မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးမှု နှင့် ပတ်သက်သည့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မကြာမီ မိုးကျလာတော့မည် ဖြစ်ပြီး ကောင်းမွန်လျှက်ရှိနေသည့် ရေအားလျှပ်စစ် စက်ရုံများ စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အား ထုတ်ယူရမည်ဖြစ်ပြီး တမံကြီးများကို ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း ရေအားလျှပ်စစ်စက်ရုံများကို ပြန်လည်စစ်ဆေးပြီး လိုအပ်သည်များ အမြန်ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှု အခြေခံဝန်အားအတွက် ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့စက်ရုံများကို အသုံးပြုနေခြင်းလည်း ဖြစ်သည်။
လက်ရှိ အပူချိန်မြင့်မားသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေရခြင်းဖြစ်ကြောင်း သိရသည်။

image

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ လျှပ်စစ်မီးပြတ်တောက်နေ

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ထိုသို့ လဲပြိုကျမှုကြောင့် ၁၁ ကေဗွီ လပခဖီဒါဓာတ် အားလိုင်း၏ လကတ( ၃၀၂၇ )အနီးရှိ (၁၀)မီတာကွန် ကရစ်တိုင်(၇)တိုင်ကျိုး၍ (၂)တိုင်ယိုင်နဲ့ကာ လျှပ်စစ်မီးများပြတ်တောက်နေသဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန် ထမ်းများက ​အမြန်ဆုံးပြုပြင်လျက်ရှိကြောင်း သိရသည်။

image

💤 "အကောင်းဆုံး အိပ်ဆေးကို ရှာဖွေတွေ့ရှိခြင်း"
တိုတိုနဲ့ လိုရင်းကို ပြောရရင် "ဆားနင်းခြင်း" ပဲ ဖြစ်ပါတယ်။
လူတစ်သန်းမှာ တစ်ယောက်သာ ဖြစ်ခဲတဲ့ 'ကျောက်ကပ်တစ်စုံ ပူးကပ်နေသူ' မောင်ရှင်းကိုယ်တိုင် ဆားနင်းခြင်းကို စမ်းသပ်ကြည့်တဲ့အခါ မထင်မှတ်ထားတဲ့ ကောင်းကျိုးတွေ ရရှိလာပါတယ်။
✨ ရရှိလာတဲ့ ထူးခြားချက်များ
၁။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း။ 😴
၂။ ကျောက်ကပ်ကြောင့် ညဖက် ဆီးခဏခဏ သွားရတဲ့ဒုက္ခ ကင်းဝေးသွားခြင်း။ 😊
ကျောက်ကပ် မကောင်းသူတွေနဲ့ အိပ်မပျော်လို့ စိတ်ညစ်နေရသူတွေအတွက် ငွေကုန်ကြေးကျ မရှိဘဲ ထိရောက်တဲ့ နည်းလမ်းကောင်းမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
🌃 ညဘက် ဆားနင်းနည်းလမ်း
၁။ မနင်းခင်း ခြေထောက်ကို ပေါင်ရင်းကစပြီး ရေအရင်လောင်းပါ။
၂။ ပြီးလျှင် ခြောက်အောင် ပြန်သုတ်ပါ။
၃။ ဆား [၂] ပိသာခန့်ကို ဇလုံကြီးထဲထည့်ပြီး မိနစ် ၃၀ မှ ၁ နာရီအထိ စိတ်ကြိုက် နင်းပေးပါ။ (နာရီဝက်ခန့် နင်းလျှင် ခြေဖဝါးမှ ချွေးများ ထွက်လာပါလိမ့်မည်)
၄။ နင်းပြီးပါက အသင့်ပြင်ထားသော ပုဝါဖြင့် ဆားများပြောင်အောင် သုတ်ပါ။
⚠️ အထူးသတိပြုရန်: ခြေထောက်ကို ရေပြန် လုံးဝ (လုံးဝ) မဆေးရပါ။ သုတ်ပြီးသည်နှင့် အိပ်ရာဝင်ပါ။ ပထမနေ့မှာတင် ထူးထူးခြားခြား အိပ်ပျော်သွားပါလိမ့်မယ်။
🌅 နံနက်ပိုင်း ဆားနင်းခြင်း၏ အကျိုးကျေးဇူးများ
ခန္ဓာကိုယ်တွင်း အောင်းပူများကို ခြေဖဝါးမှတစ်ဆင့် ထွက်စေခြင်း။
ကျောက်ကပ် အပူခိုခြင်းမှ ကာကွယ်ပြီး ဆီးလမ်းကြောင်းကို အကျိုးပြုခြင်း။
ခါးနာ၊ အညောင်းမိခြင်းနှင့် အကြောပိတ်ခြင်းများကို သက်သာစေခြင်း။
မျက်စိကြည်လင်စေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေခြင်း။
ဆီးကျိတ်ဝေဒနာရှင်များနှင့် သားသမီးရလိုသူများအတွက်လည်း အထောက်အကူပြုခြင်း။
တစ်လခန့် နင်းပြီးမှ ဆားအသစ် လဲပေးရုံပါပဲ။ ကိုယ်တွင်း အခိုးအပူတွေ ကင်းစင်သွားလို့ အိပ်ရာနိုးချိန်မှာ စိတ်ရောကိုယ်ပါ လန်းဆန်းစေမယ့် နည်းလမ်းကောင်းမို့ အားလုံးပဲ လိုက်နာကျင့်သုံးကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
"အာရောဂျံ ပရမံ လာဘံ" - ကျန်းမာခြင်းသည် လာဘ်တစ်ပါး

