ခွင့်ပြန်အလုပ်သမားတွေ ပြည်ပပြန်လည် ထွက်ခွာဖို့ အခက်ကြုံနေ

ခွင့်ပြန်လုပ်သားတွေ ပြည်ပ ပြန်လည် ထွက်ခွာခွင့်နဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်မှုတွေ လုပ်ဆောင်နေတာကြောင့် အခက်ကြုံနေရတဲ့ အလုပ်သမားဦးရေ ရာနဲ့ချီ ရှိနေတယ်လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်တွေက ပြောပါတယ်။
လက်ရှိမှာ ခွင့်တလနဲ့အထက်ယူပြီး ပြန်လာသူတွေအပြင် အထောက်အထား ပြည့်စုံသူတွေလည်း ပြည်ပပြန်ထွက်နိုင်ဖို့အတွက် ခက်ခဲနေကြပြီး ဧပြီလကနေ ဇွန်လအထိ သုံးလတာကာလအတွင်း ပြည်ပထွက်ခွာခွင့် ပယ်ချခံရတဲ့ အလုပ်သမားဦးရေ ၁၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။
ဧပြီလမှာ ပြည်ပပြန်ထွက်ခွင့် ပယ်ချခံရတဲ့ ခွင့်ပြန်အလုပ်သမား ၆၀၈ ယောက်၊ မေလမှာ ၃၀၁ ယောက်၊ ဇွန်လမှာ အယောက် ၂၀၀ ဝန်းကျင်၊ စုစုပေါင်း ၁၁၀၉ ယောက် ရှိခဲ့တာဖြစ်ပြီး ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေဟာ စာရွက်စာတမ်း မစုံလင်ခြင်း၊ လေဆိပ်အဝင်တုံး၊ သက်တမ်းရှိ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Workpermit) နဲ့ သံရုံးထောက်ခံစာ လိုအပ်ခြင်းတွေ ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တရားဝင် တယ်လီဂရမ်ဖြစ်တဲ့ Safe Migration က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါအပြင် အလုပ်ရှင်ထံ ဆက်သွယ်ရမယ့် အီးမေးလ်လိပ်စာနဲ့ ဖုန်းနံပါတ် မပါရှိခြင်း၊ ပြည်ပအလုပ်သမား သက်သေခံကတ် (OWIC) ပါ အလုပ်အကိုင်နဲ့ အမှန်တကယ် လုပ်ကိုင်နေတဲ့ အလုပ်အကိုင်အမျိုးအစား တူညီမှုမရှိခြင်း၊ OWIC ကတ် ရှိပေမယ့်လည်း ပြည်ပအလုပ်ရှင်ထံ ဆက်သွယ်လို့မရခြင်း၊ ရောက်ရှိကြောင်း သတင်းပို့ပုံစံ (ဆိုက်ရောက်စာ) မပါရှိခြင်း စတဲ့ အချက်တွေကြောင့်လည်း ပြည်ပထွက်ခွာခွင့် လျှောက်ထားမှုတွေ ပယ်ချခံနေရတယ်လို့ သိရပါတယ်။
“အကြောင်းပြချက်တွေ၊ ကန့်သတ်ချက်တွေ မျိုးစုံနဲ့ကို ပယ်ချခံနေကြရတာပါ။ တချို့ကျတော့လည်း လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း နိုင်ငံတော်ကို အခွန်ဆောင်ထားတာ မရှိလို့ ပြန်ထွက်ခွင့်မရဘူး။ မြန်မာပြည်ထဲ ပြန်လာပြီးရင် ပြည်ပကို အလွယ်တကူ ပြန်ထွက်နိုင်ဖို့က ဒီအချိန်မှာ လုံးဝ မလွယ်ပါဘူး” လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်တယောက်က ပြောပါတယ်။
ဒါကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အခွန်ဆောင်ထားတဲ့ အလုပ်သမားတွေ အလွယ်တကူ ဝင်/ထွက်နိုင်ဖို့ စီစဉ်ပေးသင့်သလို OWIC ကတ် အသစ်ပြုလုပ်တာ၊ သက်တမ်းတိုးတာတွေကိုလည်း သက်ဆိုင်ရာသံရုံး (ဒါမှမဟုတ်) အွန်လိုင်းကနေတဆင့် ဆောင်ရွက်ခွင့်ပြုသင့်တယ်လို့ သူက ပြောပါတယ်။
“အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ချက်တွေ၊ မူဝါဒတွေ တခုပြီးတခု ထုတ်နေတယ်။ တချို့ ကန့်သတ်ချက်တွေဆို ကြိုတင်အသိပေး ထုတ်ပြန်တာ၊ တရားဝင်ထုတ်ပြန်တာမျိုး မရှိဘူး။ ဒီလို ကန့်သတ်နေတာတွေကြောင့် ကျွန်တော်တို့ အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ အချိန်မီ ပြန်မဝင်နိုင်တာတွေ ဖြစ်လာတယ်။ အလုပ်ရှင်ဘက်ကနေ စာချုပ် ဖျက်သိမ်းတာတွေ ရှိလာတော့ အလုပ်အကိုင် ဆုံးရှုံးတာတွေ ဖြစ်လာတယ်” လို့ ခွင့်ပြန် အလုပ်သမားတယောက်က ပြောပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၁၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၁၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၄၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၀၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၄၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၀၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၅၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၈၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၁၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၀၈၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၇၀ ကျပ်
ဝယ်ဈေး - ၄၂၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၉၀ ကျပ်
ဝယ်ဈေး - ၄၈၆၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၄ ကျပ်
ဝယ်ဈေး - ၁၀၄၆ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၄၅ ကျပ်
ဝယ်ဈေး - ၆၂၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၅ ကျပ်
ဝယ်ဈေး - ၂၆.၃၆ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၉ ကျပ်
ဝယ်ဈေး - ၄၄.၇၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၂ ကျပ်
ဝယ်ဈေး - ၂.၈၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၆၀ ကျပ်
ဝယ်ဈေး - ၅၇၁၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၄၀ ကျပ်
ဝယ်ဈေး - ၂၉၆၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၉၀ ကျပ်
ဝယ်ဈေး - ၃၀၁၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၈ ကျပ်
ဝယ်ဈေး - ၅၄၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၁ ကျပ်
ဝယ်ဈေး - ၁၁၆၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
image
image
image

