1 w - Translate

ယုဇနပလာဇာအနီး မီးလောင်

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းမှာ မနက် ၁၀ နာရီ ၃၃ မိနစ် အချိန်က မီးလောင်တဲ့သတင်းရလို့ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မီးများတာကြောင့် ၁၀ နာရီ ၃၉ မိနစ်မှာ ထိစပ်မြို့နယ်တွေက မီးသတ်ကားတွေပါ လာရတဲ့ Level 1 ယာဉ်အုပ်စုတွေထွက်ခွာခဲ့ရပြီး ၁၁ နာရီ ၄ မိနစ်အချိန်မှာတော့ နောက်ထပ် မီးသတ်နဲ့ရေသယ်ကားတွေလာရတဲ့ Level 2 အဆင့်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပါတယ်။

image
image
image
1 w - Translate

"ဒါနဆန်ပါရှင်" ဆိုတဲ့ အသံကြီးနဲ့ ည၁၂နာရီ တစ်ချက်တီးတိုင်း ရောက်ရောက်လာတာ ဘယ်သူလဲ? 😬
လပြည့်ညရောက်တိုင်း ဒီကျောင်းကြီးပေါ်မှာ ဆံပင်ဖားလျားချထားတဲ့ မယ်သီလရှင်တစ်ပါး လမ်းလျှောက်နေတာ မြင်ကြရတယ်လို့ဆို 😱
အများပြောစကားအရ ဒီနေရာမှာ အရင်က မယ်သီလရှင်နှစ်ပါး ဆွမ်းဆန်လုရင်း တစ်ယောက်ဆံပင် တစ်ယောက်ဆွဲ ပါးတွေရိူက် ရန်ဖြစ်ကြကာ အသက်‌ေ-သဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကြီးရှိခဲ့ပြီး...
အဆိုပါ ဖြစ်ရပ်ကြီးနောက်က မကျွတ်မလွတ် ဖြစ်နေတဲ့ မယ်သီလရှင်ကြီးတစ်ပါးရဲ့ ခြောက်လန့်မှုများကို....
သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရတော့မယ့်...
"The Malthilashin" 🥶
Coming Soon...

