5 w - Translate

Thinking of launching a super app like Gojek? This is your moment.
Our ready-to-launch Gojek clone app lets entrepreneurs offer ride-hailing, food delivery, grocery, courier, and multiple on-demand services from one powerful platform.

🎄 Christmas Special Offer
Launch faster, reduce development costs, and enter the market with confidence using a proven super-app solution built for growth.

Contact Details
WhatsApp: +91 6379630152
Mail: sales@trioangle.com
https://www.trioangle.com/gojek-clone/

#gojekclone #superappstartup #buildyourapp #startupfounders #ondemandservices #ridehailingbusiness #fooddeliverystartup #multiserviceplatform #techentrepreneurs #whitelabelapp #christmassale

image
5 w - Translate

Global ICS Security Testing Market Poised for Strong Growth Through 2035

The global ICS Security Testing market is gaining critical importance as industries increasingly rely on interconnected industrial control systems to manage complex operations. Industrial Control Systems (ICS), including SCADA, DCS, and PLCs, form the backbone of sectors such as energy, utilities, manufacturing, oil & gas, and transportation. As cyber threats targeting critical infrastructure continue to rise, ICS security testing has emerged as a vital practice to identify vulnerabilities, validate system resilience, and ensure uninterrupted industrial operations.

Read Full Research Study: https://marketintelo.com/repor....t/ics-security-testi

ICS Security Testing Market Research Report 2033
marketintelo.com

ICS Security Testing Market Research Report 2033

As per our latest market intelligence, the Global ICS Security Testing market size was valued at $1.7 billion in 2024, and is forecasted to hit $5.2 billion by 2033, growing at a robust CAGR of 13.2%.

းဂိမ်းစ်အမျိုးသားဖူဆယ်ပွဲမှာ ထိုင်းအသင်းကို မြန်မာ အရေးနိမ့်

၂၀၂၅ ဆီးဂိမ်စ်အမျိုးသားဖူဆယ်ပြိုင်ပွဲ ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းဟာ လက်ရှိချန်ပီယံနဲ့ အိမ်ရှင် ထိုင်းအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး
ဝ-၃ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အဖွင့်ပွဲတုန်းကလည်း
အင်ဒိုနီးရှားအသင်းကို ၁-၅ ဂိုးနဲ့ အရေးနိမ့်ထား
ခဲ့တာဖြစ်တယ်။
ဆီးဂိမ်းစ်အမျိုးသားဖူဆယ်ပြိုင်ပွဲမှာ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နဲ့ မလေးရှား ငါးသင်းသာ ပါဝင်ယှဉ်ပြိုင်တာဖြစ်လို့ ပတ်လည်ကစား
နေတာပါ။
ဇယားထိပ်ဆုံးရပ်တည်မှုရ ထိပ်ဆုံးသုံးသင်းကို ရွှေ၊ ငွေ၊ ကြေး ချီးမြှင့်မှာဖြစ်ပါတယ်။
ဆီးဂိမ်းစ်ဖူဆယ်ပြိုင်ပွဲ ပြီးခဲ့တဲ့ငါးကြိမ်မှာ ထိုင်းအသင်းက ငါးကြိမ်စလုံး ဗိုလ်စွဲထားခဲ့ပါတယ်။
မြန်မာအသင်းဟာ တတိယပွဲအဖြစ် ဒီဇင်ဘာလ ၁၇ ရက် ညနေ ၆ နာရီခွဲမှာ မလေးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

image

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အာဆီယံစစ်တုရင် အမျိုးသမီးအသင်းလိုက်အမြန်ရွှေ့ပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ရရှိ

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာစစ်တုရင်အဖွဲ့ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံစစ်တုရင် အမျိုးသမီးအသင်းလိုက် အမြန်ရွှေ့ပြိုင်ပွဲမှာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၃.၅ - ၀.၅ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဖိလစ်ပိုင်အသင်းနဲ့ ပူးတွဲကြေးတံဆိပ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Photos: Pyone Play Sports

