ယူနိုက်တက်နှင့်ပွဲမတိုင်မီ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုဒဏ်ခံနေရတဲ့ နယူးကာဆယ်
=================
နယူးကာဆယ်ဟာ ယနေ့ညတွင် ယူနိုက်တက်အား ဧည့်ခံကစားရမယ့် ပွဲစဉ်မတိုင်မီ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုဒဏ်ခံနေရပါတယ်။
အသက် ၄၈ နှစ်ရှိ အက်ဒီဟောင်းက ဂျာကော့ရမ်ဆေးနှင့် ပေါင် ၆၉ သန်းတန် တိုက်စစ်မှူးနစ်ဝယ်တီမိတ်တို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရကာ နေထိုင်မကောင်း ဖြစ်နေကြောင်း အတည်ပြုသွားပါတယ်။
နယူးကာဆယ်ဟာ ယနေ့ညတွင် စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းတွင် ယူနိုက်တက်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး ဒဏ်ရာရ ပြဿနာများစွာ ကြုံနေရမှုကြောင့် စိုးရိမ်နေရပါတယ်။
အသက် ၂၄ နှစ်ရှိ ရမ်ဆေးမှာ စနေနေ့တုန်းက အဲဗာတန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပွဲထွက်ကစားခဲ့ပေမယ့်လည်း နေထိုင်မကောင်းမှုကြောင့် ပထမပိုင်းတွင်ပင် လူစားလဲလှယ်ခဲ့ရပါတယ်။
အလယ်တန်းကစားသမားမှာ ယင်းနောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာပေမယ့်လည်း ဂျာမနီတိုက်စစ်မှူးမှာ ယူနိုက်တက်နှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေပါတယ်။
ဒါ့အပြင် နယူးကာဆယ်ရဲ့ အခြားပထမအသင်းကစားသမား ၅ ဦးတို့မှာလည်း ကြံ့ခိုင်မှုပြဿနာကြုံနေရကာ ယူနိုက်တက်နှင့်ပွဲကို လွဲလာပါမယ်။
အသင်းခေါင်းဆောင်ဘရူနိုဂူမာရေးစ်၊ လီဝစ်မီလေး၊ အီမီလီဖရက်ဖ်၊ ဖေဘီယန်ရှားတို့မှာ လွဲချော်ရန် သေချာနေပြီး တီနိုလီဗရာမန်တီမှာလည်း ယူနိုက်တက်နှင့်ပွဲတွင် ပါဝင်ရန် မရေရာပါဘူး။
နယူးကာဆယ်ဟာ ယခုရာသီတွင် ခြေစွမ်းအတက်အကျများစွာနှင့် ရင်ဆိုင်နေရကာ အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
၎င်းတို့ဟာ နောက်ဆုံး ၇ ပွဲတွင် ၁ ပွဲသာ အနိုင်ရထားပေမယ့်လည်း ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်နိုင်သေးတဲ့ အခွင့်အရေး ပိုင်ဆိုင်ထားဆဲ ဖြစ်သလို အဆင့် ၈ နေရာမှ အဲဗာတန်နှင့် ၄ မှတ်တည်းသာ ကွာဟနေပါတယ်။