စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

သိဖို့

image

🥬 မုန်ညင်းစိမ်း ကင်မ်ချီ (Gat-Kimchi) ပြုလုပ်နည်း
ကိုရီးယားစတိုင် မုန်ညင်းစိမ်း ကင်မ်ချီ (Mustard Greens Kimchi) ဟာ ပုံမှန်မုန်လာထုပ်ကင်မ်ချီထက် ပိုပြီး အရသာကွဲပြားပါတယ်။ မုန်ညင်းရဲ့ ခါးသက်သက်အရသာနဲ့ အစပ်အဟပ်တည့်ပြီး ထမင်းမြိန်စေတဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

မုန်ညင်းစိမ်းရဲ့ ထူးခြားတဲ့ အနံ့နဲ့ အရသာကို ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေဆုံးနည်းလမ်းပါ။

၁။ လိုအပ်မည့် ပစ္စည်းများ
မုန်ညင်းစိမ်း (Mustard Greens): ၅၀၀ ဂရမ်ခန့်

ဆား (ပင်လယ်ဆား): ခွက်တစ်ဝက်ခန့် (မုန်ညင်းနယ်ရန်)

ဂျုံမှုန့် သို့မဟုတ် ကောက်ညှင်းမှုန့်: စားပွဲတင်ဇွန်း ၂ ဇွန်း (ကော်ရည်ကျိုရန်)

ကိုရီးယား ငရုတ်သီးမှုန့်: ခွက်တစ်ဝက် (အစပ်ကြိုက်က ပိုထည့်နိုင်သည်)

ငါးငံပြာရည်: စားပွဲတင်ဇွန်း ၄ ဇွန်း

ပုစွန်ချဉ် (Salted Shrimp): စားပွဲတင်ဇွန်း ၁ ဇွန်း (မရှိလျှင် ငါးငံပြာရည် ပိုထည့်ပါ)

ကြက်သွန်ဖြူ (ညက်နေအောင်ထောင်းထားသည်): စားပွဲတင်ဇွန်း ၂ ဇွန်း

ဂျင်း (ညက်နေအောင်ထောင်းထားသည်): လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား: စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်: ၂ ပင် (အနေတော်လှီးထားရန်)

၂။ ပြုလုပ်ပုံ အဆင့်ဆင့်
အဆင့် (၁) မုန်ညင်းကို ဆားရည်စိမ်ခြင်း
မုန်ညင်းစိမ်းကို ရေစင်အောင်ဆေးပြီး အမြစ်ပိုင်းကို ဖြတ်ပါ။ အရွက်ကို အရှည်အတိုင်းဖြစ်စေ၊ အပိုင်းလေးများဖြစ်စေ လှီးဖြတ်ပြီး ဆားဖြူးကာ ၁ နာရီခွဲခန့် ထားပါ။ (မုန်ညင်းရိုးလေးတွေ ပျော့သွားတဲ့အထိ ထားပေးရပါမယ်)။ ထို့နောက် ရေ ၃ ထပ်ခန့် ပြန်ဆေးပြီး ရေစစ်ထားပါ။

အဆင့် (၂) ကော်ရည် ပြင်ဆင်ခြင်း
ရေတစ်ခွက် (၂၀၀ မီလီလီတာခန့်) ထဲသို့ ကောက်ညှင်းမှုန့် ထည့်မွှေပြီး မီးဖိုပေါ်တွင် ပျစ်လာသည်အထိ ကျိုပေးပါ။ ပျစ်လာလျှင် သကြားထည့်ပြီး အအေးခံထားပါ။

အဆင့် (၃) အနှစ်နယ်ခြင်း
အအေးခံထားသော ကော်ရည်ထဲသို့ ငရုတ်သီးမှုန့်၊ ငါးငံပြာရည်၊ ပုစွန်ချဉ်၊ ကြက်သွန်ဖြူ၊ ဂျင်း နှင့် ကြက်သွန်မြိတ်များကို ရောမွှေလိုက်ပါ။

အဆင့် (၄) အရသာသွင်းခြင်း
ရေစစ်ထားသော မုန်ညင်းများကို ပြင်ဆင်ထားသော အနှစ်များဖြင့် တစ်ရွက်ချင်း သေချာနှံ့အောင် နယ်ပေးပါ။ (လက်အိတ်စွပ်ပြီး နယ်ပါက ငရုတ်သီးပူခြင်းမှ ကာကွယ်နိုင်ပါတယ်)။