image

လာလီဂါချန်ပီယံဆုအတွက် အဖြေထွက်တဲ့ ပထမဆုံး El Clasico ပွဲ ဖြစ်လာဖွယ်ရှိနေ

လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် El Clasico ပွဲက လာလီဂါချန်ပီယံဆုအတွက် အဖြေထွက်တဲ့ ပထမဆုံး El Clasico ပွဲ ဖြစ်လာဖွယ်ရှိကြောင်း သိရပါတယ်။
လာလီဂါပြိုင်ပွဲကို ၁၉၂၉ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး (၉၇)နှစ်တာကာလအတွင်း ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့တဲ့ El Clasico ပွဲမှာ လာလီဂါချန်ပီယံဆုအတွက် အဖြေထွက်တာမျိုး မရှိခဲ့ဖူးကြောင်း သိရပါတယ်။
ဒီရာသီမှာတော့ ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲအလိုမှာ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်ကို (၁၁)မှတ်ဖြတ်ထားတာကြောင့် လာမယ့် El Clasico ပွဲမှာ မရှုံးနိမ့်ခဲ့ရင်ပဲ ဘာစီလိုနာအသင်းက လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရရှိမှာပါ။
ယှဉ်ပြိုင်ကစားရမှာကလည်း ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းမှာ ဖြစ်တာကြောင့် လာလီဂါချန်ပီယံဆုအတွက် အဖြေထွက်မယ့် ပထမဆုံး El Clasico ပွဲအဖြစ် မှတ်တမ်းဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက မဟာပြိုင်ဘက်အသင်းရဲ့ ပရိသတ်တွေရှေ့မှာ အောင်ပွဲခံနိုင်ဖို့ စိတ်အားထက်သန်နေသလို၊ လက်ကျန်(၄)ပွဲစလုံး အနိုင်ရရင် အမှတ်(၁၀၀)ရရှိမယ့် စံချိန်မှတ်တမ်းကိုလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၁၂-၁၃ ရာသီတုန်းက အမှတ်(၁၀၀)ရရှိခဲ့ရုံသာမက ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်ကို (၁၅)မှတ်အထိဖြတ်ကာ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ဒီရာသီမှာ အဲဒီစံချိန်ကို ချိုးဖျက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

