ရှမ်းဘာသာပြန်ပိဋကတ်(၃)ပုံကို ဗိုလ်ချုပ်ယွတ်စစ် လက်ခံရယူ
ထိုင်းဘုရင်မင်းမြတ်ကပေးအပ်သည့် ရှမ်းဘာသာပြန်ပိဋကတ်(၃)ပုံကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်ကြီးယွတ်စစ်မှ နိုဝင်ဘာ ၅ ရက်က ထိုင်းနိုင်ငံရှိ ဝပ်နတ်ကလျာဏထမ်းဘုန်းတော်ကြီးကျောင်းတွင် လက်ခံရယူခဲ့ကြောင်း သိရသည်။
ရှမ်းဘာသာပြန် ပိဋကတ်ဓမ္မစာပေဆက်လက်ပြန့်ပွားစေရန်အတွက် ထိုင်းဘုရင်မင်းမြတ်မှပေးအပ်သည့် ပိ ဋကတ်စာပေများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ရှိ ပိဋကတ်ကျောင်းတွင်ပင့်ဆောင်ထားရှိမည်ဖြစ် ကြောင်း သိရသည်။
ရှမ်းမျိုးနွယ်စုများဖြစ်သည့် ထိုင်း၊ တိုင်း၊ တိုင်းလုံ၊ တိုင်းခန္တီး၊ တိုင်းဖာကေး၊ ယွန်းသျှမ်း၊ လောဝ်း၊ တိုင်းဆစ်ဆောင်ပန်နားတို့အပါအဝင် အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အသံထွက်တူစေရန်ရည်ရွယ်၍ ပိဋကတ်စာပေများကို ထိုင်းဘာသာမှ ရှမ်းဘာသာစကား(၉)မျိုးအထိ ဘာသာပြန်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။