5 w - Translate

Self-Healing Asphalt Market Projected for Strong Growth: Global Industry Analysis and Forecast 2033

The global Self-Healing Asphalt market is witnessing rapid growth, driven by the need for durable, sustainable, and cost-efficient road surfaces. Self-healing asphalt is engineered to repair minor cracks and damages autonomously, reducing maintenance costs and extending pavement life. Increasing infrastructure investments, rising vehicle traffic, and government initiatives for smart and sustainable roads are fueling market expansion worldwide.

Read Full Research Study: https://marketintelo.com/repor....t/self-healing-aspha

Self-Healing Asphalt Market Research Report 2033
marketintelo.com

Self-Healing Asphalt Market Research Report 2033

As per our latest market intelligence, the Global Self-Healing Asphalt market size was valued at $1.3 billion in 2024, and is forecasted to hit $5.8 billion by 2033, growing at a robust CAGR of 18.2% during the forecast period.
5 w - Translate

Global Road Pricing Systems Market 2025-2032: Trends, Growth, and Opportunities

The global Road Pricing Systems market is experiencing significant growth, driven by increasing urbanization, rising traffic congestion, and government initiatives aimed at optimizing road usage and reducing carbon emissions. Road pricing systems, including electronic toll collection (ETC), congestion pricing, and distance-based charging, are designed to manage traffic flow efficiently and generate revenue for infrastructure development.The market is valued at USD 5.8 billion in 2025 and is projected to reach USD 11.2 billion by 2032, growing at a CAGR of 9.5%

Read Full Research Study: https://marketintelo.com/repor....t/road-pricing-syste

Road Pricing Systems Market Research Report 2033
marketintelo.com

Road Pricing Systems Market Research Report 2033

As per our latest market intelligence, the Global Road Pricing Systems market size was valued at $8.7 billion in 2024, and is forecasted to hit $23.4 billion by 2033, growing at a robust CAGR of 11.4%.

ချဲလ်ဆီးနည်းပြဘဝ အဆိုးရွားဆုံး ၄၈ နာရီ ကြုံခဲ့ရတယ်လို့ ပြောကြားခဲ့ပြီးနောက် ပြဿနာအဆုံးသတ်မှု ပြုလုပ်လာတဲ့ မာရက်စ်ကာ
========================

အန်ဇိုမာရက်စ်ကာက ချဲလ်ဆီးတွင် ပျော်ရွှင်နေကြောင်း ပြောကြားလာကာ ကလပ်အတွင်းလူများနှင့် ပြဿနာတက်ခဲ့မှုအား အဆုံးသတ်လာပါတယ်။
ချဲလ်ဆီးနည်းပြဟာ စနေနေ့တုန်းက အဲဗာတန်နှင့်ပွဲစဉ်အပြီးတွင် ချဲလ်ဆီးနည်းပြဘဝ အဆိုးရွားဆုံး ၄၈ နာရီနှင့် ကြုံခဲ့ရပြီး ကလပ်အတွင်းလူများရဲ့ ပံ့ပိုးကူညီမှု မရခဲ့ကြောင်း ဆိုသွားပါတယ်။
ယနေ့ည ကာဒစ်ဖ်နှင့် ရင်ဆိုင်ရမယ့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာတော့ အီတလီလူမျိုးနည်းပြဟာ သူ့ပြောဆိုမှုနှင့်ပတ်သက်ပြီး ထပ်မံပြောစရာမရှိတော့ကြောင်း ဆိုသွားပါတယ်။
ချဲလ်ဆီးတွင် ပျော်ရဲ့လားလို့ မေးမြန်းလာချိန်တွင် မာရက်စ်ကာက "သေချာပေါက် ပျော်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောခဲ့ပြီးပြီ(ပံ့ပိုးမှုမရှိတာ)။ ထပ်ပြီးတော့ ပြောနေစရာ မရှိတော့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပြောပြီးပါပြီ။ ရှင်းရှင်းလေး ပြောခဲ့တယ်လို့ ထင်တယ်။ ခင်ဗျားအမြင်ကို လေးစားပါတယ်။ ပြီးတော့ ကျုပ်မှာလည်း ထပ်ပြောစရာ မရှိပါဘူး။ မနက်ဖြန်ပွဲအတွက်ပဲ အာရုံစိုက်နေပါတယ်။ ဒီကလပ်ကို ကိုင်တွယ်ပြီးတဲ့နောက် တတိယအကြိမ်ဆီမီးဖိုင်နယ်တက်နိုင်မယ့် အခွင့်အရေးရထားပါတယ်။ ကျုပ်တို့က ထင်ရာ ပြောနိုင်တဲ့ နေရာမှာ ရှိတယ်။ လူတွေရဲ့အမြင်ကို လေးစားပါတယ်။ ဒါပေမယ့် ထပ်လောင်း မပြောချင်တော့ပါဘူး"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် မာရက်စ်ကာက ပေါင်ခြံဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ကိုးလ်ပါလ်မာမှာ ယနေ့ည ကာဒစ်ဖ်နှင့်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ကြောင်း အတည်ပြုသွားပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဟာ ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားကိုင်စီဒိုကို အသုံပြုလာနိုင်ပြီ ဖြစ်ပါတယ်။