ပါကစ္စတန်ကယ်ဆယ်ရေးအဖွဲ့များက ပင်လယ်အတွင်း ပျက်ကျသွားသည့် ကုန်တင်လေယာဉ်၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိ

ပါကစ္စတန်ကယ်ဆယ်ရေးအဖွဲ့များက ပင်လယ်အတွင်း ပျက်ကျသွားသည့် Boeing ကုန်တင်လေယာဉ်၏ အပျက်အစီးများကို ဇူလိုင် ၈ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပြီး လေယာဉ်ပျောက်ဆုံးသွားချိန်တွင် လိုက်ပါသွားသည့် လေယာဉ်အဖွဲ့သား ငါးဦးကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ပြောပြခဲ့သည်။
အဆိုပါ လေယာဉ်သည် ယူအေအီးနိုင်ငံ ရှာဂျာ မြို့မှ ကရာချီမြို့သို့ ဦးတည်ပျံသန်းလာစဉ် ဇူလိုင် ၇ ရက် ညနေပိုင်းက လမ်းကြောင်းပြစနစ်ဆိုင်ရာ ပြဿနာ ရှိနေကြောင်း သတင်းပို့ပြီးနောက် အရှိန်အဟုန်ဖြင့် အမြင့်ပေကျဆင်းသွားသည်ကို ရေဒါတွင် ပြသခဲ့ကြောင်း ပါကစ္စတန်လေဆိပ်အာဏာပိုင်အဖွဲ့ (PAA) က ဆိုသည်။
ပါကစ္စတန်ရေတပ်နှင့် ရေကြောင်းကယ်ဆယ်ရေးအေဂျင်စီတို့သည် ၁၂ နာရီကြာ ရှာဖွေပြီးနောက် ပျောက်ဆုံးကြောင်း ကြေညာခဲ့သည့် K2 Airways Cargo B737 လေယာဉ် ၏ အပျက်အစီးများကို အောင်မြင်စွာ ရှာဖွေတွေ့ရှိပြီး ခွဲခြားသတ်မှတ်နိုင်ခဲ့ကြောင်း PAA က X လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။

image

ပခုက္ကူကြက်သွန်နီ​စျေးကွက် စျေးနှုန်းထပ်မံမြင့်တက်နေပြီး တစ်ပိဿ ၄၅၀၀ ကျပ်ထိ ရောက်ရှိလာ

ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုဇူလိုင်လ ဒုတိယပတ်တွင် ဝယ်လက်များပြားသည့်အတွက် ​စျေးနှုန်းထပ်မံမြင့်တက်နေပြီး တစ်ပိဿ ကျပ် ၄၅၀၀ ထိရောက်ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းအထိ တစ်ပိဿ ၃၅၀၀ ကျပ် ၊ ဇူလိုင်လဆန်းပိုင်းတွင် ၄၀၀၀ ကျပ် ပေါက်​စျေးရှိပြီး ယခုဇူလိုင်လ ၉ ရက်နေ့တွင် ဝယ်လိုအား ပိုမိုများပြားလာပြီး စျေးနှုန်းထပ်မံမြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။
` ကြက်သွန်အနေအထားက တောင်သူက အလာနည်း ဝယ်မဲ့သူက များတော့ ​​စျေးထပ်တက်နေတယ်။ ဝင်သမျှကို ရအောင် စျေးပေးဝယ်ရတယ်။ အရင်က ဒီစျေးတမ်း ဒီလိုအချိန်ဆို ၁ ရက် ပိဿချိန် သိန်းဂဏန်းဝင်တယ်။ အခု လမ်းအ​​ခြေအနေရယ် ပခုက္ကူကနေ စားသောက်ကုန် ဝယ်ပြီး ပြန်လို့မရတော့ တောင်သူက သိပ်မလာကြဘူး။ ၁ ရက်မှ ပိဿချိန် ၁သောင်းကျော် ၂ သောင်းပဲ ဝင်တယ် ´ ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်သူတစ္ဦးက ပြောသည်။

image

တရုတ်နိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၉ ဦးအထိရှိလာ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသတွင် လူအများအပြား သေဆုံးပျက်စီးခဲ့ရသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေသည် ဇူလိုင် ၉ ရက်တွင် ၃၉ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ လူကိုးဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့သည်။
ယခုသီတင်းပတ်အတွင်း ပြင်းထန်သော ရာသီဥတုအခြေအနေကြောင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး ကွမ်ရှီးဒေသ၌ မိုးသည်းထန်စွာရွာသွန်းကာ ဆိုးရွားစွာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ထို့အပြင် ယခုသီတင်းပတ်ကုန်တွင်လည်း အရှေ့ဘက်ပြည်နယ်များဆီသို့ စူပါတိုင်ဖွန်းမုန်တိုင်းတစ်ခု ဦးတည်ရွေ့လျားနေသည်။
သေဆုံးသူများအနက် ၂၆ ဦးမှာ လျူလန်ရေလှောင်တမံ ကျိုးပေါက်မှုနှင့် ဆက်စပ်နေပြီး ထိုနေရာတွင် လူခုနစ်ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ဇူလိုင် ၈ ရက်နေ့တွင် အေအက်ဖ်ပီ သတင်းထောက်များ လျူလန်ဒေသသို့ ရောက်ရှိသွားချိန်၌ ရေကြီးမှုများ ပြန်လည်ကျဆင်းသွားခဲ့ပြီဖြစ်သော်လည်း လမ်းများနှင့် နေအိမ်များမှာမူ ထူထပ်သော ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ရေလှောင်တမံမှ ရေများသည် မြစ်အတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဆင်းနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့သည် အခြားတစ်ဖက်ကမ်းတွင် ပိတ်မိနေသူများထံသို့ အစားအစာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်အတွက် အစားအစာတင်ဆောင်ထားသော ဒရုန်းကြီးများကို စေလွှတ်ခဲ့ကြသည်။
ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံပိုင် စီစီတီဗွီမှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုဖိုင်များတွင် ရေလှောင်တမံ၏ ပြိုကျပျက်စီးသွားသော ကွန်ကရစ်တံတိုင်းများကြားမှ ရေစီးသန်လှသော ရေတံခွန်များ စီးဆင်းနေသည်ကို တွေ့ရပြီး အသက်ကယ်အကျႌများ ဝတ်ဆင်ထားသည့် ကယ်ဆယ်ရေးသမားများကို လေထိုးလှေများဖြင့် စေလွှတ်ထားခဲ့သည်။
လျူလန်ဒေသခံများသည် ပျက်စီးသွားသော ၎င်းတို့၏ နေအိမ်များကို လိုက်လံရှင်းလင်းနေကြပြီး အချို့မှာ ပျက်စီးသွားသည့် အိမ်သုံးပစ္စည်းများကို ကော်ထုတ်ရန်အတွက် မြေတူးစက်များကို အသုံးပြုနေကြသည်ကို အေအက်ဖ်ပီ သတင်းထောက်များက တွေ့မြင်ခဲ့ရသည်။

image

ရန်ကုန်မြို့အတွင်း ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများ၌ ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို ဖမ်းဆီး

ရန်ကုန်မြို့အတွင်း ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများ၌ ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံများကို ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့၌ အမှုစုစုပေါင်း ၁၁၇ မှုနှင့် ကျူးလွန်သူ တရားခံအမျိုးသား ၉၄ ဦး၊ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၉၉ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းအလုံး ၁၄၀ နှင့် ကျပ် ၆၅၇၀၀၀၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

image

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၉) ကြိမ်မြောက် မျက်စိအလှူအတွက် မျက်စိဝေဒနာရှင်များ ဇူလိုင် ၉ ရက်မှ၍ စာရင်းပေးသွင်းနိုင်