image

လေဖြတ်၊ လေငန်း၊ အကြောသေ ဝေဒနာများကို ခံစားနေရသူများ၊ အိပ်ရာထဲ လှဲနေရသူများအတွက် အထူးရည်ရွယ်ပြီး အညာဒေသမှ လက်တွေ့အစွမ်းထက်လှတဲ့ ရှေးမြန်မာဆေးနည်းတိုလေးတစ်ခုကို မေတ္တာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
​✅ဒီဆေးနည်းရဲ့ အဓိကမင်းသားကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတတ်တဲ့ "ကြောင်ပန်းပင်" ပဲ ဖြစ်ပါတယ်။
​✅ကြောင်ပန်းပင်အကြောင်း သိကောင်းစရာ✅
✅ကြောင်ပန်းပင်မှာ အကြီးမျိုး (အရွက် ၅ ခွ) နှင့် အငယ်မျိုး (အရွက် ၃ ခွ) ဆိုပြီး နှစ်မျိုးရှိပေမယ့် နှစ်မျိုးစလုံး ဆေးဖက်ဝင်ပါတယ်။ (ပုံပါ အပင်ကတော့ အတွေ့ရများတဲ့ အငယ်မျိုး ဖြစ်ပါတယ်)။
​🩺 ကုသနိုင်သော ရောဂါများ✅✅
​လေဖြတ်၊ လေငန်း၊ လေဖျန်းရောဂါများ
​အကြောသေခြင်း၊ အကြောကပ်ခြင်း
​ထုံနာ၊ ကျင်နာ၊ ကိုက်ခဲခြင်းများ
​(ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါများအတွက်လည်း ကြောင်ပန်းရွက်ကို အသုံးပြုနိုင်ပါသည်)
​💊 အစွမ်းထက် လိမ်းဆေးနည်း ပြုလုပ်ပုံ✅
✅လေဖြတ်၊ အကြောသေ ဝေဒနာသည်များအတွက် ပြင်ပလိမ်းဆေး ပြုလုပ်နည်းကတော့ ရိုးရှင်းပါတယ်။
​၁။ ကြောင်ပန်းရွက် လတ်လတ်ဆတ်ဆတ် လက်နှစ်ဆုပ်ခန့်ကို ခူးပြီး ရေစင်အောင်ဆေးပါ။
၂။ ဆုံသန့်သန့်တစ်ခုထဲတွင် ထည့်ပါ။
၃။ ဓာတ်ဆီ (Petrol) အကြမ်းပန်းကန် တစ်လုံး ထည့်ပါ။
၄။ သံပုရာသီး တစ်လုံးကို အရည်ညှစ်ထည့်ပါ။
၅။ ၎င်းသုံးမျိုးကို သမအောင် ညက်နေအောင် ထောင်းပါ။
၆။ ရလာတဲ့အနှစ်ကို အဝတ်သန့်သန့်ဖြင့် စစ်ပြီး သတ္ထုရည်ကို ယူပါ။
​✅ အသုံးပြုနည်း
ရရှိလာတဲ့ ဆေးရည်ကို နာကျင်ကိုက်ခဲတဲ့ နေရာတွေ (သို့မဟုတ်) တစ်ကိုယ်လုံးကို နှံ့စပ်အောင် လိမ်းပေးပါ။
​သတိပြုရန် - ရောဂါအခြေအနေနှင့် ဖြစ်ပွားချိန်အပေါ် မူတည်ပြီး အချိန်ပေး ကုသမှသာ ထိရောက်မှု ရှိနိုင်မှာပါ။ ဇွဲရှိရှိ ကုသမယ်ဆိုရင် အိပ်ရာထဲ လှဲနေရသူများပင် ပြန်လည်ကျန်းမာလာနိုင်ပါတယ်။
​(မှတ်ချက်။ ။ ဤနည်းလမ်းသည် ရှေးရိုးရာ ကုထုံးတစ်ခုဖြစ်ပြီး ဓာတ်ဆီပါဝင်သောကြောင့် မီးဘေးအန္တရာယ်နှင့် အရေပြား ဓာတ်မတည့်မှုများကို သတိပြု အသုံးပြုစေလိုပါသည်။)
#credit - လယ်တွင်းသား (ပန်းလောင်မြေ)
#ကျန်းမာရေးဗဟုသုတရကြပါစေ

image
1 w - Translate

"လူဘဝရဲ့ သင်္ခန်းစာတွေ ယူတတ်ဖို့တော့လို့မယ်"
...................................
တစ်ယောက်ကို တစ်ယောက်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ခွဲကြရမယ် , ဝေးကြရမယ်မှန်း သိရက်နဲ့
တစ်ယောက်နဲ့ တစ်ယောက်
အမုန်းတွေနဲ့ပဲ အဆုံးသတ်ကြတော့မှာလား။
ရေစက်ရှိလို့ ဆုံဆည်းခွင့်ရကြတာ
သူငယ်ချင်းပဲ ဖြစ်ဖြစ် , မိသားစုပဲ ဖြစ်ဖြစ်,ချစ်သူဖြစ်ဖြစ်
အတူရှိနေတဲ့ အချိန်လေးမှာ
တစ်ယောက်နဲ့ တစ်ယောက်
တန်ဖိုးထားပြီး ချစ်ချစ်ခင်ခင် နေသွားကြပါ။
မရှိလို့လည်း အားမငယ်နဲ့ ,
ရှိလို့လည်း မာန်မထနဲ့
ကိုယ်ပိုင်ဆိုင်သမျှ အားလုံးဟာ
ထားခဲ့ကြရအုံးမှာပါ
ချစ်ရတာလည်း စိတ်ပင်ပန်းတယ်
မုန်းရတာလည်း စိတ်ပူလောင်တယ်
အချင်းချင်းတွေ ကြားမှာ
ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲမခံပါနဲ့ ။
ပတ်ဝန်းကျင် ဆိုတာ
ကိုယ့်အပေါ် မကောင်းတာလည်း ပြောမယ်
ကောင်းတာလည်း ပြောမယ်
အဲဒါတွေကို စိတ်ထဲမထားနဲ့။
သူတို့စိတ်ထဲမှာ ဖြစ်နေတဲ့ အချိန်လေးပဲ
ချီးမွမ်းခြင်း , ကဲ့ရဲ့ခြင်းတွေနဲ့
ဝေဖန်ကြတာပါ။
ငါမရှိရင် မဖြစ်ဘူဆိုတဲ့ အတွေးကို မတွေးနဲ့
ငါမရှိလည်း သူ့ဟာသူ ဖြစ်နေတာပဲ။
သူမရှိရင် မနေတတ်ဘူးဆိုတဲ့သူတွေလည်း
သူမရှိတဲ့ အချိန်တွေကြာလာရင်
နေတတ်သွားကြတာပါပဲ။
ချစ်စရာရှိရင်လည်း မစွဲလမ်းနဲ့
မုန်းစရာရှိရင်လည်း အရွဲ့မတိုက်နဲ့
စိတ်ညစ်စရာရှိရင်လည်း ဝမ်းမနည်းနဲ့
ဒေါသဖြစ်ရင်လည်း မတုန့်ပြန်နဲ့
ထစ်ခနဲဆို မျက်ရည်မကျနဲ့ ။
လူ့ဘဝ
အခိုက်အတန့်လေးမှာ
ယူတတ်ရင် သင်္ခန်းစာတွေ အများကြီးပါ ။
ကျမ်းမာချမ်းသာလို့ ပျော်ရွှင်ပါစေ။
ကျမ်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပါတယ်။