image

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပင်နယ်တီလွဲပြီးနောက် ဟိုတယ် ၂၅ လွှာမှ ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် တွေးခဲ့ကြောင်း ဂျွန်တယ်ရီ ဖွင့်ဟလာ
=======================

ချဲလ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် ဘဝအမှောင်ဖုံးတဲ့ ကာလများအကြောင်း ရင်ဖွင့်လာပါတယ်။
ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၀၈ ခုနှစ်တုန်းက ယူနိုက်တက်နှင့် ရင်ဆိုင်ရတဲ့ မော်စကိုချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်တွင် ပင်နယ်တီဝင်လျှင် ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေး ကြုံခဲ့ပါတယ်။
ဒါပေမယ့် ဂျွန်တယ်ရီဟာ ခြေချော်ပြီး ပင်နယ်တီ လွဲချော်ကာ ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးသွားခဲ့ပါတယ်။
ယခုအခါ ဂျွန်တယ်ရီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး မော်စကိုရှိ ဟိုတယ်သို့ ရောက်လာချိန်တွင် စိတ်ဓာတ်ပိုင်း အဆိုးရွားဆုံးဖြစ်နေကာ ဟိုတယ် ၂၅ လွှာမှ ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန်အထိ တွေးခဲ့ကြောင်း ဖှင့်ဟလာပါတယ်။
Mennie Talks အစီအစဉ်တွင် တယ်ရီက "ပွဲပြီးတော့ ကျုပ်တို့ အားလုံး ဟိုတယ်ပြန်ကြတယ်။ ကျုပ်က ၂၅ လွှာမှာနေတာ။ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ပြီး 'ဘာကြောင့်လဲ? ငါ့ကျမှ ဘာလို့လဲ? လို့ မေးခွန်းထုတ်နေမိတယ်။ ခုန်ချဖို့ အခွင့်အရေး ရှိတယ်လို့တော့ မပြောလိုပါဘူး။ ဒါပေမယ့် အဲဒီတုန်းက ခုန်ချဖို့ တွေးနေမိတယ်။ အဲဒီနောက် ကောင်လေးတွေ ရောက်လာပြီး ကျုပ်ကို ခေါ်လာခဲ့တယ်။ အဲဒီကာလမှာ ဘာမဆို ဖြစ်သွားနိုင်တယ်"လို့ ပြောကြားသွားပါတယ်။
ဂျွန်တယ်ရီဟာ ၂၀၁၂ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒပေမယ့်လည်း သူဟာ ဆီမီးဖိုင်နယ်တွင် အနီကတ်ပြသခြင်းခံခဲ့ရကာ ဗိုလ်လုပွဲအား လွဲခဲ့ပါတယ်။
တယ်ရီဟာ ကြီးကျယ်ခမ်းနားတဲ့ ချဲလ်ဆီးကစားသမားဘဝအတွင်းတွင် ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်အပါအဝင် ဆုဖလားများစွာ ဆွတ်ခူးခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ခြေချော်ကာ ပင်နယ်တီ လွဲမှုရဲ့ စိတ်ဒဏ်ရာအား ယခုတိုင် ရရှိနေတုန်း ဖြစ်နေတုန်း ဖြစ်ပါတယ်။
၎င်းက "ကျုပ်ခေါင်းထဲမှာ အခုအချိန်အထိ ရှိနေတုန်းပဲ။ နှစ်တွေ ကြာလာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်လာတာတော့ မှန်တယ်။ ဒါပေမယ့် ပွဲကစားနေတုန်း ဒါကို ကန့်သတ်ထားပေမယ့်အခြေအနေကြုံကြိုက်လာရင် အဲဒါကြီးက ခေါင်းထဲ ရောက်လာတယ်။ အခု အနားယူထားပြီးပြီ။ အပတ်တိုင်း ပွဲကစားဖို့ အာရုံစိုက်စရာ မလိုတော့ဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်ကို ခုထိ နှောင့်ယှက်နေတုန်းပါ။ ညနက်သန်းခေါင် အိပ်မက်ဆိုးကနေ နှိုးထလာတတ်တယ်။ 'ဒါ ဖြစ်ခဲ့တယ်'လို့ပဲ တွေးတယ်။ဒါကြီးက အမြဲတမ်း ဖြစ်နေမယ်လို့တော့ မထင်ပါဘူး။ မော်စကိုမှာ ပင်နယ်တီ လွဲပြီးတဲ့အချိန်မှာ ကိုယ့်ကို တကယ်ဂရုစိုက်တဲ့ သူငယ်ချင်းအရင်းက ဘယ်သူဆိုတာ သိလာရတယ်။ ပွဲအပြီးမှာ ရေး(ဝီလ်ကင်)ဖုန်းဆက်ပြီး ကျွန်တော့်ကို အားပေးတယ်။ အခြားသူအချို့လည်း အားပေးကြတယ်။ ရေးက အရမ်းကောင်းတယ်။ တခါတည်း အားပေးတာ မဟုတ်ဘူး"လို့ ဆိုသွားပါတယ်။