image

ဂျပန်ဖိုက်တာ တက်ဆူရိုကို တတိယအချီမှာ အလဲထိုးမယ်လို့ ဂျိုရှူအာဗန် ပြော

ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်က လာမယ့် UFC 328 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ တက်ဆူရိုတာအီရာကို တတိယအချီမှာ အလဲထိုးသတ်သွားမယ်ဆိုပြီး ပွဲကြိုအင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂျိုရှူအာဗန်က "မြန်မာပရိသတ်တွေအတွက် ကျွန်တော်က ကူညီပေးနေတာ မဟုတ်ဘူး။ မြန်မာပရိသတ်တွေက ကျွန်တော့်ကို ကူညီပေးနေကြတာ။ ကျွန်တော့်ပွဲဆို မြန်မာပရိသတ်တွေအားလုံးက ကျွန်တော် အနိုင်ရအောင် ဆုတောင်းပေးကြတယ်။ ဗုဒ္ဓဘာသာဝင်တွေလည်း ဆုတောင်းပေးကြတာပဲ။ ဒါက ကျွန်တော့်အပေါ်ထားတဲ့ သူတို့ရဲ့ ချစ်ခြင်း တရားတွေကို ပြသတာဖြစ်တယ်။ ကျွန်တော့် အတွက် ဆုတောင်းပေးကြတာ မြန်မာနိုင်ငံက ပရိသတ်တွေတင် မဟုတ်ဘူး။ ဒီက မြန်မာ ပရိသတ်တွေကလည်း ဆုတောင်းပေးကြတာပါပဲ။ ဒါကြောင့် ကျွန်တော့်မှာ သူများတွေထက်ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရရှိပါတယ်။ သူ့(တက်ဆူရို) ကို ကျွန်တော် အသေအကျေ ဆော်မှာပါ။ တတိယအချီမှာ အလဲထိုးမယ်။ တက်ဆူရိုက စွယ်စုံရတဲ့ဖိုက်တာပါ။ ဒါပေမဲ့ သူ ကျွန်တော့်ကို ယှဉ်ထိုးနိုင်မယ် မထင်ဘူး။ ကျွန်တော်နဲ့ ယှဉ်ထိုးမယ်ဆိုရင် သူ အလဲထိုးခံရမှာ သေချာတယ်။ တက်ဆူရိုက ဖလိုင်းဝိတ်တန်းမှာ အန္တရာယ်ရှိတဲ့ ဖိုက်တာတစ်ယောက်ပါ။ သူ ကျွန်တော့်ကို ဆွဲလှဲချဖို့ပဲ ကြိုးစားမှာ သေချာပါတယ်။ အဲဒါဆိုရင်လည်း သူ အလဲထိုးခံရမှာပါပဲ" လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲကို မေ ၁၀ ရက်မှာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ နီဝက်သ်မြို့ရှိ ပရူဒန်တီရယ်စင်တာမှာ ကျင်းပမှာဖြစ်ပါတယ်။
UFC ပရိုးမိုးရှင်းဟာ လက်ရှိမှာ UFC 328 ပြိုင်ပွဲအတွက် တွဲဆိုင်း ၁၃ ဆိုင်းကို တရားဝင်ထုတ်ပြန်ထားပြီး ဂျိုရှူအာဗန်နဲ့ တက်ဆူရိုတာအီရာပွဲကို Co- Main Event အဖြစ် ကျင်းပမှာဖြစ်ပါတယ်။

image

ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ရာဖင်ညာ နွေရာသီမှာ ဘာစီလိုနာက ထွက်ခွာဖွယ်ရှိ

ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းက ထွက်ခွာဖွယ်ရှိနေကြောင်း သိရပါတယ်။
ရာဖင်ညာဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်နေပေမဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏထွက်ပေါ်လေ့ရှိသူဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ ကစားသမားကိုယ်တိုင်က လမ်းခွဲဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းက ရာဖင်ညာကို ၂၀၂၂ နွေရာသီမှာ လိဒ်စ်အသင်းကနေ ပေါင်(၅၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၈ မှ ကုန်ဆုံးမှာပါ။
ရာဖင်ညာဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၇၅)ပွဲကစားကာ (၇၃)ဂိုး သွင်းယူပေးထားပြီး ဒီရာသီမှာ ဒဏ်ရာပြဿနာကြောင့် (၃၁)ပွဲသာ ကစားနိုင်ပေမဲ့ (၁၉)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၁၇)ကြိမ်ပြုလုပ်ထားပါတယ်။
နည်းပြ ဟန်ဆီဖလစ်ခ် သဘောကျတဲ့ ကစားသမားဖြစ်ပေမဲ့ ဆော်ဒီကလပ်တွေကသာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းက ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
သတင်းတွေအရ ဆော်ဒီကလပ်တွေက ရာဖင်ညာ(၂၉ နှစ်)အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ဝန်းကျင် အသုံးပြုဖို့ အသင့်ရှိနေသလို၊ လစာကိုလည်း တစ်နှစ်ယူရို(၃၅)သန်းဝန်းကျင် ပေးချေသွားမှာဖြစ်ကြောင်း သိရပါတယ်။

