10 w - Translate

Lebelage Water Drop Ampoule Cream 💦💦💦
သူရဲ့အားသာချက်ကတော့ Watery type ၊ ampoule type မလို့လိမ်းလိုက်ရင် ထူထူပြစ်ပြစ် ဖြစ်မနေပဲ စိမ့်ဝင်လွယ်တယ် ၊ အေးအေးလေးနဲ့
နေလို့ကောင်းတယ်
အဆီပြန်တာကို ထိန်းပေးတဲ့အပြင်ကိုမှ ချွေးပေါက်လေးတွေပါ ကျဉ်းလာစေတယ်နော်
ဝက်ခြံ၊ အမာရွတ်၊ အမဲစက်တွေကို သိသိသာသာကို သက်သာစေပါတယ်
Centella Asiatica Extract ပါလို့ အဆီဖုတွေ အသားမညီတာ ညစ်တာတွေကိုပါ သက်သာစေပါတယ်နော်
Super water ဖြစ်တာမို့ အသားထဲစိမ့်ဝင်လွယ်ပြီးတော့ ရေဓာတ်အပြည့်အဝရစေပါတယ်နော်🙆
Moisture long lasting ဖြစ်တာမို့ အဆီပြန်သမားလေးတွေကစ အေးအေးဆေးဆေးသုံးလို့ရတယ်နော်
Price -16,500k
Instock

image
10 w - Translate

Lebelage Water Drop Ampoule Cream 💦💦💦
သူရဲ့အားသာချက်ကတော့ Watery type ၊ ampoule type မလို့လိမ်းလိုက်ရင် ထူထူပြစ်ပြစ် ဖြစ်မနေပဲ စိမ့်ဝင်လွယ်တယ် ၊ အေးအေးလေးနဲ့
နေလို့ကောင်းတယ်
အဆီပြန်တာကို ထိန်းပေးတဲ့အပြင်ကိုမှ ချွေးပေါက်လေးတွေပါ ကျဉ်းလာစေတယ်နော်
ဝက်ခြံ၊ အမာရွတ်၊ အမဲစက်တွေကို သိသိသာသာကို သက်သာစေပါတယ်
Centella Asiatica Extract ပါလို့ အဆီဖုတွေ အသားမညီတာ ညစ်တာတွေကိုပါ သက်သာစေပါတယ်နော်
Super water ဖြစ်တာမို့ အသားထဲစိမ့်ဝင်လွယ်ပြီးတော့ ရေဓာတ်အပြည့်အဝရစေပါတယ်နော်🙆
Moisture long lasting ဖြစ်တာမို့ အဆီပြန်သမားလေးတွေကစ အေးအေးဆေးဆေးသုံးလို့ရတယ်နော်
Price -16,500k
Instock