image

တိုကျိုတိရစ္ဆာန်ဥယျာဉ်မှ ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ်သို့ ပြန်လည်ပို့ရမည်ဟု ဆို

တိုကျိုမြို့တော် တိရစ္ဆာန်ဥယျာဉ်၌ ထားရှိသည့် ပန်ဒါဝက်ဝံနှစ်ကောင်ကို လာမည့်နှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်(တိုင်ပေ)ပြဿနာကို အကြောင်းပြု၍တရုတ်နှင့် ဂျပန်တို့အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် အထက်ပါသတင်းပေါ်ထွက်လာခြင်းဖြစ်သည်။
လိုင်လိုင်နှင့် ရှောင်ရှောင်အမည်ရှိ အဆိုပါပန်ဒါဝက်ဝံနှစ်ကောင်အား ငှားရမ်းထားသည့်ကာလမှာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလမှသာ ပြည့်မီဖြစ်သော်လည်း ငှားရမ်းသက်တမ်းမကုန်မီ တစ်လအလို၌ ၎င်းပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်ဖြစ်ကြောင်း အဆာဟိရှင်ဘွန်းသတင်းစာနှင့် အခြားဂျပန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။
တရုတ်အစိုးရ၏ ပန်ဒါဒစ်ပလိုမေစီလုပ်ငန်းစဉ်အရ တိုကျိုတိရစ္ဆာန်ဥယျာဉ်က ငှားရမ်းမွေးမြူခွင့်ရခဲ့သည့် လိုင်လိုင်နှင့်ရှောင်ရှောင်အပါအဝင်ပန်ဒါဝက်ဝံများသည် တရားဝင် သံတမန်ဆက်ဆံရေး စတင်ထားရှိခဲ့သည့် ၁၉၇၂ခုနှစ်မှစ၍ တရုတ်နှင့် ဂျပန်အကြား ချစ်ကြည်ရေးကို ကိုယ်စားပြုခဲ့သည့် သတ္တဝါများဖြစ်ခဲ့ကြသည်။
လိုင်လိုင်နှင့်ရှောင်ရှောင်ကို တရုတ်နိုင်ငံသို့ပြန်လည်ပေးပို့ခဲ့ရပါက တိုကျိုတိရစ္ဆာန်ဥယျာဉ်အနေဖြင့် နှစ်ပေါင်း (၅၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် ပန်ဒါဝက်ဝံလက်မဲ့ဘ၀ရောက်ရတော့မည်ဖြစ်သည်။