image

အမျိုးသမီးကစ်ဘောင်ဆင်တွင် မြန်မာကစားသမား (၂) ဦး ငွေတံဆိပ် (၂) ခု ရရှိ

၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှ အမျိုးသမီးကစ်ဘောင်ဆင်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးဖိုက်တာ နှစ်ဦးဖြစ်တဲ့ မေသဇင်ထူးနဲ့ လင်းစန္ဒာဌေးတို့ဟာ ငွေတံဆိပ်ဆုများ ရယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
အမျိုးသမီးကစ်ဘောင်ဆင် (၅၂) ကီလိုတန်းပြိုင်ပွဲမှာ မေသဇင်ထူးဟာ ဆီမီးဖိုင်နယ်မှာ အင်ဒိုနီးရှားအမျိုးသမီးဖိုက်တာကို (၃-၀) မှတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
မေသဇင်ထူးဟာ ဗိုလ်လုပွဲမှာ အိမ်ရှင်ထိုင်းအမျိုးသမီးကစားသမား ရတ်တနာဖုန်းကို (၁-၂) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
အမျိုးသမီးကစ်ဘောင်ဆင် (၅၀) ကီလိုတန်းပြိုင်ပွဲမှာ လင်းစန္ဒာဌေးဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ထိုင်းအမျိုးသမီးဖိုက်တာကို (၈-၄) မှတ်နဲ့အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
လင်းစန္ဒာဌေးဟာ ဗိုလ်လုပွဲမှာ ဗီယက်နမ်အမျိုးသမီးကစားသမား ဟောင်ငီထုဂိုင်ကို (၂-၁၂) မှတ်နဲ့ ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

image

အကြီးအကျယ်ဝေဖန်ခြင်းခံရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ၆၀ တန် လက်မှတ်သစ် ဖန်တီးလာတဲ့ ဖီဖာ
======================

ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ဈေးနှုန်း အလွန်မြင့်မားနေမှုကြောင့် ကမ္ဘာတလွှားမှ အပြင်းအထန် ဝေဖန်မှုများ ခံရပြီးနောက် ဈေးနှုန်းသက်သာတဲ့ ဒေါ်လာ ၆၀ တန်(၄၅ပေါင်) လက်မှတ်သစ် ဖန်တီးလာပါတယ်။
ဖီဖာက ယင်းအသစ်ဖန်တီးလာတဲ့ တန်ဖိုးသင့်လက်မှတ်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် နိုင်ငံများမှ သစ္စာရှိ ပရိသတ်များအတွက်သာ ဖြစ်ကြောင်းလည်း ဆိုထားပါတယ်။
ဖီဖာက ယင်းသို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်သစ်ဖန်တီးလာပေမယ့်လည်း ဗြိတိန်ဝန်ကြီးချုပ်ဆာကီယာစတာမာက ဖီဖာအား တန်ဖိုးသင့်လက်မှတ် ပိုမိုလုပ်ဆောင်ရေး ထပ်မံ တိုက်တွန်းမှု ပြုလုပ်လာပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ဈေးနှုန်းကို ဆော်ဒီကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကထက် သုံးဆမှ လေးဆအထိ တိုးမြှင့်သတ်မှတ်ထားမှု၊ ဗိုလ်လုပွဲဈေးနှုန်းအား ဒေါ်လာ ၆၇၀၀ ဝန်းကျင် သတ်မှတ်ထားမှုကြောင့် အပြင်းအထန် ဝေဖန်ခြင်းခဲ့ရပါတယ်။
ယခု ဖီဖာက အသစ်ဖန်တီးလာတဲ့ ဒေါ်လာ ၆၀ တန် လက်မှတ်က တန်ဖိုးအနည်းဆုံးလက်မှတ်ဖြစ်ပြီး ပွဲတစ်ပွဲလျှင် ပြိုင်ဘက်အသင်း ၂ သင်းစီအား ၁၀ ရာခိုင်နှုန်းစီ ရောင်းချလာမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အသင်းတစ်သင်းအနေဖြင့် ပွဲတစ်ပွဲလျှင် တန်ဖိုးသင့်လက်မှတ် အစောင် ၄၀၀ ဝန်းကျင် ခွဲတမ်း ရရှိလာဖို့ ရှိပါတယ်။
လက်မှတ်ဈေးနှုန်းမြင့်မားမှုအား အပြင်းအထန်ဝေဖန်ခြင်းခံရပြီးနောက် ဖီဖာဟာ ယခုအပတ်အစောပိုင်းတုန်းက ကာတာတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ တန်ဖိုးသင့်လက်မှတ်ဖန်တီးလာတာလည်း ဖြစ်ပါတယ်။

image

အေစီမီလန်နှင့် Supercoppa Italiana ပွဲစဉ်တွင် နာပိုလီတိုက်စစ်မှူးလူကာကူ ပါဝင်လာမည်
====================

