လေးမျက်နှာရေဘေး လူဦးရေ (၃)သောင်းကျော်ရေဘေးသင့်ခဲ့

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားလျက်ရှိသည့် ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ (၁၀၆)ရွာမှ လူဦးရေ(၃၂,၆၀၇)ဦးရေဘေးသင့်လျက်ရှိကြောင်း သြဂုတ် ၄ ရက်ညနေပိုင်းအထိရရှိသည့်စာရင်းများအရ သိရသည်။
အဆိုပါ ရေဘေးသင့်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ စောင့်ရှောက်ထားကာ သက်ဆိုင်ရာတာဝန်ရှိသူများက ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုများပြုလုပ်ပေးခြင်းတို့ကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ ရေစီးကျော်ဝင်မှုအားတားစီးနိုင်ရေးအတွက် ပန်းတာ၏ လက်ယာဘက်နှင့် လက်ဝဲဘက်များတွင် ရေတိုက်စားမှုမှကာကွယ်ရန် တုတ်တန်းရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့နိုင်ရန် ရေထုစီးနှုန်းနှင့်ရေအနက်တိုင်းတာစောင့်ကြည့်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေဘေးကယ်ဆယ်ရေးလာရောက်ပြုလုပ်လျက်ရှိသော ကူညီကယ်ဆယ်ရေးအဖွဲ့များအသုံးပြုရန် စက်သုံးဆီများကို အခမဲ့ပေးဝေလျက်ရှိရာ သြဂုတ် ၄ ရက်အထိ ဓာတ်ဆီ(၁,၀၈၈)ဂါလံနှင့် ဒီဇယ်ဆီ (၄၀၂.၅)ဂါလံရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အတူ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ B2B Satellite Terminal တပ်ဆင်ထားသော ရွေ့လျားမိုဘိုင်းကားအပါအဝင် ယူနစ်(၄)စုံဖြင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

တွန်းဇံမြို့ပြည်သူဆေးရုံတွင် အသေးစားခွဲစိတ်ကုသလူနာ ၂၈ ဦး၊ အကြီးစား ခွဲစိတ်လူနာလေးဦး တို့ကို ကုသပေးနိုင်ခဲ့

ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၉၄ ဦးဖြင့် ယနေ့အထိ အတွင်းလူနာ ၆၀၊ ပြင်ပလူနာ ၄၄၆ ဦး၊ အသေးစားခွဲစိတ်ကုသလူနာ ၂၈ ဦး၊ အကြီးစား ခွဲစိတ်လူနာလေးဦးနှင့် မီးဖွားလူနာနှစ်ဦးတို့အား ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆေးရုံ အဆောက်အအုံသစ်ဆောက်လုပ်ပြီးစီးမှုနှင့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ထောက်ပံ့ပေးပို့ ထားရှိသည့် ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ ဆိုလာတပ်ဆင်အသုံးပြု၍ ကာကွယ်ဆေးများ သိုလှောင်ထိန်းသိမ်း ထားရှိမှုအခြေအနေများကို လည်း ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့ပြင် တွန်းဇံမြို့အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး အခြေခံပညာအထက် တန်းကျောင်း ယာယီခန်းမတွင် လမင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကို ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
တွန်းဇံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ရက် ၁၀၀ စီမံချက်ကာလအတွင်း မှတ်ပုံတင်ကတ်ပြား ၅၈၀ ဆောင်ရွက်ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တွန်းဇံမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၆၃ ကျောင်း ဖွင့်လှစ်ထားရှိပြီး ကျောင်းအပ်နှံ တက်ရောက်သူ ၄၇၃၂ ဦးရှိကာ ကျောင်းဆရာ ဆရာမ ၂၇၁ ဦးတို့ က ပညာသင်ကြားပေးလျက်ရှိသည်။

