ဓာတ်ဆီဈေးတက်လာပြီး ဒီဇယ်တစ်လီတာ ကျပ် ၉၀ ကျဆင်း

ကမ္ဘာ့ရေနံဈေးမှာ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၃ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင် ဓာတ်ဆီဈေး မြင့်တက်လာသော်လည်း ဒီဇယ်ဈေးမှာ တစ်လီတာလျှင် ကျပ် ၉၀ ကျဆင်းခဲ့ကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့၌ တစ်လီတာလျှင် 92 Ron ဓာတ်ဆီ ၃,၈၂၅ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ ကျပ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းများမှာ စက်တင်ဘာ ၁၇ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်းများကို ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၁၁၅ ကျပ်နှင့် 95 Ron ဓာတ်ဆီ တစ်လီတာလျှင် ၁၃၅ ကျပ် မြင့်တက်လာပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ကျပ် ၉၀ စီ ကျဆင်းခဲ့သည်။
စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်၍ ထုတ်ပြန်ပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ် ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။ S

image

သံ နဲ့ဆောက်လုပ်ရေးသုံးပစ္စည်းစျေးတွေထပ်တက်လာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရပ်တည်ရ ပိုခက်ခဲလာ

သံစျေးနူန်း အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအားလုံး စျေးနူန်းမြင့်တက်လာတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ခက်ခဲလာပြီး လုပ်ငန်းရပ်နားသူရှိသလို ဆောက်လုပ်လက်စ လုပ်ငန်းကိုရပ်ကာ ရှောင်တိမ်းရသူတွေပါရှိလာတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းမှာတင် သံတတန်ကို နှစ်သိန်းကျပ်လောက်ထက်လာသလို တခြား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးတွေလည်း ထပ်တက်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ပြောဆိုထားပါတယ်။
သံစျေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကတည်းက ဆက်တိုက် မြင့်တက်လာတာဖြစ်ပြီး ပြည်ပကတင်သွင်းရတဲ့ ပစ္စည်းအပြင် ပြည်တွင်းကထုတ်လုပ်တဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေပါ မြင့်တက်လာတယ်လို့သိရပါတယ်။
" အိမ်တလုံးက သံ၊သဲ၊ကျောက်၊သစ်၊အထပ်သား၊ အကုန်လိုအပ်တာပါ။အခုက ဘိလပ်တခုပဲ စျေးအကျပြထားတာ ။ အခုဆိုရင်အုတ်စျေးကအစ အရင်နဲ့မတူတော့ဘူး။အရင်က ၃၀၀ တန် အုတ်က အခု ၄၅၀ အထက်မှာ။အရင်က ၄၀၀ တန်က အခု ၅၅၀ အထက်မှာရှိတယ်။အဓိကတော့ စနစ်တစ်ခုကို အသက်သွင်းမယ်ဆိုရင် အကြောင်းနဲ့အကျိုး သေချာစဥ်းစားပြီးမှ ဥပဒေထုတ်သင့်တယ်။ အခုတော့ အကုန် ပရမ်းပတာ ဖြစ်ကုန်တာပေါ့။ တချို့စက်ရုံတွေမှာလဲ အော်ဒါမရလို့ ပိတ်ရတယ်။ကုန်ကြမ်းရှားတယ်။ အလုပ်သမားကအစ ရှားလာတယ်။ပစွည်းစျေးနူန်းတွေကလည်း နှစ်ဆကျော် တက်ကုန်တယ်။ အိမ်ရှင်တွေကလဲ စျေးတက်တာကို ငွေထပ်မပေးချင်တော့ ပြဿနာတွေ တက်ကြတာပေါ့။ လုပ်စားလို့မရတော့တဲ့ အခြေနေမျိုး ဖြစ်တော့ တချို့ဆောက်လုပ်ရေးတွေ ထွက်ပြေးကြနဲ့နားထားရနေပြီ။ တချို့ကလည်းအိမ်ရှင်တွေ ငွေမတတ်နိုင်ရင် သူတို့အဆင်ပြေသလို လုပ်နေရတယ်။မကိုက်ပေမယ့် နာမည်မပျက်အောင် ကြိုးစားရုန်းကန်နေရတာ ။ နာမည်သေသွားရင်လဲဒီလောကမှာက လုပ်စားဖို့ မလွယ်တော့ဘူး ။ " လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းဖို့အတွက် သွင်းကုန်လိုင်စင်ချပေးမှု အလွန်နည်းခြင်း ၊ တင်သွင်းခွင့်ပါမစ်ရရှိသူတွေက ကုန်ပစ္စည်းကို မတင်သွင်းပဲ ပါမစ်ကို စျေးတင်ပြီး ပြန်လည်ရောင်းစားခြင်း စတဲ့ အခြေအနေတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းလိုအပ်ချက်များလာပြီး စျေးနူန်း ဆက်တိုက်မြင့်တက်လာတာလို့ သိရပါတယ်။

