FC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ပြီး အနိမ့်ဆုံး ကျပ် (၄၅၀၀၀) မှ အမြင့်ဆုံး ကျပ် (၄၀၀၀၀၀) အထိ သတ်မှတ်ထား
LFC (Lethwei Fighting Championship) အဖွဲ့အစည်းသည် LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ပြီး အနိမ့်ဆုံး ကျပ် (၄၅၀၀၀) မှ အမြင့်ဆုံး ကျပ် (၄၀၀၀၀၀) အထိ သတ်မှတ်ထားကြောင်း သိရသည်။
LFC (Lethwei Fighting Championship) အဖွဲ့အစည်းသည် LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်မှတ်ဈေးနှုန်းများအဖြစ် ကျပ် (၄၅၀၀၀၊ ၆၉၀၀၀၊ ၉၀၀၀၀၊ ၁၂၅၀၀၀၊ ၂၅၀၀၀၀၊ ၃၀၀၀၀၀၊ ၃၅၀၀၀၀၊ ၄၀၀၀၀၀) ဟူ၍ အမျိုးအစား ၈ မျိုး သတ်မှတ်ကာ အွန်လိုင်းမှတစ်ဆင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
LFC (Lethwei Fighting Championship) အဖွဲ့အစည်းသည် LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ Hexagon Complex ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ LFC (Lethwei Fighting Championship) အဖွဲ့အစည်းသည် မူလက LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်တွင် ကျင်းရန်စီစဉ်ထားခဲ့သော်လည်း ပရိသတ်များအတွက် ပိုမိုကောင်းမွန်သည့်တွဲဆိုင်းများ ထည့်သွင်းကျင်းပနိုင်ရန် နိုဝင်ဘာ ၁၄ ရက်သို့ နောက်ဆုတ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် တွဲဆိုင်း ၉ ဆိုင်းပါဝင်မည်ဖြစ်ပြီး အမျိုးသမီးတွဲဆိုင်းနှစ်ဆိုင်းထည့်သွင်းထားကြောင်းလည်း သိရသည်။ LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မြန်မာဖိုက်တာများက တစ် ဖက်၊ နိုင်ငံတကာဖိုက်တာများက တစ်ဖက်အနေဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ LFC (Lethwei Fighting Championship) အဖွဲ့အစည်းသည် LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းစည်းကမ်းများအတိုင်း ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ သို့သော် အလဲထိုးစနစ်ဖြင့် ကျင်းပမည်မဟုတ်ဘဲ အမှတ်ပေးစည်းမျဉ်းဖြင့်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။