ရာသီအကုန်တွင် ချန်ပီယံရှစ်သို့ တန်းဆင်းရပါက ဝက်စ်ဟမ်းကစားသမားများ လုပ်ခ လျှော့ချခံရမည်
=====================

ဝက်စ်ဟမ်းကစားသမားများဟာ ရာသီအကုန်တွင် ချန်ပီယံရှစ်သို့ တန်းဆင်းရမည်ဆိုပါက လုပ်ခလျှော့ချခြင်းခံလာရပါမယ်။
လက်ရှိအချိန်တွင် ဝက်စ်ဟမ်းဟာ ရာသီဝက်အကျော်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပမှ အသင်းနှင့် ရမှတ် ၇ မှတ်အထိကွာဟနေကာ နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုအပေါ် ဖိအားများ ကျရောက်နေပါတယ်။
The Athletic ရဲ့ ဖော်ပြလာမှုအရ ဝက်စ်ဟမ်းကစားသမားများဟာ ချန်ပီယံရှစ်သို့ တန်းဆင်းရပါက လုပ်ခ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခံရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းဟာ ကစားသမားများအား စာချုပ်ချုပ်ဆိုရာတွင် ချန်ပီယံရှစ်သို့ တန်းဆင်းရပါက လုပ်ခ ၅၀ ရာခိုင်နှုန်းလျှော့ယူရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။
ဒါကြောင့်လည်း ၂၀၂၃ ခုနှစ်တုန်းက ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုပါက တစ်ပတ်လုပ်ခပေါင် ၁၅၀၀၀၀ ဝန်းကျင်ဖြင့် ကလပ်ရဲ့ လုပ်ခအများဆုံးရကစားသမားအဖြစ် ရပ်တည်နေတဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဂျာရော့ဒ်ဘိုဝင်းမှာ တန်းဆင်းရလျှင် တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ သာ ရရှိလာတော့မှာ ဖြစ်ပါတယ်။
တဖက်တွင် ဘိုဝင်းထက် လုပ်ခအနည်းငယ်သာ လျှော့နည်းတဲ့ ဘရာဇီးစတားပါကွီတာမှာလည်း လက်ရှိ ကလပ်ရဲ့ အခြေအနေကြောင့် အသင်းမှ ထွက်ခွာကာ အသင်းဟောင်း ဘရာဇီးကလပ်ဖလာမင်ဂိုသို့ ပြောင်းခွင့်ပေးရေး တောင်းဆိုထားနေပါတယ်။
ဖလာမင်ဂိုကလည်း ပါကွီတာကို ပေါင် ၃၅ သန်းအထိ ပေးကာ ခေါ်ယူရန် အသင့်ရှိနေပေမယ့် ဝက်စ်ဟမ်းဟာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေချိန်တွင် အရေးပါတဲ့ ကွင်းလယ်ကစားသမားအား ဆက်ထိန်းထားရေး အစွမ်းကုန် ကြိုးပမ်းနေပါတယ်။
တဖက်တွင် ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်တွင် ဆက်လက်တင်ကျန်ရေးအတွက် အားနည်းနေတဲ့ တိုက်စစ်အား ပါဘလိုဖီးလစ်ပီ၊ တာတီကာစတယ်လာနို့စ်တို့အား ခေါ်ယူကာ အားဖြည့်ထားပါတယ်။
ဒါ့အပြင် ၎င်းတို့ဟာ ဗဟိုခံစစ်ကိုလည်း အားဖြည့်ရန် ကြိုးပမ်းနေပြီး တူးလော့စ်မှ ချာလီခရက်စ်ဝဲလ်နှင့် မိုနာကိုမှ အဲရစ်ဒိုင်ယာတို့အား‌ ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။

image

မန်စီးတီးသို့ ရောက်လာပြီး တစ်ပတ်မပြည့်မီ ၂ ပွဲဆက် ဂိုးသွင်းလာတဲ့ ဆီမန်ယို
======================

