အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဂျပန်အမျိုးသမီးဘောလုံးအသင်း မြန်မာနိုင်ငံသို့ ရောက်ရှိ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဂျပန်အမျိုးသမီးဘောလုံးအသင်း(Tokyo Verdy Beleza) မြန်မာနိုင်ငံသို့ ယနေ့ နိုဝင်ဘာ (၆)ရက်တွင် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားကလပ် Suwon FC နဲ့ မြောက်ကိုရီးယားကလပ် Naegohyang FC တို့လည်း ယနေ့တွင် မြန်မာနိုင်ငံကို ရောက်ရှိလာမည်ဟု သိရသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တရား ဝင် အသိပေးထားခြင်းမရှိသေးပေ။
အဆိုပါပြိုင်ပွဲတွင် အုပ်စု(C)၌ တောင်ကိုရီးယား၊ ဂျပန်၊ မြောက်ကိုရီးယားနှင့်မြန်မာ(ISPE)အမျိုးသမီးအသင်းတို့ တစ်အုပ်စုတည်းကျရောက်နေသည်။
ပွဲစဥ်များကို နိုဝင်ဘာ (၉)ရက်မှ (၁၅) ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။