image
image
image
image
image
10 w - Translate

AI Chips တွေနဲ့ ပတ်သတ်ရင် Nvidia ကတော့ မသိသူမရှိသလောက်ပါပဲ AI ခေတ်နဲ့အတူ Nvidia က ကမ္ဘာ့ တန်ဖိုးအကြီးဆုံး Company တွေထဲက တစ်ခုဖြစ်လာခဲ့တာပါ
HUAWEI ဘက်မှာကလည်း 2019 ပြသနာတွေပြီးထဲက Chipset ပိုင်းမှာ တိုင်လည်နေခဲ့တယ် ပြောရင် မမှားပါဘူး
အခု 2025 မှာတော့ သူတို့ရဲ့ Chipset ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ လမ်းစတွေ့တဲ့အကြောင်း သတင်းထွက်လာပါတယ်
HUAWEI Connect 2025 မှာ AI Chipset တွေအတွက် လမ်းကြောင်းကို ချပြခဲ့ပါတယ်
2026 နှစ်စကနေစပြီး Ascend AI chip ပထမဆုံး စတင်ထုတ်လုပ်မယ်ပြောတယ် သုံးနှစ်အတွင်းမှာ 950PR, 950DT, 960, 970. 950PR ကို ချပြမယ်
Road Map ကတော့
> 2026 ခုနှစ်က စပြီး Ascend 950 series ထုတ်လုပ်
မယ်
> 2027 မှာ Ascend 960, 2028 မှာ Ascend 970 တို့ထွက်မယ်
> ထပ်ပြောသွားတာက နှစ်တိုင်း Compute Power ကို နှစ်ဆ တင်သွားမယ်လို့ ဆိုပါတယ်
နောက်တစ်ခုကတော့ SuperNode + SuperCluster designs ကိုချပြခဲ့ပါတယ်
သူတို့ပြောသွားတဲ့အထဲမှာဆိုရင်
> Atlas 950 Supernode က Ascend chips 8,192 ခု ထောက်ပံ့နိုင်မယ်
> Atlas 950 SuperCluster က Ascend chip 500,000 ကျော် အသုံးပြုမယ်
> 2027 ရောက်ရင်ထုတ်မယ့် Atlas 960 မှာ node တစ်ခုလျှင် 15,488 chip ထောက်ပံ့နိုင်မယ်။
> အဆင့်မြင့်ဆုံး cluster စနစ်မှာ 1 million chip ကျော်ကို ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ Huawei က ပြောထားပါသေးတယ်
Huawei ဘက်က ထပ်ပြောသွားသေးတာက သူတို့ ရဲ့Atlas 950 က အသစ်ထွက်မယ့် Nvidia NVL144 စနစ်ထက် 6.7x ပိုပြီးစွမ်းတယ် ဆိုထားပါတယ်
ဒီလိုတွေပြောလာလို့ HUAWEI အနေနဲ့ AI ပိုင်းမှာ ဘာတွေလုပ်နေလဲဆိုရင် DeepSeek အတွက် သူတို့ရဲ့ Ascend Chip တွေကို သုံးပေးနေတယ်လို့ တွေ့ထားရတယ် နောက်ထပ် Zai ကလည်း HUAWEI ရဲ့ Ascend Chip တွေကို Nvidia အစား သုံးနေတာကိုတွေ့ရပါတယ်
ပြောရရင် HUAWEI က local မှာပဲအရင်ဆုံး သုံးမယ့်သူရှာမယ် Nvidia ရဲ့ စျေးကွက်တွေကို ဝင်ယူမယ့်ပုံပါပဲ
HUAWEI ဘက်က ပြောသွားတာတွေ ဟုတ်၊မဟုတ် ကတော့ Roadmap အတိုင်းဆိုရင် 2026 ကနေစပြီး မြင်တွေ့လာရတော့မှာပါ AI ပြိုင်ပွဲကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ
Ref : HUAWEI Central , CNBC, CNA