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူလာခဲ့ရတဲ့ တိုက်စစ်မှူးရိုမီလူလူကာကူဟာ အေစီမီလန်နှင့် ရင်ဆိုင်ကစားရမယ့် Supercoppa Italiana ပွဲစဉ်အတွက် နာပိုလီလူစာရင်းတွင် ပါဝင်လာပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ၂၀၂၅-၂၆ ရာသီတွင် နာပိုလီအတွက် တစ်စက္ကန့်မျှပင် ကစားနိုင်ခြင်း မရှိသေးသူ ဖြစ်ပြီး ဆော်ဒီသို့ သွားရောက်ကစားမယ့် နာပိုလီအသင်းလူစာရင်းတွင် ပါဝင်လာပါတယ်။
အသက် ၃၂ နှစ်ရှိ ချဲလ်ဆီးနှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ဒဏ်ရာကြောင့် ၁၂၄ ရက်တိုင်တိုင် အနားယူလာခဲ့ရပေမယ့် ယခုအခါ ယခုရာသီ ပထမဆုံးဆုဖလား ဆွတ်ခူးရေး ကြိုးပမ်းရမယ့် Supercoppa Italiana ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပါဝင်ကစားလာပါမယ်။
နာပိုလီဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကြာသပတေးနေ့တွင် ဆော်ဒီရှိ Al-Awwal Park Stadium ကွင်းတွင် Supercoppa Italiana ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အေစီမီလန်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးဗိုလ်လုပွဲကို ဒီနေ့ ကျင်းပမယ်

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးဗိုလ်လုပွဲကို ဒီနေ့ ကျင်းပမှာဖြစ်ပြီး မြန်မာစံတော်ချိန် ည (ရးဝ၀)နာရီမှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ အုပ်စုအဆင့်မှာ မြန်မာအသင်းနဲ့အတူ အုပ်စု(မှာ ကျရောက်ခဲ့တဲ့အသင်းတွေဖြစ်ပြီး မြန်မာအသင်းနဲ့ အမှတ်တူဖြစ်ခဲ့ပေမဲ့ ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်သွားခဲ့ကြတာပါ။
ဆီမီးဖိုင်နယ်အဆင့်မှာ ဖိလစ်ပိုင်က အိမ်ရှင် ထိုင်းကို ပယ်နယ်တီအဆုံးအဖြတ် (၄-၂)ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပြီး ဗီယက်နမ်ကတော့ အင်ဒိုနီးရှားကို (၅-၀)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။
ဗီယက်နမ်အမျိုးသမီးအသင်းက ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ (၈)ကြိမ်ဗိုလ်စွဲထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို၊ (၄)ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရယူထားတဲ့ လက်ရှိချန်ပီယံအသင်းလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်အသင်းကတော့ ၂၀၂၁ ဆီးဂိမ်းစ်မှာ တတိယဆုရရှိခဲ့တာက အမြင့်ဆုံးဖြစ်ပေမဲ့ ဒီနှစ် အုပ်စုတွင်းဆုံတွေ့စဉ်မှာ ဖိလစ်ပိုင်က ဗီယက်နမ်ကို အနိုင်ယူထားခဲ့တာကြောင့် လာမယ့် ဗိုလ်လုပွဲက အကြိတ်အနယ်ရှိမှာ သေချာပါတယ်။
တတိယလုပွဲကတော့ မြန်မာစံတော်ချိန် ညနေ (၃းဝ၀)နာရီမှာ အင်ဒိုနီးရှားနဲ့ ထိုင်းတို့ ယှဉ်ပြိုင်ရမှာပါ။

image

မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားသို့ ပြောင်းရွှေ့ရန် လီဝန်ဒေါ့စကီး ဆွေးနွေးနေ
=====================

