Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကစားသမားဘဝက အနားယူထားတဲ့ ဒေးဗစ်ဆေးလ်ဗား ဟောင်ကောင်ကလပ် ရှားတင်အသင်းမှာ ပြန်ကစားမယ်
ကစားသမားဘဝက အနားယူထားတဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗားဟာ ဟောင်ကောင်ကလပ် ရှားတင်အသင်းနဲ့ ကာလတိုစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အသက်(၄၀)ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူဖြစ်ပြီး စပိန်အသင်းနဲ့လည်း ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူပါ။
ဗလင်စီယာအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အစပြုခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားက ၂၀၂၃ နွေရာသီမှာ ဆိုစီဒက်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တာပါ။
ဒါပေမဲ့ အောက်တိုဘာ(၇)ရက်နေ့မှာတော့ ဟောင်ကောင်ပရီးမီးယားလိဂ်ကလပ် ရှားတင်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဟောင်ကောင်မှာ ဘောလုံးကစားရမယ့်အခြေအနေအတွက် အရမ်းစိတ်လှုပ်ရှားကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ရှားတင်အသင်းဟာ ဒီရာသီ ဟောင်ကောင်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာ ရပ်တည်နေပြီး လာမယ့်ပွဲစဉ်ကို အောက်တိုဘာ(၁၈)ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။
Nations League မှာ (၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ မွန်တဲလားကို ရာထူးကထုတ်ပယ်ဖို့ တူရကီအသင်း စီစဉ်နေ
တူရကီအသင်းဟာ Nations League ပြိုင်ပွဲမှာ (၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ မွန်တဲလားကို ရာထူးကထုတ်ပယ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
တူရကီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအောက်ဆုံးနေရာသာ ရရှိခဲ့သလို၊ ၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲမှာလည်း ပြင်သစ်၊ အီတလီ(နှစ်ကျော့)၊ ဘယ်လ်ဂျီယံတို့ကို (၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။
ဒါကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်က နည်းပြ မွန်တဲလားကို ရာထူးက ထုတ်ပယ်ပြီး ရှက်တာဒိုးနက်အသင်းနည်းပြ အာဒါတူရန်ကို အစားထိုးခန့်အပ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာပါတယ်။
အီတလီလက်ရွေးစင်ကစားသမားဟောင်း မွန်တဲလား(၅၂ နှစ်)ဟာ ၂၀၂၃ ခုနှစ်မှာ တူရကီအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။
ဒါကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်က မွန်တဲလားကို ရာထူးက ထုတ်ပယ်မယ်ဆိုရင် လျော်ကြေးငွေ ယူရို(၁)သန်းနီးပါး ပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။
မွန်တဲလားဟာ တူရကီအသင်းကို ပွဲ(၄၀)ကိုင်တွယ်ရာမှာ (၂၁)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၁၄)ပွဲရှုံးခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း (၅၂.၅၀)ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါတယ်။
စပိန်ဝါရင့်ကစားသမား ပတ်ဒရို ကစားသမားဘဝက အနားယူ
စပိန်ဝါရင့်တောင်ပံကစားသမား ပတ်ဒရိုဟာ ကစားသမားဘဝက အနားယူကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
၃၉ နှစ်ရှိပြီဖြစ်တဲ့ ပတ်ဒရိုဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ လာဇီယိုအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ကာ အခုအနားယူဖို ဆုံးဖြတ်ခဲ့တာပါ။
ဘာစီလိုနာအကယ်ဒမီထွက် ပတ်ဒရိုအနေနဲ့ ဘာစီလိုနာအသင်းကြီးမှာ ကစားသမားဘ၀ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ချယ်လ်ဆီး၊ ရိုးမား၊ လာဇီယိုစတဲ့ ဥရောပထိပ်တန်းကလပ်တွေမှာ ကစားခဲ့တာပါ။
ပတ်ဒရိုဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ယူရို၊ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရရှိဖူးတဲ့ တစ်ဦးတည်းသောကစားသမားလည်းဖြစ်တယ်။
၎င်းအနေနဲ့ ကစားသမားဘဝမှာ လာလီဂါချန်ပီယံ ငါးကြိမ်၊ စပိန်ဘုရင့်ဖလား သုံးကြိမ်၊ စပိန်စူပါဖလား လေးကြိမ်၊ ချန်ပီယံလိဂ်ဖလား သုံးကြိမ်၊ ဥရောပစူပါဖလား သုံးကြိမ်၊ ကလပ်ကမ္ဘာ့ဖလား၊ နှစ်ကြိမ်၊ ပရီးမီးယားလိဂ်ဖလား တစ်ကြိမ်၊
FAဖလား တစ်ကြိမ်၊ ယူရိုပါလိဂ်ဖလား တစ်ကြိမ်၊ ကမ္ဘာ့ဖလား တစ်ကြိမ်၊ ယူရိုဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။
ပြိုင်ပွဲစုံ ၈၈၉ ပွဲ ကစားခဲ့ပြီး ၂၁၈ ပွဲကစားကာ ၁၀၆ ဂိုးအထိ ဖန်တီးပေးခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း ပစ်မှတ်ထားနေတဲ့ ဂိုးသမားစာရင်းမှာ နစ်ပုပ် ပါဝင်
ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းခေါင်းဆောင် ဂိုးသမား နော်ယာနေရာ အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေရာမှာ နယူးကာဆယ်အသင်းရဲ့ အင်္ဂလန်ဂိုးသမား နစ်ပုပ်လည်း ပါဝင်နေကြောင်း သိရပါတယ်။