image
10 w - Translate

၂၀၁၆ ခုနှစ်က နယ်သာလန်နိုင်ငံ Nijmegen မြို့က အသက် ၉၉ နှစ်အရွယ် အန်နီ (Annie) လို့အမည်ရတဲ့ အဖွားအိုတစ်ဦး ဟာ သူမဘဝမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ အတွေ့အကြုံသစ်တစ်ခုကို လိုချင်ခဲ့ပါတယ် သူမရဲ့ဆန္ဒကတော့ ရဲက ဖမ်းဆီးပြီး လက်ထိတ်ခတ်ခံရတာမျိုးကို ခံစားကြည့်ချင်တာဘဲဖြစ်ပါတယ် သူမရဲ့ မြေးဖြစ်သူက ဒေသခံရဲစခန်းနဲ့ ချိတ်ဆက်ပြီး ဒီဆန္ဒကို ဖွင့်ဟပြောပြခဲ့ပါတယ်
Nijmegen-Zuid ရဲတပ်ဖွဲ့က ဒီထူးခြားတဲ့တောင်းဆိုချက်ကို ကြားတဲ့အခါ အဖွားအို အန်နီရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သဘောတူခဲ့ကြပါတယ် သူတို့ဟာ အန်နီရဲ့အိမ်ကို ရောက်လာပြီး ရဲကားပေါ်တင်ကာ ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ပါတယ်
ရဲအရာရှိတွေဟာ အန်နီကို တကယ်ဘဲ လက်ထိတ်ခတ်ခဲ့ပြီး ရဲကားရဲ့ နောက်ခန်းထဲမှာ စီးစေခဲ့ပါတယ် ဒါပေမဲ့ ဒါဟာ ပျော်စရာ ရယ်စရာတစ်ခုအနေနဲ့သာ ဖြစ်ပြီး အန်နီကလည်း စိတ်အနှောင့်အယှက်မဖြစ်ဘဲ ပြုံးရွှင်စွာ ပါဝင်ခဲ့ပါတယ်
ရဲစခန်းရောက်တဲ့အခါ အန်နီကို အချုပ်ခန်းထဲမှာ ခဏတာ ထိုင်ခိုင်းခဲ့ပြီးအချုပ်ခန်းတံခါးကို ပိတ်ခဲ့ပါတယ် ဒီအချိန်အတိုလေးဟာ သူမအတွက်တော့ အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာတာနဲ့ တူနေခဲ့ပါတယ်
အန်နီရဲ့ဆန္ဒဟာ ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ချင်တာ၊ ဒါမှမဟုတ် ရဲကို စိန်ခေါ်ချင်တာမျိုး လုံးဝမဟုတ်ပါဘူး သူ့အတွက် ဒါဟာ အသက်ကြီးလာတဲ့အခါမှာတောင် ဘဝရဲ့ စွန့်စားမှုတွေကို လက်မလွှတ်ချင်တဲ့စိတ်၊သူ့ရဲ့ နောက်ဆုံးနှစ်တွေမှာ ရယ်စရာကောင်းတဲ့ အမှတ်တရတစ်ခုကို ဖန်တီးချင်တဲ့ရည်ရွယ်ချက်ကြောင့်ဘဲဖြစ်ပါတယ်
အန်နီရဲ့ ဇာတ်လမ်းကို ရဲတပ်ဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံတွေနဲ့တကွ တင်ခဲ့ပြီးနောက်မှာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ပါတယ် လူအများက ရဲတပ်ဖွဲ့ရဲ့ ကြင်နာမှုနဲ့ အန်နီရဲ့ထူးဆန်းတဲ့ လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်
ဒါဟာ ရဲတပ်ဖွဲ့နဲ့ ပြည်သူကြားက ခင်မင်ရင်းနှီးမှုကို ပြသတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သလို အသက်အရွယ်ကြီးရင့်ခြင်းဟာ အိပ်မက်တွေ ဆန္ဒတွေနဲ့ စွန့်စားမှုတွေကို ရပ်တန့်သွားစေမှာမဟုတ်ဘူးဆိုတာကို သက်သေပြခဲ့တဲ့ ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

“ ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်မှာ အဆိပ်အတောက်မုန်တိုင်းတွေ ဘယ်လောက်ပဲ တိုက်ခိုက်နေပါစေ ၊ ဦးနှောက်က လျစ်လျူခြင်းအနုပညာကို ကျင့်သုံးနိုင်တဲ့အခါ ငြိမ်သက်ခြင်းကို ဘယ်သူမှ မဖျက်ဆီးနိုင်ပါ”
ကျွန်တော်လိုအပ်တဲ့ အပေါင်းအသင်းနဲ့ ပတ်သက်လာရင် တစ်ခုပဲ ရှိတယ် ။ 'အဆိပ်အတောက်ဖြစ်စေတဲ့လူဆိုရင် ဖယ်ထုတ်လိုက်ပါ ။ '
သူငယ်ချင်းအပေါင်းအသင်းနဲ့ ပတ်သက်လာရင် အဆင့်အတန်း ဂုဏ်ပကာသနဆိုတာထက် ကျွန်တော့်အတွက် အရေးကြီးတာ တစ်ခုပဲရှိတယ် ။ ဒီလူ ကျွန်တော့်ကို အဆိပ်အတောက် ပေးနေတဲ့လူလား ။ ကျွန်တော်အဓိပ္ပာယ် ဖွင့်ဆိုတဲ့ အဆိပ်အတောက်ဆိုတာ
* ခွန်အားတွေ စုပ်ထုတ်ပစ်သူ (energy drainer)
* သူ့ကိုယ်သူပဲ ဦးစားပေးတဲ့ တစ်ကိုယ်ကောင်းသမား
* အပြစ်တင် ကျွမ်းတဲ့ အမြဲမှန်ကန်သမား
* ဆင်ခြေ သိပ်ပေးကြမ်းတဲ့ ကိုဆင်ခြေကြီး
'' ကျွန်တော့် တည်ငြိမ်နေတဲ့ ဖြစ်တည်မှု ၊ အေးချမ်းနေတဲ့စိတ်ခံစားချက်တွေကို ပျက်ပျယ်စေတဲ့လူက အဆိပ်အတောက်သမားပါပဲ ။ ''
ဒီလိုပြောလိုက်လို့ ကျွန်တော်က အဆိပ်အတောက်ကင်းစင်တဲ့ သူတော်စင်တစ်ယောက်တော့ မဟုတ်ပါဘူး ။ ကျွန်တော့်မှာလည်း အနည်းနဲ့အများ အဆိပ်အတောက်ဖြစ်စေတဲ့ အမူအကျင့်တွေရှိနေမှာပါ ။
ဒီတော့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အတတ်နိုင်ဆုံးရှောင်မိတဲ့အရာကတော့ ကျွန်တော်နဲ့ တွေ့ပြီးတိုင်း သူ့မှာရှိတဲ့ အားအင်တွေ ကုန်ဆုံးသွားတယ်ဆိုတဲ့ ခံစားချက် ၊ ပျော်ရွှင်မှုတွေ ယုတ်လျော့သွားပြီး အကောင်းမြင်စိတ်တွေ နည်းလာတယ်ဆိုတဲ့ ခံစားချက် ၊ ကျွန်တော်နဲ့ စကားပြောခွင့်ရတိုင်း စိုးရိမ်ကြောင့်ကြစိတ်တွေ မြင့်တက်လာတယ်ဆိုတဲ့ ခံစားချက်တွေ မဖြစ်ရအောင် ဆင်ခြင်မိတာတော့ အမှန်ပါပဲ ။ ပြီးပြည့်စုံစရာ မလိုပါဘူး ။
ကျွန်တော့်အမြင်မှာ ပြီးပြည့်စုံအောင် ကောင်းနေတဲ့သူငယ်ချင်းဆိုတာမျိုးလည်း မရှိပါဘူး ။ သူ့အားနည်းချက်
ကိုယ့်အားနည်းချက်တွေ ရှိနေမှာပဲ ။ ခုနောက်ပိုင်း ကိုယ်တိုင်က အဆိပ်အတောက်မဖြစ်အောင် ကြိုး
စားနေတဲ့ ကာလဆိုတော့ အဆိပ်အတောက် ဖြစ်စေတဲ့လူဆိုရင် ရှောင်မိလာတယ် ။ ကိုယ်အမြဲတွေ့နေတဲ့လူတွေကနေလာတဲ့အားအင် ၊ အပြုအမူ ၊ အပြောအဆိုတွေက ကူးစက်တတ်တဲ့သဘာဝရှိတော့ အဆိပ်အတောက်ဆိုရင် ရှောင်ချင်မိလာတာပါ ။
နောက်ထပ် သိလာရတဲ့ တစ်ချက်က ရှောင်ပဲရှောင်နေလို့မဖြစ်ပါဘူး ။ တခြားတွေ့စရာ ၊ ပေါင်းသင်းစရာအသိုင်းအဝိုင်း တစ်ခုမရှိဘူးဆိုရင် အနှေးနဲ့အမြန် ဒီအဆိပ် အတောက်စက်ကွင်းထဲကို ပြန်ရောက်လာမှာပါ ။ ဒီတော့ အစားထိုးတွေ့ရမယ့် အသိုင်းအဝိုင်းအသစ်ဖန်တီးဖို့ လိုလာပါတယ် ။
ဒီစာအုပ်ထဲမှာ အတွေးတွေကို လန်းဆန်းသစ်လွင်စေမယ့်အကြောင်းအရာတွေ ၊ အဆိပ်အတောက်တွေကို ပယ်ရှားနိုင်မယ့် နည်းလမ်းတွေ ၊ နေ့ရက်သစ်တိုင်းကို မတူတဲ့အတွေးအခေါ် ၊ အပြုအမူတွေနဲ့ လှုပ်ရှားသွားလာနိုင်မယ့် နည်းလမ်းတွေကို ဖတ်ရမှာပါ ။
ခေတ်ရေစီးကြောင်းမှာ မျောပါနေတဲ့ ရုပ်သေးမဟုတ်ဘဲ ခေတ်ရေစီးကြောင်းရဲ့ ပဲ့ကိုင်ရှင်လူငယ်တစ်ယောက် ဖတ်ဖို့စာအုပ်ပါ ။
#အဆိပ်အတောက်မှငြိမ်သက်ခြင်းဆီသို့
#ဂျိုးဒါရှီ

