လီဗာပူးသူရဲကောင်းဝီနယ်ဒမ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ချဲလ်ဆီး ကမ်းလှမ်းမှု ပြုလုပ်ထား

ချဲလ်ဆီးဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ကွင်းလယ်ကစားသမားခေါ်ယူရေး ပျက်ပြယ်ခဲ့ရပြီးနောက် ဂျော်ဂျီနီယိုဝီနယ်ဒမ်အား ခေါ်ယူရေး ကြိုးပမ်းလာပါတယ်။
အနောက်လန်ဒန်ကလပ်ဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် လာမိန်းကာမာရာကို ခေါ်ယူရေး သဘောတူညီမှု ရရှိခဲ့ပြီးမှ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့ရမှုနှင့်အတူ ကွင်းလယ်ကို အားဖြည့်နိုင်ခဲ့ခြင်း မရှိပါဘူး။
တဖက်တွင် ချဲလ်ဆီးဟာ အာဂျင်တီးနားကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်ကို မန်စီးတီးသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ရောင်းချထားရပါတယ်။
ဒါကြောင့်လည်း ချဲလ်ဆီးဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် ကစားသမားများအား ဈေးကွက်အတွင်း ရှာဖွေနေပါတယ်။
ယခုအခါ ချဲလ်ဆီးဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရေး အသက် ၃၅ နှစ်ရှိ ဝီနယ်ဒမ်ကို ဆက်သွယ်လာကြောင်း Foot Mercato က ဖော်ပြလာပါတယ်။
ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ယခုနွေရာသီတွင် ဆော်ဒီပရိုလိဂ်ကလပ် Al-Ettifaq မှ ထွက်ခွာလာသူ ဖြစ်ပြီး အပြောင်းအရွှေ့ပိတ်သွားပြီဖြစ်ပေမယ့်လည်း အသင်းပြောင်းနိုင်တုန်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဝီနယ်ဒမ်အား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိလာပါက ကာလတိုစာချုပ်ဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေပါတယ်။
ဝီနယ်ဒမ်ဟာ လီဗာပူးနှင့် နယူးကာဆယ်တို့တွင် ကစားစဉ်အတွင်း ပရီးမီးယားလိဂ်ပွဲ ၂၁၇ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ စူပါဖလားတို့ ရယူထားနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီတွင်လည်း ကစားခဲ့ဖူးတဲ့ ဝီနယ်ဒမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက Al-Ettifaq အတွက် ၃၄ ပွဲကစားခဲ့ရာမှာ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

image