Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စက်ရုံများ ကုန်ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စက်ရုံများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်း MSME ဗဟိုဌာန၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းတာဝန်ခံများအား တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စက်ရုံများအနေဖြင့် ပစ္စည်းချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရန်၊ အရည်အသွေးချင်းတူပါက ဈေးနှုန်းပိုမိုသက်သာရန်နှင့် ထုပ်ပိုးမှု ပိုမိုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်းနှင့် စက်အရန်ပစ္စည်းများ ကြိုတင်ဝယ်ယူစုဆောင်းထားရှိရန်၊ ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန်နှင့် ရလဒ်အခြေပြု စီမံခန့်ခွဲမှုစနစ်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ရန်လည်း မှာကြားခဲ့သည်။
ဒေသတွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ထုတ်လုပ်မှုကွင်းဆက်များ ချိတ်ဆက်ပေးခြင်း၊ နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံများ မျှဝေပေးခြင်း၊ လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ရန်နှင့် နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဦးစီးဌာနနှင့် လုပ်ငန်းတာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် လိုင်စင်မရှိဘဲ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များကို ဥပဒေအရ အရေးယူမည်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးပစ္စည်းနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် "လိုင်စင်ရ ပိုးသတ်ဆေးသုံးစွဲသူများ အသိအမှတ်ပြုသင်တန်း" လိုင်စင်မရှိဘဲ ရောင်းချနေသည့် ဆိုင်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပိုးသတ်ဆေးများသည် အပင်များတွင် ကျရောက်သည့် ပိုးမွှားများကို သေစေရုံမျှမက ကိုင်တွယ်သုံးစွဲသူများကိုပါ အဆိပ်သင့်စေပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဆိုးကျိုးများပြားသည့်အတွက် စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်စေရန် သင်တန်းတက်ရောက်ထားသူများကိုသာ ရောင်းချခွင့်ပြုခြင်းဖြစ်သည်။
"မန္တလေးတိုင်းအတွင်းမှာ ပိုးသတ်ဆေးဆိုင်ပေါင်း ၆၅၀ ကျော်ရှိပါတယ်။ ပိုးသတ်ဆေးတွေမှာပါတဲ့ AI လို့ခေါ်တဲ့ အဆိပ်သင့်ပစ္စည်းတွေဟာ စနစ်တကျ မသုံးစွဲရင် သုံးစွဲသူရော စားသုံးသူတွေပါ ကလီစာနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ ရေရှည်မှာ သက်တမ်းတိုတာ၊ နောက်မျိုးဆက်မှာ ဉာဏ်ရည်မမီတာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်တန်းဆင်းလိုင်စင် မရှိဘဲ ရောင်းချရင် ပိုးသတ်ဆေးဥပဒေ စီမံခန့်ခွဲမှု နည်းလမ်းတွေအတိုင်း အရောင်းဆိုင်ကို ယာယီ သို့မဟုတ် ထာဝရ ပိတ်သိမ်းတာ၊ ဆေးတွေကို သိမ်းဆည်း ဖျက်ဆီးတာတွေအထိ အရေးယူဆောင်ရွက်သွားမှာပါ" ဟု တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးလှမိုးကျော်က ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သုံးစွဲသူနှင့် စားသုံးသူများ အန္တရာယ်ကင်းဝေးစေရေး၊ ဓာတ်ကြွင်းအာနိသင်များ လျှော့ပါးစေရေးတို့အတွက် အဆိုပါ သင်တန်းများကို အပတ်စဉ် ဖွင့်လှစ်ပေးလျက်ရှိရာ လက်ရှိတွင် (၃၅) ကြိမ်မြောက်အထိ ဖွင့်လှစ်ထားပြီဖြစ်ပြီး လိုအပ်ချက်အရ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း ထပ်မံလှူဒါန်း
နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ဘုရားကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့်) ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးထံသို့ သီတဂူဆရာတော်ကြီးကိုယ်တိုင် တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
သီတဂူဆရာတော်ဘုရားကြီးသည် နီပေါနိုင်ငံနှင့် ဗုဒ္ဓဘာသာဆိုင်ရာ သာသနာပြုလုပ်ငန်းများ၊ လူမှုကူညီရေးလုပ်ငန်းများတွင် စဉ်ဆက်မပြတ် ပါဝင်ကူညီပေးလျက်ရှိသည်။
ဆောင်ရွက်ပေးမှုအရ ၂၀၁၄ ခုနှစ်တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးကို ပံ့ပိုးကူညီ (Sponsor) ၍ ကျင်းပပေးခဲ့သည်။
၂၀၁၅ ခုနှစ်တွင် နီပေါနိုင်ငံ၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသူများအတွက် အမေရိကန်ဒေါ်လာ ၃ သောင်း လှူဒါန်းခဲ့သည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးထံမှတစ်ဆင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ ၃၀ လှူဒါန်းခဲ့သည်။
ယခုလှူဒါန်းမှုသည် နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ်မြောက် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး နီပေါ-မြန်မာ ချစ်ကြည်ရေးနှင့် ဗုဒ္ဓဘာသာဝင်ချင်း ကရုဏာတရားရှေ့ထား၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဥရောပ ဓာတ်ငွေ့စျေး ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁,၀၀၀ ကျော်သွားခဲ့
လန်ဒန် ICE စျေးကွက် ကုန်သွယ်မှု အချက်အလက်တွေအရ တနင်္လာနေ့ စျေးကွက်မှာ ဥရောပ ဓာတ်ငွေ့စျေးဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၀ အထက် ရောက်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်တက်လာတာပါ။
နယ်သာလန်မှာရှိတဲ့ TTF စျေးကွက်ဗဟိုရဲ့ အောက်တိုဘာလ အနာဂတ်ကြိုတင်ရောင်းဝယ်မှုစျေးနှုန်းဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၄ ဝန်းကျင် (သို့မဟုတ် ၁ မဂ္ဂါဝပ်နာရီကို ၈၄.၀၇ ယူရို) အထိ မြင့်တက်သွားခဲ့ပါတယ်။
ဒါ့အပြင် ဥရောပရဲ့ အဓိက ကုန်သွယ်မှုဗဟိုတွေမှာ ချက်ချင်းလက်ငင်း ရောင်းဝယ်တဲ့ ဓာတ်ငွေ့စျေးနှုန်းတွေဟာ လွန်ခဲ့တဲ့အပတ်ကတည်းက ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၀ ကျော်နေခဲ့တာပါ။ အထူးသဖြင့် TTF စျေးကွက်ရဲ့ နောက်တစ်နေ့အရောင်းအဝယ်စျေးနှုန်းဆိုရင် ဒေါ်လာ ၁,၀၀၅ (သို့မဟုတ် ၁ မဂ္ဂါဝပ်နာရီကို ၈၃.၆၈၅ ယူရို) အထိ ရောက်ခဲ့ပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်း ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှု စတင်
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားသည့် အခြေအနေအောက်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်ရာ ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (BARMM) တွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှုများ စတင်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲမတိုင်မီညက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၃ ဦး ေ-သဆုံးပြီး ၁၅ ဦး ဒ-ဏ်ရာရရှိခဲ့သော်လည်း မဲပေးမှုများကို သတ်မှတ်အတိုင်း စတင်နိုင်ခဲ့ကြောင်း သိရသည်။