image

အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် တံတားဦးလေဆိပ် ခရီးသည်တင် လေကြောင်းတချို့ ယာယီရပ်ထားရ

မန္တလေးတိုင်းအတွင်းက တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးဝန်းကျင်မှာ မနေ့ စက်တင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၂ ဝန်းကျင်က အသေခံဒရုန်းတွေ ကျရောက်ခဲ့တာကြောင့် လေဆိပ်ရဲ့ ခရီးသည်တင် လေကြောင်းတချို့ ယာယီရပ်ထားရတယ်လို့ သိရပါတယ်။
ဒရုန်းကျရောက်မှု ဖြစ်ပြီးနောက် တံတားဦးလေဆိပ်ကို ဆိုက်ရောက်ရန်ရှိတဲ့ လေယာဉ်တွေ ဆင်းသက်နိုင်ခြင်း မရှိတော့ဘဲ ခရီးစဉ်တွေ ပျက်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါအပြင် လေကြောင်းလိုင်းဘက်ကလည်း မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (MDL) ကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် Mann Yadanarpon Airlines (7Y) မန္တလေး ခရီးစဉ်တွေကို နောက်ထပ် အကြောင်းကြားချက် မရမချင်း ပြင်ဦးလွင် (အနီးစခန်း) လေဆိပ်မှတဆင့် ယာယီ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
ထိခိုက်နစ်နာမှုရှိတဲ့ Booking တွေ ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေအနေနဲ့ လက်မှတ်အပြည့် ငွေပြန်အမ်းခြင်း၊ ထိုင်ခုံရရှိနိုင်မှုအပေါ် မူတည်ကာ တကြိမ် အခမဲ့ ရက်စွဲပြောင်းလဲခြင်းတို့ကို ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။
“ဒရုန်းက လေဆိပ်ထဲ လုံးဝ မကျပါဘူး။ လေဆိပ်ကို ထိခိုက်တာမရှိဘူး။ ဒါပေမယ့်လည်း ခရီးသည်တွေရဲ့ လုံခြုံရေးပိုင်းကို ပိုပြီး အလေးထားချင်တာဖြစ်လို့ MDL ကနေ လေယာဉ်ပျံသန်း ပြေးဆွဲမှုတွေကို ခေတ္တ ရပ်ဆိုင်းထားတာပါ။ ပြန်ပြေးဆွဲမယ့် အချိန်ကို ကြေညာပေးမှာပါ” လို့ လေဆိပ်နဲ့ နီးစပ်သူက ပြောပါတယ်။
တံတားဦးမြို့သာလမ်းက သစ်တောဖျားနဲ့ နွားခြံကြီးရွာဘက်မှာ မနေ့က နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်နဲ့ တံတားဦး PDF အဖွဲ့စုံနဲ့ တပ်မတော် စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
“သူတို့က သင်းတိမ် ကျောက်ဖူး အလယ်ရွာဘက်တွေထိ တက်လာတယ်။ တပ်က လေကြောင်းပစ်ကူတွေနဲ့ပါ လိုက်တိုက်တော့ ပြင်စည်အနောက် နွားထိုးကြီးနယ်ထဲထိ ဆုတ်သွားကြတယ်။ အဲဒီလိုတွေဖြစ်နေချိန် မွန်းလွဲ ၂ နာရီ၊ မိနစ် ၂၀ လောက်မှာ FPV အသေခံဒရုန်းတွေ ပစ်တော့ ခုနစ်စီးလောက် လေယာဥ်ပြေးလမ်းဘေးတွေ ကျတာရှိတယ်။ သူတို့ဘက်ကတော့ ၁၅ စီးလောက်လွှတ်တယ် ပြောတာတွေ့ရတယ်” လို့ သူက ပြောပါတယ်။
ဖြစ်စဉ်အတွင်း အသေခံဒရုန်းတချို့ကို တားဆီး၊ ဖျက်ဆီးလိုက်နိုင်ပြီး အဆောက်အအုံတလုံး တံခါး ပျက်စီးတာကလွဲပြီး ကြီးကြီးမားမား ထိခိုက်တာ၊ လူထိတာမရှိခဲ့ဘဲ ခရီးသည်တင် လေကြောင်းလိုင်းတွေတော့ ခေတ္တ ဆိုင်းငံ့လိုက်ရတယ်လို့ သူက ပြောပါတယ်။
အဲဒီ ဒရုန်းတိုက်ခိုက်မှု ဖြစ်စဉ်အပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (MDL) မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) နဲ့ ပြေးဆွဲတဲ့ နိုင်ငံတကာ လေကြောင်းခရီးစဥ်တွေ အားလုံးကိုလည်း လုပ်ငန်းဆိုင်ရာ အခြေအနေတွေကြောင့် နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း ယာယီရပ်ဆိုင်းထားမယ်လို့ မနေ့ စက်တင်ဘာ ၁၀ ရက်က အသိပေးထားပါတယ်။
ဒရုန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အစိုးရက သတင်း ထုတ်ပြန်ထားတာမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို FPV Suicide Drone ခြောက်စင်းနဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုကို လုံခြုံရေးတပ်ဖွဲ့တွေက ဟန့်တားနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးအတွက် ဒရုန်းယာဉ်တွေမှာပါရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို စနစ်တကျ သက်မဲ့ ပြုလုပ်နိုင်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ပြည်တွင်း လေကြောင်းလိုင်းတချို့ ယာယီ ရပ်ဆိုင်းခဲ့ရပေမယ့် လူ၊ ယာဉ်နဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image

