Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Digital Work Instruction Software: A Game-Changer for Manufacturing Efficiency and Quality Control
In an era where digital transformation is redefining industries, Digital Work Instruction Software is gaining significant momentum as a critical tool for enhancing operational efficiency and ensuring high-quality standards in manufacturing. By digitizing and automating work instructions, this software allows manufacturers to streamline processes, reduce errors, and ensure compliance with industry standards.
Read Full Research Study: https://marketintelo.com/repor....t/digital-work-instr
Thinking of launching a super app like Gojek? This is your moment.
Our ready-to-launch Gojek clone app lets entrepreneurs offer ride-hailing, food delivery, grocery, courier, and multiple on-demand services from one powerful platform.
🎄 Christmas Special Offer
Launch faster, reduce development costs, and enter the market with confidence using a proven super-app solution built for growth.
Contact Details
WhatsApp: +91 6379630152
Mail: sales@trioangle.com
https://www.trioangle.com/gojek-clone/
#gojekclone #superappstartup #buildyourapp #startupfounders #ondemandservices #ridehailingbusiness #fooddeliverystartup #multiserviceplatform #techentrepreneurs #whitelabelapp #christmassale
Global ICS Security Testing Market Poised for Strong Growth Through 2035
The global ICS Security Testing market is gaining critical importance as industries increasingly rely on interconnected industrial control systems to manage complex operations. Industrial Control Systems (ICS), including SCADA, DCS, and PLCs, form the backbone of sectors such as energy, utilities, manufacturing, oil & gas, and transportation. As cyber threats targeting critical infrastructure continue to rise, ICS security testing has emerged as a vital practice to identify vulnerabilities, validate system resilience, and ensure uninterrupted industrial operations.
Read Full Research Study: https://marketintelo.com/repor....t/ics-security-testi
းဂိမ်းစ်အမျိုးသားဖူဆယ်ပွဲမှာ ထိုင်းအသင်းကို မြန်မာ အရေးနိမ့်
၂၀၂၅ ဆီးဂိမ်စ်အမျိုးသားဖူဆယ်ပြိုင်ပွဲ ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းဟာ လက်ရှိချန်ပီယံနဲ့ အိမ်ရှင် ထိုင်းအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး
ဝ-၃ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အဖွင့်ပွဲတုန်းကလည်း
အင်ဒိုနီးရှားအသင်းကို ၁-၅ ဂိုးနဲ့ အရေးနိမ့်ထား
ခဲ့တာဖြစ်တယ်။
ဆီးဂိမ်းစ်အမျိုးသားဖူဆယ်ပြိုင်ပွဲမှာ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နဲ့ မလေးရှား ငါးသင်းသာ ပါဝင်ယှဉ်ပြိုင်တာဖြစ်လို့ ပတ်လည်ကစား
နေတာပါ။
ဇယားထိပ်ဆုံးရပ်တည်မှုရ ထိပ်ဆုံးသုံးသင်းကို ရွှေ၊ ငွေ၊ ကြေး ချီးမြှင့်မှာဖြစ်ပါတယ်။