💡 စားသုံးရန် အကြံပြုချက်
မုန်ညင်းကင်မ်ချီကို လေလုံသောဘူးထဲထည့်ပြီး အပြင်မှာ ၁ ရက်ခန့် ထားပါ။

ထို့နောက် ရေခဲသေတ္တာထဲသို့ ပြောင်းထည့်ပြီး ၃ ရက်ခန့်ကြာလျှင် အရသာ ပိုဝင်ပြီး စားကောင်းလာပါလိမ့်မည်။

၎င်းကို ထမင်းပူပူလေး၊ သို့မဟုတ် အသားကင်များဖြင့် တွဲဖက်စားသုံးပါက အလွန်လိုက်ဖက်ပါတယ်။

image
5 w - Translate

ပိုက်ဆံချမ်းသာ လာတဲ့အခါ မှားလေ့မှားထရှိကြတဲ့ အမှားများ
၁။ ငွေပိုသုံးလာပြီး ချွေတာမူ အားနည်းလာမယ်
အရင်က ငွေကြေး မချမ်းသာလို့ ငွေကို နည်းနည်းလေး သုံးတတ်ပေမယ့် ချမ်းသာလာတဲ့ အခါမှာ ငွေကိုများများ သုံးလာပြီး ချွေတာမူ အားနည်းလာတဲ့ အမှားများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငွေပိုဝင်လာရင် ချွေတာပြီး စုဆောင်းပါ။
၂။ အလုပ်လုပ်တာ အားနည်းလာပြီး အပျော်အပါး ပိုများလာတတ်တယ်
ငွေကြေး ချမ်းသာ ကြွယ်ဝလာပြီဆိုတာနဲ့ အလုပ် လုပ်တဲ့အပိုင်းမှာ အရင်ကထက် အားနည်းလာတတ်ပါတယ်။ ချမ်းသာလာတဲ့ အတွက် မိတ်ဆွေအပေါင်းအသင်းကလည်း များလာတော့ အပျော်အပါးမှာ အချိန်ပိုသွားနိုင်ပါတယ်။ ဒါကြောင့် သတိထားပါ။
၃။ ချမ်းသာအောင် ကူညီပေးတဲ့ သူတွေကိုမေ့ပြီး မြှောက်ပင့်ပေးတဲ့ သူတွေနဲ့ သာယာတတ်တယ်
စည်းစိမ် ဥစ္စာတွေ ကြွယ်ဝလာပြီဆိုရင် မိမိကိုယ် လူတွေက မြှောက်ပင့်ပြီး ပေါင်းလာကြပါလိမ့်မယ်။ အဲဒီလို မြှောက်ပင့်သူတွေနဲ့ သာယာပြီး မိမိကိုယ် ချမ်းသာအောင် ကူညီသူများကိုတော့ မေ့နေတတ်ပါတယ်။ အဲဒီလို မဖြစ်စေပါနဲ့။
၄။ မလိုအပ်တဲ့ ပစ္စည်းတွေကို စိတ်ကျေနပ်ဖို့ အတွက် ဝယ်ဖြစ်တယ်
ပိုက်ဆံ မချမ်းသာတုန်းကတော့ ပစ္စည်းတစ်မျိုး ဝယ်မယ်ဆိုရင် တကယ်လိုအပ်ပြီး အသုံးတည့်တာတွေကိုပဲ ဝယ်ဖြစ်ခဲ့ပေမယ့် ချမ်းသာလာတဲ့ အခါမှာ နည်းနည်းလေး လိုအပ်တာနဲ့ ဝယ်ဖြစ်ခဲ့လိုက်တယ်။ နောက်ဆုံးတော့ အိမ်မှာ အမှိုက်တွေ ဖြစ်သွားခဲ့တာပေါ့။ ဒါကြောင့် သတိထားပါ။
၅။ ဘဝ မေ့ပြီး ဘဝင်မမြင့်စေနဲ့
မိမိရဲ့ အရင်တုန်း ဘဝကို မေ့နေတတ်တယ်။ ချမ်းသာလာပြီဆိုရင် အစစအရာရာ ပြောင်းလဲသွားလို့ ဘဝမေ့ပြီး ဘဝင် မြင့်လာတတ်တယ်။ ဒီအတွက်တော့ ဘဝမေ့ပြီး ဘဝင်မမြင့်ပါစေနဲ့။
Team (ရိုးရာလေး)

