ချက်ဘောလုံးသမိုင်းတွင် ပထမဆုံးနိုင်ငံခြားသားနည်းပြအဖြစ် စပိန်နှင့်အတူ အိုလံပစ်ရွှေတံဆိပ်ဆု ရယူခဲ့တဲ့ စပိန်လူမျိုးနည်းပြဆန်တီဒီနီယာ ခန့်အပ်ခြင်းခံရ
=====================

စပိန်လူမျိုးနည်းပြဆန်တီဒီနီယာဟာ ချက်လက်ရွေးစင်အသင်းသမိုင်းတွင် ပထမဆုံးနိုင်ငံခြားသားနည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရပါတယ်။
အသက် ၅၂ နှစ်ရှိ ဒီနီယာဟာ ချက်အသင်းကို ၂ နှစ်စာချုပ်ဖြင့် ကိုင်တွယ်လာတာဖြစ်ပြီး စာချုပ်အတွင်းတွင် ၂ နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ချက်ဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စောစောစီးစီး အိမ်ပြန်ခဲ့ရပြီးနောက် နည်းပြမီရိုဆလပ်ဗ်ကူဘစ်ခ် နုတ်ထွက်သွားချိန်တွင် နည်းပြသစ် ခန့်အပ်ရေး ရှာဖွေလာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနီယာဟာ ကစားသမားဘဝတုန်းက ခံစစ်မှူးအဖြစ် အက်သလက်တီကို(၁၉၉၄-၂၀၀၅)အထိ ကစားခဲ့တဲ့အပြင် စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၃ ပွဲကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
သူဟာ အက်သလက်တီကိုအား ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသလို စပိန်ယူ-၁၇၊ ယူ-၁၉ ၊ ယူ-၂၁ နှင့် ယူ-၂၃ အသင်းတို့အား ကိုင်တွယ်ခဲ့ဖူးပါတယ်။
သူဟာ စပိန်ယူ-၂၃ အသင်းအား ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ စပိန်ယူ-၂၃ အသင်းမှ ထွက်ခွာပြီးနောက် ၂၀၂၅ ခုနှစ်တွင် ကာတာကလပ် Al Shahaniya SC အား ကိုင်တွယ်ခဲ့ပေမဲ့ ရလဒ်ဆိုးရွားမှုကြောင့် ယင်းနှစ် နိုဝင်ဘာလတွင်ပင် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

image

ဇနီးသည်နှင့် တိတ်တဆိတ်လမ်းခွဲလိုက်ပြီးနောက် ရက်သတ္တပတ်အတန်ကြာတွင်ပင် ၁၀ နှစ်ငယ်တဲ့ ချစ်သူသစ် တွေ့ရှိလာတဲ့ ဂျာမနီဂန္ထဝင်သောမတ်စ်မူလာ
====================