အန်တိုနီဆီမန်ယိုဟာ မန်စီးတီးသို့ ရောက်လာပြီး တစ်ပတ်မပြည့်မီ ၂ ပွဲဆက် ဂိုးသွင်းလာနိုင်ခဲ့ပါတယ်။
ဂါနာတောင်ပံကစားသမားဟာ မနေ့ညတုန်းက နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း ဂိုးထပ်မံ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆီမန်ယိုဟာ ယခုဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ဘုန်းမောက်မှ ပေါင် ၆၅ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ အသင်းပြောင်းပြီး တစ်ရက်အကြာ ပြီးခဲ့တဲ့အပတ်တုန်းက အက်စီတာစီးတီးကို ၁၀-၁ ဖြင့် အနိုင်ရတဲ့ ပွဲတွင် ပထမဆုံးပွဲကစားခဲ့ရာမှာ ၁ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ယင်းနောက် သူဟာ အင်္ဂါနေ့ညတုန်းက စိန့်ဂျိမ်းပါ့ခ်တွင် နယူးကာဆယ်အား အနိုင်ရတဲ့ပွဲတွင် အရေးပါတဲ့ အဖွင့်ဂိုးအား သွင်းယူခဲ့ပါတယ်။
မနေ့ညက ပွဲတွင် မန်စီးတီးအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးအား ပွဲပြီးခါနီးမှာ ချာကီက သွင်းယူခဲ့ပါတယ်။
မန်စီးတီးဟာ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အီတီဟတ်မှာ ထပ်မံကစားရပါမယ်။

image

၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် လိုင်လီနည်းပြ ယန်နေစီယို ရွေးချယ်ခံရ

လိုင်လီအသင်းရဲ့နည်းပြ ယန်နေစီယိုဟာ ၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ဒီရွေးချယ်မှုကို နာမည်ကျော် ပြင်သစ်မဂ္ဂဇင်း(France Football)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲရလဒ်အရ ယန်နေစီယိုက အမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယန်နေစီယိုက (၅၃)မှတ်ရရှိခဲ့တာဖြစ်ပြီး ဆန်းဒါးလန်းနည်းပြ လီဘရစ်က (၃၆)မှတ်နဲ့ ဒုတိယအများဆုံးရရှိခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်ကတော့ (၅)မှတ်သာရရှိတာကြောင့် အဆင့်(၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။
ယန်နေစီယိုဟာ ၂၀၂၄ နွေရာသီမှာမှ လိုင်လီအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၄-၂၅ ရာသီ ပြင်သစ်လိဂ်မှာ အဆင့်(၅)နေရာရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

image

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်း ဆုကြေးဒေါ်လာ(၁၀)သန်း ရရှိမယ်

လက်ရှိကျင်းပနေတဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေးအဖြစ် ဒေါ်လာ(၁၀)သန်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ပြိုင်ပွဲမှာ ချီးမြှင့်ခဲ့တဲ့ဆုကြေးထက် (၄၃%)မြင့်တက်လာခြင်းဖြစ်ကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မော့ဆက်ပီက ပြောကြားခဲ့ပါတယ်။
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဆုကြေးငွေတွေ ဆက်တိုက်မြင့်တက်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ပြိုင်ပွဲတုန်းက ချန်ပီယံဆု ရရှိတဲ့အသင်းက ဒေါ်လာ(၅)သန်းသာ ရရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ချန်ပီယံအသင်းက ဒေါ်လာ(၁၀)သန်းရရှိမှာဖြစ်သလို၊ ဒုတိယရရှိတဲ့အသင်းက ဒေါ်လာ(၄)သန်း ရရှိမှာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်တဲ့နှစ်သင်းက ဒေါ်လာ(၂.၅)သန်းစီ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက လက်ရှိအချိန်မှာ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိနေပြီဖြစ်ပြီး ဒီနေ့ည မြန်မာစံတော်ချိန် ၁၁း၃၀ နာရီမှာ ဆီနီဂေါနဲ့ အီဂျစ်၊ ၂း၃၀ နာရီမှာ နိုင်ဂျီးရီးယားနဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
အိမ်ရှင် မော်ရိုကိုအသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။

image

ရှမ်းနဲ့ ရန်ကုန်ကြား (၁) မှတ်သာကွာဟတော့လို့ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာ

ဒီရာသီ MNL အမှတ်ပေးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၁၂) အပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးက ရှမ်းအသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ကြား အမှတ်ကွာဟမှုက (၁) မှတ်သာ ရှိတော့တာကြောင့် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာနေလျက်ရှိပါတယ်။
ပွဲစဥ် (၁၂) မှာ ရှမ်းယူနိုက်တက်အသင်းက ဒဂုံပေါ့သ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါကြောင့် ပွဲစဥ် (၁၂) အပြီးမှာ ရှမ်းယူနိုက်တက်အသင်းက (၁၂) ပွဲကစား၊ (၉) ပွဲနိုင်၊ (၃) ပွဲသရေ၊ ရှုံးပွဲမရှိ၊ ရမှတ် (၃၀) မှတ်နဲ့ ထိပ်ဆုံးကဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းက (၁၂) ပွဲကစား၊ (၉) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၁) ပွဲရှုံး၊ ရမှတ် (၂၉) မှတ်နဲ့ ဒုတိယနေရာကနေ (၁) မှတ်အကွာနဲ့ ဖိအားပေးနေလျက်ရှိပါတယ်။
ပွဲစဥ် (၁၃) အဖြစ် ဇန်နဝါရီ (၁၇) ရက်မှာ ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းဖြစ်တဲ့ တောင်ကြီးကွင်းမှာ သစ္စာအားမာန်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းက သန်လျင်သီဟဒီပကွင်းမှာ ဧရာဝတီယူနိုက်တက်အသင်းတို့နဲ့ ဆက်လက်ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းက MNL အမှတ်ပေးချန်ပီယံဆုကို ၂၀၁၉ ရာသီကစလို့ (၅) ရာသီဆက်တိုက် ဆွတ်ခူးရရှိထားပြီး ရန်ကုန်ယူနိုက်တက်အသင်းကတော့ ၂၀၁၈ ရာသီက ချန်ပီယံဆု နောက်ဆုံးရရှိထားတာကြောင့် ချန်ပီယံဆုနဲ့ ဝေးနေတာ (၅) ရာသီရှိသွားခဲ့ပြီဖြစ်ပါတယ်။

