နေပြည်တော်မှာ ရေဆင်းကူးတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ရေနစ်သေဆုံး

နေပြည်တော် ၊ ပျဥ်းမနားမြို့နယ်၊ အလျင်လို ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။
မနေ့က ဇွန် ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ပျဥ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင် ကိုဆက်ပိုင်စိုးဟာ အလျင်လိုဆည်မြောင်းအတွင်း ရေဆင်းကူးရာကနေ မြောင်းပြွန်ထဲကိုရောက်သွားပြီး ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
" ဆည်မြောင်းထဲရေဆင်းကူးတာမှာ ရေစီးသန်ပြီး လူက မြောင်းပြွန်ထဲရောက်သွားပြီး သေဆုံးတာပါ။ သေဆုံးတဲ့အမျိုးသားက အသက် ၃၅ လောက်ရှိမယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကလို့သိရတယ်။ ရာထူးတော့ သေချာမသိဘူး ။ " လို့ ကူညီကယ်ဆယ်ရေးပြုလုပ်တဲ့အထဲပါတဲ့ ဒေသခံကပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်ရဲ့ ရုပ်အေလာင်းကို ညနေ ၄ နာရီလောက်ကနေ စတင်ရှာဖွေခဲ့ပြီး ည ၈ ခွဲလောက်မှသာ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းနဲ့ အလောင်းကိုတော့ ပျဥ်းမနားမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း ၊ပဲခူးမြို့ မှာလည်း မေ ၂၂ ရက်နေ့က ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် ရေနစ်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
မေ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂) ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ အသက် ၁၀ နှစ်အရွယ် ကျောင်းသားကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

image

လက်ပံတန်းမြို့နယ်မှာ လူငါးယောက် အသတ်ခံရ

ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ရေနောက်ရွာဟောင်းကျေးရွာက ဒေသခံငါးယောက်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့တခုက နေအိမ်အထိဝင်ရောက်ပြီး သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
အသတ်ခံရသူတွေက အသက် ၅၀ ကျော်အရွယ် ဦးတင်သိန်း နဲ့ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်ဦး၊ အသက် ၅၅ နှစ်အရွယ် ဦးလွန်းခိုင်နဲ့ ဇနီးဖြစ်သူ အသက် ၅၀ နှစ်အရွယ် ဒေါ်မိချို ၊ နောက်ထပ် အသက် ၅၇ နှစ်အရွယ် ဒေါ်အေးမြင့် ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။
အသတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံက " ငါးယောက်အသတ်ခံရတယ်ဆိုတာကို တနေ့က (ဇွန် ၁၀ ရက်နေ့) မနက် ၆ နာရီလောက်မှာ သိရတယ် ။ ၁၂ နာရီလောက်ကျတော့ အလောင်းတွေ မြို့ပေါ်ဆေးရုံကို ရောက်လာတယ်။ အဲဒီရွာဘက်တွေက နယ်မြေတော့ သိပ်မအေးချမ်းဘူး ။ အခုအသတ်ခံရတဲ့ကိစ္စကလည်း ဘာကြောင့် ဘယ်အဖွဲ့က သတ်မှန်းလည်း မသိရဘူး။ ကြားထဲက လူငါးယောက်တော့သေသွားရပြီ။ ကိုယ့်အိမ်ကိုယ်နေတာတောင် မလုံခြုံတဲ့ အခြေအနေပါ ။ ခုဖြစ်တာ လက်ပံတန်းအရှေ့ဘက်ခြမ်းက ရွာပါ ။မြို့နဲ့ သိပ်မဝေးဘူး။ " လို့ ပြောပါတယ်။
လက်ပံတန်းမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေဘက်မှာက နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာကြောင့် ကျေးရွာဒေသခံတချို့ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြတာရှိသလို ကျေးရွာမှာပဲ နေထိုင်သူတချို့လည်း ရှိကြောင်းသိရပါတယ်။
အခု ရေနောက်ရွာဟောင်းကျေးရွာက အသတ်ခံရတဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးသုံးယောက် ကိစ္စနဲ့ပတ်သက်ပြီး လက်ပံတန်းမြို့နယ်တွင်းလှုပ်ရှားနေတဲ့ PDF အဖွဲ့တွေကတော့ သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး ။
ဇွန်လ ၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင် နဲ့ သားဖြစ်သူ မောင်ရဲမာန်တို့သားအဖကိုလည်း PDF အဖွဲ့က သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဇွန် ၈ ရက်ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာက ဦးအောင်မျိုးခိုင် (ခ) သားချို ဆိုသူကို PDF အဖွဲ့တွေက နေအိမ်အထိ ဝင်ရောက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