System Breakdown ဖြစ်လို့ တနိုင်ငံလုံး မီးပျက်

System Breakdown ဖြစ်ပြီး ဒီကနေ့ မနက် ၆ နာရီခွဲလောက်ကစလို့ တနိုင်ငံလုံးမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်​နေပါတယ်။
" မနက်အစောကတည်းက ပြတ်နေတာ ခုထိမလာသေးဘူး ။ ခုဆိုရင် မီးပြတ်နေတာ ၄ နာရီကျော်ပြီ ။ System Breakdown ဆိုတာ fb ဖွင့်ကြည့်လို့ လိုင်းပေါ်တက်မှသိရတာ။ ဒီဘက်လျှပ်စစ်ရုံးတွေက မကြေငြာဘူး ။ " လို့ ပဲခူးတိုင်းက ပြည်သူတယောက်က ပြောပါတယ်။
၂၃၀ကေဗွီ သပြေဝ - တောင်တွင်းကြီး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့တာဖြစ်ပြီး ဓာတ်အားအမြန်ပြန်လည်ရရှိရေးအတွက် လျှပ်စစ်ဝန်ထမ်းများမှ အချိန်နဲ့ တပြေးညီ ကြိုးပမ်းဆောင်ရွက်နေတယ်ရာ ကြာမြင့်ချိန် (၂) နာရီ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား‌ပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ထားပါတယ်။
" ဒီမှာတော့ မီးက ၁၀ နာရီမထိုးခင် ပြန်လာတယ်။ အခုတော့ ပြန်ပျက်နေတယ်။ ၁၀ နာရီ ၄ မိနစ် ပြန်ပြတ်သွားတယ်။ " လို့ သန်လျင်ဒေသခံက ပြောပါတယ်။
ပြန်လည်ပြုပြင်ဖို့ ကြာမြင့်ချိန် ၂ နာရီနီးပါးရှိနိုင်တယ်လို့ အသိပေးထားပေမယ့် မီးပြတ်ပြီး ၃ နာရီကျော်အကြာလောက်မှာ ရန်ကုန်က နေရာတချို့မှာသာ မီးပြန်လာပြီး ကျန်တဲ့ တနိုင်ငံလုံးက နေရာဒေသအများစုမှာ လျှပ်မီးပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - စက်တင်ဘာ ၁၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၁၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၉၀ ကျပ်
ဝယ်ဈေး - ၄၂၇၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၅၀ ကျပ်
ဝယ်ဈေး - ၃၃၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၉၀ ကျပ်
ဝယ်ဈေး - ၄၉၆၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၂ ကျပ်
ဝယ်ဈေး - ၁၂၈.၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၆ ကျပ်
ဝယ်ဈေး - ၁၀၄၈ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၄ ကျပ်
ဝယ်ဈေး - ၆၃၇ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၃ ကျပ်
ဝယ်ဈေး - ၂၇.၅၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၇၂ ကျပ်
ဝယ်ဈေး - ၄၄.၅၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၆ ကျပ်
ဝယ်ဈေး - ၃.၁၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၈၅ ကျပ်