သောမတ်စ်မူလာဟာ ဇနီးဟောင်းလီဆာနှင့် လမ်းခွဲလိုက်ပြီးနောက် ရက်သတ္တပတ်အတန်ကြာတွင်ပင် အချစ်သစ်ရှာဖွေတွေ့ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိ ဘိုင်ယန်မြူးနစ်စတားဟောင်းဟာ ပြီးခဲ့တဲ့လတုန်းက ၁၇ နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ဇနီးသည် လီဆာနှင့် တရားဝင် ကွာရှင်းပြတ်စဲခဲ့ပါတယ်။
ယနေ့တွင် Bild ရဲ့ ဖော်ပြလာမှုအရ မူလာဟာ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ပြင်သစ်အမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်နေကာ အချစ်သစ်တွေ့ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
မူလာဟာ အသက် ၂၆ နှစ်အရွယ်ရှိ အိဗ်ရို့စ်ဘစ်ဘိုလ်နှင့် တွဲနေတာပါ။
၎င်းတို့နှစ်ဦးကို မကြာသေးမီတုန်းက နယူးဂျာစီတွင် အတွဲတကွာတွေ့ရပါတယ်။ မူလာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘောလုံးဝေဖန်ရေးသမားအဖြစ် ရုပ်သံတွင် တာဝန်ထမ်းဆောင်စဉ် ချစ်သူကိုလည်း တပါတည်းခေါ်ဆောင်လာခဲ့တာပါ။
ဒါ့အပြင် မူလာဟာ လာမယ့် မေဂျာလိဂ်အောစတားပွဲစဉ်အတွက် ပြင်ဆင်နေစဉ်အတွင်း ချာလော့တီသို့ ချစ်သူကိုလည်း တပါတည်း ခေါ်ဆောင်ခဲ့ပါတယ်။
အိဗ်ဟာ ပဲရစ်အနောက်မြောက်ပိုင်းအခြေစိုက် ဥရောပစီးပွားရေး ESSEC တက်ခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်တွင် ချစ်သူသစ်မူလာအတွက် အလုပ်လုပ်ပေးနေတယ်လို့ ယုံကြည်ရပါတယ်။
မူလာဟာ ပြီးခဲ့တဲ့နှစ်တုန်းက ၂၅ နှစ်ကြာ ကစားလာခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာကာ ကနေဒါကလပ် Vancouver Whitecaps သို့ ပြောင်းလာခဲ့သူဖြစ်ပါတယ်။
ထိုစဉ်တုန်းက မူလာရဲ့ ဇနီးဟောင်းလီဆာကိုလည်း တစ်ကြိမ်မျှ တွေ့ခဲ့ရခြင်း မရှိပါဘူး။ မူလာနှင့် လီဆာတို့ကို ၂၀၂၄ ခုနှစ်ကတည်းက အတူတကွ မတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
မူလာနှင့် လီဆာတို့ဟာ တရားဝင် ကွာရှင်းပြတ်စဲလိုက်ကြပြီ ဖြစ်ပေမဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။
မူလာဟာ Vancouver Whitecaps အတွက် ၃၂ ပွဲကစားထားရာတွင် ၁၄ ဂိုးသွင်းပြီး ၇ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

image

ဂျပန်တွင် အမျိုးသမီးတစ်ဦးအား ဆေးရုံတက်ရအောင် ယာဉ်တိုက်မိမှုကျူးလွန်ခဲ့ပေမဲ့လည်း ပြစ်ဒဏ်ချမှတ်ခြင်းမခံခဲ့ရတဲ့ ပရီးမီးယားလိဂ်စတားမီတိုမို
==================

ပရီးမီးယားလိဂ်စတားကာအိုရူမီတိုမာဟာ ယာဉ်မတော်တဆမှုကြောင့် အမျိုးသမီးတစ်ဦးအား ဆေးရုံတက်ရအောင် ပြုလုပ်ခဲ့ပေမဲ့လည်း ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ခြင်းခံရမယ့်အရေးမှ လွတ်မြောက်သွားခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့တုန်းက တိုကျိုမြို့လယ်တွင် ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုအပြီးတွင် တိုကျိုရဲတပ်ဖွဲ့ဝင်များက မီတိုမာအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။
မီတိုမာဟာ မီးနီဖြတ်မောင်းစဉ် အမျိုးသမီးတစ်ဦး စီးလာတဲ့ စက်ဘီးကို တိုက်မိခဲ့တာ ဖြစ်ပြီး ယင်းအမျိုးသမီးကို ဆေးရုံပိ့ခဲ့ရပါတယ်။
အသက် ၄၈ နှစ်ရှိ အမျိုးသမီးဟာ လက်မောင်းဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူပြီးနောက် နှစ်ပတ်အကြာတွင် ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။
တိုကျိုရဲတပ်ဖွဲ့က ယင်းအမှုအား စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် မီတိုမာကို အန္တရာယ်ရှိတဲ့ ယာဉ်မောင်းနှင်မှုဖြင့် စွဲချက်တင်ရန် စဉ်းစားခဲ့ပါတယ်။
ဒါပေမဲ့ သောကြာနေ့မှာတာ့ နှစ်ဖက်လုံးက ယာဉ်အန္တရာယ်မီးအချက်ပြမှုကို ဂရုမစိုက်ဘဲ မောင်းနှင်ကြောင်း တွေ့ရှိရပြီးနောက် ဂျပန်အတွက် ၃၁ ပွဲကစားထားတဲ့ မီတိုမာအား အရေးမယူရန် ဆုံးဖြတ်ခဲ့ပါတယ်။
မီတိုမာဟာ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီ နှောင်းပိုင်းကို လွဲခဲ့တဲ့အပြင် ဂျပန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်တွင် ဂျပန်ကလပ် Kawasaki Frontale မှ ပြောင်းလာပြီးနောက် ဘရိုက်တန်အတွက် ၁၃၅ ပွဲကစားကာ ၂၇ ဂိုးသွင်းယူပေးထားပါတယ်။

image

ပိုလန်တွင် တကိုယ်တည်း ခက်ခဲစွာ ဖြတ်သန်းရပြီးနောက် ကမ္ဘာ့ဖလားဆုကို လေလံတင် ရောင်းချလာတဲ့ မန်စီးတီးစတားဟောင်းမန်ဒီ
=====================

