ယူရို ၁၇ သန်းတန် အပြောင်းအရွှေ့အတွက် ကိုရင်သီယန်ကို ဖီဖာထံ တိုင်ကြားလာဖို့ ရှိနေတဲ့ အေစီမီလန်
===================
နွေရာသီ အပြောင်းအရွှေ့ကာလသို့ ရောက်ဖို့ လအတန်ကြာ လိုနေသေးပေမယ့် အေစီမီလန်ဟာ တောင်အမေရိကရဲ့အလားအလာအကောင်းဆုံးပါရမီရှင်များထဲမှ တစ်ဦးအတွက် ဘရာဇီးကလပ်နှင့် တရားရင်ဆိုင်လာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

အေစီမီလန်ဟာ နွေရာသီ အပြောင်းအရွှေ့ ရောက်ရန် လိုအတန်ကြာ လိုနေသေးပေမယ့်လည်း နွေရာသီမှာ အင်ဒရေအား ယူရို ၁၅ သန်းအပြင် ယူရို ၂ သန်း ထပ်မံပေးမယ့်အချက်ဖြင့် ကိုရင်သီယန်နှင့် သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ကိုရင်သီယန်ဘက်က စိတ်အပြောင်းအလဲ ဖြစ်လာမှုနှင့်အတူ ဖီဖာ ကြားဝင်ဖြေရှင်းပေးလာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

အေစီမီလန်နှင့် ကိုရင်သီယန်တို့ဟာ ရက်သတ္တပတ်အတန်ကြာ အင်ဒရေရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကလပ်နှစ်ခုအကြား သဘောတူညီမှု ရရှိကာ စာချုပ်တွင်လည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့် ကိုရင်သီယန်နည်းပြဒိုရီဗယ်ဂျူနီယာက ကစားသမားအား ရာသီအကုန်အထိ ဆက်ထိန်းထားလိုကြောင်း လူသိရှင်ကြား ပြောကြားလာမှုနှင့်အတူ အခြေအနေအပြောင်းအလဲ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တဖက်တွင် အေစီမီလန်ဘက်က အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိထားပြီး ဖြစ်သလို ကိုရင်သီယန်ဥပဒေဌာနထံမှ လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်း ရရှိထားပြီး ဖြစ်တာကြောင့် အပြောင်းအရွှေ့မှာ ပြီးပြတ်သွားလို့ ယုံကြည်နေပါတယ်။

ဒါပေမယ့် ကိုရင်သီယန်ဘက်က ကစားသမားအား နွေရာသီတွင် လက်လွှတ်ရန် ငြင်းဆိုလာမှုနှင့်အတူ အေစီမီလန်ဟာ FIFA Dispute Resolution Chamber သို့မဟုတ် Players’ Status Chamber သို့ တိုင်ကြားမှု ပြုလုပ်ရန် စီစဉ်လာပါတယ်။

အေစီမီလန်ဟာ ကိုရင်သီယန်ဘက်က အပြောင်းအရွှေ့အတွက် လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းများ ရရှိထားပြီး ဖြစ်လို့ အမှုတွင် အနိုင်ရရန် သေချာကာ နစ်နာကြေး ရရှိရန် သေချာသလောက် ရှိနေပါတယ်။

ဒါပေမယ့် အေစီမီလန်ဘက်က လိုချင်နေတာ နစ်နာကြေး မဟုတ်ဘဲ အလယ်တန်းကစားသမားအား နွေရာသီတွင် ခေါ်ယူနိုင်ရေး ဖြစ်ပါတယ်။

အေစီမီလန်ဟာ အယ်လီဂရီရဲ့ စနစ်တွင် အင်ဒရေမှာ လုံးဝ အံဝင်တယ်လို့ ယုံကြည်ကာ ခေါ်ယူရေး အစွမ်းကုန်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

တဖက်တွင် အေစီမီလန်ဟာ ရွက်ပုံးသီး လူငယ်များကို ပြုစုပျိုးထောင်ပြီး ပထမအသင်းတွင် အသုံးပြုနေသလို ထပ်မံ ရောင်းချမှုကလည်း ငွေကြေးအကျိုးအမြတ်များစွာ ရရှိနေပါတယ်။

image