ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်
ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။
နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။