အိန္ဒိယဝန်ကြီးချုပ်မိုဒီက ရုရှားထံမှရေနံတင်သွင်းမှုကို ရပ်တန့်မည်ဟု အာမခံခဲ့ကြောင်း အမေရိကန်သမ္မတ ပြောကြား

၁၆.၁၀.၂၀၂၅
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက သူ့အနေနဲ့ ရုရှားနိုင်ငံထံမှ ရေနံတင်သွင်းနေမှုတွေကို ရပ်တန့်ပါ့မယ်လို့ အောက်တိုဘာလ ၁၅ ရက် အစောပိုင်းက အာမခံခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်က "သူက ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ပါ။ ငါတို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိတယ်။ ရုရှားဆီက အိန္ဒိယအနေနဲ့ ရေနံဝယ်နေတာက ခုဆိုရင် လူတစ်သန်းခွဲလောက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒီအဓိပ္ပါယ်မရှိတဲ့စစ်ပွဲကို ရုရှားက ဆက်ပြီးတိုက်နိုင်အောင်ဖြစ်နေတဲ့အတွက် အိန္ဒိယက ရုရှားဆီက ရေနံဝယ်တာကို ကျွန်တော်တို့ မကျေနပ်ခဲ့ဘူး" လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ စစ်ပွဲကို ဝေဖန်ပြီးတော့ အိမ်ဖြူတော် Oval Office မှာ ပြောခဲ့တာပါ။

CNN သတင်းဌာနက ထိုသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးပြောကြားဖို့ အိန္ဒိယသံရုံးကို ဆက်သွယ်ခဲ့ပါသေးတယ်။
ထရမ့်က အိန္ဒိယအနေနဲ့ ဈေးသက်သာတဲ့ ရုရှားရေနံတွေကို ဆက်လက်ဝယ်ယူနေခြင်းကို ရပ်တန့်ဖို့ သူ့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်တဲ့အနေနဲ့ အိန္ဒိယကို လပေါင်းများစွာ တောင်းဆိုလာခဲ့တာပါ။ ဩဂုတ်လမှာတော့ ထရန့် က အိန္ဒိယအပေါ် အရင် ကြေညာထားတဲ့ ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း သာမက ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ အိန္ဒိယထံမှသွင်းကုန်တွေကို စုစုပေါင်းကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ခဲ့တာပါ။

အောက်တိုဘာလ ၁၅ ရက်က နောက်ဆက်တွဲ အပြန်အလှန်စကားပြောမှုတစ်ခုမှာတော့ ထရမ့်ပ် က မိုဒီကို "လူကောင်းတစ်ယောက်ပါ။ ပြီးတော့ ကျွန်တော့်ကိုလည်း ချစ်ခင်သူပါ" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ထရမ့်ပ်က " မိုဒီက ရုရှားဆီကနေ ရေနံဝယ်တော့မှာမဟုတ်ဘူးလို့ ကျွန်တော့်ကို အာမခံပါတယ်။ ကျွန်တော်မသိဘူး၊ ဒါက လောလော လတ်လတ် သတင်းလို့ပဲ ပြောလို့ရမလား။" လို့ပြောခဲ့ပါသေးတယ်။ ထရမ်မ့်ပ်ကတော့ ရုရှားဆီက ရေနံတင်သွင်းမှုကို ရပ်တန့်ဖို့ အိန္ဒိယက ဆောင်ရွက်မယ်ဆိုရင် ယူကရိန်းစစ်ပွဲကို အရှိန်အဟုန်နဲ့ အဆုံးသတ်စေမယ်လို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။

