ဂုတ်တွင်းတံတားနေရာ၌ သုံးလွှာတစ်ထပ် C 200 ဘေလီတံတားတစ်စင်းအသစ် ထပ်မံတည်ဆောက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ မန္တလေး-ပြင်ဦးလွင်- လားရှိုးလမ်းပေါ်ရှိ ဂုတ်တွင်းတံတားနေရာ၌ သုံးလွှာတစ်ထပ် C 200 ဘေလီတံတားတစ်စင်းအသစ်ကို ထပ်မံပြုပြင်တည်ဆောက်ခြင်းနှင့် ယင်း လမ်းတစ်လျှောက်ရှိ လမ်း၊ တံတားများကို ပြုပြင်ထိန်း သိမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြုပြင်ထိန်းသိမ်းနေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဇန်နဝါရီ ၃၁ ရက်က ကြည့်ရှုစစ်ဆေးပြီးနောက် ဂုတ်တွင်းတံ တားသည် ကုန်စည်စီးဆင်းမှုအတွက်အရေးပါသောတံတားဖြစ်၍ ဆောလျင်စွာပြီးစီးနိုင်ရေးအလေးထားဆောင်ရွက်ရန်၊ ယခင်ပေ (၁၅၀) နှစ်လွှာတစ်ထပ် ဘေလီတံတားကိုဖယ်ရှားပြီး ၎င်းနေရာတွင် မူလပုံစံအတိုင်း အခိုင်အမာတံတားကိုဆက်လက်တည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တံတားတည်ဆောက်ရာ၌ အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်ဖျ-က်ဆီးမှုကြောင့် ပျ-က်စီးခဲ့သော တံတားအပျ-က်အစီးများကို စနစ်တကျဖယ်ရှား၍ ရေလမ်းကြောင်းရှင်းလင်းခြင်းကို ဆက်လက်ဆောင်ရွက်ရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။
မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းသည် ကုန်စည်စီးဆင်းမှု၌ အဓိကအရေးပါသည့် လမ်းတစ်လမ်းဖြစ်ကာ ဂုတ်တွင်းတံတားအား အကြမ်းဖက်အဖွဲ့များမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က မိုင်းခွဲဖျ-က်ဆီးမှုကြောင့်ကျိုးကျပျ-က်စီးခဲ့၍ လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရန် စစ်အင်ဂျင်နီယာတပ်ဖွဲ့က ယာယီအစီအစဉ်ဖြင့် အရှည်ပေ (၁၅၀) နှစ်လွှာတစ်ထပ်ဘေလီတံတားကိုပြန်လလည်တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်တည်ဆောက်ပြီးနောက် ခရီးသည်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ၂၅ တန်အထိဖြတ်သန်း ခွင့်ပြုခဲ့ကာ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးအတွက် လက်ရှိအချိန်တွင် ယခင်တံတားဟောင်းနေရာ၌ အရှည်ပေ (၂၁၀) ၊ အကျယ် (၂၄) ပေရှိ သုံးလွှာတစ်ထပ် C 200 ဘေလီတံတားကို အသစ်ထပ်မံပြုပြင်တည်ဆောက်လျက်ရှိပြီး ဘေလီတံတားသစ်တည် ဆောက်ပြီးပါက ယာဉ်တစ်စီးချင်း တန် (၅၀) ရှိ ကုန်တင် ယာဉ်ကြီးများ လွယ်ကူချောမွေ့စွာဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။