မန်စီးတီးစတားဘင်ဂျာမင်မန်ဒီဟာ ငွေကြေးလိုအပ်ချက်ရှိနေမှုကြောင့် ကမ္ဘာ့ဖလားဆုကို လေလံတင်ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ ဘယ်နောက်ခံလူဟာ ပြင်သစ်နှင့်အတူ ၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးကာ ဘောလုံးသမားတစ်ဦးအတွက် အမြင့်မားဆုံးဆုကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မန်ဒီဟာ မန်စီးတီးတွင် ကစားနေစဉ်အတွင်း ဗလက္ကာယမှု ၈ မှုဖြင့် အမှုရင်ဆိုင်ခဲ့ရပြီးနောက် ဘဏ္ဍာရေးပြဿနာများစွာနှင့် ကြုံခဲ့ရပါတယ်။
ယခုအခါမှာတော့ သူဟာ ကမ္ဘာ့ဖလားပုံစံတူ ဆုဖလားအား ပေါင် ၄၆၂၇၀ ဖြင့် အရောင်းစာရင်းတင်လာပါတယ်။
မန်ဒီဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဒေဝါလီခံရမယ့်အရေးမှ ရှောင်လွဲနိုင်ရန်အတွက် ချီရှိုင်းယားရှိ ပေါင် ၅ သန်းတန် နေအိမ်ကို ဈေးလျှော့ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။
ယခုအခါမှာတော့ သူဟာ ကမ္ဘာဖလားပုံတူ ဆုဖလားအား Global Football Auction Part Two ရဲ့အစိတ်အပိုင်းတစ်ရပ်အနေဖြင့် လေလံတင်ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပြင်သစ်အသင်း ချန်ပီယံဖြစ်စဉ်တုန်းက တစ်ပွဲတည်းသာ အရန်အဖြစ် ဝင်ရောက်ကစားခွင့်ရခဲ့ပေမဲ့လည်း အခြားကစားဖော်များကဲ့သို့ပင် ကမ္ဘာ့ဖလားပုံတူ ဆုဖလားအား အမှတ်တရ ရရှိခဲ့ပါတယ်။
သူဟာ မန်စီးတီးတွင် ကစားစဉ်တုန်းက တစ်လလုပ်ခ ပေါင် ၅၀၀၀၀၀ အထိ ရရှိခဲ့ပေမဲ့လည်း လက်ရှိအချိန်တွင် ပိုလန်ကလပ် Pogon Szczecin တွင် ကစားနေစဉ်အတွင်း တစ်လလုပ်ခ ပေါင် ၁၀၀၀၀ သာ ရရှိနေပါတယ်။
သူဟာ ဗလက္ကာယမှုစွဲချက်များဖြင့် အမှုရင်ဆိုင်နေရစဉ်အတွင်း နေအိမ်များ၊ စူပါကားများ၊ အဖိုးတန်နာရီများကို အရှုံးခံပြီး ရောင်းချခဲ့ရပါတယ်။
သူဟာ အမှုရင်ဆိုင်နေရစဉ်အတွင်း မန်စီးတီးရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပေမဲ့လည်း အမှုမှ ပြန်လည်လွတ်မြောက်လာချိန်တွင် တဖက်သတ်စာချုပ်ဖျက်သိမ်းမှုအား အမှုရင်ဆိုင်ခဲ့ရာ ၁၇ လစာ လုပ်ခအား ပြန်လည် ရရှိခဲ့ပါတယ်။

image

ဇနီးသည် တက္ကသိုလ်တက်နိုင်ရန်အတွက် ပေါင် ၄ သန်းတန်နေအိမ်အား Oasis စတားလီယမ်ဂယ်လာဂါထံ ရောင်းချလာတဲ့ အာဆင်နယ်ဂန္ထဝင်
====================