image

တောင်သူများ ဓာတ်မြေဩဇာသုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူများ ဓာတ်မြေဩဇာသုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးဆောင်ကော်မတီအစည်းဝေးကိုလည်း ယမန်နေ့က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခြင်းဖြစ်ပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တောင်သူများ ဓာတ်မြေဩဇာသုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားမြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ နှုန်းဖြင့် ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းသတ်မှတ် ပေးထားကြောင်း၊ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကပြောကြားခဲ့သည်။
ရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ သယ်ယူစရိတ်နှင့် တင်ချခတို့ကို ထည့်ပေါင်းပြီး အမြတ်မယူဘဲ တောင်သူလက်ဝယ်အရောက် တိုက်ရိုက်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီသည် ပြည်ပတွင် ယူရီးယားမြေဩဇာဈေးနှုန်းများ မတည်ငြိမ်မှုကြောင့် ပြည်တွင်း ကုမ္ပဏီတစ်ခုချင်းအလိုက် တင်သွင်းရန် အခက်အခဲရှိနေကြသဖြင့် စိုက်ပျိုးချိန်ရာသီအမီ အချိန်မီ တင်သွင်းနိုင်ရေးအတွက် ကုမ္ပဏီများကို စုပေါင်းပြီး သမဝါယမစနစ် Consortium ဖွဲ့စည်းကာ အမြတ်မယူဘဲ စုပေါင်းဝယ်ယူ စုပေါင်းဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည့်အပြင် တင်သွင်းရာတွင် ပစ္စည်းမပြတ်လပ်အောင် အသုတ်လိုက် စီစဉ်ပေးကာတင်သွင်းမှုအတွက် ဈေးနှုန်းပျမ်းမျှတွက်ချက်ပြီး ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ပေးထားကြောင်း အစည်းအဝေးမှ သိရသည်။

image

လေးမျက်နှာမြို့နယ် ရေဘေးသင့်သူတွေကို လှူဖို့လာတဲ့ ကားတိမ်းမှောက်လို့ ခြောက်ယောက်ဒဏ်ရာရ