ယခုရွေးကောက်ပွဲသည် ခွဲထွက်ရေးပဋိပက္ခများနှင့် အစွန်းရောက်ဝါဒများကြောင့် အတိတ်ကာလတွင် ပြင်းထန်စွာ ထိခိုက်ခဲ့သည့် ဒေသအတွင်း ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအတွက် အရေးပါသော စမ်းသပ်ချက်တစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။
ဒေသတွင်းပဋိပက္ခများသည် ၂၀၁၇ ခုနှစ်တွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွယ်သည့် လက်နက်ကိုင်အဖွဲ့များက မာရာဝီမြို့ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ရွေးကောက်ပွဲကော်မရှင် (COMELEC) က မဲရုံတစ်ခုတွင် စကားများရန်ဖြစ်ရာမှ ေ-သနတ်ပ-စ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကိုတာဘာတိုမြို့ကို ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ ဒေသအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
COMELEC ၏ ပြောကြားချက်အရ BARMM ဒေသတစ်ဝန်း မဲပေးမှုများမှာ ချောမွေ့စွာ ဆက်လက်ပြုလုပ်နေပြီး လုံခြုံရေးစစ်ဆေးရေးဂိတ်များ တိုးမြှင့်ထားခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အမြန်တပ်ဖြန့်ထားခြင်းတို့ကြောင့် ကြီးမားသည့် မငြိမ်မသက်မှုများ မဖြစ်ပွားစေရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ယခုရွေးကောက်ပွဲတွင် မဲပေးရန် စာရင်းသွင်းထားသည့် မဲဆန္ဒရှင် ၂ ဒသမ ၄ သန်းခန့်ရှိပြီး နိုင်ငံတကာမိတ်ဖက်များနှင့် ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့များကလည်း အဆိုပါရွေးကောက်ပွဲကို အရေးပါသည့် စမ်းသပ်မှုတစ်ရပ်အဖြစ် စောင့်ကြည့်နေကြသည်။
၂၀၁၄ ခုနှစ်တွင် ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်ခွဲထွက်ရေးဝါဒီများအကြား ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ပေးအပ်ခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရွေးကောက်တင်မြှောက်ထားသည့် အဖွဲ့အစည်းများမှတစ်ဆင့် ရေရှည်ထိန်းသိမ်းနိုင်မည်၊ မနိုင်မည်ကို ယခုရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
BARMM ကို ဖွဲ့စည်းပေးခဲ့ခြင်းမှာ လူပေါင်း ၁၂၀,၀၀၀ ကျော် ေ-သဆုံးခဲ့ပြီး ၂ သန်းခန့် နေရပ်စွန့်ခွာခဲ့ရသည့် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် ဒေသတွင်း အစွန်းရောက်အဖွဲ့များ အမြစ်တွယ်လာမှုကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယူကရိန်း ရှေ့နေချုပ် ကရပ်ဗ်ချန်ကို နိုင်ငံက ထွက်ပြေး
ယူကရိန်း ရှေ့နေချုပ် ရူစလန် ကရပ်ဗ်ချန်ကို (Ruslan Kravchenko) ဟာ နိုင်ငံထဲကနေ ထွက်ခွာသွားပြီလို့ ယူကရိန်း ကာကွယ်ရေးအရာရှိဟောင်းရဲ့ အကြံပေး ဆာဂေး စတာနန်ကို (Sergey Sternenko) က ပြောပါတယ်။
"တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဆီက ရတဲ့ သတင်းအရ ရှေ့နေချုပ် ကရပ်ဗ်ချန်ကိုဟာ မနေ့ညက ယူကရိန်းကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်" လို့ စတာနန်ကိုက သူရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။