"အိန္ဒိယက ရုရှားဆီက ရေနံမဝယ်ဘူးဆိုတာက လွယ်ပါတယ်။ သူတို့ အနေနဲ့ ခုတော့မဝယ်တော့ဘူး။ ဒီ စစ်ဖြစ်နေတဲ့အချိန်တိုလေးအတွင်းမှာရုရှားဆီက ရေနံဝယ်မှာမဟုတ်ဘူးဆိုတာ အာမခံတယ်။ ဒါပေမယ့် စစ်ပြီးရင်တော့ သူတို့ ရုရှားကို ပြန်သွားပြီး ရေနံဝယ်မယ်ပေါ့။” လို့ ထရမ့်ပ်က ဆက်ပြီးပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ တိုးတက်လာနေတဲ့ စီးပွားရေးနဲ့ တိုးပွားလာနေတဲ့ လူဦးရေကို ထောက်ပံ့ပေးဖို့ ရေနံစိမ်းအတွက် ရုရှားကို ကာလရှည်ကြာ မှီခိုနေခဲ့ရတာပါ။ အခုဆိုရင် အိန္ဒိယနိုင်ငံဟာ လူဦးရေ ၁ ဒသမ ၄ ဘီလျံကျော်ရှိပြီး ကမ္ဘာ့ လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ဒါ့ပြင် အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ ရေနံသုံးစွဲမှုတတိယအများဆုံးနိုင်ငံဖြစ်နေပြီး အိန္ဒိယရဲ့သုံးစွဲမှုနှုန်းက လျင်မြန်စွာကြီးထွားနေလို့ ၂၀၃၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံကို ကျော်တက်သွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်လို့ Reuters သတင်းဌာန က ပြောခဲ့ပါတယ်။

Ref, Reuters

image

မင်္ဂလာပါ---
၁၆-၁၀-၂၀၂၅ ရက်နေ့
=================
အောက်မှာဖော်ပြထားတာကတော့ ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ပဲ ဖြစ်ပါတယ်------

image
2 d - Translate

**မြေတွင်းဇီးကွက် - မြေပြင်စောင့်ကြည့်သူ**
အခြားဇီးကွက်အများစုနဲ့ မတူဘဲ၊ ဒီဇီးကွက်လေးတွေဟာ သစ်ကိုင်းတွေပေါ်မှာ မနားဘဲ သူတို့ရဲ့မြေတွင်းအိမ်ဝမှာ ရပ်တည်ပြီး ကောင်းကင်ကို မျှော်ကြည့်နေတတ်ပါတယ်။ 🦉🏜️
📍 **နေထိုင်ရာ**: မြောက်နှင့်တောင်အမေရိကရှိ မြက်ခင်းပြင်များနှင့် ကန္တာရဒေသများ။
🤝 **အပြုအမူနှင့် လိုက်လျောညီထွေမှု**: တခြားတိရစ္ဆာန်များ တူးဖော်ထားသော မြေတွင်းခေါင်းများတွင် မြေအောက်အသိုက်လုပ်တတ်သည်။
🥗 **စားသောက်မှုနှင့် ဂေဟစနစ်အတွင်း အခန်းကဏ္ဍ**: ပိုးမွှားများ၊ ကြွက်များ၊ အကောင်ငယ်များ — သဘာဝပိုးမွှားထိန်းချုပ်ရေးသမားများ။
🛡️ **ထိန်းသိမ်းရေးအဆင့်**: စိုးရိမ်စရာအနည်းဆုံး (ဒေသအလိုက် ကျဆင်းမှုအနည်းငယ်ရှိ)။
✨ **ထူးခြားချက်**: သားရဲတိရစ္ဆာန်များကို ခြောက်လှန့်ရန် ခေါင်းကို အတက်အဆင်းလုပ်ကာ ခြေဖြင့် ကြွပ်ကြွပ်ဆတ်ဆတ်ရိုက်တတ်သည်။

image
2 d - Translate

စာကြောင်းအမှန်ကိုပြန်စီပေးပါ။

image
2 d - Translate

လက်ထပ်တော့မယ်ဆိုတဲ့ ကောလဟာလသတင်းကို ငြင်းဆိုလိုက်တဲ့ CNBLUE အဖွဲ့ဝင် ဂျန်ယောင်ဟွာ
တောင်ကိုရီးယားရော့ခ်ဂီတအဖွဲ့ CNBLUE ရဲ့ခေါင်းဆောင်အဆိုတော်မင်းသား ဂျန်ယောင်ဟွာရဲ့လက်ထပ်မယ့်သတင်းဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့နေခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး ဂျန်ယောင်ဟွာကိုယ်တိုင်က ငြင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က ဂျန်ယောင်ဟွာက သူ့ရဲ့လူမှုကွန်ယက်အကောင့်ကနေ Live လွှင့်ပြီးတော့ "နောက်နှစ်အတွက် ကျွန်တော့်ရဲ့အချိန်ဇယားက ပြည့်နေပါပြီ။ အဲ့ဒါကြောင့်မို့ မင်္ဂလာပွဲအတွက် အချိန်ဇယားမရှိပါဘူး။ လက်ထပ်တာက အချိန်ဇယားမှာ မပါပါဘူး။ ကျေးဇူးပြုပြီး မမေးပါနဲ့တော့"လို့ ပြောသွားခဲ့တာပါ။
"နောက်နှစ်ကျ ဂျန်ယောင်ဟွာ လက်ထပ်တော့မယ်ဆိုတာကို အပေါင်းအသင်းတစ်ယောက်ဆီက ငါ ကြားခဲ့တယ်"ဆိုတဲ့ ပို့စ်တွေက လူမှုကွန်ယက်အသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားခဲ့တာပါ။ အဲ့ဒီပို့စ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျန်ယောင်ဟွာက တိုက်ရိုက်ငြင်းဆိုလိုက်တာဖြစ်ပါတယ်။
ဂျန်ယောင်ဟွာက Mnet ရုပ်သံလိုင်းရဲ့ Survival Show "Still Heart Club" မှာ ဒါရိုက်တာတစ်ယောက်အဖြစ် ပါဝင်ဖို့ ရှိပါတယ်။ ဒီရှိုးကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
Ref: Jung Yong‑hwa denies marriage rumors, says schedule full for next year

