၂ ဂိုးသွင်းပြီး ၁ ကြိမ်ဖန်တီးကာ အင်တာမိုင်ယာမီကို မေဂျာလိဂ်ဖလားပြိုင်ပွဲ ပလေးအော့ဖ်ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်အောင် မက်ဆီ ကူညီပေးလာ
======================
လီယွန်နယ်မက်ဆီဟာ နှစ်ဂိုးသွင်းပြီး တစ်ကြိမ် ဖန်တီးကာ အင်တာမိုင်ယာမီအား နက်စ်ရှ်ဗီလီကို ၄-၀ ဂိုးဖြင့် အနိုင်ယူရရှိအောင် ကူညီကာ မေဂျာလိဂ်ဖလားဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်အာင် ကူညီလာပါတယ်။
အသက် ၃၈ နှစ်ရှိ အာဂျင်တီးနားစူပါစတားဟာ ပထမပိုင်းတွင် ၂ ဂိုးသွင်းပြီး ဒုတိယပိုင်းတွင် အယ်လန်ဒီက ၂ ဂိုး ထပ်မံသွင်းယူခဲ့လို့ အင်တာမိုင်ယာမီတို့ ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
မက်ဆီဟာ ကိုယ်တိုင် ၂ ဂိုးသွင်းခဲ့သလို စတုတ္ထဂိုးအား အယ်လန်ဒီ သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပါသေးတယ်။
ဒီနိုင်ပွဲကြောင့် မာရှေးယာနိုဦးဆောင်တဲ့ အင်တာမိုင်ယာမီဟာ နက်ရှ်ဗီလီနှင့် ကစားတဲ့ မေဂျာလိဂ်ဖလား ပလေးအော့ဖ် Best-Of-Three Series တွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီဟာ ပြီးခဲ့တဲ့သံးရာသီတွင် နှစ်ရာသီမှာ ပထမအဆင့်တွင်ပင် ရှုံးနိမ့်မှုတွေ ကြုံခဲ့ရတဲ့အသင်းပါ။
၎င်းတို့ဟာ မေဂျာလိဂ်ဆီမီးဖိုင်နယ်အဖြစ် နိုဝင်ဘာလ ၂၂ ၊၂၃ ရက်ရက်သတ္တပတ်တွင် အက်ဖ်စီစင်စင်နတီနှင့် ရင်ဆိုင်ကစားရပါမယ်။