image

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ရှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ရယောင်းခရိုင်ရယောင်းမြို့ Huay Pong အိမ်ရာဝင်းအတွင်းရှိ မြန်မာအလုပ်သမား
၅၀ နှင့် ကမ္ဘောဒီးယားအလုပ်သမား၁၅ ဦးကို စစ်ဆေးခဲ့ပြီး ဥပဒေနှင့်မညီသည့် အလုပ်သမား ရှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း ရယောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီ ၁၆ ရက်က ရယောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ရယောင်းခရိုင်ရဲတပ်ဖွဲ့များသည် တရားမဝင် နိုင်ငံခြားသားများအားဝိုင်းဝန်းပိတ်ဆို့ရှာဖွေခြင်းစစ်ဆင်ရေးအဖြစ်၎င်းအိမ်ရာဝင်းအတွင်းဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ နေထိုင်ရာလိပ်စာအကြောင်းမကြားခြင်း (ပုဒ်မ ၃၈)ဖြင့် တစ်ဦး၊ နေထိုင်ခွင့် စည်းကမ်း ချက်များဖောက်ဖျက်ခြင်း/ရက် ၉၀ အစီရင်ခံရန် ပျက်ကွက်ခြင်း (ပုဒ်မ ၃၇)ဖြင့် ငါးဦး၊ တရားမဝင် ခိုးဝင်မှုဖြင့် နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းရှစ်ဦးကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် သက်ဆိုင်ရာ စစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းထားကြောင်း သိရသည်။