image

ယခုရာသီဟာ လက်ခံနိုင်စရာမရှိကြောင်း လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက် ပြောကြား

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ အသင်းရဲ့ယခုရာသီရလဒ်ပိုင်းဟာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ မန်ယူနိုက်တက်ကို အရေးနိမ့်ပြီးနောက် အခုရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။
ဒတ်ချ်နောက်ခံလူ ဗန်ဒိုက်က သူတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံကာကွယ်ရေးမှာ စိတ်ပျက်စရာအဖြစ်မျိုး ထပ်မဖြစ်ဖို့ နောက်ကွယ်မှာ
အလုပ်များစွာလုပ်ဖို့ လိုအပ်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
''ကျွန်တော့်အနေနဲ့ ဆင်ခြေပေးဖို့ ဒီမှာရှိနေတာ မဟုတ်ပါဘူး။ အလွန်စိတ်ပျက်စရာကောင်းပြီး လက်ခံနိုင်စရာမရှိတဲ့ ရာသီတစ်ခုပေါ့။
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် နောင်တမရသင့်ပါဘူး။ ဒီအခြေအနေကို ပြောင်းလဲဖို့ ကျွန်တော်တို့ အလုပ်လုပ်ရပါမယ်။ ပြီးတော့
နောက်ရာသီမှာ ဒါတွေ ထပ်မဖြစ်ဖို့ သေချာအောင် လုပ်ရပါမယ်။ ဒါက လီဗာပူးလ် မဟုတ်ပါဘူး''လို့ ဗန်ဒိုက်က ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် လက်ကျန်သုံးပွဲမှာ လေးမှတ် လိုအပ်နေပါသေးတယ်။
မန်ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာဟာ အခုရာသီ ပရီးမီးယားလိဂ်ရာသီမှာ ၁၁ ပွဲမြောက် အရေးနိမ့်ခဲ့တာဖြစ်တယ်။

image

ရော်ဘင်ဟိုရဲ့သားဖြစ်သူနဲ့ နေမာ အချင်းများခဲ့

ဆန်းတို့စ်တိုက်စစ်ကစားသမားဖြစ်သူ နေမာဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်ဖြစ်သူ ရော်ဘင်ဟိုဂျူနီယာနဲ့ အချင်းများခဲ့တယ်လို့
သိရပါတယ်။
ရော်ဘင်ဟိုဂျူနီယာဟာ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးကစားသမားဟောင်း ရော်ဘင်ဟိုရဲ့သားဖြစ်ပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ ဆန်းတို့စ်အသင်းလေ့ကျင့်ရေးမှာ ဆယ်ကျော်သက်ကစားသမား ရော်ဘင်ဟိုဂျူနီယာက သူ့ကို ဖြတ်ကျော်ခဲ့ရာမှာ
လေးစားမှုမရှိလို့ ခံစားခဲ့ရကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
နေမာ(၃၄ နှစ်)နဲ့ ရော်ဘင်ဟိုဂျူနီယာ(၁၈ နှစ်)တို့ဟာ ထိပ်တိုက်တွေ့ခဲ့ကြပြီး အသင်းဖော်တွေက ကြားဝင်ဖျန်ဖြေပေးခဲ့ရပါတယ်။
နောက်ပိုင်းမှာ နေမာက ရော်ဘင်ဟိုဂျူနီယာကို ဖုန်းခေါ်ဆိုပြီး ပြေရာပြေကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရော်ဘင်ဟိုဂျူနီယာရဲ့မိသားစုထံကို မက်ဆေ့ချပေးပို့ပြီး တောင်းပန်စကား ပြောခဲ့ပါတယ်။
၎င်းတို့နှစ်ဦးဟာ စနေနေ့က ကစားခဲ့တဲ့ ပါးလ်မီးရပ်စ်နဲ့ တစ်ဂိုးစီသရေကျတဲ့လိဂ်ပွဲမှာ မပါဝင်ခဲ့ကြပါဘူး။

