MAI လေကြောင်းလိုင်း၏ ထိန်းချုပ်မှုအတွင်းမရှိသော အကြောင်းရင်းများကြောင့် ခရီးစဉ်အချိန်များ နှောင့်နှေးရခြင်းနှင့် ခရီးဆောင်အိတ်များ ကျန်ရှိခြင်းများဖြစ်ပေါ်နိုင်ဟုဆို
MAI လေကြောင်းလိုင်း၏ ထိန်းချုပ်မှုအတွင်း မရှိသောအကြောင်းရင်းများကြောင့် ခရီးစဉ်အချိန်များ နှောင့်နှေးရခြင်းနှင့် ခရီးဆောင်အိတ်များ ကျန်ရှိခြင်းများဖြစ်ပေါ်နိုင်ကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
MAI ၏ထိန်းချုပ်မှုအတွင်းတွင် မရှိသော အကြောင်းရင်းများတွင် ဆိုးရွားသည့် ရာသီဥတုအခြေအနေများ၊ လေဆိပ်ပိတ်ခြင်း (သို့) ကန့်သတ်ချက်များကို ဖြစ်ပေါ်စေသောအကြောင်းအရာ (NOTAMS) များ၊ လေကြောင်းအသွားအလာ ပိတ်ဆို့မှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးစစ်ဆေးမှုများတွင် အချိန်ပိုလိုအပ်ခြင်း စသည်တို့ ပါဝင်သည်ဟုဆိုသည်။
ထို့အပြင် လေကြောင်းလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကြောင့် ခရီးသည်များ အချိန်မှီမရောက်ခြင်း (သို့) အာဏာပိုင်များမှလုံခြုံရေးအရ ခရီးသည်တင်ပစ္စည်းများပြန်ချခြင်း၊ ပြင်းထန်သော ရာသီဥတုကြောင့် ခရီးစဉ်များ အခြားလေဆိပ်များသို့ လမ်းလွဲဆင်းသက်ရခြင်း အစရှိသည့်အချက်များ ပါဝင်ကြောင်းလည်း သိရသည်။