ဆီးဂိမ်းစ်ဖူဆယ်ပြိုင်ပွဲ ပြီးခဲ့တဲ့ငါးကြိမ်မှာ ထိုင်းအသင်းက ငါးကြိမ်စလုံး ဗိုလ်စွဲထားခဲ့ပါတယ်။
မြန်မာအသင်းဟာ တတိယပွဲအဖြစ် ဒီဇင်ဘာလ ၁၇ ရက် ညနေ ၆ နာရီခွဲမှာ မလေးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အာဆီယံစစ်တုရင် အမျိုးသမီးအသင်းလိုက်အမြန်ရွှေ့ပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ရရှိ
၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာစစ်တုရင်အဖွဲ့ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံစစ်တုရင် အမျိုးသမီးအသင်းလိုက် အမြန်ရွှေ့ပြိုင်ပွဲမှာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၃.၅ - ၀.၅ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဖိလစ်ပိုင်အသင်းနဲ့ ပူးတွဲကြေးတံဆိပ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Photos: Pyone Play Sports
အမျိုးသမီးကစ်ဘောင်ဆင်တွင် မြန်မာကစားသမား (၂) ဦး ငွေတံဆိပ် (၂) ခု ရရှိ
၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှ အမျိုးသမီးကစ်ဘောင်ဆင်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးဖိုက်တာ နှစ်ဦးဖြစ်တဲ့ မေသဇင်ထူးနဲ့ လင်းစန္ဒာဌေးတို့ဟာ ငွေတံဆိပ်ဆုများ ရယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
အမျိုးသမီးကစ်ဘောင်ဆင် (၅၂) ကီလိုတန်းပြိုင်ပွဲမှာ မေသဇင်ထူးဟာ ဆီမီးဖိုင်နယ်မှာ အင်ဒိုနီးရှားအမျိုးသမီးဖိုက်တာကို (၃-၀) မှတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
မေသဇင်ထူးဟာ ဗိုလ်လုပွဲမှာ အိမ်ရှင်ထိုင်းအမျိုးသမီးကစားသမား ရတ်တနာဖုန်းကို (၁-၂) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
အမျိုးသမီးကစ်ဘောင်ဆင် (၅၀) ကီလိုတန်းပြိုင်ပွဲမှာ လင်းစန္ဒာဌေးဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ထိုင်းအမျိုးသမီးဖိုက်တာကို (၈-၄) မှတ်နဲ့အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
လင်းစန္ဒာဌေးဟာ ဗိုလ်လုပွဲမှာ ဗီယက်နမ်အမျိုးသမီးကစားသမား ဟောင်ငီထုဂိုင်ကို (၂-၁၂) မှတ်နဲ့ ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
အကြီးအကျယ်ဝေဖန်ခြင်းခံရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ၆၀ တန် လက်မှတ်သစ် ဖန်တီးလာတဲ့ ဖီဖာ
======================
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ဈေးနှုန်း အလွန်မြင့်မားနေမှုကြောင့် ကမ္ဘာတလွှားမှ အပြင်းအထန် ဝေဖန်မှုများ ခံရပြီးနောက် ဈေးနှုန်းသက်သာတဲ့ ဒေါ်လာ ၆၀ တန်(၄၅ပေါင်) လက်မှတ်သစ် ဖန်တီးလာပါတယ်။
ဖီဖာက ယင်းအသစ်ဖန်တီးလာတဲ့ တန်ဖိုးသင့်လက်မှတ်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် နိုင်ငံများမှ သစ္စာရှိ ပရိသတ်များအတွက်သာ ဖြစ်ကြောင်းလည်း ဆိုထားပါတယ်။
ဖီဖာက ယင်းသို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်သစ်ဖန်တီးလာပေမယ့်လည်း ဗြိတိန်ဝန်ကြီးချုပ်ဆာကီယာစတာမာက ဖီဖာအား တန်ဖိုးသင့်လက်မှတ် ပိုမိုလုပ်ဆောင်ရေး ထပ်မံ တိုက်တွန်းမှု ပြုလုပ်လာပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ဈေးနှုန်းကို ဆော်ဒီကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကထက် သုံးဆမှ လေးဆအထိ တိုးမြှင့်သတ်မှတ်ထားမှု၊ ဗိုလ်လုပွဲဈေးနှုန်းအား ဒေါ်လာ ၆၇၀၀ ဝန်းကျင် သတ်မှတ်ထားမှုကြောင့် အပြင်းအထန် ဝေဖန်ခြင်းခဲ့ရပါတယ်။