image
5 w - Translate

""စိတ်ချမ်းသားချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ""
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
"နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့
"တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ်
ဒါမှ စိတ်ချမ်းသာရမှာပါ ။
"သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး
"နေအလင်းရောင် တစ်ခုတည်းနဲ့ ကမ္ဘာကြီးလင်းနေရင်
"ညဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလေ ။
"ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင်
ကိုယ်ပဲပင်ပန်းရလိမ့်မယ်၊
"လွှတ်ချသင့်တဲ့အရာတွေကို
"လွှတ်ချတတ်အောင်သင်ယူပါ၊
"ဆွဲထားသမျှ ပူလောင်နေရင်
အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင်
သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ ။
"ဒါကြောင့်မှန်နေရင်တောင် မငြင်းနဲ့ တိတ်ဆိတ်နေခြင်းက
ပညာပါ၊ မြင်နေရင်တောင် မပြောပဲနေရမဲ့အနေအထားဆိုရင်
မသိချင်ယောင်ဆောင်ထားလိုက်ပါ
"တချို့တွေက
စေတနာရဲ့ တန်ဖိုးကို နားလည်မှာမဟုတ်ဘူး ။
"ဘဝမှာအများကြီးပေးလို့ အများကြီးပြန်ရတာဆိုလို့
မေတ္တာပဲရှိတယ်
"ဒါပေမဲ့ မေတ္တာနဲ့ မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ
"ပြန်ရတာက နောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသဖြစ်ခြင်းကြောင့်
ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမဲ့အတူတူ
"မသိချင် ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။
#credit

image

တစ်နေ့ကို တစ်ခွက်ပဲ သောက်ပေးရုံနဲ့ သွေးကြောတွေကို သန့်စင်ပေးပြီး သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေပါတယ်။ ဆီးချိုသွေးချိုကို ထိန်းညှိပေးတဲ့အပြင် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် သွေ;ဆုံ;ကိုင်ဝေဒနာ ခံစားနေရသူတွေအတွက် အရမ်းကို လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်၊၊ လိုအပ်တဲ့ ပစ္စည်းတွေကတော့...
• နာနတ်သီး တစ်စိတ်
• တရုတ်နံနံရွက် ၅၀ ဂရမ်
• ရေ တစ်ဖန်ခွက် (၂၅၀ မီလီလီတာ) တို့ပဲ ဖြစ်ပါတယ်၊၊
ပြုလုပ်နည်း...
ပါဝင်ပစ္စည်းများအားလုံးကို ရောပြီး ကြိတ်စက်နဲ့ ကြိတ်ပေးပါ။ ပြီးရင်တော့ အဖတ်တွေကို စစ်ထုတ်ပြီး တစ်နေ့တစ်ကြိမ် အစာမစားခင် ပုံမှန် သောက်ပေးရုံပါပဲ။
ဒီနည်းလမ်းလေးက သွေးမွှားဥအရေအတွက်ကို တိုးစေပြီး သွေးတွင်းအဆီဓာတ်နဲ့ ဆီးချိုကို လျှော့ချပေးနိုင်ပါတယ်။ ဂင်ဇာရောဂါကိုတောင် ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