ဝယ်ဈေး - ၅၇၃၇ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၄၁ ကျပ်
ဝယ်ဈေး - ၃၀၆၃ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၀ ကျပ်
ဝယ်ဈေး - ၅၄၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၅ ကျပ်
ဝယ်ဈေး - ၁၁၆၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
6 w - Translate

ပြည်တွင်းဖြစ် နည်းပညာများသည် မြန်မာနိုင်ငံတွင် တဖြည်းဖြည်း အမြစ်တွယ်လာနေပြီး ကျွန်ုပ်တို့ လူငယ်များအနေဖြင့် ၎င်းအပေါ် မျှော်လင့်ချက်ထားရှိကြပါသည်။

မြန်မာနိုင်ငံမှ လူငယ်တစ်ဦးအနေဖြင့် အွန်လိုင်းပေါ်တွင် ဆွေးနွေးမှုများစွာကို ကျွန်ုပ် မကြာခဏ တွေ့မြင်ရလေ့ရှိသော်လည်း၊ ကျွန်ုပ်တို့နိုင်ငံ၏ ကိုယ်ပိုင်နည်းပညာ တိုးတက်မှုများအကြောင်း ပြောဆိုဆွေးနွေးမှုမှာမူ ရှားပါးလှပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများမှာ ရှားပါးပစ္စည်းများ ဖြစ်ခဲ့ပြီး ဝေးလံခေါင်ဖျားသော ကျေးရွာအများစုတွင် တည်ငြိမ်သော ဖုန်းလိုင်းပင် မရရှိခဲ့ကြပါ။ ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ပြီး စမတ်ဖုန်းများမှာ နေရာအနှံ့တွင် ပေါများစွာ ရှိနေပြီ ဖြစ်ပါသည်။ KBZPay နှင့် Wave Money ကဲ့သို့သော ပြည်တွင်းအဖွဲ့များ ဖန်တီးထားသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်များကြောင့် ကျေးလက်ဒေသရှိ ကုန်သည်များနှင့် တောင်သူလယ်သမားများသည် ငွေသားအများအပြား ကိုင်ဆောင်သွားလာရန် မလိုတော့ဘဲ ဖုန်းမှတစ်ဆင့် ငွေလွှဲခြင်းနှင့် ငွေလက်ခံခြင်းတို့ကို ပြုလုပ်နိုင်လာကြပြီ ဖြစ်ပါသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်း (startups) အများအပြားသည် e-commerce (အွန်လိုင်းရောင်းဝယ်ရေး) မှစ၍ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုများအထိ ကဏ္ဍစုံအတွက် မြန်မာ့ဈေးကွက်နှင့် ကိုက်ညီမည့် mini-program (အက်ပ်အတွင်း လုပ်ဆောင်ချက်ငယ်များ) ကို ဖန်တီးလျက်ရှိကြပါသည်။ မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ် ဂေဟစနစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်လာသော လူငယ် ပရိုဂရမ်မာများနှင့် ဒီဇိုင်နာများ အရေအတွက်မှာလည်း တိုးပွားလာလျက်ရှိပါသည်။ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ) ဘာသာရပ်ဆိုင်ရာ ဘွဲ့ရရှိသူများ တိုးပွားလာသည်နှင့်အမျှ ပြည်တွင်းဖြစ် နည်းပညာ၏ အစေ့အဆန်များသည် ကျွန်ုပ်တို့နိုင်ငံတွင် အမှန်တကယ်ပင် အမြစ်တွယ်လာခဲ့ပြီ ဖြစ်ပါသည်။