image

ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်က ထွက်ခဲ့ရခြင်းကို သင်ခန်းစာယူသွားမယ်လို့ အာတေတာ ပြောကြား

အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်က ထွက်ခဲ့ရခြင်းကို သင်ခန်းစာယူသွားမယ်လို့ ချယ်လ်ဆီးနဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိဂ်ဖလားဆီမီးဖိုင်နယ်မှာ နယူးကာဆယ်အသင်းကို နှစ်ကျော့စလုံး (၀-၂)ဂိုးတွေနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
ဒီရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်မှာတော့ အာဆင်နယ်အသင်းက လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးအသင်းနဲ့ ဆုံတွေ့နေပြီး ဒီနေ့ည မြန်မာစံတော်ချိန် ၂း၃၀ နာရီမှာ ပထမအကျော့အဖြစ် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။
''ပြီးခဲ့တဲ့ရာသီက ကြုံတွေ့ခဲ့ရတာကို သင်ခန်းစာယူသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒါက နာကျင်စရာကောင်းလို့ပါ။ အထူးသဖြင့် အခွင့်အရေးတွေ အများကြီးရရှိပြီး အသုံးမချနိုင်ခဲ့လို့ပါ။ ဒီနှစ်မှာတော့ ကျွန်တော်တို့ ပိုကောင်းလာပြီး ပိုပြီးခရီးရောက်ဖို့လည်း မျှော်လင့်ပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်က ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း ဒုတိယသာရခဲ့တာကြောင့် ဖလားလက်မဲ့ဖြစ်ခဲ့ရပါတယ်။
ဒီရာသီမှာတော့ လက်ရှိအချိန်အထိ ပြိုင်ပွဲ(၄)ခုစလုံးမှာ ဆုဖလားမျှော်မှန်းနိုင်စွမ်းရှိနေပါတယ်။

image

မက်ဆီသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ချက်လက်မှတ်အလွတ်ထဲမှာ လိုချင်တဲ့ လစာငွေပမာဏ ရေးထည့်ခွင့်ပြုမယ်လို့ အယ်လ်အစ်တီဟတ်အသင်းဥက္ကဋ္ဌ ပြောကြား

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ အန်မာအယ်လ်ဟာလီက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသာ အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ချက်လက်မှတ်အလွတ်ပေးပြီး လိုချင်တဲ့ လစာငွေပမာဏ ရေးထည့်ခွင့်ပြုဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ PSG အသင်းနဲ့ မက်ဆီ စာချုပ်သက်တမ်းကုန်ဆုံးခါစက တစ်နှစ်လစာ ယူရို(၁.၄)ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး မက်ဆီက ငြင်းပယ်ခဲ့ကြောင်းလည်း သိရပါတယ်။
''မက်ဆီသာ အယ်လ်အစ်တီဟတ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူခဲ့ရင် ကျွန်တော်က သူ့ကို ချက်လက်မှတ်အလွတ်ပေးပြီး လိုချင်သလောက် လစာငွေကို ရေးထည့်ခွင့်ပြုမှာပါ။ စာချုပ်သက်တမ်းကိုလည်း သူ့စိတ်ကြိုက်ရွေးချယ်ခွင့်ရမှာဖြစ်ပြီး တစ်သက်တာဆိုလည်း လိုက်လျောသွားမှာပါ။ မက်ဆီ ဆော်ဒီကို ရောက်လာပြီး အယ်လ်အစ်တီဟတ်ဝတ်စုံ ဝတ်ဆင်မယ်ဆိုရင် ငွေကြေးအကျိုးအမြတ်က ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ မက်ဆီကိုပဲ လိုချင်တာပါ။ ဘာကြောင့်လဲဆိုတော့ သူက ထာဝရအကောင်းဆုံးဘောလုံးသမား ဖြစ်နေတာကြောင့်ပါ။ ဟုတ်ပါတယ်။ သူ့ကို ကျွန်တော် PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်တုန်းက တစ်နှစ်ကို ယူရို(၁.၄)ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့မိသားစုက အမေရိကန်ကို သွားချင်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။ သူ့ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်။ အယ်လ်အစ်တီဟတ်အသင်းက သူ့အတွက် တံခါးအမြဲဖွင့်ထားပါတယ်။ သူ ဆန္ဒရှိတဲ့အချိန်မှာ အချိန်မရွေး လာနိုင်ပါတယ်'' လို့ အန်မာအယ်လ်ဟာလီက ပြောကြားခဲ့ကြောင်း လူမှုကွန်ရက်မှာ ဖော်ပြမှုတွေ ရှိနေတာဖြစ်ပါတယ်။
မက်ဆီဟာ PSG အသင်းနဲ့ လမ်းခွဲပြီးနောက် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး လစာအဖြစ် တစ်နှစ်ကို ယူရိုသန်း(၅၀)ဝန်းကျင်ရရှိနေကြောင်း သိရပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် အဲဒီအသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖွယ်ရှိနေပါတယ်။