image

မြေငလျင်သတင်းအမှတ်စဉ် ၂၃၈
=====================
နေ့စွဲ ၁၆-၁၀-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၁၁:၀၇:၀၈
အင်အားပမာဏ - ၃.၈ ရစ်(ခ်)တာစကေး
အနက် - ၁၀ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - တံတားဦးမြို့၏ အရှေ့မြောက်ဘက် (၃) မိုင်ခန့်

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၆-၁၀-၂၀၂၅ ရက်နေ့ ၁၂:၃၀နာရီအချိန်တွင် ရေကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်...

image
2 d - Translate

☘️ပန်းလေးတွေ ကြိုက်တယ်ဆိုလို့
အလှဆုံးလေးတွေ ရှာတင်ပေးလိုက်ပါတယ်☘️🤍🌸

image

သခွားသီးသုပ်ကြိုက်ကြလားရှင့်... သခွားသီး သုပ်ကြိုက်တဲ့သူလေးတွေအတွက် သုပ်နည်းလေး တင်ပေးထားပါတယ်။
ပုဇွန်သခွားသီးရခိုင်သုပ် စပ်စပ်လေး 😋😋😋
သခွားသီးသုပ် အရည်ရွှဲရွှဲလေးကို ထမင်းဖြူလေးနဲ့စား အရမ်းကိုစားကောင်းပါတယ်။
သခွားသီးကို ရေဆေးနှစ်ခြမ်းခွဲ အလယ်ကအစေ့လေးတွေထုပ်ပြီးခြစ်ထားပါ။
နုနုလေးဆို အစေ့ထုပ်စရာတောင်မလိုပါဘူး။
ကြက်သွန်နီနှစ်လုံးလောက် ပါးပါလေးလှီးပြီး ရေဆေးထားပါ။
ပုဇွန်လှော်ပြီး အခွံခွာထားပါ။
ငပိမီးဖုတ်ထားပါ။
ငရုပ်သီးစိမ်း ကိုယ်အစပ်စားနိုင်သလောက် လှော်ထားပါ။
ပြီးရင် ငပိနဲ့ ငရုပ်သီးစိမ်းလေး ရောထောင်းပါ။
အရသာအတွက် လိုအပ်တဲ့ဆား၊ အချိုမှုန့်၊ သို့မဟုတ် ကြက်သားမှုန့်ကို တခါတည်းထည့်ထောင်းပါတယ်။
လှော်ထားတဲ့ပုဇွန်တဝက်လောက်ကိုလည်း ရောထောင်းလိုက်ပါတယ်။
ကျန်တဲ့တဝက်က အကောင်လိုက်ထည့်ပါမယ်။
ပြီးရင် ခြစ်ထားတဲ့သခွားသီးထဲကို ထောင်းထားတာတွေထည့်၊ ကြက်သွန်နီပါးပါလှီးထားတာနဲ့ ပုဇွန်တွေထည့်ပြီး ရောသုပ်ပါ။
အချဥ်ကြိုက်ရင် သံပရာသီးလေး ညှစ်ထည့်ပါ။
နောက်ဆုံး အရသာလေးမြည်းပြီး ပင်စိမ်းလေးညှပ်ထည့်ပြီးရင် ရပါပြီရှင့်......။ 😋😋😋

image