လေးမျက်နှာမြို့နယ် ၊ အိုင်သပြုကျေးရွာအုပ်စုက ရေဘေးသင့်ပြည်သူတွေဆီကို လာတဲ့ အလှူရှင် ကားတစီး နိဗ္ဗာန်ရွာ နဲ့ ခမောက်စုရွာလမ်းပိုင်းမှာ ဒီနေ့ ဩဂုတ် ၄ ရက်နေ့မနက်ပိုင်းက တိမ်းမှောက်ပြီး ခြောက်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
" ကားက ပုဇင်းခေါင်းပေါ့ ၊စလစ်ဖြစ်ပြီး တိမ်းမှောက်တာပါ။ နယ်မြေခံအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ဆေးရုံပို့လိုက်တယ် ။ ဒဏ်ရာရတာက ခြောက်ယောက်လောက်ရှိတယ်။ အဲဒီရွာပတ်ဝန်းကျင်ကပဲ လာပြီးလှူရင်းဖြစ်ကြတာပါ။ " လို့ မြေပြင်ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးခဲ့တဲ့ တွံတေးမြို့နယ် စိတ္တသုခလူမှုကူညီရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကားဟာ အိုင်‌ဇောက်ကျေးရွာအုပ်စု ၊ကံကုန်းကျေးရွာက ဖြစ်ပြီး ကားပေါ်မှာ လူ ၁၆ ယောက်လိုက်ပါလာတဲ့အနက် အမျိုးသားနှစ်ယောက် ၊ အမျိုးသမီးလေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ကြောင်း ၊ ဒဏ်ရာရတဲ့အထဲမှာ အမျိုးသမီးတယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ဒဏ်ရာရသူအားလုံးကိုတော့ ဟင်္သာတ မြို့ပြည်သူ့ ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မနေ့က ဩဂုတ် ၃ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ရာမှာ စက်လှေတချို့တိမ်းမှောက်တာတွေရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့သိရပါတယ်။
လေးမျက်နှာမြို့ ၊ အမှတ် ၃ ရပ်ကွက်က ရေကြီးနစ်မြုပ်နေတဲ့ နေအိမ်တအိမ်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၆၉ နှစ်အရွယ်အမျိုးသမီး ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိအထိလည်း လေးမျက်နှာမြို့နယ်မှာ ရေထပ်တိုးလာနေပြီး ရေကြီးနစ်မြုပ်တဲ့ဧရိယာပိုကျယ်လာတာကြောင့် ရွှေ့ပြောင်းဖို့ အကူအညီတောင်းသူတွေကို လူမှုကူညီရေး အသင်းအဖွဲ့တွေက ကူညီရွှေ့ပြောင်းပေးနေပါတယ်။
" မနေ့ကထက် ဒီနေ့မှာ ရေကငါးလက်မလောက်ထပ်တိုးလာတယ်။ ရေက ရေကာတာကျိုးထားတာဆိုတော့ ဆက်တိုက်တိုးနေမှာကို သိရက်နဲ့ မရွှေ့ပဲနေနေကြတာ ။.ရေကတအားတက်လာပြီး မနေရဲတော့မှ အရေးပေါ် ရွှေ့ပေးပါအုံးလုပ်ကြတာ ။ တကယ်ဆိုရေကတိုးလာမှာသိနေတာကို ကြိုရှောင်သင့်တာပါ။ အခုတော့ အရေးပေါ်ကယ်ထုတ်ရတာ သိပ်မရှိတော့ဘူး ။ထမင်းထုတ်ဝေတာ အကူအညီပိုင်းပဲသွားနေတယ်။မရွှေ့ပြောင်းတဲ့ အိမ်တွေက လူတွေကိုတော့ အုပ်စုလိုက်နေတဲ့ နေရာတွေကတော့ တော်တော်များများရောက်ပါတယ်။ အိမ်ထဲတယောက်ထဲနေတာမျိုး ၊အဆက်အသွယ်ကလည်းမရတာမျိုးဆိုရင်တော့ ရောက်ဖို့ခက်တာပေါ့။ " လို့ ရေဘေးသင့်သူတွေကို ကူညီနေသူက ပြောပါတယ် ။
လက်ရှိ လေးမျက်နှာမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် မြို့ပေါ် ရပ်ကွက် ၅ ခု နဲ့ ကျေးရွာပေါင်း ၅၇ ရွာက ပြည်သူ ၂၀၀၀၀ ကျော်လောက် ရေဘေးသင့်နေတာဖြစ်တယ်လို့ အစိုးရက ဒီနေ့ဩဂုတ်လေးရက်မှာ ထုတ်ပြန်ထားပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေး စခန်း ၉ ခုဖွင့်ပေးထားပေမယ့် ရွှေ့ပြောင်းနေထိုင်သူ ၂၀၂၃ ယောက်သာရှိတယ်လို့ ဆိုပါတယ်။ရေဘေးသင့်ပြည်သူအများစုဟာ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ယာယီခိုလှုံနေကြလို ၊ မိမိနေအိမ်မှာပဲ ဆက်နေနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။

