Set-piece ကနေ ဂိုးသွင်းတိုင်း နည်းပြ နီကိုလက်စ်ဂျိုဗာကို အာဆင်နယ်အသင်း အပိုဆုကြေးပေးနေရ

အာဆင်နယ်အသင်းဟာ set-piece နည်းပြ နီကိုလက်စ်ဂျိုဗာကို set-piece ကနေ ဂိုးသွင်းတိုင်း အပိုဆုကြေး ပေးနေရကြောင်း သိရပါတယ်။

ဂျာမန်မှာ မွေးဖွားတဲ့ ပြင်သစ်လူမျိုး နီကိုလက်စ်ဂျိုဗာဟာ ၂၀၁၆ ကတည်းက set-piece နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းကတစ်ဆင့် အာဆင်နယ်ကို ရောက်ရှိခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတေတာက မန်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ နီကိုလက်စ်ဂျိုဗာကို ၂၀၂၁ မှာ အာဆင်နယ်အသင်းဆီ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးထားပါတယ်။

အဲဒီသက်တမ်းတိုးစာချုပ်သစ်မှာ set-piece ကနေ ဂိုးသွင်းယူတိုင်း အပိုဆုကြေးပေးရမယ့် သဘောတူညီချက် ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ set-piece ကနေ ၂၄ ဂိုးအထိ သွင်းယူထားကြောင်း သိရပါတယ်။

image