image

ဘက်စတိုနီကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာကို အင်တာမီလန် သတိပေး

အင်တာမီလန်အသင်းဟာ နောက်ခံလူ ဘက်စတိုနီကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီအတွက် နောက်ခံအတွင်းလူတစ်ဦး ရှာဖွေနေပြီး အစောပိုင်းကတည်းက ဘက်စတိုနီကို
ပစ်မှတ်ထားနေတာပါ။
အင်တာအသင်း ဥက္ကဋ္ဌ မာရော့တာနဲ့ အားကစားဒါရိုက်တာ အော်ဆီလီယိုတို့က ဘက်စတိုနီအပေါ် စိတ်ဝင်စားမှုတွေ ရှိတာကိုတော့
အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ ဘက်စတိုနီကို တရားဝင်ကမ်းလှမ်းမှု မရှိသေးဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
အင်တာအနေနဲ့ ဘက်စတိုနီကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဘက်စတိုနီ(၂၇ နှစ်)ဟာ ၂၀၁၇ အတ္တလန်တာအသင်းကနေ အင်တာမီလန်အသင်းထံ ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ ၂၉၆ ပွဲ ကစားထားပါတယ်။

image

ချယ်လ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ယာယီနည်းပြ ဝန်ခံ

ချယ်လ်ဆီးအသင်းယာယီနည်းပြ ကာလမ်မက်ဖာလိန်းက နော်တင်ဟမ်ကို ၁-၃ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲက အသင်းစွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။
၎င်းက ချယ်လ်ဆီးအသင်းရဲ့ပွဲအစကစားပုံဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပွဲအစ နှစ်မိနစ်မှာပဲ နော်တင်ဟမ်ဘက်ကို ဦးဆောင်ဂိုး ပေးလိုက်ရတာဖြစ်ပြီး ပွဲချိန် ၁၅ မိနစ်နောက်ပိုင်းမှာ ပွဲကို လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။
''စွမ်းဆောင်ရည်အရရော ရလဒ်ပိုင်းအရပါ အမှန်တကယ် စိတ်ပျက်မိပါတယ်။ ယနေ့မှာ ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့ အနေအထားမျိုး ရောက်ခဲ့တယ်လို့ မထင်ပါဘူး။ ပထမဆုံး ၁၅ မိနစ်မှာ ကျွန်တော်တို့ရှိသင့်တဲ့ အခြေအနေနဲ့ မနီးစပ်ခဲ့ဘူးလို တွေးခဲ့ပါတယ်။ အစောပိုင်းဂိုးက ပေါ့ပေါ့တန်တန် နိုင်လွန်းလှပါတယ်။ ဒီလိုအခိုက်အတန့်မျိုးမှာ ကျွန်တော်တို့ ပြန်ကောင်းလာဖို့ မမြင်မိပါဘူး။ အစမကောင်းခဲ့ရင် ပွဲအတွင်း ပြန်လာနိုင်ရေး တိုက်ပွဲဝင်နိုင်မယ့် အခွင့်အရေးတွေရှိဖို လိုပါတယ်။ ဒါပေမဲ့ ပထမဆုံး ၁၅ မိနစ်ကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး''လို့ မက်ဖာလိန်းက ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ၁၉၉၃ ခုနှစ်ကတည်းက ပထမဆုံးအဖြစ် ပရီးမီးယားလိဂ် ခြောက်ပွဲဆက် အရေးနိမ့်ခဲ့တာဖြစ်တယ်။
လက်ရှိ အမှတ်ပေးဇယားမှာလည်း အဆင့် ၉ နေရာ ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

image