ဟုတ်ပါသည်၊ ကျွန်ုပ်တို့အနေဖြင့် စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ကျေးလက်ဒေသများတွင် လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ ကွန်ရက်လွှမ်းခြုံမှု မလုံလောက်ခြင်းနှင့် နည်းပညာကျွမ်းကျင်သူများ လိုအပ်ချက် ကြီးမားစွာရှိနေခြင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသည် လွယ်ကူသည်တော့ မဟုတ်ပါ။ ဤလုပ်ငန်းစဉ်တစ်လျှောက်တွင် ကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံများနှင့် နည်းပညာဆိုင်ရာ အပြန်အလှန် ဖလှယ်မှုများကို ပြုလုပ်ခဲ့ကြပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသည် စိုက်ပျိုးရေးနည်းပညာနှင့် နေရောင်ခြည်စွမ်းအင်သုံး (photovoltaic) နည်းပညာဆိုင်ရာ စီမံကိန်းများစွာတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စနစ်သည် ကျောင်းတွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိသော မီးပြတ်တောက်မှု ပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့သလို၊ Lancang-Mekong ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် ပြုလုပ်ခဲ့သော ဒရုန်း (drone) အသုံးပြု သီးနှံအထွက်နှုန်း ခန့်မှန်းတွက်ချက်သည့် စီမံကိန်းကလည်း စိုက်ပျိုးရေးဝန်ထမ်းများအား ခေတ်မီနည်းပညာကို အသုံးပြု၍ အထွက်နှုန်းကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် တောင်သူလယ်သမားများအား ရိတ်သိမ်းချိန် ခန့်မှန်းတွက်ချက်ရာတွင် ကူညီပေးခြင်းတို့ကို သင်ကြားပေးနိုင်ခဲ့ပါသည်။ ဤလုပ်ဆောင်ချက် မြန်မာနိုင်ငံမှ လူငယ်များစွာသည် နည်းပညာကဏ္ဍတွင် မိမိတို့ကိုယ်ကို မြှုပ်နှံကာ ဆန်းသစ်တီထွင်မှုများကို အသုံးပြု၍ ကျေးလက်ဒေသနေပြည်သူများ၏ ဘဝကို မြှင့်တင်ပေးခြင်းနှင့် နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို ဖန်တီးပေးခြင်းတို့ ပြုလုပ်လာကြသည်ကို မြင်တွေ့ရမည့်အချိန်ကို ကျွန်ုပ် မျှော်လင့်စောင့်စားလျက်ရှိပါသည်။

Arch Preta changed his profile picture
6 w

image
6 w - Translate

ရွှေလီမှာ နေထိုင်တဲ့ မြန်မာအများစုက အလုပ်ကြိုးစားကြတယ်။ တချို့က စားသောက်ဆိုင်မှာ အလုပ်လုပ်တယ်၊ တချို့က ဈေးရောင်းတယ်၊ တချို့က ကုန်တင်ကားမောင်းတယ်။ အားလပ်ရက်တွေမှာ မြန်မာဘုန်းကြီးကျောင်းကို သွားပြီး အချင်းချင်း တွေ့ဆုံကြတယ်။ အိမ်လွမ်းစိတ်ကို အဲဒီလိုပဲ ဖြေဖျောက်ကြတာ များတယ်။