အာဆင်နယ်ဂန္ထဝင်တစ်ဦးဟာ ဇနီးသည် တက္ကသိုလ်တက်နိုင်ရန်အတွက် အဖိုးတန်ဇိမ်ခံအိမ်အား Oasis စတားလီယမ်ဂယ်လာဂါထံ ရောင်းချလာပါတယ်။
အသက် ၅၉ နှစ်ရှိ အာဆင်နယ်ဂန္ထဝင်အသင်းခေါင်းဆောင်တိုနီအဒမ်ဟာ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက ယင်းနေအိမ်အား အရောင်းစာရင်းတင်ထားခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလတုန်းက ပေါင် ၄ သန်းဖြင့် ရောင်းချလာနိုင်ခဲ့တာပါ။
ယင်းနေအိမ်မှာ ကော့ဝုဒ်ရှိ စီရင်ချက်စတာအနီးတွင် တည်ရှိတာ ဖြစ်ပြီး ၅ ဧကနီးပါး ကျယ်ဝန်းတွင် ဧရိယာတွင် တည်ရှိတာပါ။
အင်္ဂလန်နောက်ခံလူဟောင်းဟာ ယင်းနေအိမ်အား ၂၀၀၂ ခုနှစ်ကတည်းက ပိုင်ဆိုင်လာတာ ဖြစ်ပြီး ကာလတန်ဖိုး ဈေးနှုန်းတစ်ဝက်ခန့်ဖြင့် အရောင်းစာရင်းတင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းနေအိမ်တွင် ရေကူးကန်၊ တင်းနစ်ကွင်း၊ မြင်းဇောင်းများ ပါဝင်သလို ဝန်ထမ်းများနေထိုင်ရန်အတွက် အိမ် ၂ လုံးလည်း ပါဝင်ပါသေးတယ်။
တိုနီအဒမ်ဟာ ယင်းနေအိမ်ကို နှစ်ပေါင်း အစိတ်မျှ ပိုင်ဆိုင်လာပြီးနောက် တက္ကသိုလ်တက်နိုင်ရန်အတွက် ရောင်းချရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
အဒမ်ရဲ့ ဇနီးသည်ပေါ့ပီတီချဲလ်မှာ ဝါသနာသစ်အတွက် တက္ကသိုလ်တက်ရောက်လိုမှုနှင့်အတူ ယခုကဲ့သို့ ရောင်းချလာတာပါ။
တိုနီအဒမ်က "ကျုပ်တို့ ဇနီးမောင်နှံအတွက် ခေတ်သစ်အစပါ။ အိမ်ရောင်းလိုက်တယ်။ လန်ဒန်မှာ ပြန်နေတယ်။ ကျွန်တော့်မိန်းမ ကျောင်းပြန်တက်မယ်"လို့ Daily Mail သို့ ပြောကြားသွားပါတယ်။
တိုနီအဒမ်ရဲ့ နေအိမ်ကို ဝယ်ယူခဲ့တဲ့ မန်စီးတီးအမာခံပရိသတ် ဂယ်လာဂါမှာလည်း ကော့ဝုဒ်တွင် ပျော်ရွှင်နေပြီး နေအိမ်သစ်သို့ စတင်နေထိုင်ပြီးနောက် အိမ်နီးချင်းများက ကိတ်များဖြင့် ကြိုဆိုခြင်းခံခဲ့ရပါတယ်။

image

ကိုယ်တိုင်ရိုက်အပြာကားဖြန့်ဝေမှုအတွက် စက်တင်ဘာတွင် တရားရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်စတား
==================

