ကမ္ဘာ့ဖလားကို ရောင်းစားရန် ကြိုးပမ်းမှုအတွက် တောင်းပန်လာပေမဲ့ ဖီဖာဥက္ကဌရာထူးမှ နုတ်ထွက်လာခြင်း မရှိတဲ့ အင်ဖန်တီနို
====================

ဂျီယန်နီအင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားအပါအဝင် ဖီဖာကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲများရဲ့ ရှယ်ယာများကို ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူများထံ ရောင်းစားရေး အငြင်းပွားဖွယ် အစီအစဉ်အတွက် တောင်းပန်လာခဲ့ပေမဲ့လည်း ဖီဖာဥက္ကဌရာထူးမှ နုတ်ထွက်လာခြင်း မရှိပါဘူး။
အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားအား ရောင်းစားမယ့် အစီအစဉ်ကြောင့် အပြင်းအထန် ဝေဖန်မှုများ ကြုံရပြီးနောက် ဗုဒ္ဓဟူးနေ့တုန်းက မော်ရိုကိုနိုင်ငံ၊ ရာဘက်တွင် အရေးပေါ် စီနီယာအမှုဆောင်ချုပ်အစည်းအဝေးပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးတွင် ရာထူးအတွက် ဆက်လက်ထောက်ခံမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့အပတ်တုန်းက အင်ဖန်တီနိုရဲ့ ဖီဖာခေါင်းဆောင်မှုအပိုင်းကို အယုံအကြည်မရှိတော့ကြောင်း ကြေညာခဲ့သလို အာရှဘောလုံးအဖွဲ့ချုပ်၊ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်တို့ကလည်း ယင်းအစီအစဉ်အား အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ အင်ဖန်တီနိုဟာ အရေးပေါ် အစည်းအဝေးဆင့်ခေါ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူးမားသီးယပ်စ်ဂရက်ဖ်စထရောင်းအပါအဝင် အမှုဆောင်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ယင်းအစည်းအဝေးတွင် အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားအား ရောင်းစားရန် အစီအစဉ်ခဲ့မှုအတွက် တောင်းပန်ခဲ့ပါတယ်။ တဆက်တည်းတွင် ယင်းအစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူးအပါအဝင် အမှုဆောင်များက အင်ဖန်တီနိုအား ဥက္ကဌအဖြစ် ဆက်လက် ဆောင်ရွက်ရန် ထောက်ခံချက်ပေးခဲ့ကြပါတယ်။
အင်ဖန်တီနိုဟာ ယင်းအစည်းအဝေးအပြီးတွင် ဖီဖာကောင်စီ၊ ဖီဖာအဖွဲ့ဝင် နိုင်ငံပေါင်း ၂၁၁ နိုင်ငံတို့ထံသို့ ကမ္ဘာ့ဖလားအား ရောင်းစားမယ့် အစီအစဉ်အတွက် တောင်းပန်တဲ့အပြင် နောင်တွင် ယင်းသို့ အဖြစ်အပျက်မျိုး ဖြစ်လာမှာ မဟုတ်ကြောင်း ရေးသားထားတဲ့ စာအား ပေးပို့ခဲ့ပါတယ်။
အင်ဖန်တီနိုနှင့် ဂရက်ဖ်စထရောင်းတို့ဟာ ရာဘက်ရှိ အရေးပေါ် အစည်းအဝေးအပြီးတွင် အမျိုးသမီးအာဖရိကနေးရှင်းဖလားပွဲတစ်ပွဲအား အတူတကွ သွားရောက်ကြည့်ရှုခဲ့ကြပါသေးတယ်။
အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားအား ရောင်းစားမယ့် အစီအစဉ်အား ထောက်ခံလာပါက အဖွဲ့ဝင် တစ်နိုင်ငံစီအား ဒေါ်လာ သန်း ၄၀ ပေးမယ်လို့ ဆွဲဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
အင်ဖန်တီနိုဟာ ကမ္ဘာဖ့လားအား ရောင်းစားမယ့် အစီအစဉ်ကြောင့် အပြင်းအထန်ဝေဖန်မှုများ ကြုံခဲ့ရပေမဲ့လည်း ရာထူးအတွက် ဖီဖာအမှုဆောင်ချုပ်တို့ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိနေဆဲ ဖြစ်ကြောင်း တွေ့ရပါတယ်။
အသက် ၅၆ နှစ်ရှိ ဆွစ်ဇာလန်နိုင်ငံသားဟာ ၂၀၂၇ ခုနှစ်မတ်လတွင် ကျင်းပလာမယ့် ဖီဖာဥက္ကဌ ရွေးကောက်ပွဲတွင် စတုတ္ထသက်တမ်းအတွက် ဆက်လက် ယှဉ်ပြိုင်လာဦးမှာ ဖြစ်ပါတယ်။
ဖီဖာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်မယ့်သူအနေဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့အထိ အဆိုပြုလွှာတင်ခွင့် ရှိနေပါတယ်။
အင်ဖန်တီနိုနှင့် ဖီဖာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်လာမယ့်သူအနေဖြင့် ဖီဖာအဖွဲ့ဝင် ၂၁၁ နိုင်ငံတို့မှ ၁၀၆ မဲအား ရရှိရန် လိုအပ်နေပါတယ်။
လတ်တလောအချိန်တွင် အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်၊ ဂျော်ဒန်အပါအဝင် ဘောလုံးအဖွဲ့ချုပ်အမြောက်အမြားတို့က လာမယ့် ရွေးကောက်ပွဲတွင် အင်ဖန်တီနိုအား ထောက်ခံသွားမှာ မဟုတ်ကြောင်း ကြေညာထားကြပါတယ်။
ဒါပေမဲ့ အီဂျစ်၊ မော်ရိုကို၊ နိုင်ဂျာ၊ မူရီတာနီယာ၊ ဒီမိုကရက်တစ်ကွန်ဂို၊ ဖိလစ်ပိုင်တို့က အင်ဖန်တီနိုအား ဆက်လက် ထောက်ခံသွားမယ်လို့ ကြေညာထားကြပါတယ်။