image

ပုပ္ပားတောင် ပေါ်က စေတီ
ဖူးခဲ့ပါသည်
#ပုပ္ပား

image
10 w - Translate

Gary Kremen ဟာ အင်တာနက်ပေါ်မှာ ပထမဆုံးနဲ့ အအောင်မြင်ဆုံး အွန်လိုင်း dating ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Match.com ကို ၁၉၉၅ ခုနှစ်မှာ တည်ထောင်ခဲ့သူဖြစ်ပါတယ် သူ့ရဲ့ထူးခြားတဲ့ ဇာတ်လမ်းဟာ နည်းပညာသမိုင်းမှာ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် ကျန်ရှိခဲ့ပါတယ်
Match.com ကို စတင်ဖန်တီးပြီး မကြာခင်မှာ Kremen ဟာ သူ့ရဲ့ရည်းစားကို ဆိုက် ရဲ့လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ် ဒါပေမဲ့ ရည်ရွယ်ချက်က အကြံဉာဏ်တွေရဖို့ဘဲဖြစ်ပေမယ့် ရလဒ်ကတော့ မထင်မှတ်ဘဲ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ် သူ့ရည်းစားဟာ Match.com ကနေ တခြားတစ်ယောက်နဲ့ တွေ့ဆုံပြီး Kremen ကို ထားသွားခဲ့ပါတယ်
ဒီလိုနာကျင်စရာအဖြစ်အပျက်ရှိခဲ့ပေမယ့် Kremen ဟာ အဲဒီအဖြစ်အပျက်ကို အကောင်းမြင်စိတ်နဲ့ လက်ခံခဲ့ပါတယ် သူ့ရဲ့ထုတ်ကုန် ဘယ်လောက်ထိရောက်မှုရှိတယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်တယ်လို့ နောက်ပြောင်ပြီး ပြောဆိုခဲ့ပါတယ် ဒီအဖြစ်အပျက်ဟာ Match.com ရဲ့အောင်မြင်မှုကို ပိုပြီးတောင် တွန်းအားပေးလိုက်သလိုဖြစ်ခဲ့ပြီး Kremen ကိုလည်း Silicon Valley မှာ ထင်ရှားတဲ့ နည်းပညာလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်စေခဲ့ပါတယ်
Kremen ဟာ အစောပိုင်းမှာ Match.com ရဲ့ အစုရှယ်ယာအများစုကို ဒေါ်လာ ၅၀ သာသာနဲ့ ရောင်းချခဲ့ရပေမယ့်လည်း နည်းပညာအသိုင်းအဝိုင်းက သူ့ရဲ့တီထွင်ဖန်တီးမှုကို အသိအမှတ်ပြုခဲ့ပါတယ် Match.com ဟာ အွန်လိုင်း dating တွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်လာခဲ့ပြီး ယနေ့ခေတ်မှာဆိုရင် Tinder နဲ့ Hinge လို နာမည်ကြီး dating အက်ပ်တွေကို ပိုင်ဆိုင်တဲ့ Match Group ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ Kremen ရဲ့ဇာတ်လမ်းဟာ ပုဂ္ဂိုလ်ရေးအရ ဆုံးရှုံးမှုတွေရှိခဲ့ပေမယ့် သူ့ရဲ့ထုတ်ကုန်ဟာ အောင်မြင်ခဲ့တယ်ဆိုတဲ့အချက်က ဆန်းကြယ်တဲ့အဖြစ်အပျက်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
10 w - Translate