image

ရီးယဲလ်နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို ယာဂန်ကလော့ပ် တုံ့ပြန်

လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်က ရီးယဲလ်အသင်းရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို ကောလာဟလသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဂျာမန်နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲပြီးနောက် လက်ရှိအချိန်မှာ Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေတာပါ။
ရီးယဲလ်အသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲအပြီး တစ်ရက်မပြည့်ခင်မှာပဲ နည်းပြ အလွန်ဆိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အရန်အသင်းနည်းပြ အာဘီလိုအာကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပေမဲ့ လာမယ့်နွေရာသီမှာ ထိပ်တန်းနည်းပြသစ် ပြောင်းလဲခန့်အပ်ဖို့ စီစဉ်ထားကြောင်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဒါ့အပြင် ရီးယဲလ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ထားသူတွေထဲမှာ ယာဂန်ကလော့ပ်က ထိပ်ဆုံးက ပါဝင်နေကြောင်းလည်း သတင်းထွက်နေပြီး ယာဂန်ကလော့ပ်ကိုလည်း တိုက်ရိုက်မေးမြန်းမှုရှိလာတာကြောင့် အခုလို တုံ့ပြန်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
'' ကောလာဟလသတင်းတွေက လှည့်ပတ်သွားလာနေပြီး တစ်ခါတစ်ရံ အခုလို ရောက်လာတယ်လို့ ထင်ပါတယ်။ ခင်ဗျားရဲ့မေးခွန်း ဘယ်လိုဖြစ်လာသလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော့်ဖုန်းကို ခေါ်ဆိုမှုရှိပေမဲ့ မက်ဒရစ်က မဟုတ်ပါဘူး(ရယ်လျက်)'' လို့ ယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းရဲ့နည်းပြသစ် ဖြစ်လာနိုင်သူတွေထဲမှာ မကြာခင်ကမှ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲထားတဲ့ နည်းပြ မာရက်စကာလည်း ပါဝင်နေပြီး ထိပ်ဆုံးက အလေးပေးခံထားရကြောင်းလည်း သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၁၅ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၉၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၉၈၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၉၄၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၇၈၀၀၀၀ ကျပ်
ဝယ်ဈေး ၉၇၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၉၃၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၁၇၀ ကျပ်
ဝယ်ဈေး - ၄၀၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၃၅ ကျပ်
ဝယ်ဈေး - ၃၁၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၈၅၀ ကျပ်
ဝယ်ဈေး - ၄၇၂၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၉ ကျပ်
ဝယ်ဈေး - ၁၀၀၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၉၈ ကျပ်
ဝယ်ဈေး - ၅၈၃ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၂၉ ကျပ်
ဝယ်ဈေး - ၂၅.၆၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၁၇ ကျပ်
ဝယ်ဈေး - ၄၄.၉၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၃ ကျပ်
ဝယ်ဈေး - ၂.၇၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၅၉၅ ကျပ်
ဝယ်ဈေး - ၅၄၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၄ ကျပ်
ဝယ်ဈေး - ၂၇၁၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၉၇ ကျပ်
ဝယ်ဈေး - ၂၉၂၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၃၄ ကျပ်
ဝယ်ဈေး - ၅၂၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၃၄ ကျပ်
ဝယ်ဈေး - ၁၁၀၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image