image

ISP-Myanmar တည်ထောင်သူ ဦးမင်းဇင် တရုတ်မှာ ဖမ်းဆီးခံရ

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) တည်ထောင်သူ ဦးမင်းဇင်ကို တရုတ်အစိုးရက အခုလဆန်းပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ် (The New York Times) သတင်းစာက မနေ့က ဖော်ပြပါတယ်။
ဦးမင်းဇင်ဟာ အခုလ ၃ ရက်နေ့က မြန်မာနဲ့ နယ်စပ်ဖြစ်တဲ့ ယူနန်ပြည်နယ် ကူမင်းမြို့ကို သွားရောက်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုဖမ်းဆီးခံရတဲ့ကိစ္စကို အမေရိကန်သံတမန်တွေကလည်း သိရှိထားတယ် လို့ နယူးယောက်တိုင်းမ် (The New York Times) သတင်းစာက ဖော်ပြပါ တယ်။
အမည်မဖော်လိုတဲ့ ဦးမင်းဇင်နဲ့ နီးစပ်သူတချို့ကလည်း သူပျောက်ဆုံးနေတာ ဟုတ်တယ်လို့ ပြောပါတယ်။
“တရုတ်ကို သွားတာဟုတ်တယ်။ အခုလဆန်းထဲက အဆက်အသွယ် မရတာ” လို့ ကိုမင်းဇင်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ သူ့နိုင်ငံလုံခြုံရေးအပေါ် ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးမင်းဇင်ကို ဖမ်းဆီးထားတာဖြစ်ပြီး၊ အမေရိကန်နိုင်ငံသား တစ်ဦး ကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြစ်မှုနဲ့ ဖမ်းဆီးတာဟာ ဖြစ်ခဲတဲ့ ကိစ္စတစ်ခုလို့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။
ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကူမင်းမြို့ (Kunming) တွင် ဦးမင်းဇင် ပျောက်ဆုံးသွားခဲ့ကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် (Lin Jian) က ဖမ်းဆီးထားမှုကို အတည်ပြု ဖြေကြားခဲ့တာပါ။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ဟာ ၂၀၂၁ ခုနှစ်မတိုင်ခင်က ရန်ကုန်မြို့မှာ အခြေစိုက်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
၂၀၂၁ နောက်ပိုင်းမှာတော့ ပြည်ပနိုင်ငံတွေမှာ အခြေစိုက်ပြီး မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စရပ်တွေ ကို ဆက်လက်လေ့လာစောင့်ကြည့် မှတ်တမ်းတင်နေတဲ့ သုတေသနအဖွဲ့ တစ်ခု ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၁၃ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၁၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၇၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၃၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၃၄၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၂၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၂၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၃၀ ကျပ်
ဝယ်ဈေး - ၄၂၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၇၅ ကျပ်
ဝယ်ဈေး - ၄၈၅၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၂ ကျပ်
ဝယ်ဈေး - ၁၀၃၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၆ ကျပ်
ဝယ်ဈေး - ၆၂၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၉၃ ကျပ်
ဝယ်ဈေး - ၂၆.၂၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၀၉ ကျပ်
ဝယ်ဈေး - ၄၃.၉၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၄ ကျပ်
ဝယ်ဈေး - ၂.၇၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၈၅ ကျပ်
ဝယ်ဈေး - ၅၆၄၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၃၆ ကျပ်
ဝယ်ဈေး - ၂၉၅၈ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၈ ကျပ်
ဝယ်ဈေး - ၃၀၀၉ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၁ ကျပ်
ဝယ်ဈေး - ၅၃၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၁ ကျပ်
ဝယ်ဈေး - ၁၁၄၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှု ခရီးလမ်း

မြန်မာနိုင်ငံသည် ပညာရေးကဏ္ဍတွင် ရှည်လျားသော သမိုင်းကြောင်းရှိသည့်နိုင်ငံဖြစ်သော်လည်း ခေတ်ကာလ၏ လိုအပ်ချက်များနှင့်အညီ အဆင့်မီရန် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နေရဆဲဖြစ်ပါသည်။ လက်ရှိအစိုးရအနေဖြင့် အခြေခံပညာမှသည် အဆင့်မြင့်ပညာအထိ ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လျက်ရှိသည်။