ရာအူးလ်အဆန်စီယိုဟာ ကိုယ်တိုင်ရိုက်အပြာကား ဖြန့်ဝေမှုတွင် အနည်းငယ်ပါဝင်ပတ်သက်မှုအတွက် စက်တင်ဘာလတွင် ရုံးတက် စစ်ဆေးမေးမြန်းခြင်းခံလာရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ ရီးရဲလ်မက်ဒရစ်စတားဟာ အကယ်ဒမီကစားဖော်ဟောင်း ၃ ဦးတို့နှင့်အတူ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး အမှု ၂ ခုဖြင့် စွဲချက်တင်ခြင်းခံရနိုင်ပါတယ်။
အဆန်စီယိုဟာ ကိုယ်တိုင်ရိုက်အပြာကားအား အခြားသူများထံသို့ ဖြန့်ဝေမှုဖြင့် အမှုရင်ဆိုင်လာရပါမယ်။
အစောပိုင်းတုန်းက အဆန်စီယိုဟာ ယင်းအမှုတွင် စွပ်စွဲခြင်းခံခဲ့ရပေမဲ့လည်း နစ်နာသူ ၂ ဦးဘက်က အမှုကို ပြန်လည်ရုတ်သိမ်းသွားခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ တရားရုံးက အဆန်စီယိုကို တရားဥပဒေအတိုင်း အရေးယူရေး လုပ်ဆောင်လာပါတယ်
အဆန်စီယိုရဲ့ ကစားဖော်ဟောင်းများဖြစ်ကြတဲ့ ဖာရန်ရုဇ်၊ ဟွန်ရိုဒရီဂွက်ဇ်နှင့် အင်ဒရေဂါစီယာတို့မှာလည်း အမူရင်ဆိုင်လာရပါမယ်။
ရုဇ်၊ ရိုဒရီဂွက်ဇ်နှင့် ဂါစီယာတို့မှာ ယင်းဗီဒီယိုအား ရိုက်ကူးကာ ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရတာပါ။
အဆန်စီယိုက ယင်းအမှုတွင် ပါဝင်ခြင်း မရှိပေမဲ့လည်း သူ့ထံသို့ ယင်းဗီဒီယို ရောက်လာချိန်တွင် ထပ်မံ ဖြန့်ဝေမှုဖြင့် အမှုတွဲတွင် ပါဝင်နေတာလည်း ဖြစ်ပါတယ်။
စပိန်ယူ-၂၁ လက်ရွေးစင်ဟောင်းအဆန်စီယိုကမူ ၎င်းမှာ ယင်းဗီဒီယိုအား ပေးပို့ရန် တောင်းဆိုမှုကြောင့် ပေးပို့ခဲ့ခြင်းမျှသာ ဖြစ်ကြောင်း ဆိုထားပါတယ်။
ရုဇ်၊ ရိုဒရီဂွက်ဇ်နှင့် ဂါစီယာတို့ဟာ ယင်းအမှုဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ထိုစဉ်တုန်းက အဆန်စီယိုမှာလည်း စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးဆေးမြန်းခြင်းခံခဲ့ရပါတယ်။
အဆန်စီယိုဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရီးရဲလ်မက်ဒရစ်ပထမအသင်းအတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိပြီးနောက် ပွဲ ၈၀ အထိကစားခွင့်ရထားသူ ဖြစ်ပါတယ်။
သူဟာ လက်ရှိအချိန်တွင် တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရကာ လာလီဂါအဖွင့်ပွဲအချို့အား လွဲချော်လာဖို့ ရှိနေပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၅ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၃၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၇၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၃၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၉၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၁၇၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၂၀ ကျပ်
ဝယ်ဈေး - ၄၃၁၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၅၅ ကျပ်
ဝယ်ဈေး - ၃၃၆၅ ကျပ်
-ယူရို
ရောင်းဈေး - ၅၁၀၅ ကျပ်
ဝယ်ဈေး - ၄၉၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၇ ကျပ်
ဝယ်ဈေး - ၁၃၀ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၁ ကျပ်
ဝယ်ဈေး - ၁၀၅၃ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၆ ကျပ်
ဝယ်ဈေး - ၆၃၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၁၂ ကျပ်
ဝယ်ဈေး - ၂၇.၃၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၉၅ ကျပ်
ဝယ်ဈေး - ၄၅.၀၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၅၃ ကျပ်
ဝယ်ဈေး - ၅၈၃၂ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၄၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၄ ကျပ်
ဝယ်ဈေး - ၅၅၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၅ ကျပ်
ဝယ်ဈေး - ၁၁၇၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားသော ယာဥ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့သည့်မြန်မာအလုပ်သမားအတွက် အာမခံငွေ ဘတ် ၁၅ သိန်း အပြည့်အဝ ထုတ်ယူပေးအပ်နိုင်ခဲ့