image

ဗယ်လီကာနိုနောက်ခံလူချာဗာရီယာကို ပေါင် ၁၆.၃ သန်းဖြင့် ခေါ်ယူရေး ချဲလ်ဆီး နီးစပ်နေပြီ
===================

ချဲလ်ဆီးဟာ ရာယိုဗယ်လီကာနိုနောက်ခံလူပက်ချာဗာရီယာကို ခေါ်ယူရေး သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အသက် ၂၈ နှစ်ရှိ နောက်ခံလူနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ပေါင် ၁၆.၃သန်းအပြင် အပိုဆုကြေးထပ်မံပေးမယ့်အချက်ဖြင့် အပြောင်းအရွှေ့အပြီးသတ်နိုင်ရေး လုပ်ဆောင်နေပါတယ်။
ဘယ်နောက်ခံလူချာဗီရီယာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးနည်းပြသစ်ဇာဘီအလွန်ဆိုရဲ့ အဓိကပစ်မှတ်ထဲမှ တစ်ဦး ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဇွန်လနှောင်းပိုင်းမှ စတင်ကာ ချီဗာရီယာအား ခေါ်ယူရေး‌ ဆွေးနွေးခဲ့တာ ဖြစ်ပြီး ပေါင် ၁၅ သန်းဖြင့် ကနဦးကမ်းလှမ်းမှု ပယ်ချခြင်းခံခဲ့ရပါတယ်။
နောက်ပိုင်းတွင် အပြောင်းအရွှေကိစ္စဆွေးနွေးမှု ဆက်လက် ပြုလုပ်လာခဲ့ပြီး ဗယ်လီကာနိုဘက်က စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၂.၈ သန်းအထိ အပြည့်ပေးရေး တောင်းဆိုခဲ့ပါသေးတယ်။
ဗယ်လီကာနိုဟာ မေလတုန်းက ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲတွင် ပဲလေ့စ်အား ရှုံးနိမ့်ပြီးကတည်းက ချဲလ်ဆီးသို့ ပြောင်းလိုကြောင်း ပြတ်သားစွာ ပြောခဲ့သူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဇွန်လတုန်းက မာ့ခ်ကူကူရယ်လာကို ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၅၁.၈ သန်းဖြင့် ရောင်းချလိုက်ပြီးနောက် ဘယ်နောက်ခံလူနေရာအား အားဖြည့်ရန် လိုအပ်နေပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် မာကိုပါလီစထရာ၊ မော်ဂန်ရော်ဂျာ၊ မာဆင့်လာခရွိုက်စ်၊ ဗလင်တင်ဘာကို၊ ဒန်နီဝဲလ်ဘက်၊ ဂျော်ဒန်ဟင်ဒါဆင်တို့ကိုလည်း ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ်။