ပထမဦးဆုံး ပြောင်းလဲမှုမှာ သင်ရိုးညွှန်းတမ်း ပြုပြင်ခြင်းဖြစ်သည်။ ယခင်က အလွတ်ကျက်မှတ်ခြင်းကို အခြေခံသည့် သင်ကြားရေးစနစ်မှ ကျောင်းသားများ၏ တွေးခေါ်စဉ်းစားနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို အဓိကထားသည့် ခေတ်မီသင်ရိုးညွှန်းတမ်းအဖြစ် ပြောင်းလဲလျက်ရှိသည်။ ဒုတိယအနေဖြင့် အိုင်တီပညာကို သင်ရိုးတွင် ထည့်သွင်းသင်ကြားခြင်းဖြင့် ကျောင်းသားများအား ဒစ်ဂျစ်တယ်ခေတ်အတွက် ပြင်ဆင်ပေးလျက်ရှိသည်။

တတိယအချက်အနေဖြင့် ဆရာအရည်အချင်း မြှင့်တင်ရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိသည်။ ဆရာများအတွက် လေ့ကျင့်ရေးသင်တန်းများ၊ နည်းစနစ်သစ်များ မိတ်ဆက်ခြင်းနှင့် နိုင်ငံတကာ ပညာရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ရန် အခွင့်အလမ်းများ တိုးမြှင့်ပေးလျက်ရှိသည်။ စတုတ္ထအချက်မှာ မသင်မနေရ မူလတန်းပညာအပြင် အလယ်တန်းနှင့် အထက်တန်းပညာရေးကိုပါ တိုးချဲ့အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတစ်ဝန်း ပညာရေးအခွင့်အလမ်း မျှတစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

ပဉ္စမအချက်အနေဖြင့် ဝေးလံခေါင်သီသော ကျေးလက်ဒေသများတွင် ကျောင်းအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးများ ချထားပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးများပါ ပညာသင်ကြားခွင့် ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။

သို့ရာတွင် ဤပြုပြင်ပြောင်းလဲမှုများတွင် အခက်အခဲများစွာ ရှိနေသေးသည်။ ဘတ်ဂျက်ကန့်သတ်ချက်၊ ဆရာအရည်အချင်း ကွာဟချက်၊ ကျေးလက်ဒေသများသို့ နည်းပညာရောက်ရှိမှု အားနည်းခြင်းတို့မှာ အဓိကစိန်ခေါ်မှုများ ဖြစ်ပါသည်။ သို့သော် နိုင်ငံတော်အနေဖြင့် ပညာရေးအတွက် ဘတ်ဂျက်လျာထားချက် တိုးမြှင့်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။

ခြုံငုံသုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုသည် နှေးကွေးသော်လည်း ရှေ့သို့ဦးတည်နေသော ခရီးစဉ်တစ်ခုဖြစ်သည်။ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ၊ ပြည်သူများ၏ ပါဝင်ပတ်သက်မှုနှင့် နိုင်ငံတကာ၏ အကူအညီများဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်လူငယ်များသည် အရည်အသွေးပြည့်ဝသော ပညာရေးကို ရရှိလိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ ဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးရန် ရှိမရှိ လွှတ်တော်တွင် မေးမြန်း
ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ

သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရကြောင်း သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် တတိယအကြိမ်ပြည်သူလွှတ်တော် ဒုတိယ ပုံမှန်အစည်းဝေး ဆဌမနေ့တွင် ဦးကောင်းထက်စံက သီပေါမြို့နယ် ၂၄ နာ၇ီ ဖုန်းလိုင်းများဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးဖို့ ရှိမရှိ မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့ခေတ် ဒီဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ကာလမှာ ဆက်သွယ်ရေးကဏ္ဍဟာ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အုံတစ်ရပ်ဖြစ်သလို ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး ပညာရေး ကျန်းမားရေး‌စောင့်ရှောက်မှုဝန်ဆောင်မှုများ လက်လှမ်းမှီရေးနှင့် ဒေသအလိုက်မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍာမှာ ပါဝင်လျက်ရှိ‌ကြောင်း ဦးကောင်းထက်စံက ပြောကြားခဲ့သည်။
တာဝါတိုင်အတွက် လျှပ်စစ်မီးမရရှိခြင်းကြောင့် ဒီဇယ်မီးစက်ဖြင့် လည်ပတ်နေပေမယ့် စက်သုံးဆီခွဲတမ်းလည်းမရတာကြောင့် ဆီဈေးမြင့်တက်နေမှုများကို ကြုံတွေ့နေရပြီး အဆိုပါ အခြေအနေများကြောင့် ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ်များပြား သိန်း ၁၁၀ ကျော် တစ်ရက်ကို ကုန်ကျ ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်ကို ရှေ့ရှည်မှာ အဆင်မပြေနိုင်ကြောင်း ဦးကောင်းထက်စံကပြောသည်။
သီပေါမြို့နယ်မှာ လက်ရှိ အချိန် မိုဘိုင်းစခန်း MPT ၂၁ ခု ATIM 25 ခု U9 မှ ၉ ခု MYTEL မှ ၃၇ ခုစုစုပေါင်း ၉၂ ခုနဲ့ ဆောင်ရွက်ပေးနေကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြေကြားခဲ့သည်။
အဆိုပါ ၉၂ ခု အနက် ၇၂ ခုသည့် လည်ပတ်နေပြီး ကျန်သည့် ၂၀ ခုကို လျှပ်စစ်ဓါတ်အားနှင့် စက်သုံးဆီပြန်ရရင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အပြည့်အဝရရအောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