ချီကာဂိုဖိုင်းယားဟာ ဘာစီလိုနာတိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးအား ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ပိုလန်အသင်းခေါင်းဆောင်ဟာ ယခုရာသီအကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ချီကာဂိုဖိုင်းယားက အသက် ၃၇ နှစ်ရှိ ဒေါ့မွန်နှင့် ဘိုင်ယန်မြူးနစ်တိုက်စ်စမှူးဟောင်းအား ခေါ်ယူလိုနေပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးကိုယ်တိုင်က မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားလိုနေမှုနှင့်အတူ လုပ်ခက စာချုပ်ကိစ္စဆွေးနွေးရာမှာ အဓိကနေရာမှ ပါဝင်လာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် သူဟာ ဘာစီလိုနာတွင် ဆက်ကစားရေး၊ ဆော်ဒီသို့ ပြောင်းရေးကိုလည်း စဉ်းစားနေပေမယ့်လည်း မေဂျာလိဂ်သို့ ပြောင်းရန် အလေးသာနေပါတယ်။
ချီကာဂိုဖိုင်းယားဟာ ယခု မေဂျာလိဂ်ရာသီတွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မေဂျာလိဂ်ပလေးအော့ဖ်အဆင့်သို့အထိ တက်ခဲ့တဲ့အသင်းပါ။
ချီကာဂိုဖိုင်းယားဟာ ရောဘတ်လီဝန်ဒေါ့စကီးအား ၎င်းတို့ရဲ့ 'discovery list' တွင် ထည့်သွင်းထားရာ ၎င်းတို့အား နစ်နာကြေးပေးမှသာလျှင် အခြားမေဂျာလိဂ်ကလပ်များက ခေါ်ယူနိုင်ပါမယ်။
အင်တာမိုင်ယာမီကလည်း လီဝန်ဒေါ့စကီးကို ခေါ်ယူလိုနေပေမယ့်လည်း ချီကာဂိုဖိုင်းယားကသာ သူ့ကို ခေါ်ယူရေး နံပါတ်တစ်ဆုံးဖြတ်ခွင့် ရရှိထားပါတယ်။
အင်တာမိုင်ယာမီဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ဂျော်ဒီအယ်ဘာ ကစားသမားဘဝမှ အနားယူသွားပြီးနောက် ကလပ်ရဲ့ designated player စာရင်းထဲတွင် မက်ဆီတစ်ဦးတည်းသာ ရှိနေပါတယ်။
ချီကာဂိုဖိုင်ယားဟာ ယခုနှစ် အစောပိုင်းတုန်းက နေမာနှင့် ကီဗင်ဒီဘရိုင်းတို့ကိုလည်း ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပါတယ်။
ချီကာဂိုမှာ အမေရိကန်တွင် ပိုလန်အသိုင်းအဝိုင်းကြီးတစ်ခု ပိုင်ဆိုင်ထားမှုနှင့်အတူ ချီကာဂိုဖိုင်းယားအနေဖြင့် ရောဘတ်လီဝန်ဒေါ့စကီးအား ခေါ်ယူနိုင်ပါက ကလပ်မှာ ကွင်းတွင်း ကွင်းပြင် အောင်မြင်မှုများ ရယူလာနိုင်ပါမယ်။
လီဝန်ဒေါ့စကီးဟာ ၂၀၂၂ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်မှ ဘာစီလိုနာသို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းလာပြီးနောက် ၁၆၄ ပွဲကစားထားရာမှာ ၁၀၉ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ၁၇ ပွဲကစားထားရာမှာ ၈ ဂိုးသွင်းထားပါတယ်။

image

ရွှေပေါက္ကံ၌ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးမိ

ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးမိကြောင်း ပြန်ကြားရေးဝန် ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၁၆ ရက်)တွင်ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် (၁၉) ရပ်ကွက် ကနောင် (၁) လမ်းတွင် ရွှေမောင်ဆန်း၊ မင်းဇော်လှိုင် (ခ) မင်းဇော်၊ အောင်ကျော်မျိုး (ခ) ငပိန်၊ မောင်မောင်သန်း (ခ) ဝင်းသန်းတို့လေးဦးကို ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ HINO Box မော်တော်ယာဉ်တစ်စီး၊ MARK-X မော်တော်ယာဉ်တစ်စီး၊ LIGHT TRUCK မောတော်ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းဂိုဒေါင်အားဆက်လက်ရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နှင့် ကက်တမင်း ၆၀ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိသဖြင့် အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန် (၎င်းဒေသ တန်ဖိုးငွေကျပ် ၃၉ ဒသမ ၅ ဘီလီယံ) နှင့် ကက်တမင်း ၁ ဒသမ ၈၈၅ တန် (၎င်းဒေသတန်ဖိုး ငွေကျပ် ၉၄ ဒသမ ၂၅ ဘီလီယံ) စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃၃ ဒသမ ၇၅ ဘီလီယံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူထားကြောင်းသိရသည်။
၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ် နိုဝင်ဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃၀၄၂၀ မှုရှိပြီး ငွေကျပ် ၅၅၇၀ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊အခြားဓာတုပစ္စည်းများနှင့် ဖမ်းဆီးရမိသည့်အမျိုး သား ၃၆,၈၈၅ ဦး၊ အမျိုးသမီး ၅၈၀၄ ဦး၊ စုစုပေါင်း ၄၂၇၅၉ ဦး ရှိကြောင်း (ဒီဇင်ဘာ ၁၄ ရက်)နံနက်ပိုင်းက ပြလုပ်သည့် အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ် နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့်သတင်းစာရှင်း လင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးက ပြောဆိုထားသည်။

image