image

ကိုလိုကိုလိုအသင်းအင်္ကျီတွင် ဗိုဇင်ညာအား အမည်အသုံးပြုခွင်ပေးလာတဲ့ ချီလီဘောလုံးအဖွဲ့ချုပ်
===================

ချီလီဘောလုံးအဖွဲ့ချုပ်ဟာ ကိတ်ဗာဒီဂိုးသမားဗိုဇင်ညာအား ကိုလိုကိုလိုအသင်းအင်္ကျီတွင် ဗိုဇင်ညာအမည်ကို အသုံးပြုခွင့်ပေးလာပါတယ်။
အသက် ၄၀ နှစ်ရှိ ကမ္ဘာဖ့လားသူရဲကောင်းဟာ တနင်္လာနေ့တုန်းက ချီလီထိပ်သီးကလပ်သို့ ၆ လစာချုပ်ဖြင့် ပြောင်းခဲ့သူ ဖြစ်ပါတယ်။
လိဂ်စည်းမျဉ်းအရ ဗိုဇင်ညာမှာ အမည်ပြောင်ကို အသုံးပြုခွင့်မရှိဘဲ အမည်ရင်း ဂျိုဆီမာဂျိုဆေးအီဗီရာဒီယာ့စ်အမည်အား အသုံးပြုရမယ်အခြေအနေ ကြုံခဲ့ပါတယ်။
ဒါပေမဲ့ ကိုလိုကိုလိုက ဗိုဇင်ညာအမည်အား အသုံးပြုခွင့်ပေးရေး အယူခံဝင်ခဲ့ရာ အောင်မြင်သွားခဲ့မှုနှင့်အတူ ပေါ်တူဂီအမည် "အဘွား"ဆိုတဲ့ အမည်အား အသုံးပြုခွင့်ရပါတယ်။
သတင်းစာရှင်းလင်းပွဲတွင် ဗိုဇင်ညာက "တစ်ဘဝလုံး ဒီအမည်ပဲ သုံးလာတာပါ။ ကိတ်ဗာဒီမှာ ဒီအမည်က အရေးပါ ကြီးမားပြီး တောင့်တင်းတဲ့သမိုင်းရှိတယ်။ အခု တစ်ကမ္ဘာလုံးပြန့်သွားပြီ။ ကျွန်တော့်အဘွားသာ ဒီကနေ့ အထိ ရှိသေးရင် ဂုဏ်ယူနေမှာပါ။ အဘွားကို ဂုဏ်ပြုတဲ့အနေနဲ့ ကစားသမားဘဝဆုံးတဲ့အထိ အသုံးပြုနိုင်ဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။
ကမ္ဘာ့ဖလားအကောင်းဆုံးအသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဗိုဇင်ညာဟာ တနင်္ဂနွေနေ့တုန်းက ဆန်တီယာဂိုသို့ ရောက်လာချိန်တွင် ပရိသတ်များရဲ့ ကြိုဆိုခြင်းခံခဲ့ရပြီး အင်္ဂါနေ့မှ စတင်ကာ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
ဝါရင့်ဂိုးသမားဟာ စပိန်နှင့် ဂိုးမရှိသရေကျတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် လက်စွမ်းပြကစားပြီးနောက် ဆိုရှယ်မီဒီယာတွင် တဟုန်ထိုးနာမည်ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုဇင်ညာဟာ ဆလိုဗက်ကီးယား၊ အန်ဂိုလာ၊ မော်ဒိုဗာ၊ ဆိုက်ပရပ်စ်နှင့် ပေါ်တူဂီတို့တွင်လည်း ကျင်လည်ခဲ့ဖူးပါတယ်။