image

ပြည်တွင်းဆန်စျေးကွက်မှာ ငွေကျပ် သိန်းပေါင်း ငါး​သောင်းကျော် လိမ်လည်ခံရ

ပြည်တွင်းဆန်စပါးအရောင်းအဝယ်စျေးကွက်မှာ ဆန်ကုန်သည်တွေ ၊ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအကြားမှာ ငွေကြေးလိမ်ညာမှု သိန်းပေါင်း ငါး​သောင်းကျော်လောက်အထိ ဖြစ်ခဲ့တယ်လို့ ဆန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဆန်စပါးကို ဝယ်ယူရာမှာ စာချုပ်စာတမ်းမရှိဘဲ ကြိုရောင်းကြိုဝယ်ပြုလုပ်ကြတဲ့ စနစ် နဲ့ဝယ်ယူပြီး ငွေမရှင်းဘဲ ရှောင်ပြေးတာ ၊ စျေးကွက်ပေါက်စျေးထက်ပိုပေးပြီး အကြွေးစနစ်နဲ့ဝယ်ယူကာ ငွေကြေးပေးချေခြင်းမရှိဘဲ လိမ်ညာခဲ့တာလို့ သိရပါတယ် ။
အခု ငွေကြေး သိန်းသောင်းနဲ့ချီပြီး လိမ်ညာသွားသူတွေဟာ နေရာဖြန့်ကျက်ပြီးတော့ အုပ်စုဖွဲ့ကာ လိမ်ညာတာမျိုးဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုရှိပါတယ်။
" အုပ်စုဖွဲ့လိမ်တာ ဖြစ်ဖို့များတယ်။ပြည်တွင်းက ဆန်ရောင်းဝယ်ရေး လုပ်တဲ့သူတွေပါ ။ Export သမားတွေကို ဆန်ဝယ်ပေးတဲ့ ပွဲစားတွေက လိမ်တာလို့သိရတယ်။ ဆန်ပေးလိုက်တယ် ပိုက်ဆံကမချေသေးဘူး ။သူတို့က စျေးကောင်းပေးပြီး မတန်တဆပေးပြီး ဝယ်တယ်။ အသွယ်တွေဆိုစျေးကောင်းပေးဝယ်တယ်။ ဆန်ကွဲဆိုလည်း ပေးဝယ်တယ်။ ပထမပိုင်းတော့ ပိုက်ဆံအချေပြတယ်။ နောက်ပိုင်းကျလိမ်သွားတာပေါ့။အကုန်မသွားတာ။စျေးအမြင့်ပေးပြီး ငွေမချေပဲ လုပ်သွားတာ ။ ဘယ်နှစ်ယောက်ပါသွားတယ် ဘာညာအတိကျတော့ မသိရသေးဘူး။ပါသွားတဲ့ ပမာဏကတော့ များတယ်။ အကုန်လုံးပေါင်းလိုက်ရင် သိန်းပေါင်း ၅၀၀၀၀ ကျော်တယ်ဆိုတာ သိရတယ်။ဘယ်သူကမှ တာဝန်ခံထားတာမှမရှိတော့ ဘယ်ကိုလိုက်ရမှန်းမသိဘူးလေ။ဆန်ကမရောင်းရတော့ ရတဲ့စျေးကလည်းမြင့်တယ် အကြွေးဆိုပေမယ့် ရောင်းကြတာလေ။ လိမ်မယ့်သူက စျေးကောင်းကိုပေးပြီးဝယ်တာ ။ " လို့ ရန်ကုန်က ဆန်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါကြောင့် အခု သိန်းပေါင်း သောင်းချီလိမ်ညာမှုမှာ ဆန်စက်တွေနဲ့ ဆန်လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ကိုင်သူတွေ၊ ပွဲရုံတွေ ၊ အများဆုံး လိမ်ညာခံခဲ့ရပြီး လူအားလုံးပေါင်းပါက ဆုံးရှုံးမှုပမာတန်ဖိုး များခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆန်စျေးကွက်အတွင်း အခုလို ငွေကျပ်သိန်းပေါင်းသောင်းချီလိမ်ညာမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် MRF အဖွဲ့ဝင်တယောက်က" ကုန် သည် အချင်းချင်း ဖြစ်ကြတာပါ ။ စာချုပ် စာတမ်း နဲ့ ခိုင်ခိုင်မာမာ စနစ်တကျ လုပ်တာ အားနည်းကြပါတယ်။ " လို့ ပြောပါတယ်။
အခုလို ပြည်တွင်းဆန်စျေးကွက်မှာ ငွေကျပ်သိန်းပေါင်း သောင်းနဲ့ချီလိမ်ညာသွားတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး လိမ်ညာခံရသူများပေမယ့် အမှုဖွင့်တာမျိုးတော့ မရှိဘူးလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
လက်ရှိမှာ လိမ်ညာသူတွေက ဆန်စက်နဲ့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေကို ပစ္စည်းရောက်ငွေချေစနစ်နဲ့ ဆန်အိတ်ရေ ရာချီပြီး အော်ဒါ မှာယူကာ ပစ္စည်းရောက်ချိန်တွင် ငွေမချေဘဲ ပစ္စည်းရယူနိုင်တဲ့ နည်းကိုသုံးပြီး လိမ်ညာမှုတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။