ကမ္ဘာကြီးကို လာအုပ်စိုးတဲ့ဂေါ်ဇီလာကြီးနဲ့ တိုက်ခိုက်ရသောအခါ......

Gozilla: Planet of Monsters ( 2017 ) 📱
=============================

လူသားတွေရဲ့ ကမ္ဘာကို သူယူဆောင်သွားခဲ့တယ်။ လာပြီး ကူညီတဲ့သူတွေကိုလည်း သူဖျက်ဆီးပစ်ခဲ့တယ်…

အခုတော့ လူသားတွေဟာ ကမ္ဘာဂြိုလ်ကို စွန့်ခွာပြီး တော့အီဆိုတဲ့ ဂြိုလ်ဆီထွက်လာခဲ့တာ နှစ်ပေါင်း ၂၂နှစ်ကြာခဲ့ပြီ…

၂၂နှစ်တာ ကာလအတွင်း အေးခဲမှောင်မိုက်တဲ့ အာကာသထဲမှာ တဝဲလည်လည်ဖြစ်လို…

ဒါပေမယ့် ပြန်ပြီး အရောင်သန်းလာတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်မျှင်ကြောင့် ကမ္ဘာဂြိုလ်ကို ပြန်လာခဲ့တယ်…

ဒါပေမယ့် အာကာသနဲ့ ကမ္ဘာရဲ့အချိန်ကွာဟချက်ကြောင့် လူတွေအနေနဲ့ ကမ္ဘာကိုစွန့်ခွာလာတာ ၂၂ပဲရှိသေးပေမယ့် ပြန်လာချိန်မှာ ကမ္ဘာကြီးဟာ နှစ်ပေါင်းနှစ်သောင်းကျော် ကြာနေခဲ့ပြီ…

သူ ရှိနေတုန်းပဲ သူ ရှင်သန်နေတုန်းပဲ သူ အုပ်စိုးနေတုန်းပါပဲ ။

ဒါဟာ လူသားတွေရဲ့ နောက်ဆုံးအန္တိမပန်းတိုင်မတိုက်မဖြစ်တိုက်ရတော့မယ့်တိုက်ပွဲဖြစ်ခဲ့ပြီ…

