တရုတ်အစိုးရက ၎င်း၏နိုင်ငံသားများကို ဂျပန်သို့ ခရီးသွားလာခြင်းမပြုရန် အကြံပြု
တရုတ်(တိုင်ပေ)ကို တိုက်ခိုက်ဖွယ်ရှိမှုနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်သစ်၏မှတ်ချက်များကြောင့် သံတမန်ရေးရန်စမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် တရုတ်အစိုးရက ၎င်း၏နိုင်ငံသားများကို ဂျပန်သို့ ခရီးသွားလာခြင်းမပြုရန် အကြံပြုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို အင်အားသုံးခြင်းသည် ဂျပန်မှ စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဝန်ကြီးချုပ် ဆာနေးတာကာအီချီက နိုဝင်ဘာ ၇ ရက်တွင် ပါလီမန်၌ ပြောကြားခဲ့သည်။
တရုတ်အစိုးရက ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင်ပြောကြားခဲ့ပြီး "မသင့်လျော်သော" နှင့် ယခုအခါ ဖယ်ရှားလိုက်ပြီဖြစ်သော အွန်လိုင်းပို့စ်တစ်ခုအပြီးတွင် ဂျပန်အစိုးရကလည်း တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။
နီးစပ်သည့် ဂျပန်ကျွန်းမှ ကီလိုမီတာ ၁၀၀ ခန့်ကွာဝေးသည့် တရုတ်(တိုင်ပေ)အပေါ် ၎င်း၏သဘောထားသည် ပြောင်းလဲမှုမရှိကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။