အဲ့ဒီမတိုင်ခင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီတွေကို နှိမ်နင်းမှုတွေ ခပ်စိပ်စိပ်လုပ်လာချိန်မှာ ကရပ်ဗ်ချန်ကိုဟာ ရာထူးကနေ နုတ်ထွက်လွှာ တင်ခဲ့ပါတယ်။ တနင်္လာနေ့မနက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကရပ်ဗ်ချန်ကိုဟာ ယူကရိန်း အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) ရဲ့ ဒါရို-က်တာ ဆာမျွန် ခရီဗိုနို့စ် (Semyon Krivonos) ကို ပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပြီး၊ အထူးအဂတိလိုက်စားမှုတို-က်ဖျ-က်ရေး အစိုးရရှေ့နေရုံး (SAPO) ဥက္ကဋ္ဌ အလက်ဇန်းဒါး ကလီမန်ကို (Alexander Klimenko) နဲ့အတူ ရာထူးကနေ နုတ်ထွက်ဖို့လည်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။
ကရပ်ဗ်ချန်ကိုဟာ ဒီအေဂျင်စီနှစ်ခုစလုံးမှာ ထိပ်တန်းရာထူးတွေ ရဖို့ ကြိုးစားခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘူးလို့လည်း စတာနန်ကိုက ဆက်ပြောပါတယ်။ "အတိုချုပ်ပြောရရင်တော့ စိတ်ကောက်နေတဲ့ ကရပ်ဗ်ချန်ကိုဟာ တိုင်းပြည်မှာ နောက်ထပ် နိုင်ငံရေးအကျပ်အတည်းတစ်ခုကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ ကျုပ်တို့အတွက်တော့ အတော်လေး အလုပ်ရှုပ်မယ့် သီတင်းပတ်တစ်ပတ် လာတော့မယ်" လို့လည်း သူက ကောက်ချက်ချခဲ့ပါတယ်။
ကရပ်ဗ်ချန်ကို ကိုယ်တိုင်ကလည်း တိုင်းပြည်ကနေ ထွက်ခွာသွားတာကို အတည်ပြုထားပါတယ်။ "ကျွန်တော် လက်ရှိမှာ နိုင်ငံခြားကို တာဝန်နဲ့ ခရီးထွက်နေတာပါ" လို့ သူရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေး အေဂျင်စီတွေရဲ့ လက်ရှိအခြေအနေမှန်တွေ၊ သူတို့ဆီမှာ ထိန်းချုပ်မရတဲ့ အာဏာတွေ စုပုံလာနေတဲ့ လက္ခဏာတွေနဲ့ ဒါတွေက အမျိုးသားအချုပ်အခြာအာဏာကို ဘယ်လို ခြိမ်းခြောက်နေလဲဆိုတာ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်တွေကို ဖွင့်ချရှင်းပြဖို့ အစည်းအဝေးတော်တော်များများ လုပ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သူကရေးထားပါတယ်။
ကရပ်ဗ်ချန်ကိုရဲ့ နုတ်ထွက်ခွင့်တောင်းဆိုမှုကို စက်တင်ဘာ ၁၅ ရက်မှာ ယူကရိန်းလွှတ်တော် (Verkhovna Rada) က မဲခွဲဆုံးဖြတ်မယ်လို့ အာဏာရ Servant of the People ပါတီရဲ့ လွှတ်တော်အမတ်အဖွဲ့ခေါင်းဆောင် ဒေးဗစ် အာရာခါမီယာ (David Arakhamiya) က Telegram မှာ ကြေညာထားပါတယ်။
ထိုင်းနိုင်ငံတွင် ယာဥ်မတော်တဆမှုကြောင့် ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသား အာမခံကြေးဘတ်(၁)သန်းကျော်ရရှိ
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ဦးကျော်သက်အောင် သည် မေ ၂၁ ရက်က ယာဥ်မတော်တဆမှုကြောင့် ေ-သဆုံးခဲ့ရကြောင်း အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
ထိုသို့ ေ-သဆုံးခဲ့ရသဖြင့် ၎င်းအတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ ရသင့်ရထိုက်သည့်အာမခံကြေးငွေရရှိရေးအတွက် အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ရာ အာမခံကြေးငွေ ဘတ်(၁ ဒသမ ၅)သန်းရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်း၏မိခင်ဖြစ်သူထံ ရရှိခဲ့သည့် အာမခံ ကြေးငွေအား ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့လယ်ပိုင်းတွင် အလုပ်သမားသံအရာရှိရုံး၌ပေးအပ်ခဲ့ကြောင်း သိရသည်။