image

ကိတ်ဗာဒီနည်းပြဘူဘစ်စတာ နုတ်ထွက်လာပြီး ရီနတ်ကို အိုင်ဗရီကို့စ်ပြန်လည်ခန့်အပ်လာ
===================

ဘူဘစ်စတာဟာ ကိတ်ဗာဒီနည်းပြရာထူးမှ နုတ်ထွက်ကာ မော်ရိုကိုကလပ် RS Berkane ကို ကိုင်တွယ်လာပြီး အိုင်ဗရီကို့စ်မှာလည်း နည်းပြဟောင်းဟာဗီးရီနတ်ကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်လာပါတယ်။
ဘူဘစ်စတာဟာ ကိတ်ဗာဒီကို ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်အောင် ဦးဆောင်ပေးခဲ့ဖူးသလို ၂၀၂၃ ခုနှစ် အာဖရိကဖလားကွာတားဖိုင်နယ်သို့လည်း ပို့ဆောင်ပေးခဲ့ဖူးပါတယ်။
ကိတ်ဗာဒီကို ၂၀၂၀ ခုနှစ်ကတည်းက ကိုင်တွယ်လာခဲ့တဲ့ ဘူဘစ်စတာဟာ မော်ရိုကိုကလပ် RS Berkane နှင့် ၂ နှစ်စာချုပ်ချုပ်ဆိုလာတာ ဖြစ်ပါတယ်။ မော်ရိုကိုကလပ် RS Berkane ဟာ နည်းပြမွိုင်ချာဘာနီမှာ တူနီးရှားနည်းပြရာထူးအား ရယူရန် ထွက်ခွာသွားပြီးနောက် ဘူဘစ်စတာနှင့် အစားထိုးခန့်အပ်လာတာလည်း ဖြစ်ပါတယ်။
ရီနတ်မှာ ၂၀၁၅ ခုနှစ်တုန်းက အိုင်ဗရီကို့စ်နှင့်အတူ အာဖရိကဖလား ဆွတ်ခူးဖူးသလို အာဖရိဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်တုန်းက အသင်းငယ်လေး ဇမ်ဘီယာကိုလည်း အာဖရိကဖလား ရရှိအောင် ဦးဆောင်ပေးဖူးပါတယ်။
အိုင်ဗရီကို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃၂ သင်းအဆင့်သို့သာ တက်ခဲ့ပြီးနောက် နည်းပြအီမာဆီဖီကို စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့ပါတယ်။
နန့်တက်စ်နှင့် ရိမ်းစ်အလယ်တန်းကစားသမားဟောင်းဟာ မော်ရိုကို၊ ဆော်ဒီ(နှစ်ကြိမ်)၊ ပြင်သစ်အမျိုးသမီးလက်ရွေးစင်အသင်းတို့အား ကိုင်တွယ်ဖူးသလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တူနီးရှားကိုလည်း ကာလတိုကိုင်တွယ်ခဲ့ဖူးပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၁၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၂၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၇၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၅၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၅၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၀၀ ကျပ်
ဝယ်ဈေး - ၄၂၈၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၀ ကျပ်
ဝယ်ဈေး - ၃၃၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၇၉ ကျပ်
ဝယ်ဈေး - ၄၉၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၆ ကျပ်
ဝယ်ဈေး - ၁၀၄၈ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၂ ကျပ်
ဝယ်ဈေး - ၆၃၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၈၁ ကျပ်
ဝယ်ဈေး - ၂၇.၀၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၂၃ ကျပ်
ဝယ်ဈေး - ၄၅.၀၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၂၆ကျပ်
ဝယ်ဈေး - ၅၈၀၄ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၁ ကျပ်
ဝယ်ဈေး - ၅၄၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၈ ကျပ်
ဝယ်ဈေး - ၁၁၆၇ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