image

UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့အဖွဲ့ ဟာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဂါရဝပြုတွေ့ဆုံခဲ့သလို NSPNC နဲ့လည်း ငြိမ်းချမ်း​ရေး​ဆွေး​​နွေး

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ် ၄ ရက် မနက်ပိုင်းက နေပြည်တော် နိုင်ငံတော်သမ္မတရုံးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

image

ဆည်တော်ကြီးရေလှောင်တမံက ရေပိုရေလွှဲတံခါးတွေဖွင့်ထားလို့ ဆည်အနီးက ကျေးရွာတချို့ကို အရေးပေါ်ပြောင်းရွေးဖို့ အသိပေးထား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်အမှတ် ရောက်ဖို့အတွက် (၁) ပေခွဲခန့်သာ လိုတော့တာကြောင့် ဩဂုတ်လ ၃ ရက် ညပိုင်းက စတင်ပြီးရေပိုရေလွှဲ တံခါးတွေကို ဖွင့်ချထားတာကြောင့် ဆည်အနီးက ကျေးရွာတချို့ကို အရေးပေါ်ရွေ့ပြောင်းကြဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီ က ထုတ်ပြန်ထားတာတွေ့ရပါတယ်။
တံငါတံတားရဲ့ လက်ရှိရေအမှတ်မှာလည်း (၉၅.၆) သို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီတာကြောင့် နောက် ထပ် ရေ (၃) ပေ ထပ်တိုးပါက ကားလမ်းရေကျော်နိုင်တယ်လို့ အသိပေးထားတာကိုတွေ့ရပါတယ်။
ကျေးရွာတွေနဲ့ ကပ်လျက်ရှိတဲ့ ချောင်းဘောင်တွေကရေများကျော်လွန်ပြီး စတင်ဝင်ရောက်နေပြီဖြစ်တာကြောင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင် နဲ့ အင်းသကား ကျေးရွာတွေကမိဘပြည်သူများအနေနဲ့ အမြန်ဆုံး ကုန်းမြင့်ပိုင်းတွေကို အရေးပေါ် ပြောင်းရွှေ့နေထိုင်ကြပါရန် အသိပေး နှိုးဆော်ထားတာကိုတွေ့ရပါတယ်။ အဲ့ဒီကျေးရွာတွေကလွဲရင် တခြားကျေးရွာဒေသများအတွက် စိုးရိမ်ဖွယ်မရှိကြောင်းကိုလည်း အသိပေးထားပါတယ်။
