နိုင်ငံခြားသားများက အယောင်ဆောင်လက်ထပ်ထိမ်းမြားမှုကို ကာကွယ်ရန် လက်ထပ်ကျမ်းကျိန်လွှာပြုလုပ်ပေးရန် လျှောက်ထားလာပါက အလေးထားစိစစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွန်ကြား
နိုင်ငံခြားသားများက အယောင်ဆောင်လက်ထပ်ထိမ်းမြားမှုကို ကာကွယ်ရန် လက်ထပ်ကျမ်းကျိန်လွှာပြုလုပ်ပေးရန် လျှောက်ထားလာပါက အလေးထားစိစစ်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ညွန်ကြားလိုက်သည်။
နိုဝင်ဘာ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အဆိုပါညွှန်ကြားချက်တွင် ပြောင်းလဲလာသောအခြေအနေများအရ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ကာ မြန်မာအမျိုးသမီးငယ်များအား ဖြားယောင်း၍ အယောင်ဆောင်လက်ထပ်ပြီး နိုင်ငံမှ ခေါ်ဆောင်သွားသည့် လူကုန်ကူးမှုဖြစ်စဉ်များပြားလာကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။
ယင်းကြောင့် နိုင်ငံခြားသားတို့၏ အယောင်ဆောင်လက်ထပ်ထိမ်းမြားမှုကို ကာကွယ်ရန်အလို့ဌာ လက်ထပ်ထိမ်းမြားကျမ်းကျိန်လွှာ ပြုလုပ်ပေးရန် လျှောက်ထားလာပါက ပိုမိုအလေးထား စိစစ်ရန် လိုအပ်လျက်ရှိသဖြင့် အောက်ပါအချက်များ ပြည့်စုံမှုရှိမရှိ သေချာစွာ စိစစ်ပြီးမှသာ တရားရုံးများက ကျမ်းကျိန်လွှာပြုလုပ်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။