image

ဂျပန်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေ သတိပေးချက် ရုပ်သိမ်း

ဂျပန်အစိုးရဟာ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေအတွက် သတိပေးချက်ကို အဆုံးသတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြင်းအား ၇ ဒဿမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ ဟော့ကိုင်းဒိုးနဲ့ ဆန်ရီကူကမ်းရိုးတန်းတလျှောက်မှာ နောက်ဆက်တွဲငလျင်သတိပေးချက် ကို ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ကြီးလှုပ်ခတ်နိုမှု သတိပေးချက်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပေမယ့် ဖြစ်နိုင်ခြေကို အဆုံးသတ်လိုက်တာမဟုတ်ဘဲ ကြီးမားတဲ့ ငလျင်တခု ရုတ်တရက်ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသင့်ပြင်ထားစေလိုတယ်လို့ အစိုးရတာဝန်ရှိသူ အီဂါရာရှီက ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က ငလျင်အခြေအနေနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ နန်ကိုင်းကျောက်လွှာမှာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှုတခုအတွက် သတိပေးချက်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့စဉ်က အခြေအနေနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
လက်ရှိမှာတော့ အာအိုမီရီ စီရင်စုရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ငလျင်လှုပ်ရှားမှုတွေဟာ အချိန်နဲ့အမျှ လျော့နည်းလာနေကြောင်း မိုးလေဝသတာဝန်ရှိသူက ပြောပါတယ်။ ။ ဒါပေမယ့်လည်း နောက်ဆက်တွဲ လှုပ်ခတ်မှုတွေကတော့ ရှိနေဦးမယ်လို့ ဆိုပါတယ်။
ဂျပန်ရေလက်ကြားနဲ့ ချီရှီမား ရေလက်ကြားတလျှောက်မှာ အချိန်မရွေး အင်းအားပြင်း မြေငလျင် လှုပ်ခတ်မှု ဖြစ်ပွားနိုင်ကြောင်းနဲ့ အသင့်ပြင်ဆင်ထားဖို့ မိုးလေဝသဌာနက တိုက်တွန်းထားပါတယ်။

image

မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးဆွေးနွေး
-----------------------------

မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံက ကိုယ်စားလှယ်သုံးဖွဲ့ဟာ ဒီဇင်ဘာ ၁၅ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်-၂ ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး အစည်းအဝေးကျင်းပခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးမှာ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုကို ကင်းစင်ပပျောက်တဲ့အထိ ရှင်းလင်းဆောင်ရွက်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်ပတ်သက်သူ‌တွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းရာမှာ အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီက တွဲဖက်အတွင်းရေးမှူး၂၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နဲ့ တာဝန်ရှိသူတွေ၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ တရုတ်နိုင်ငံဘက်က ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရိနဲ့ တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံဘက်က Office of Assistant Commissioner Generalက Pol. Lt.Gen. ဂျီရက်ဘ်ဟော့ ဘူရီဒက်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမတိုင်ခင် ဒီဇင်ဘာ ၁၅ရက် မနက်၈နာရီက မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ဟာ KK Parkနယ်မြေကိုသွားရောက်ပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ လုပ်ဆောင်ခဲ့တဲ့ တရားမဝင်အဆောက်အဦတွေ ဖြိုချဖျက်ဆီးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေက္ကိုလ်နယ်မြေကို ဆက်လက်သွားရောက်ကာ တရားမဝင်နိုင်ငံခြားသားတွေကို ထားရှိတဲ့ အဆောက်အဦတွေ၊ အွန်လိုင်းလိမ်လည်မှု လုပ်ဆောင်ခဲ့တဲ့ အဆောက်အအုံတွေကို စနစ်တကျ မိုင်းခွဲဖျက်ဆီးထားမှုအ​ခြေအ​နေတွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြဝတီမြို့ရှိ နယ်ခြားစောင့်တပ်(BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲမှုရုံးမှာ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

image

ထိုင်းနိုင်ငံတွင် ပညာသင်နေသည့် မြန်မာကလေးများအတွက် ပစ္စည်းများ လှူဒါန်း

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ် ခီခက်တိုက်နယ်တွင် ပညာသင်ကြားနေသော မြန်မာကလေးငယ်များအတွက် ဘတ်ခုနစ်သောင်းကျော် တန်ဖိုးရှိသည့်ဆန်၊ ဆီ၊ စားစရာများ ကိုယ်စားသွားရောက် လှူဒါန်းခဲ့ကြောင်း WAG အဖွဲ့ မှ သိရသည်။
ကလေးများအတွက် ဆာရာဘူရီခရိုင် ဝိဟံဒဲရပ်ကွက် စက်ရုံရှိမြန်မာမိသားစုဝင်များက ဆန် ၅ကီလို ၃၀၄ အိတ်၊ မာမား သုံးဖာ၊ ဆီနှင့် ငွေသား ၁၈၀၀ ဘတ်ကို လှူဒါန်းပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
၅၀၀ ကျော်လှူဒါန်းခဲ့သည့် မြန်မာကလေးငယ်များသင်ကြားရေးစင်တာတွင်ယခုစာသင်နှစ်၌ KG မှ G-12(GED)အထိ ပညာသင်ကြားနေကြသည့်မြန်မာရွှေ့ပြောင်းကလေးငယ် စုစုပေါင်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။

image

ဆီးရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု လက်တုံ့ပြန်မည်ဟု ဒေါ်နယ်ထရန့်ဆို