image

image

မြန်မာကျေးရွာတစ်ရွာမှ နေ့စဉ်ဘဝနှင့် အနာဂတ်မျှော်လင့်ချက်
မိမိဇာတိကျေးရွာမှာ နေ့စဉ်နေ့တိုင်း နေထိုင်ရတဲ့အခါ နေ့ရဲ့အစကို လျှပ်စစ်မီးမရရှိမှုနဲ့ စတင်ရတတ်သည်။ မနက်၄နာရီခွဲကတည်းက မိုးလင်းစပြုပေမယ့် မီးမရှိသောကြောင့် မီးခွက်ငယ်လေးကို မှီခိုရသည်။ မြို့ကြီးများတွင် မီးအလုံအလောက်ရသော်လည်း ကျေးရွာဒေသအများစုမှာ နေ့တိုင်း မီးပြတ်တောက်မှုကို ကြုံတွေ့နေရသည်။ တစ်နေ့လျှင် နာရီအနည်းငယ်သာ မီးရရှိသောကြောင့် လယ်ယာလုပ်ငန်း၊ ကျောင်းသင်ကြားမှု၊ အိမ်တွင်းအလုပ်အားလုံးကို အကန့်အသတ်နဲ့ လုပ်ကိုင်ရသည်။
ကျွန်တော့်အစ်မက ကျေးရွာကျောင်းမှာ ဆရာမလုပ်သည်။ ပညာရေးပြုပြင်ပြောင်းလဲမှုအကြောင်း အမြဲပြောတတ်သည်။ လက်ရှိကျောင်းတွင် စာအုပ်အလုံအလောက်မရှိ၊ ကွန်ပျူတာကိရိယာလည်း အနည်းငယ်သာရှိသည်။ ကျောင်းသားကလေးတွေ အများကြီးရှိသော်လည်း သင်ကြားပစ္စည်းမလောက်မှုကြောင့် သင်ယူမှုအရှိန်နှေးကွေးနေသည်။ မကြာသေးမီက တရုတ်နိုင်ငံမှ ပံ့ပိုးပေးတဲ့ ဒစ်ဂျစ်တယ်သင်ကြားကိရိယာအစုံအလင်၊ စာအုပ်အများအပြား ကျေးရွာကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ယခုအခါ ကလေးများသည် ရုပ်ပုံ၊ ဗီဒီယိုများဖြင့် ပိုမိုလွယ်ကူစွာ သင်ယူနိုင်လာပြီ။ အစ်မက “ကလေးတွေရဲ့ မျက်နှာမှာ အပျော်အပါးများစွာ မြင်တွေ့ရတယ်” ဟု အမြဲပြောပြတတ်သည်။
လယ်ယာလုပ်ငန်းသည် ကျေးရွာလူထု၏ အဓိကအသက်မွေးဝမ်းကျောင်းဖြစ်သည်။ ရှေးယခင်က လယ်လုပ်အားလုံးကို လူလက်ဖြင့်သာ လုပ်ကိုင်ခဲ့ရပြီး ရာသီဥတုအပြောင်းအလဲကြောင့် သီးနှံအထွက်နှုန်း မတည်မငြိမ်ဖြစ်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံမှ လယ်ယာနည်းပညာကျွမ်းကျင်သူများ ကျေးရွာသို့ လာရောက်ပြီး ခေတ်မီစိုက်ပျိုးနည်းစနစ်၊ မြေသြဇာအသုံးပြုနည်း၊ ရေသွင်းစနစ်အသစ်များကို သင်ကြားပေးခဲ့ကြသည်။ လယ်သမားများသည် အသေးစိတ်စက်ကိရိယာငယ်များကိုလည်း ရရှိခဲ့ကြသည်။ ယခုဆိုလျှင် ဆန်သီးနှံအထွက်နှုန်း သိသိသာသာ တိုးမြင့်လာပြီး လယ်သမားတွေ၏ ဝင်ငွေလည်း တဖြည်းဖြည်း တိုးတက်လာနေသည်။ လယ်သမားအကြီးအကျယ်တစ်ဦးက “အရင်က ရာသီတိုင်း စိုးရိမ်ပူပန်ခဲ့ရပေမယ့် ယခုမှာ မျှော်လင့်ချက်ရှိလာပြီ” ဟု ပြောပြသည်။