image

အမေရိကန်တပ်များ ရုပ်သိမ်းသွားသော လေတပ်စခန်းကို အီရတ် ပြန်ထိန်းချုပ်

အီရတ်နိုင်ငံ အနောက်ပိုင်းတွင် အမေရိကန်ဦးဆောင်‌သော တပ်ဖွဲ့များကို လက်ခံထားခဲ့သော အင်အယ်လ် အာဆက် လေတပ်စခန်းမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းသွားပြီဖြစ်ကာ အီရတ်စစ်ဘက်က အပြည့်အဝ ထိန်းချုပ်မှု ယူလိုက်ပြီဖြစ်ကြောင်း အီရတ် ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောသည်။
အင်အယ်လ်အာဆက် လေတပ်စခန်းသည် အမေရိကန်နှင့် မဟာမိတ်တပ်များအား နှစ်ပေါင်းများစွာ လက်ခံထားခဲ့ပြီး ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်လာသည့် အချိန်တိုင်း အီရန်က အထောက်အပံ့ ပေးထားသည့် လက်နက်ကိုင်အုပ်စုများက အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့သည့် နေရာလည်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီး ကက်ဆင်ဆိုလိုင်မာနီကို အမေရိကန်က သုတ်သင်ခဲ့ချိန်က လည်း ယင်းစခန်း တိုက်ခိုက်ခံခဲ့ရသည်။
ယင်းစခန်းမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုကို အီရတ်ကြည်းတပ် ဗိုလ်မှူး ကြီးတစ်ဦးက အတည်ပြုခဲ့ပြီး ထောက် ပံ့ပို့ဆောင်ရေး ကိစ္စများကြောင့် စစ်သားအနည်းငယ်ကျန်ရှိနေသည်ဟု ၎င်းက ဆိုသည်။
အသေးစိတ် အချက်များကိုမူ လုံခြုံရေးကြောင့် ဗိုလ်မှူး ကြီးက မပြောပေ။
အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှု မည်သည့်အချိန်က စ တင်ခဲ့သည်ဆိုခြင်းမှာ လတ်တလော ရှင်းရှင်းလင်းလင်း မရှိ‌ပေ။
သို့သော် ကနဦးအစီအစဉ်အရ ၂၀၂၅ စက်တင်ဘာလအရောက်တွင် ရာနှင့်ချီသောတပ်ဖွဲ့များ စတင် ထွက်ခွာ ရမည် ဖြစ်ကာ ၂၀၂၆ နှစ်ကုန်တွင် အားလုံးရုပ်သိမ်းပြီးဖြစ်ရမည်ဟု ရေးဆွဲထားကြောင်း သိရသည်။
ယင်းသို့ အီရတ်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းပြီး နှစ်နိုင်ငံလုံခြုံရေး ဆက် ဆံမှု တည်ဆောက်သွာ‌ရေး အစီအစဉ်များကို ၂၀၂၄ ခုနှစ်တွင် ဝါရှင်တန်နှင့် ဘဂ္ဂဒက်တို့ကြား နားလည်မှု ယူခဲ့ကြခြင်းဖြစ်သည်။

image

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နှင့်နှစ်သစ်ကူးအကြိုပွဲတော်ကျင်းပ
-----------------------

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နဲ့ ရိုးရာနှစ်သစ်ကူးအကြိုပွဲ တော်ကို ဇန်နဝါရီ (၁၈)ရက်က ရန်ကုန်မြို့ရှိ The ERAVATI Sule Grand Yangon မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာ‌ တွေ၊ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်‌ တွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော် တွေတက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကားပြောခဲ့ပြီး ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းနဲ့ တာဝန်ရှိသူတွေက ကျေးဇူးတင်နှုတ်ခွန်းစကားတွေပြောကြားခဲ့ကြပါတယ်။
အဲဒီနောက် ကိုးကန့်တိုင်းရင်းသားအမျိုးသမီးရေးရာအဖွဲ့နဲ့ 2025 worldculture dance festival winner ဆုရှင်အဖွဲ့တွေက ကပြဖျော်ဖြေခဲ့ကြပြီး တယောထိုးဖျော်​ဖြေမှုတွေလည်း
ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နဲ့ ကိုးကန့်နှစ်သစ်ကူးအကြိုပွဲ
အဖြစ် အသင်းရန်ပုံငွေအတွက် ပစ္စည်း တွေလေလံတင်ရောင်းချတာ၊ လုပ်ငန်းသဘောတူ MOUရေးထိုးတာတွေ့နဲ့ Lucky Draw အစီစဥ်တွေလည်းပြုလုပ်ခဲ့ပါတယ်။