ယခု ဖီဖာက အသစ်ဖန်တီးလာတဲ့ ဒေါ်လာ ၆၀ တန် လက်မှတ်က တန်ဖိုးအနည်းဆုံးလက်မှတ်ဖြစ်ပြီး ပွဲတစ်ပွဲလျှင် ပြိုင်ဘက်အသင်း ၂ သင်းစီအား ၁၀ ရာခိုင်နှုန်းစီ ရောင်းချလာမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အသင်းတစ်သင်းအနေဖြင့် ပွဲတစ်ပွဲလျှင် တန်ဖိုးသင့်လက်မှတ် အစောင် ၄၀၀ ဝန်းကျင် ခွဲတမ်း ရရှိလာဖို့ ရှိပါတယ်။
လက်မှတ်ဈေးနှုန်းမြင့်မားမှုအား အပြင်းအထန်ဝေဖန်ခြင်းခံရပြီးနောက် ဖီဖာဟာ ယခုအပတ်အစောပိုင်းတုန်းက ကာတာတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ တန်ဖိုးသင့်လက်မှတ်ဖန်တီးလာတာလည်း ဖြစ်ပါတယ်။
အေစီမီလန်နှင့် Supercoppa Italiana ပွဲစဉ်တွင် နာပိုလီတိုက်စစ်မှူးလူကာကူ ပါဝင်လာမည်
====================
ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူလာခဲ့ရတဲ့ တိုက်စစ်မှူးရိုမီလူလူကာကူဟာ အေစီမီလန်နှင့် ရင်ဆိုင်ကစားရမယ့် Supercoppa Italiana ပွဲစဉ်အတွက် နာပိုလီလူစာရင်းတွင် ပါဝင်လာပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ၂၀၂၅-၂၆ ရာသီတွင် နာပိုလီအတွက် တစ်စက္ကန့်မျှပင် ကစားနိုင်ခြင်း မရှိသေးသူ ဖြစ်ပြီး ဆော်ဒီသို့ သွားရောက်ကစားမယ့် နာပိုလီအသင်းလူစာရင်းတွင် ပါဝင်လာပါတယ်။
အသက် ၃၂ နှစ်ရှိ ချဲလ်ဆီးနှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ဒဏ်ရာကြောင့် ၁၂၄ ရက်တိုင်တိုင် အနားယူလာခဲ့ရပေမယ့် ယခုအခါ ယခုရာသီ ပထမဆုံးဆုဖလား ဆွတ်ခူးရေး ကြိုးပမ်းရမယ့် Supercoppa Italiana ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပါဝင်ကစားလာပါမယ်။
နာပိုလီဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကြာသပတေးနေ့တွင် ဆော်ဒီရှိ Al-Awwal Park Stadium ကွင်းတွင် Supercoppa Italiana ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အေစီမီလန်နှင့် ရင်ဆိုင်ကစားရပါမယ်။
၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးဗိုလ်လုပွဲကို ဒီနေ့ ကျင်းပမယ်
၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးဗိုလ်လုပွဲကို ဒီနေ့ ကျင်းပမှာဖြစ်ပြီး မြန်မာစံတော်ချိန် ည (ရးဝ၀)နာရီမှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ အုပ်စုအဆင့်မှာ မြန်မာအသင်းနဲ့အတူ အုပ်စု(မှာ ကျရောက်ခဲ့တဲ့အသင်းတွေဖြစ်ပြီး မြန်မာအသင်းနဲ့ အမှတ်တူဖြစ်ခဲ့ပေမဲ့ ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်သွားခဲ့ကြတာပါ။
ဆီမီးဖိုင်နယ်အဆင့်မှာ ဖိလစ်ပိုင်က အိမ်ရှင် ထိုင်းကို ပယ်နယ်တီအဆုံးအဖြတ် (၄-၂)ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပြီး ဗီယက်နမ်ကတော့ အင်ဒိုနီးရှားကို (၅-၀)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။
ဗီယက်နမ်အမျိုးသမီးအသင်းက ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ (၈)ကြိမ်ဗိုလ်စွဲထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို၊ (၄)ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရယူထားတဲ့ လက်ရှိချန်ပီယံအသင်းလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်အသင်းကတော့ ၂၀၂၁ ဆီးဂိမ်းစ်မှာ တတိယဆုရရှိခဲ့တာက အမြင့်ဆုံးဖြစ်ပေမဲ့ ဒီနှစ် အုပ်စုတွင်းဆုံတွေ့စဉ်မှာ ဖိလစ်ပိုင်က ဗီယက်နမ်ကို အနိုင်ယူထားခဲ့တာကြောင့် လာမယ့် ဗိုလ်လုပွဲက အကြိတ်အနယ်ရှိမှာ သေချာပါတယ်။
တတိယလုပွဲကတော့ မြန်မာစံတော်ချိန် ညနေ (၃းဝ၀)နာရီမှာ အင်ဒိုနီးရှားနဲ့ ထိုင်းတို့ ယှဉ်ပြိုင်ရမှာပါ။