အာတေတာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ နည်းပြ အာတေတာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

စပိန်လူမျိုး နည်းပြအာတေတာရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက နောက်ထပ် ၄ နှစ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အာတေတာဟာ အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာကြောင့် သက်တမ်း ၆ နှစ်နဲ့ ၉ လ ရှိနေပြီး လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ သက်တမ်းအရှည်ဆုံးအဖြစ် ရပ်တည်နေပါတယ်။

အာဆင်နယ်အသင်းက အာတေတာရဲ့ နည်းပြအဖွဲ့တစ်ခုလုံးကိုလည်း သက်တမ်းတိုးသွားမှာဖြစ်ပြီး လစာလည်း တိုးမြှင့်ပေးသွားမှာပါ။

စာချုပ်သစ်အရ အာတေတာအနေနဲ့ တစ်နှစ် ပေါင် ၁၅ သန်းအထက် ရရှိသွားမှာဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အာတေတာက အာဆင်နယ်အသင်းကို နစ်ပေါင်း ၂၀ ကျော် ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

image