ရန်ကုန်မြို့နယ် ၄ ခုနှင့် သီလဝါတွင် ရေပေးဝေမှု ယာယီအားနည်းနိုင်
ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သာကေတနှင့် ဒေါပုံမြို့နယ်တို့အပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုကြောင့် ရေပေးဝေမှုအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အဆိုပါဒေသများသို့ ရေပေးဝေနေသည့် ရေပေးဝေရေးစခန်း ဇုန် (၈) တွင် ယနေ့ အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီ ၈ မိနစ်မှစတင်၍ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ခဲ့သဖြင့် ရေတွန်းစက်ကြီးများကို ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။
ယင်းသို့ ရေတွန်းစက်များ ခေတ္တရပ်နားခဲ့ရခြင်းကြောင့် သက်ဆိုင်ရာမြို့နယ်များနှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ ရေပေးဝေရေးပိုက်လိုင်းကွန်ရက်များတွင် ရေအားနည်းမှု ဖြစ်ပေါ်နိုင်ခြင်းဖြစ်သည်။
ရေပေးဝေမှုအားနည်းခြင်းကြောင့် ရေသုံးစွဲရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာမြို့နယ် ရေပေးဝေရေးတာဝန်ခံများထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွက် ၅၀၉၄၃၃၅၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွက် ၀၉-၄၄၆၇၅၈၃၅၀၊ သာကေတမြို့နယ်အတွက် ၀၉-၄၂၀၀၄၅၂၈၇ နှင့် ဒေါပုံမြို့နယ်အတွက် ၀၉-၄၄၈၀၄၈၇၆၀ တို့ဖြစ်သည်။
လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမည့်အချိန်နှင့် ရေပေးဝေမှု ပုံမှန်ပြန်လည်ဖြစ်ပေါ်မည့်အချိန်တို့ကိုမူ ဖော်ပြထားခြင်းမရှိသေးပေ။