image

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက်မှာ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ဖြတ်သန်းသွားလာမှု အားလုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်(CENTCOM) ကတော့ ကုန်သွယ်ရေးသင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားအတွင်းကို ပုံမှန်အတိုင်းပဲ အဝင်အထွက် ဖြတ်သန်းသွားလာနေကြတုန်းပဲလို့ ပြောဆိုထားပါတယ်။
ဒီရေလက်ကြားနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေကြောင့် လန်ဒန်အခြေစိုက် ICE ရောင်းဝယ်ရေးဌာနမှာ ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းတွေဟာ ၁.၉ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။
နောက်ဆုံးဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အဓိကအချက်အလက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ ထုတ်ပြန်ချက်များ
- အမေရိကန်က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ဟော်မုဇ်ရေလက်ကြားကို လမ်းကြောင်းအားလုံးအတွက် ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
- တစ်ချိန်တည်းမှာပဲ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်ကလည်း ဒီရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။
- အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေက ဒီဒေသတွင်းမှာရှိတဲ့ သင်္ဘောတွေအားလုံးကို ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းမသွားကြဖို့ သတိပေးထားပြီး၊ ဒီရေလက်ကြားဘက်ကို ဦးတည်ရွေ့လျားလာတဲ့ ဘယ်လိုလှုပ်ရှားမှုကိုမဆို ရန်သူနဲ့ ပူးပေါင်းဆောင်ရွက်တာလို့ သတ်မှတ်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
- ဒါ့အပြင် အမေရိကန်စစ်တပ်ဘက်က လာမယ့် ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို အီရန်အနေနဲ့ "ပြတ်သားပြီး" "ပြင်းထန်တဲ့" တုံ့ပြန်မှုမျိုး ပြုလုပ်သွားမယ်လို့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
- တိုကျိုမြို့ဆိုင်ရာ အီရန်သံအမတ်ကြီး ပေမန် ဆာဒတ်(Peyman Saadat) က ပြောကြားရာမှာတော့ အီရန်ဟာ ကျူးကျော်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တာဖြစ်ပြီး "လိုအပ်သလောက် အချိန်အထိ" ဆက်ပိတ်ထားမှာဖြစ်တယ်၊ ဒါပေမဲ့ ရုရှားနဲ့ တရုတ်အပါအဝင် မိတ်ဖက်နိုင်ငံတွေအတွက်တော့ ဒီရေလမ်းကြောင်းက ဆက်ပွင့်နေမှာဖြစ်တယ်"လို့ ဆိုပါတယ်။
- အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို တိုက်ခိုက်ခြင်းအားဖြင့် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ဓားစာခံအဖြစ် ထိရောက်စွာ လုပ်လိုက်တာပဲလို့ သံအမတ်ကြီးက ပြောကြားပါသေးတယ်။
အမေရိကန်နိုင်ငံရဲ့ ထုတ်ပြန်ချက်
- အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကတော့ "ကုန်သွယ်ရေးသင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားအတွင်းကို ပုံမှန်အတိုင်းပဲ ဆက်လက်ဝင်ထွက် ဖြတ်သန်းနေကြပါတယ်" လို့ ပြောပါတယ်။
ရေနံဈေးနှုန်းများ
- ရောင်းဝယ်မှုဆိုင်ရာ အချက်အလက်တွေအရ လန်ဒန်အခြေစိုက် ICE ရောင်းဝယ်ရေးဌာနမှာ သြဂုတ်လအတွက် ကြိုတင်ရောင်းဝယ်တဲ့ ဘရန့် (Brent) ရေနံစိမ်းအနာဂတ်ဈေးနှုန်းတွေဟာ ၁.၉၁ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။