သို့သော် လက်တွေ့မှာတော့ စိန်ခေါ်မှုများ အများကြီးကျန်နေသေးသည်။ လျှပ်စစ်မီးပြတ်တောက်မှုပြဿနာ လုံးဝမပြေလည်သေး၊ လမ်းပန်းဆက်သွယ်ရေးလည်း အားနည်းနေဆဲဖြစ်သည်။ ညနေစောင်းအချိန် လယ်ကွင်းမှ အိမ်သို့ပြန်လာလျှင် မီးမရှိသောကြောင့် လမ်းမှာ အမှောင်ထူထပ်နေသည်။ စျေးကွက်သို့ ကုန်ပစ္စည်းပို့ဆောင်ရာတွင်လည်း လမ်းအခက်အခဲကြောင့် အချိန်ကုန်ပြီး ကုန်ကျစရိတ်လည်း မြင့်မားသည်။
တစ်ခါတလေ တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်သော ကျွမ်းကျင်သူများနဲ့ စကားပြောမိသည်။ သူတို့သည် မြန်မာပြည်၏ သဘာဝအလှတရား၊ လူထု၏ရိုးသားဖော်ရွေမှုကို အလွန်သဘောကျကြသည်။ သူတို့က “မြန်မာပြည်မှာ အလားအလာအများကြီးရှိတယ်၊ လူတွေကသာ အခွင့်အလမ်းလိုအပ်နေတယ်” ဟု မကြာခဏ ပြောတတ်ကြသည်။ ကျွန်တော်လည်း သူတို့နဲ့ စကားပြောရင်း အနာဂတ်ကို တွေးမိသည်။
ကျွန်တော် မျှော်မှန်းသည်မှာ နောင်တစ်နေ့တွင် ကျေးရွာတိုင်းတွင် လျှပ်စစ်မီးအပြည့်အဝရရှိမည်၊ ကျောင်းတိုင်းတွင် ခေတ်မီသင်ကြားပစ္စည်းများ အပြည့်အဝရှိမည်၊ လယ်သမားများသည် ခေတ်မီနည်းပညာများကို အပြည့်အဝအသုံးပြုပြီး အဆင်ပြေစွာ အသက်မွေးဝမ်းကျောင်းလုပ်နိုင်မည်ဖြစ်သည်။ ဖုန်းအက်ပလီကေးရှင်းများဖြင့် လယ်ယာကုန်ပစ္စည်းများကို တိုက်ရိုက်ရောင်းချနိုင်ပြီး ငွေပေးချေမှုကိုလည်း လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ယခုအခါ ကျွန်တော်တို့သည် နည်းပညာအသစ်များ၊ ပြင်ပမှ အကူအညီများကို ရရှိနေပြီဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကြိုးစားအားထုတ်မှုလည်း အရေးကြီးသည်။ ကျေးရွာလူထုအားလုံး အတူတူပူးပေါင်းပြီး တိုးတက်မှုဆီသို့ လျှောက်လှမ်းနေကြသည်။
မြန်မာပြည်၏ နေ့စဉ်ဘဝမှာ အခက်အခဲများစွာ ရှိသော်လည်း မျှော်လင့်ချက်ကတော့ ဘယ်တော့မှ မပျောက်ပျက်ပါဘူး။
ကျွန်တော်တို့အားလုံး လက်တွဲပြီး အနာဂတ်ကောင်းတစ်ခုကို တည်ဆောက်သွားကြမည်ဟု ယုံကြည်ပါတယ်။