" ပြင်ဆင်ထားတာရှိပါတယ်၊ အရေးပေါ်ဖြစ်လာခဲ့ရင် ဒီဘက်ကအသင်းအဖွဲ့တွေစုပြီးတော့ ကူညီပေးဖို့အသင့်ရှိပါတယ်၊အသင်းအဖွဲ့တွေအကုန်လုံးလည်း အဆင်သင့်လုပ်ထားပါတယ်၊ ဆည်တော်လမ်းခွဲက မဟာကုသလကာရီ အသင်းကိုလည်း အရေးပေါ်ဖြစ်လာရင် ချက်ချင်းအကြောင်းကြားပေးဖို့ ချိတ်ဆက်ထားပါတယ်၊ ဟိုဘက်ကလှမ်းဆက်တယ်၊ မနေ့ညက ရေနည်းနည်းလွှတ်တယ်တဲ့ တအားကြီးတော့ စိုးရိမ်စရာမရှိသေးပါဘူးတဲ့ အခြေအနေတော့ကောင်းတယ်တဲ့ တအားမဆိုးသေးဘူးတဲ့၊ ကလျာဏမိတ္တ လူမှုကူညီရေးနဲ့ ရှာဖွေကယ်ဆယ်ရေးအသင်းကနေသိရပါတယ်။
ဆည်တော်ကြီး ရေလှောင်တမံ ကန်အတွင်းဝင်ရေ ၅၃ဝ၇ ဧကပေရှိပြီး ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်အမှတ်မှာ ၄၁၉ ဒသမ ၅ ပေနှင့် ရေလှောင်ပမာဏမှာ ဧကပေ ၃၆၃ဝဝဝ ဖြစ်ကြောင်း သိရသည်။
ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ ပေ၊ ရေလှောင်ပမာဏ ၃၆၃၀၀၀ ဧကပေ ဖြစ်ပြီး လက်ရှိတမံရေအမှတ်မှာ ၄၁၈ ပေသို့ ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ရွှေလီနေ့စဉ်ဘဝဖြင့် မြန်မာ့ဒေသဖွံ့ဖြိုးမှုကို မျှော်မှန်းခြင်း
ရွှေလီမှာ နေ့တိုင်းအဆင်ပြေတဲ့ဘဝတွေနေထိုင်ရင်း တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံကောင်းမွန်မှု၊ နည်းပညာခေတ်မီမှုတွေကို မျက်မြင်တွေ့နေရတယ်။ မနက်အစောထလာတိုင်း တစ်အိမ်လုံး၊ တစ်မြို့လုံးမီးအလင်းရောင်တစ်စုံတစ်ရာမပြတ်တောက်ပဲ တည်ငြိမ်နေတယ်။ လျှပ်စစ်မီးက အစဉ်အမြဲရရှိနေပြီး ဖုန်းအားသွင်း၊ အိမ်သုံးပစ္စည်းအားလုံးအဆင်ပြေစွာအသုံးပြုလို့ရတယ်။ ဒီအခြေအနေကိုမြင်တိုင်း မြန်မာပြည်ရဲ့ လက်ရှိလျှပ်စစ်မီးအခက်အခဲကို အမြဲသတိရမိတယ်။
မြန်မာပြည်က ကျေးလက်နဲ့ မြို့နယ်အများစုမှာ နေ့တိုင်းမီးပြတ်တောက်တာမျိုးဖြစ်နေတယ်။ နေ့ဘက်အလုပ်လုပ်ဖို့၊ ညဘက်အနားယူဖို့၊ ကျောင်းသားတွေစာဖတ်ဖို့မီးမရှိတဲ့အတွက် နေထိုင်မှုဘဝအများကြီးအခက်အခဲကြုံရတယ်။ လယ်သမားတွေဆို ပိုဆိုးသေးတယ်။ စိုက်ပျိုးရေးစက်ကိရိယာတွေလည်ပတ်ဖို့၊ သီးနှံသိုလှောင်ရုံအအေးပေးစက်သုံးဖို့ လျှပ်စစ်မီးမရှိလို့ သီးနှံအထွက်နှုန်းနည်းပြီး ဆုံးရှုံးမှုများစွာရှိခဲ့ရတယ်။