image

image

ကျောက်ဖရုံသီးကြိတ်ရည်၏ အံ့မခန်းစွမ်းပကား
အားဆေးပင် မလိုတော့ပါ (ဖတ်ချိန် ၃၀ စက္ကန့်)
ကျောက်ဖရုံသီးကြိတ်ရည်ကို တစ်နေ့ ဖန်ခွက်တစ်ခွက် (350 ml) သောက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -
ကျောက်ကပ်ဝေဒနာရှင် အမျိုးသမီး (၅၁ နှစ်):
ဆီးချိုနှင့် ကျောက်ကပ်ကျောက်တည်ရောဂါကြောင့် ဗိုက်အောင့်၊ ဖျားနာကာ ဆေးရုံတက်ကုသသော်လည်း မသက်သာခဲ့ပါ။ သိုသော် ကျောက်ဖရုံရည်ကို တစ်လကျော် နေ့စဉ်သောက်ရာ ၁ ရက်၊ ၂ ရက်အတွင်း သိသိသာသာ သက်သာလာပြီး ကျောက်ပါ ကြေသွားခဲ့သည်။ (အစာသည်လည်းဆေး၊ ဆေးသည်လည်းအစာ ဖြစ်ပါသည်)
သည်းခြေကျောက်တည်သူ အမျိုးသား (၇၀ နှစ်):
ကျောက်ဖရုံရည်နှင့် အရွက်စိမ်းကြိတ်ရည်ကို သောက်သုံးခြင်းဖြင့် ခွဲစိတ်စရာမလိုဘဲ သည်းခြေနှင့် ကျောက်ကပ်ရှိ ကျောက်များ ပျောက်ကင်းသွားပါသည်။
ဆီးခဏခဏသွားသူ အမျိုးသား (၅၅ နှစ်):
ကွမ်းကြိုက်၍ ကျောက်ကပ်စိုးရိမ်သဖြင့် သောက်ရာ တစ်လအကြာတွင် ညဘက် ဆီးထသွားရခြင်းများ ကင်းဝေးသွားပါသည်။
ဆီးကျဉ်၊ ဆီးအောင့်သူ အမျိုးသမီး (၄၃ နှစ်):
ဆီးခဏခဏသွားသော်လည်း နည်းနေသူဖြစ်ရာ ကျောက်ဖရုံရည် စမ်းသောက်ပြီး ၂ ရက်အတွင်း ဆီးပုံမှန် ပြန်ဖြစ်သွားပါသည်။
အပိုဆောင်း အကျိုးကျေးဇူး:
ကိုယ်နံ့၊ ချွေးနံ့ ပြင်းထန်သူများလည်း သောက်သုံးသင့်ပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို စုပ်ယူဖယ်ရှားပေးနိုင်သော ဂုဏ်သတ္တိရှိပါသည်။
အကြံပြုချက်
ကွမ်းကြိုက်သူများနှင့် ကျောက်ကပ်ကျောက်တည်မှာ စိုးရိမ်သူများအတွက် ကျောက်ဖရုံသီးကြိတ်ရည်သည် အကောင်းဆုံး လက်တွဲဖော် ဖြစ်ပါသည်။ ယခုအခါ ကျွန်တော်နှင့်အတူ ၁၁ ဦးခန့် ပုံမှန်သောက်သုံးနေကြပြီး ရောဂါကုသရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် အလွန်တန်ဖိုးရှိသော သဘာဝဆေးစွမ်းတစ်ခွက် ဖြစ်ပါကြောင်း မျှဝေလိုက်ရပါသည်။

image

ဒီနည်းလမ်းအတိုင်း လုပ်စားလာတာ ၁ ပတ်ရှိပြီဖြစ်လို့ ခန္ဓာကိုယ်မှာ သိသိသာသာ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ ကျန်းမာရေး ပိုကောင်းလာသလို၊ လမ်းလျှောက်ရတာလည်း ပိုသွက်လက်လာပါတယ်။ လုပ်ရတာလည်း လွယ်ကူပြီး မီးဖိုချောင်ထဲမှာရှိတဲ့ ပစ္စည်းတွေနဲ့တင် အဆင်ပြေပြေ လုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ...
• ဂျင်းတက် - ၁၀ ပြား (အကွင်းလိုက် လှီးထားပါ)
• ကြက်သွန်ဖြူ - ၅ တက်
• သံပရာသီး - ၁ လုံး
• ပျားရည် - ထမင်းစားဇွန်း ၁ ဇွန်း
• ဆိုဒါ (Soda Water) - ၁ ပုလင်း
ပြုလုပ်နည်း
1. ဂျင်းနဲ့ ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပါ (သို့မဟုတ်) ကြိတ်စက်နဲ့ ကြိတ်ပေးပါ။
2. ညက်သွားပြီဆိုလျှင် ဖန်ခွက်ထဲထည့်ပြီး သံပရာသီး ၁ လုံးကို ညှစ်ထည့်ပါ။
3. ပျားရည် ထမင်းစားဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။
4. ပြီးနောက် ဆိုဒါကို ဖန်ခွက်အပြည့် လောင်းထည့်ပြီး အားလုံးနှံ့သွားအောင် မွှေပေးပါ။
5. ဆေးဖက်ဝင် အာနိသင်များ ထွက်လာစေရန် ၅ မိနစ်ခန့် ဒီအတိုင်း ထားထားပါ။
6. ၅ မိနစ်ပြည့်လျှင် အဖတ်များကို စစ်ထုတ်ပြီး အရည်ကိုသာ ယူပါ။
သောက်သုံးရန်အညွှန်း...
• တစ်နေ့လျှင် ၁ ခွက် ပုံမှန်သောက်ပေးပါ။
• အစာမစားမီဖြစ်စေ၊ စားပြီးမှဖြစ်စေ အဆင်ပြေတဲ့အချိန်မှာ သောက်နိုင်ပါတယ်။
• ၁ ပတ်ထက်ပိုပြီး ဆက်တိုက်သောက်ပေးပါက ကျန်းမာရေး သိသိသာသာ ကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။
ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
• သွေးတွင်း အဆီဓာတ်ကို လျော့ကျစေပါတယ်။
• သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း ဝေဒနာခံစားနေရသူများအတွက် အထူးကောင်းမွန်ပါတယ်။
• ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးပါတယ်။
• ဗိုက်အောင့်၊ ဗိုက်ကယ်ခြင်းနှင့် ပျို့အန်ခြင်း ဝေဒနာများကို သက်သာစေပါတယ်။
မှတ်ချက် - ဒီနည်းလမ်းကို ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုပါတယ်။