ဂျာမန်ဂိုးသမား နော်ယာ(၄၀ နှစ်)က ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လမ်းခွဲဖို့ စီစဉ်ထားပါတယ်။
ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းက အစားထိုးခေါ်ယူဖို့အတွက် ဂိုးသမားအတော်များများကို ပစ်မှတ်ထားနေရာမှာ လေနို၊ ကီဗင်ထရပ်၊ ရူအီဆေးလ်ဗားတို့နဲ့အတူ နစ်ပုပ်လည်း ပါဝင်နေတာပါ။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၁၀)ပွဲ ကစားခွင့်ရထားတဲ့ နစ်ပုပ်က နယူးကာဆယ်အသင်းနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။
နစ်ပုပ်က ပြီးခဲ့တဲ့ရာသီအထိ နယူးကာဆယ်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ဖြစ်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ဂိုးသမားသစ် ဟော်နီဆက်ခ်က နံပါတ်(၁)ဂိုးသမား ဖြစ်သွားပါတယ်။
ဒါကြောင့် နစ်ပုပ်(၃၄ နှစ်)က ရာသီကုန်မှာ လမ်းခွဲပြီး စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်း ဂျပန်ပရော်ဖက်ရှင်နယ်ကစားသမား ဗဟိုခံစစ်မှူးကို ခေါ်ယူ
မြန်မာအမျိုးသမီးကလပ် ဧရာဝတီအမျိုးသမီးအသင်းဟာ ဂျပန်ပရော်ဖက်ရှင်နယ်ကစားသမား ဗဟိုခံစစ်မှူး ကုရုမီအီဝါရှီတာကို ခေါ်ယူစာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီတွင် ပြည်တွင်းပြိုင်ပွဲသာမက ပြည်ပပြိုင်ပွဲဖြစ်တဲ့ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေကြောင်း သိရပါတယ်။
ဒါကြောင့် ဧရာဝတီအမျိုးသမီးအသင်းဟာ ရာသီဝက်အပြောင်းရွှေ့ကာလတွင် ပြည်တွင်းပြည်ပကစားသမားတချို့ကို အပြောင်းအလဲပြုလုပ်နေလျက်ရှိကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ အသက် (၂၇) နှစ်၊ အရပ် (၅) ပေ၊ (၇) လက်မရှိ ဂျပန်ပရော်ဖက်ရှင်နယ် အမျိုးသမီးကစားသမား အီဝါရှီတာကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူခဲ့ပြီး ယခုအခါ ဂျပန်အမျိုးသမီးကစားသမားမှာ အသင်းနဲ့အတူ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
အီဝါရှီတာဟာ ဂျပန်အမျိုးသမီးဘောလုံးလောကရဲ့ အမြင့်ဆုံးဖြစ်တဲ့ We League ပြိုင်ပွဲဝင် အေစီနာဂါနိုပါစီယိုအသင်းတွင် ကစားခဲ့ဖူးသလို ထိုင်းကလပ် BGC-CAS အသင်းတွင်လည်း ကစားခဲ့သူဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်နဲ့ အမေရိကန်ကစားသမားနှစ်ဦးကိုလည်း ခေါ်ယူထားပါတယ်။
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် စီးပွားရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်ဝါ ဘင် အီဘရာဟင်တို့သည် ယနေ့ အောက်တိုဘာ ၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ကွာလာလမ်ပူမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်
ရန်ကုန်တိုင်းလွှတ်တော်၏ ပထမနေ့အစည်းအဝေး၌ အစိုးရကျောင်းများ၏ အရည်အသွေးမြှင့်တင်ရန် အဆိုတင်သွင်းမည်
ယနေ့ အောက်တိုဘာ ၈ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)တွင် အစိုးရကျောင်းများ၏ အရည်အသွေးမြှင့်တင်ရန် အဆိုကိုတင်သွင်းမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)ဒေါ်စန်းစန်းဝင်းက "မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အစိုးရကျောင်းများ၏အရည်အသွေးနှင့် အခြေခံအဆောက်အအုံအဆင့်မြှင့်တင်ရန်" အဆိုကိုတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ယင်း အဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူပြီးနောက် လက်ခံဆွေးနွေးသင့်ကြောင်း လွှတ်တော်ကဆုံးဖြတ်ပါက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းနိုင်သည်ဟုကြေညာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လမ်းမတော်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးညီညီသွယ်၊ ကွမ်းခြံကုန်းမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)ဒေါ်စန္ဒာဝင်း၊ အင်းစိန်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးသူရိန်လင်း၊ လှည်းကူးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးကျော်မင်းထွန်း၊ ဒလမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးသန်းဦး၊ ဗဟန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်ခိုင်ဆုရည်ဇော်တို့က ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပုဇွန်တောင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးစိုးမြင့်၊ လှိုင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးစံကျော်၊ သန်လျင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးရန်မျိုးအောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးဝေယံပိုင်၊ သုံးခွမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးလှဌေးတို့ကလည်းကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စားစီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။