image

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒ-ဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒ-ဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ လူစည်ကားရာနေရာများ၌ မြို့အင်္ဂါရပ်နှင့်မလျော်ညီစွာ တောင်းရမ်းစားသောက်နေကြသဖြင့် ယနေ့ ဇွန် ၁၁ ရက်တွင် မြဝတီမြို့၊ ဘုရင့်နောင်ဈေးကုန်းလမ်းဆုံမီးပွိုင့်၊ ရွှေမြင်းဝန်စေတီတော်ဘုရားကြီးမီးပွိုင့်နေရာတို့၌ တောင်းရမ်းနေသူများအား မြို့တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက်မှတ်ရေးထိုးစေပြီးနောက် နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
" မြို့ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့လမ်းညွှန်မှုနဲ့ အလိုလုပ်ဆောင်တာပါ။ ဒီနေ့အထိ (၁၆)ယောက်ရှိပြီ။ သူတို့ဌားနေတဲ့ တိုက်ခန်း တန်းလျားပိုင်ရှင်တွေကိုလဲ ခေါ်ပြောထားပါတယ်။ သူတို့အားလုံးကို ခံဝန်လက်မှတ်ထိုးစေပြီး သူတို့နေထိုင်တဲ့ မြို့ရွာအထိအခမဲ့ပြန်ပို့ပေးမှာပါ" ဟု မြဝတီမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတို့သည့် တောင်းရမ်းစားသောက်မှုကို လုပ်ငန်းသဖွယ်လုပ်ဆောင်နေကြခြင်းရာ မြဝတီမြို့၏ ပုံရိပ်ကို များစွာထိခိုက်စေသဖြင့် ယခုကဲ့သို့ ရှင်းလင်းလိုက်ခြင်းဖြင့် မြဝတီမြို့၏ပုံရိပ်ကိုမြှင့်တက်လာမည်ဖြစ် ကြောင်း ဒေသခံတစ်ဦးကပြောကြားခဲ့သည်။
ထိုင်း.မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့သည် အာဆီယံနိုင်ငံများနှင့် အရှေ့-အနောက် စီးပွားရေးစက်ြလမ်း၏ တံခါးပေါက်မြို့တော်အဖြစ်သတ်မှတ်ထားခြင်းခံရပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှူကိုအများဆုံးပြုလုပ်နိုင်သော ကုန်သွယ်ရေးမြို့ကြီးတစ်မြို့ဖြစ် ကြောင်း သိရသည်။

image

Ayeyawady FC Women အသင်း၏ Official Co-Sponsor အဖြစ် ရန်ကုန်တိုင်း GYCT သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ တရားဝင် လက်တွဲ

​ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation (GYCT) တို့သည် အသင်း၏ ရှေ့ဆက်မည့် ပြိုင်ပွဲခရီးစဉ်များအတွက် Official Co-Sponsor အဖြစ် ယနေ့တွင် တရားဝင် လက်တွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
​အဆိုပါ GYCT လုပ်ငန်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားလိုင်း (၁၃) လိုင်း၊ အပြည့်အဝပြေးဆွဲနေသော ဘတ်စ်ကားအစီးရေ (၄၉၁) စီးဖြင့် ဘတ်စ်ကားမှတ်တိုင်ပေါင်း (၆၈၅) တိုင်ကို လွှမ်းခြုံပြေးဆွဲပေးနေခြင်းဖြစ်သည်။
နေ့စဉ် ခရီးသည်ဦးရေ (၁၅၀,၀၀၀) နီးပါးကို ဘေးကင်းစိတ်ချစွာ သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် အဓိကပါဝင်နေသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
​ယခုကဲ့သို့ စနစ်ကျပြီး လူထုဝန်ဆောင်မှုကို အလေးထားသည့် GYCT ကဲ့သို့ အဖွဲ့အစည်းကြီးတစ်ခုနှင့် လက်တွဲခွင့်ရရှိခြင်းသည် Ayeyawady FC Women အသင်း၏ ရှေ့ဆက်မည့် ပြိုင်ပွဲခရီးစဉ်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအတွက် များစွာခွန်အားဖြစ်စေကြောင်း အသင်းကဆု‌မွန်ကောင်းတောင်းထားသည်။
​Ayeyawady FC Women အသင်းက အသင်းအပေါ် အပြည့်အဝယုံကြည်ကာ ပံ့ပိုးပေးသည့် GYCT ကို အသင်းစီမံခန့်ခွဲမှုအဖွဲ့၊ ကစားသမားများနှင့် အသင်းသားအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းနှင့် အတူတကွ လက်တွဲ၍ အ ကောင်းဆုံးသော အောင်ပွဲရလဒ်များကို ဆက်လက်ဖန်တီးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

image