ထိုင်းနိုင်ံအတွင်း ဖြစ်ပွားခဲ့သည့်ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမား မောင်အောင်မင်းသိန်း၏ မိသားစုအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၁၅ သိန်းကို အပြည့်အဝ ထုတ်ယူပေးအပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာမှ အသက်ဆုံးရှုံးခဲ့သည့် မောင်အောင်မင်းသိန်းအတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ ရရှိမည့် အာမခံငွေများ ထုတ်ယူနိုင်ရေးကို အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အာမခံငွေ ဘတ် ၁,၅၀၀,၀၀၀ အနက် ပထမအကြိမ်အဖြစ် ဘတ် ၅၀၀,၀၀၀ ကို ဇူလိုင် ၁၀ ရက်နေ့တွင် အလုပ်သမားသံအရာရှိရုံး၌ ကွယ်လွန်သူ၏ ဇနီးဖြစ်သူထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။
ထို့နောက် ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် အာမခံကုမ္ပဏီမှ ထပ်မံရရှိသည့် ဘတ် ၁,၀၀၀,၀၀၀ ကို ဒုတိယအကြိမ်အဖြစ် အလုပ်သမားသံအရာရှိရုံး၌ ဇနီးဖြစ်သူထံ ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးအနေဖြင့် မောင်အောင်မင်းသိန်းအတွက် ရသင့်ရထိုက်သည့် အာမခံငွေ ဘတ် ၁၅ သိန်းလုံးကို မိသားစုထံ အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

image

မြန်မာနိုင်ငံသားတွေကို တရားမဝင် မှတ်ပုံတင်ကတ်တွေ ထုတ်ပေးနေတဲ့ဂိုဏ်းကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာ မြန်မာနိုင်ငံသားတွေကို တရားမဝင် မှတ်ပုံတင်ကတ်တွေ ထုတ်ပေးနေတဲ့ ကွန်ရက်တစ်ခုကို ထိုင်းအာဏာပိုင်တွေက လိုက်လံနှိမ်နင်းခဲ့ပြီး အစိုးရဝန်ထမ်း ၃ ဦး အပါအဝင် သံသယရှိသူ ၁၇ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ရဲနဲ့ တာဝန်ရှိသူတွေဟာ မဲဆောက်မြို့က နေရာ ၂၅ ခုကို ဝင်ရောက်ရှာဖွေခဲ့ကြပြီး နိုင်ငံခြားသားတွေကို တစ်ယောက်ကို ဘတ် ၄ သောင်းကနေ ၁ သိန်းအထိ ယူပြီး "ဇီရိုးကတ် (zero-registration card)" လို့ ခေါ်တဲ့ ကတ်တွေ တရားမဝင် ထုတ်ပေးနေတဲ့ ဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီလိုကတ်မျိုး ၇၀၀ ကျော် မသမာတဲ့နည်းနဲ့ ထုတ်ပေးထားပြီးပြီလို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားကြပါတယ်။
အဖမ်းခံရသူတွေထဲမှာ အစိုးရဝန်ထမ်းတွေ၊ ဒေသခံ အာမခံပေးသူတွေနဲ့ မဟုတ်မမှန် အချက်အလက်တွေ သုံးပြီး ကတ်လုပ်ထားတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လူဦးရေစာရင်း စနစ်ကို အလွဲသုံးစားလုပ်နေတဲ့ ကွန်ရက်တွေကို ဖြိုခွဲဖို့ ဆောင်ရွက်တာဖြစ်ပြီး ဒီစုံစမ်းစစ်ဆေးမှုကိုလည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

image

ကျုံပျော်မြို့နယ်ရှိ ရထားသံလမ်းပေါ်ရေကျော်နေသဖြင့် ရထားခရီးစဥ်များကို ယာယီဖျက်သိမ်း

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇရပ်လှဘူတာနှင့် ဒိုက်ပျက်ဘူတာကြား ရထားသံလမ်းပေါ်သို့ရေကျော်နေသဖြင့် ယနေ့ သြဂုတ် ၄ ရက်မှစတင်ကာ ရထားခရီးစဥ်များကို ယာယီဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ရထားသံလမ်းပေါ်သို့ (၂)လက်မခန့်ရေကျော်နေသဖြင့် ဖြတ်သန်းသွားလာမည့် ရထားများအန္တရာယ်မဖြစ်စေရန် ယာယီဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ပြန်လည်ထွက်ခွာပြေးဆွဲမည့်နေ့ရက်အား ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image