ဒါပေမဲ့ မကြာသေးမီနှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့အကူအညီကြောင့် မြန်မာပြည်ရဲ့လျှပ်စစ်ကဏ္ဍ တဖြည်းဖြည်းပြောင်းလဲလာတာ သိသာထင်ရှားတယ်။ တရုတ်အင်ဂျင်နီယာအဖွဲ့တွေ မြန်မာပြည်ကိုလာရောက်ပြီး ဒေသအသီးသီးမှာ ဓာတ်အားပေးစက်ရုံငယ်လေးတွေတည်ဆောက်ပေး၊ ဓာတ်အားလိုင်းကွန်ရက်တွေ ပြုပြင်တိုးချဲ့ပေးနေကြတယ်။ ယခုဆို ကျေးလက်ရွာပေါင်းများစွာမှာ တည်ငြိမ်တဲ့မီးလုံးရရှိလာပြီး ပြည်သူတွေရဲ့နေ့စဉ်ဘဝအဆင်ပြေလာပြီဖြစ်တယ်။
ပညာရေးကဏ္ဍမှာလည်း မြန်မာပြည်မှာ အားနည်းချက်တွေအများကြီးရှိဖူးတယ်။ ကျေးလက်ကျောင်းတွေမှာ စာအုပ်စာတမ်းအလုံအလောက်မရှိ၊ ကွန်ပျူတာနဲ့ဒစ်ဂျစ်တယ်သင်ကြားရေးကိရိယာလုံးဝမရှိတဲ့အတွက် ကျောင်းသားငယ်တွေ ခေတ်မီပညာတွေနောက်ကွယ်ကျန်ခဲ့ရတယ်။ မြို့ကြီးကျောင်းတွေမှာတောင် နည်းပညာသင်တန်းအားနည်းနေဆဲဖြစ်တယ်။
အခုအခါမှာတော့ တရုတ်ပညာရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး မြန်မာပြည်ကကျောင်းပေါင်းများစွာကို ကွန်ပျူတာ၊ ဒစ်ဂျစ်တယ်သင်ကြားရေးပစ္စည်းတွေလှူဒါန်းပေးနေပြီ။ တရုတ်ဆရာကြီးများကလည်း မြန်မာပြည်ကိုလာရောက်ပြီး ဆရာများကို ခေတ်မီသင်ကြားနည်းစနစ်သင်တန်းပေး၊ အွန်လိုင်းပညာဖလှယ်မှုအစီအစဉ်တွေဖွင့်လှစ်ပေးနေကြတယ်။ ဒါကြောင့် မြန်မာ့လူငယ်ကျောင်းသားတွေလည်း နိုင်ငံတကာအဆင့်မီပညာ၊ နည်းပညာတွေကို သင်ယူခွင့်ရလာကြပြီ။
စိုက်ပျိုးရေးဆိုရင် မြန်မာပြည်ရဲ့အဓိကအသက်မွေးဝမ်းကျောင်းဖြစ်ပေမယ့် အရင်ကအဟောင်းနည်းစနစ်တွေသုံးနေလို့သာ အထွက်နှုန်းအလွန်နည်းခဲ့တယ်။ လယ်သမားတွေ မိုးရေမှီခိုပြီး စိုက်ပျိုးရတဲ့အတွက် ရာသီဥတုအပြောင်းအလဲကြောင့် သီးနှံပျက်စီးမှုများပြီး ဝင်ငွေမတည်ငြိမ်ခဲ့ဘူး။
လက်ရှိမှာတော့ တရုတ်စိုက်ပျိုးရေးကျွမ်းကျင်သူတွေရဲ့လမ်းညွှန်မှုနဲ့ အကူအညီကြောင့် မြန်မာ့လယ်သမားတွေ ခေတ်မီစိုက်ပျိုးနည်းစနစ်အသစ်တွေကို ကျင့်သုံးလာကြပြီ။ အလိုအလျောက်ရေသွင်းစက်၊ သီးနှံပိုးမွှားကာကွယ်ရေးနည်းပညာ၊ အထွက်ကောင်းမျိုးစေ့အသစ်တွေကို အသုံးပြုလာကြတဲ့အတွက် စပါး၊ သီးနှံအထွက်နှုန်းအများကြီးတိုးတက်လာတယ်။ လယ်သမားတွေရဲ့ဘဝလည်း တဖြည်းဖြည်းသက်သာလာပြီ။