image

နမ္မတီးမှာ အရွယ်စားကြီးမားတဲ့ မိုးသီးတွေကြွေကျမှုကြောင့် ရာနဲ့ချီတဲ့အိမ်အမိုးတွေနဲ့ စိုက်ခင်းတွေ ပျက်စီး

မတ် ၁၅ ၊ ၂၀၂၆

ကချင်ပြည်နယ် ၊ နမ္မတီးမြို့နဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေမှာ မတ်လ ၁၄ ရက်နေ့ညပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းပြီး အရွယ်အစားကြီးမားတဲ့ ကြက်ဥအရွယ်ခန့် မိုးသီးတွေ ကြွေကျခဲ့တာကြောင့် နေအိမ်ရာနဲ့ချီပြီး အိမ်အမိုးသွပ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။

မိုးသီးထိမှန်မှုကြောင့် အိမ်အမိုးသွပ်တွေမှာ
အပေါက်တွေဖြစ်ပေါ်ခဲ့ပြီး တချို့အိမ်တွေမှာဆိုရင် ယာယီနေထိုင်လို့​တောင်မရတဲ့အထိ အိမ်အမိုးသွပ်အားလုံး အပေါက်တွေဖြစ်ကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ည ၇ နာရီခွဲ ၈ နာရီလောက်မှာ ဖြစ်တာ ။ နမ္မတီးမြို့ပေါ်ရပ်ကွက်တွေ နဲ့ ကပ်လျက်ရွာတွေမှာ ဖြစ်တာပါ။ သူဌေးကုန်းရွာလည်းဖြစ်တယ်။နမ္မတီးမြို့ပေါ်ဆိုရင် ရပ်ကွက်လေးခုရှိတာ အကုန်လုံးနီးပါး ထိတယ်။ မြို့ပေါ်တင် မိုးသီးထိလို့ အိမ်မိုးသွပ်ပျက်စီးတာ ရာဂဏန်းလောက်ရှိမယ်။ကျွန်တော်တို့အိမ်လည်း သွပ်တွေပျက်စီးတယ်။ အခုသွပ်​တွေမဝယ်နိုင်သေးဘူး ။ မိုးသီးက မြောက်ဘက်ကနေ တခြမ်းစောင်း ကျသွားတာ ။အဲဒီတော့ အမိုးက မြောက်တခြမ်းလုံးကတော့ ပေါက်သွားတယ်။ မိုးသီးကတော်တော်ကြီးတယ် ။မိုးသီးက ပန်းပွင့်ပုံစံတွေ ၊ အလုံးတွေ ပါ ။ သွပ်အပါးအိမ်တွေ အကုန်ပျက်စီးတယ်။ လို့ နမ္မတီးမြို့ခံတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မိုးရွာပြီး မိုးသီးထိမှန်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှု အခြေအနေနဲ့ ပတ်သက်ပြီး ပျက်စီးတဲ့နေအိမ်တွေကို လိုက်လံ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

သွပ်တွေ ထောက်ပံ့မှာလားတော့ သေချာမသိဘူး ။.စာရင်းတော့ လာကောက်သွားပြီ ။တချို့အိမ်တွေဆို ဇကာပေါက်တွေကို ဖြစ်သွားတာဆိုတော့ အသစ်ပြန်မိုးမှကိုရမှာ ။ လို့ နောက်ထပ် ဒေသခံကပြောပါတယ်။

နေအိမ်အမိုးပျက်စီးမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အိမ်အမိုးသွပ်ပြားတွေကို စျေးနူန်းချိုသာစွာနဲ့ ရောင်းချပေးတာအပြင် အကူအညီ ထောက်ပံ့မှုတွေ ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းပြီး အရွယ်အစားကြီးမားလွန်းတဲ့ မိုးသီးတွေ ကြွေကျမှုကြောင့် ဖရဲစိုက်ခင်းအပါအဝင် သီးနှံစိုက်ခင်းတချို့လည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပြီး ပျက်စီးမှုစာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

image