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၉) ကြိမ်မြောက် မျက်စိအလှူအတွက် မျက်စိဝေဒနာရှင်များ ဇူလိုင် ၉ ရက်မှ၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း အဆိုပါဆေးရုံ၏ ကြေညာထားချက်အရ သိရသည်။
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် မျက်စိလူနာများအား ဇူလိုင် ၉ ရက်မှစ၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) ဘေလီတံတား၊ နာရီစင်မှတ်တိုင် ဦးဝိစာရနှင့် ပင်လုံလမ်းဆုံ၊ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၌ စတင်လက်ခံသွားမည်ဖြစ်၍ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားစာရင်းပေးနိုင်ကြောင်း သိရသည်။
“(၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူကို ၇ လပိုင်းမှာသော်လည်းကောင်း၊ ၈ လပိုင်းမှာသော်လည်းကောင်း အဆင်ပြေတဲ့ရက်မှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် (၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် စာရင်းလာပေးလို့ရပါတယ်။ မျက်စိကုသပေးမယ့် ရက်အတိအကျကို ပြန်ကြေညာပေးပါ့မယ်” ဟု သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မှ အသိပေးထားသည်။
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၈) ကြိမ်မြောက်မျက်စိ အလင်းအလှူကို ဇွန် ၉ ရက်မှ ၁၄ ရက်အထိ စမ်းသပ်စစ်ဆေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးရာ စမ်းသပ်စစ်ဆေးလူနာ ၁၂၅၇ ဦး၊ ခွဲကုလူနာ ၄၇၆ ဦးနှင့် လေဆာပစ်ကု ၄၅ ဦးတို့ကို ကုသပေးနိုင်ခဲ့ပြီး (၁၈) ကြိမ်မြောက်တွင် မျက်စိခွဲစိတ်ကုသမှုခံယူထားကြသည့် မျက်စိဝေဒနာရှင် ၅၀၀ ကျော်ကိုလည်း ဇူလိုင် ၁၀ ရက်တွင် တစ်လပြည့်အနေဖြင့် ဆရာဝန်ကြီးများက ပြန်လည်စစ်ဆေးပေးမည်ဟု အဆိုပါဆေးရုံမှ ကြေညာထားသည်။
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ ပထမအကြိမ်မှ (၁၈) ကြိမ်မြောက် မျက်စိအလင်းအလှူအထိ မျက်စိဝေဒနာရှင်စမ်းသပ်လူနာ ၂၂၆၇၂ ဦး၊ ခွဲကုလူနာ ၇၀၄၅ ဦးနှင့်လေဆာပစ်ကု ၄၃၉ ဦးကို စစ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

image

ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ ၁၃ ဦးအပေါ် အရေးယူမှုပြုလုပ်ရန် သင့်/ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံထား

ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ ၁၃ ဦးအပေါ် အရေးယူမှုပြုလုပ်ရန် သင့်/မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံထားကြောင်း သိရသည်။
တရားလွှတ်တော်‌ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၆ ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster – 1, Bluding (6) ရှိ တရားလွှတ်တော်‌ရှေ့နေများကောင်စီရုံး၌ ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေး ဆွေးနွေးမှုတွင် အထက်ပါအကြောင်းအရာ ပါဝင်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၁၆၄ ဦးအား တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ ၁၃ ဦးအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်/ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော် ရှေ့နေတစ်ဦးက ဘဏ်ရှေ့နေခန့်ထားနိုင်ရေး အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံပေးနိုင်ပါရန် လျှောက်ထားသည့်ကိစ္စများအား ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တရားလွှတ်တော်ရှေ့နေများ ကောင်စီအဖွဲ့ဝင် လစ်လပ်လျက်ရှိသည့် အဖွဲ့ဝင်နှစ်ဦးနေရာနှင့် ဒုတိယဥက္ကဋ္ဌနေရာတို့အတွက် ဆွေးနွေးဆုံးဖြတ်သည့်ကိစ္စ၊ ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများ၊ နည်းဥပဒေ ၁ (ခ)၊ နည်းဥပဒေ ၈ နှင့် နည်းဥပဒေ ၁၅ တို့ကို ပြင်ဆင်နိုင်ရေးနှင့် နည်းဥပဒေ ၁ (ဂ) ၏ နောက်တွင် နည်းဥပဒေ ၁ (ဃ) ကို ဖြည့်စွက်ရန်ကိစ္စ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာများအား မှတ်တမ်းတင်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခြင်းကို ပြင်းထန်စွာသတိပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းကိစ္စရပ်များ အမိန့်မိတ္တူများနှင့် စပ်လျဉ်း၍ မှတ်တမ်းတင်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြကြောင်းလည်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

image