နေ့လယ်အလုပ်အပန်းဖြေချိန်မှာ တရုတ်လုပ်ဖေါ်တွေနဲ့စကားပြောရင်း သူတို့ကမြန်မာပြည်ရဲ့ဖွံ့ဖြိုးမှုအကြောင်းအမြဲမေးလေ့ရှိတယ်။ သူတို့က မြန်မာပြည်ရဲ့သဘာဝအလှတရား၊ စိုက်ပျိုးမြေကောင်းမွန်မှုကိုသဘောကျပြီး နှစ်နိုင်ငံပူးပေါင်းပြီး ပိုမိုဖွံ့ဖြိုးအောင်လုပ်ချင်ကြောင်းအမြဲပြောတယ်။ သူတို့ရဲ့စိတ်ထားစစ်မှန်ဖော်ရွေမှုက ကျွန်တော့်နှလုံးသားကိုအမြဲနွေးထွေးစေတယ်။
ရွှေလီမှာနေထိုင်ရင်း ကျွန်တော်တရုတ်နိုင်ငံရဲ့စည်းကမ်းကောင်းမွန်မှု၊ နည်းပညာအဆင့်မြင့်မှု၊ စီးပွားရေးလွယ်ကူမှုတွေကိုအမြဲလေ့လာသင်ယူနေတယ်။ ဖုန်းတစ်လုံးတည်းနဲ့အရာအားလုံးအဆင်ပြေဖြေရှင်းနိုင်တဲ့ဒစ်ဂျစ်တယ်စနစ်၊ တည်ငြိမ်တဲ့လျှပ်စစ်စနစ်၊ အဆင့်မြင့်ပညာရေးစနစ်နဲ့စိုက်ပျိုးရေးနည်းပညာတွေဟာ မြန်မာပြည်ကိုပြန်လည်တည်ဆောက်ဖို့ အလွန်အသုံးဝင်မယ့်အရာတွေဖြစ်တယ်။
ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့ ဒီမှာအတွေ့အကြုံတွေအများကြီးရယူပြီး မြန်မာပြည်ကိုပြန်ကာ ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူတွေအတွက် ပြန်လည်အကျိုးပြုချင်တာပါ။ တရုတ်နည်းပညာကောင်းတွေ၊ စီမံခန့်ခွဲမှုစနစ်ကောင်းတွေကို မြန်မာပြည်မှာမျှဝေပြီး လျှပ်စစ်ပြတ်တောက်မှုနည်းပါးစေ၊ ပညာရေးတိုးတက်စေ၊ စိုက်ပျိုးရေးအထွက်တိုးစေချင်တယ်။
မြန်မာပြည်လည်း တစ်နေ့မှာတော့ တရုတ်ပြည်လို မီးတည်ငြိမ်၊ ပညာရေးခေတ်မီ၊ စိုက်ပျိုးရေးတိုးတက်ပြီး ပြည်သူတွေဘဝသက်သာချမ်းသာလာမယ်လို့ ကျွန်တော်အခိုင်အမာယုံကြည်တယ်။ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ပူးပေါင်းမှုကြောင့် မြန်မာပြည်ရဲ့အနာဂတ်ဟာ အမြဲတောက်ပနေမှာဖြစ်ပါတယ်။
ရွှေလီရဲ့နေ့စဉ်ဘဝက ကျွန်တော့်ကို မျှော်လင့်ချက်အသစ်တွေပေးပြီး မြန်မာပြည်အနာဂတ်အတွက် အားတက်သရောကြိုးစားစေတယ်။ ဒါကြောင့် ကျွန်တော်နေ့တိုင်းအပြည့်အဝအားထုတ်ပြီး အလုပ်လုပ်နေမိပါတယ်။

image