ဆီးရီးယားအလယ်ပိုင်းတွင်သေနတ်သမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သားနှစ်ဦး နှင့် အရပ်သားစကားပြန်တစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းကိစ္စကို လက်တုံ့ပြန်မည်ဟု သမ္မတဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၁၄ ရက်တွင် ကတိပြုပြောဆိုလိုက်သည်။
အမေရိကန်တပ်ဖွဲ့ဝင်များသည် ပါလ်မိုင်ရာမြို့တွင် အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးများကို ပံ့ပိုးနေစဉ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအခြားသုံးဦး ဒဏ်ရာရရှိခဲ့ကာသေနတ်သမားလည်း သေဆုံးခဲ့ကြောင်း ဆီးရီးယားတာဝန်ရှိသူများကပြောသည်။
ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနတစ်ခုကမူ ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့များနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် ပူးတွဲကင်းလှည့်မှုတစ်ခုအတွင်းတိုက်ခိုက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ယင်းမှာ ဆီးရီးယားနှင့် အမေ ရိကန်စစ်ဘက်တို့အပေါ် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုဖြစ်ပြီး လက်စားချေမည်ဟု ဒေါ်နယ်ထရန့်က ဆိုသည်။
အမေရိကန်သည် ၂၀၂၄ခုနှစ်တွင် သမ္မတဘာရှာအယ်လ်အာဆတ်၏အစိုးရ ပြုတ်ကျပြီးနောက် တွင်ပင် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအစီအမံများကို ဆက်လက်လုပ်ဆောင်ရန် ဆီးရီးယားတွင် တပ်ဖွဲ့များကို ဆက်လက်ထားရှိခဲ့သည်။
ဆီးရီးယား ယာယီအစိုးရသည်အမေရိကန်ဦးဆောင်သော အိုင်အက်စ်ဆန့်ကျင်ရေး စစ်ဆင်ရေးများ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အမေရိကန်သည် မကြာသေးမီကာလအတွင်း ဆီးရီးယားအပေါ်အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးခဲ့သည်။

image

ဟားမားစ်အကြီးတန်းအရာရှိတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ဟု အစ္စရေးစစ်ဘက်ထုတ်ပြန်

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟားမားစ် အကြီးတန်းအရာရှိတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အစ္စရေးစစ်ဘက်က ဒီဇင်ဘာ၁၄ ရက် တွင် ထုတ်ပြန်သည်။
အမေရိကန်ထောက်ခံသော အပစ်အခတ်ရပ်စဲရေး အောက်တိုဘာလတွင် အသက်ဝင်ပြီးနောက် ဟားမားစ်အကြီးတန်းတပ်မှူး ရာ့ဒ်ဆာဒ်သည် ဂါဇာတွင် လက်နက်များ ဆက်လက်ထုတ်လုပ်မှုကို ကြီးကြပ်ခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးအစ္စရေးလ်ကတ်ဇ်တို့က ဂါဇာရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များ ဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုကို တုံ့ပြန်သည့်အနေဖြင့် ဟားမားစ်အရာရှိကို သုတ်သင်ရန် ညွှန်ကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဟားမားစ်အရာရှိတစ်ဦးကလည်း အကြီးတန်းတပ်မှူးရာ့ဒ်ဆာဒ် သေဆုံးမှုကို အတည်ပြုခဲ့သည်။ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်ချိုးဖောက်နေပြီး ဟားမားစ် အဖွဲ့ဝင်များကို ပစ်မှတ်ထားသည့်နောက်ဆုံးလုပ်ကြံမှုများသည် သဘောတူညီချက် တည်တံ့ခိုင်မြဲမှု ကို ခြိမ်းခြောက်နေကြောင်း ၎င်းကပြောကြားခဲ့သည်။
အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကိုလေးစားလိုက်နာရေးအတွက် ဖိအားပေးရန် အမေရိကန် ပြည် ထောင်စု အပါအဝင် ကြားဝင်ညှိနှိုင်းသူများကို ဟားမားစ်က တောင်းဆိုထားသည်။ အမေရိ ကန်အစိုးရသည် ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်ဖော်ရန် တွန်းအားပေးလျက်ရှိ သည်။
အပစ်အခတ်ရပ်စဲရေး စတင်ချိန်မှ စ၍အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦး ရေ၃၉၀ ကျော်သွားပြီဟု ဂါဇာတာဝန်ရှိသူများက ပြောသည်။

image