို လန်ဒန်အနောက်ပိုင်း ဘရန့်ဖို့ဒ်ရဲ့ Gtech Community Stadium ကွင်းတွင် လက်ခံကစားရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ဘရန့်ဖို့ဒ်ရဲ့ Gtech Community Stadium ကွင်းက ချန်ပီယံလိဂ်လက်ခံကစားရန် ယူအီးအက်ဖ်အေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီနေရာ ဒေသတွင်း အာဏာပိုင်များကသာ ခွင့်ပြုလာပါက ယူအီးအက်ဖ်အေဘက်က ခွင့်ပြုရန် အသင့်ရှိနေပါတယ်။
ဘရန့်ဖို့ဒ်ဟာ အင်္ဂလိပ်ပွဲမဟုတ်တဲ့ နိုင်ငံတကာပွဲစဉ်များအတွက် Gtech Community Stadium ကွင်းကို ငှားရမ်းလာတဲ့အသင်းလည်း ဖြစ်ပါတယ်။
လာမဲ့ရာသီတွင် ချဲလ်ဆီးနှင့် စပါးစ်တို့ ဥရောပဝင်ခွင့် ရရှိခြင်း မရှိရာ လနဒန်အခြေစိုက်ကလပ်များအဖြစ် အာဆင်နယ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့သာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်စရာ ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်က ကွန်ဖရင့်လိဂ်ချန်ပီယံအဖြစ် ယူရိုပါလိဂ်သာ ဝင်ခွင့် ရရှိထားရာ ကြာသပတေးနေ့တွင်မှ ပွဲကစားရန် ရှိနေပါတယ်။
ဒါကြောင့်လည်း ရှက်တာဒိုးနက်စ်အနေဖြင့် အာဆင်နယ်နှင့်အတူ ချန်ပီယံလိဂ်ပွဲစဉ်များကို အင်္ဂါ သို့မဟုတ် ဗုဒ္ဓဟူးနေတို့တွင် အလှည့်ကျစီ ကစားလာနိုင်ပါတယ်။

image

ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲတွင် မက်ဆီကို အရန်ခုံတွင် ထိုင်ခိုင်းကာ အနားပေးလာမှာ ဖြစ်ပေမဲ့ ကမ္ဘာ့ဖလားဂိုးသွင်းဘုရင်ရဲ့ ရမ်သမ်ပျောက်ဆုံးလာမှာ စိုးရိမ်နေကြ
====================

လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားရဲ့ ဂျော်ဒန်နှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ အရန်ခုံမှာ ထိုင်လာပါမယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ ၂ ပွဲတွင် ၅ ဂိုးသွင်းကာ ကမ္ဘာ့ဖလားဂိုးသွင်းဘုရင်စာရင်းကို ဦးဆောင်ထားနိုင်သူ ဖြစ်ပါတယ်။
ယခုအခါ အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီက မက်ဆီမှာ ပွဲထွက်လူစာရင်းတွင် ပါဝင်လာမှာ မဟုတ်ကြောင်း၊ သို့ရာတွင် ပွဲနှောင်းပိုင်းတွင် ပါဝင်ကစားလာနိုင်ကြောင်း ဆိုသွားပါတယ်။
စကာလိုနီက "လီယို အရန်ခုံမှာ ထိုင်ပါမယ်။ ဘယ်လို ခင်းကျင်းလာမယ်ဆိုတာကိုတော့ ပြောမှာ မဟုတ်ပါဘူး။ ပြီးတော့ လီယို ပွဲနှောင်းပိုင်းမှာ အနည်းငယ်ကစားလာမယ်"လို့ ပြောကြားသွားပါတယ်။
ယခုကဲ့သို့ မက်ဆီကို အရန်ခုံတွင် ထားမှာ အရာက မက်ဆီကို ကြည့်လိုမှုကြောင့် ကွင်းအတွင်း ရောက်လာကြမဲ့ ဘောလုံးပရိသတ်များအတွက် စိတ်ပျက်စရာ ဖြစ်နေပါတယ်။
အာဂျင်တီးနားပွဲရဲ့ ကမ္ဘာ့ဖလားလက်မှတ်များက အနည်းဆုံး ပေါင် ၆၀၀ မှ အများဆုံး ပေါင် ၈၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။
အာဂျင်တီးနားဟာ ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီးဖြစ်ကာ ကိတ်ဗာဒီနှင့် ရင်ဆိုင်ကစားရပါမယ်။
စကာလိုနီဟာ တိုက်စစ်မှူးလူသာရိုမာတီနက်ဇ်ကိုလည်း အနားပေးလာမှာ ဖြစ်ရာ တိုက်စစ်တွင် နီကိုပက်ဇ်နှင့် ဂျူလီယန်အယ်ဗာရက်ဇ်တို့ကို အသုံးပြုလာဖို့ ရှိနေပါတယ်။
တဖက်တွင် စကာလိုနီဟာ အသက် ၃၉ နှစ်ရှိ လီယွန်နယ်မက်ဆီအား ဂျော်ဒန်နှင့် ပွဲတွင် လုံးဝ အသုံးမပြုဘဲထားပါက ရမ်သမ်ပျောက်ဆုံးသွားမှာကိုလည်း စိုးရိမ်နေပါတယ်။
မက်ဆီဟာ ဂျော်ဒန်နှင့်ပွဲတွင်လည်း မကစားပါက နောက်ဆုံး ဩစတြီးယားနှင့်ပွဲမှ လာမဲ့ ဇူလိုင်လ ၃ ရက်နေ့အထိ ၁၁ ရက်တိုင်တိုင် ပွဲမကစားဘဲ ရှိနေမည်ဖြစ်ရာ ရမ်သမ်ပျောက်ဆုံးလာမှာ စိုးရိမ်နေရပါတယ်။

image