image

သဗ္ဗညုဘုရားကြီးနံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများ သန့်စင်ရာမှ နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခင်က သဗ္ဗညုဘုရားကြီး၏ အနောက်ဘက် အဝင်မုခ်မျက်နှာကြက်တွင်သာ နံရံပန်းချီရှိကြောင်း သိရသည်။
ယခုအခါ တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီ ရှိ/မရှိကို စမ်းသပ်ရာအစိတ်အပိုင်းငယ်နေရာ (၄၀) အား သန့်စင်ရာမှ တတိယထပ် အာရုံခံတောင်ဘက်နံရံနှင့် တတိယထပ်တိုက်မအဝင် မုခ်ပေါက်ဘေးနံရံ (၂) နေရာ၌ နံရံဆေးရေးပန်းချီများရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု အင်ဂျင်နီယာများနှင့်ပူးပေါင်း၍ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းခြင်း (Structural Conservation)၊ နံရံပန်းချီထိန်းသိမ်းခြင်း (Mural Conservation) နှင့် တူးဖော်သုတေသနပြုခြင်း (Excavation) လုပ်ငန်းများကို အပိုင်းလိုက် ခွဲခြားဆောင်ရွက်နေခြင်းဖြစ်သည်။
ဆက်လက်၍ တရုတ်ပညာရှင်အဖွဲ့က တတိယထပ်အပြင်ပတ်လမ်း တိုက်မပစ္စယံခုံ တောင်ဘက်နံရံတွင် အပိုင်း (၂) ပိုင်းခွဲ၍ Dry Cleaning နှင့် Wet Cleaning နည်းလမ်း (၂) မျိုးဖြင့် ချေးချွတ်သန့်စင်ခဲ့ခြင်းကို နှိုင်းယှဉ်ပြသ ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

မိုးကြက်သွန်နီအသစ်များ ဈေးကောင်းရနေ

မန္တလေးတိုင်းအတွင်းမြို့နယ်များရှိကြက်သွန်နီဈေးကွက်အခြေအနေမှာမိုးကြက်သွန်နီအသစ်များ စတင်ဝင်ရောက်နေခြင်းကြောင့် ဈေးကောင်းရနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မန္တလေးကြက်သွန်နီဈေးကွက်တွင် လက်ကားဈေးနှုန်း ကျပ် ၂၈၀၀ မှ ၃၂၀၀၊ လက်လီဈေးနှုန်း ကျပ် ၂၅၀၀ မှ ၃၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျောက်ဆည် ကြက်သွန်နီ ဈေးကွက်တွင် တောဝယ်ဈေးနှုန်း ကျပ် ၂၈၀၀ မှ ၄၀၀၀ ခန့်ရှိကြောင်းသိရသည်။
ထို့ပြင် မြင်းခြံကြက်သွန်နီဈေးကွက်တွင် တောဝယ်ဈေးနှုန်း ကျပ် ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိပြီး၊ တစ်ပတ်အတွင်း ကြက်သွန်နီအဝင် ပိဿာ ၈၀,၀၀၀ နှင့် ၁၀၀,၀၀၀ ခန့်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းရှိ စိုက်ဧကတစ်သန်းကျော်တွင် စိုက်ပျိုးထုတ်လုပ်ပြီး ထွက်ရှိလာသည့်ကြက်သွန်နီကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံအချို့ကိုလည်းတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

image

အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေအောင် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး သင်ကြား လေ့ကျင့်ပေးရန် တိုက်တွန်း

Agro-based Industries နှင့် MSME များ၊ AI နှင့် EV ဆိုင်ရာ နည်းပညာများဖွံဖြိုးရေးအထောက်အကူပြု သုတေသနစီမံကိန်းများကို အလေးထားဆောင်ရွက်ရန်ပြော
နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံဖြိုးရေး အမှန်တကယ်အားထားရသည့် အင်ဂျင်နီယာ လူငယ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကျောင်းသားများကို အင်ဂျင်နီယာပညာဒဿနအမြင်၊ အသိပညာဆန်းစစ်လေ့လာတွေးခေါ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် အင်ဂျင်နီယာအရည်အချင်းများပြည့်ဝစေအောင် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။
ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ လှိုင်သာယာမြိုနယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ရောက်ရှိချိန် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Agro-based Industries နှင့် MSME များ၊ AI နှင့် EV ဆိုင်ရာ နည်းပညာများဖွံဖြိုးရေးအထောက်အကူပြု သုတေသနစီမံကိန်းများကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဖွံဖြိုးရေးအတွက် သုတေသနရလဒ်များကို အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်နေသော နည်းပညာအရွေ့တို့နှင့်အတူလိုက်ပါနိုင်ရေး သုတေသနကွန်ရက်များ ဖွဲ့စည်းပြီး နိုင်ငံတကာနည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံ့ဂုဏ်ဆောင်ဆုများရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

image