အမိကမ္ဘာမြေကို ပြန်ယူဆောင်ရတော့မယ်လေ…နောက်ဆုံးတော့ ဘုရင်က ဘုရင်ပါပဲ…

😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/227

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

စေတန်ဂြိုဟ် ကိုအလင်းဆုံးမြင်ရမယ့်အချိန်
ယနေ့ စက်တင်ဘာ လ ၂၁ ရက်နေ့မှာ စေတန်ဂြိုဟ် ဟာ ကမ္ဘာနဲ့ နေ နဲ့ တတန်းထဲ ကျရောက်ပါမယ်။ astronomy အခေါ်အဝေါ် opposition ရောက်တယ်လို့ ခေါ်ပါတယ်။ opposition ရောက်ချိန်မှာဆို သက်ဆိုင်ရာ ဂြိုဟ်တွေ ကို အလင်းဆုံး မြင်ရတာဖြစ်ပါတယ်။ ဒီနေ့မှာ စနေဂြိုဟ်ဟာ ကမ္ဘာကနေ မိုင်ပေါင်း 1.3 Billion miles ကွာဝေးမှာဖြစ်ပါတယ်။ ပုံမှန်ပျမ်းမျှ 1.4 Billion Miles ကွာဝေးတာဖြစ်တာကြောင့် မိုင်ပေါင်း သန်း ၁၀၀ လောက် ပိုနီးနေတာဖြစ်ပါတယ်။ ဒါကြောင့် နေဝင်ပီးစအချိန်ကနေစပြီး စနေဂြိုဟ် ကို သာမန်မျက်စိနဲ့ တညလုံး အလင်းလက်ဆုံးမြင်နိုင်မှာပါ။ တယ်လီစကုတ် နဲ့ ကြည့်ပါက စနေဂြိုဟ်ရဲ့ အကြီးဆုံးဂြိုဟ်ရံလ ဖြစ်တဲ့ Titan တိုက်တန် အပြင် စနေဂြိုဟ်ရဲ့ ဂြိုဟ်ပတ်ကွင်းတွေကိုပါ မြင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မိုးရာသီ ဖြစ်တာကြောင့် ကောင်းကင် မှာ တိမ်တွေ များနေနိုင်ပါတယ်။ ညဖက် တိမ်ကင်းတဲ့ အချိန် လေးရှိပါက လင်းလက်စွာတောက်ပနေမယ့် စနေဂြိုဟ် ကို သာမန်မျက်စိနဲ့ပဲ ရှာကြည့်နိုင်ပါတယ်။

image

စေတန်ဂြိုဟ် ကိုအလင်းဆုံးမြင်ရမယ့်အချိန်
ယနေ့ စက်တင်ဘာ လ ၂၁ ရက်နေ့မှာ စေတန်ဂြိုဟ် ဟာ ကမ္ဘာနဲ့ နေ နဲ့ တတန်းထဲ ကျရောက်ပါမယ်။ astronomy အခေါ်အဝေါ် opposition ရောက်တယ်လို့ ခေါ်ပါတယ်။ opposition ရောက်ချိန်မှာဆို သက်ဆိုင်ရာ ဂြိုဟ်တွေ ကို အလင်းဆုံး မြင်ရတာဖြစ်ပါတယ်။ ဒီနေ့မှာ စနေဂြိုဟ်ဟာ ကမ္ဘာကနေ မိုင်ပေါင်း 1.3 Billion miles ကွာဝေးမှာဖြစ်ပါတယ်။ ပုံမှန်ပျမ်းမျှ 1.4 Billion Miles ကွာဝေးတာဖြစ်တာကြောင့် မိုင်ပေါင်း သန်း ၁၀၀ လောက် ပိုနီးနေတာဖြစ်ပါတယ်။ ဒါကြောင့် နေဝင်ပီးစအချိန်ကနေစပြီး စနေဂြိုဟ် ကို သာမန်မျက်စိနဲ့ တညလုံး အလင်းလက်ဆုံးမြင်နိုင်မှာပါ။ တယ်လီစကုတ် နဲ့ ကြည့်ပါက စနေဂြိုဟ်ရဲ့ အကြီးဆုံးဂြိုဟ်ရံလ ဖြစ်တဲ့ Titan တိုက်တန် အပြင် စနေဂြိုဟ်ရဲ့ ဂြိုဟ်ပတ်ကွင်းတွေကိုပါ မြင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မိုးရာသီ ဖြစ်တာကြောင့် ကောင်းကင် မှာ တိမ်တွေ များနေနိုင်ပါတယ်။ ညဖက် တိမ်ကင်းတဲ့ အချိန် လေးရှိပါက လင်းလက်စွာတောက်ပနေမယ့် စနေဂြိုဟ် ကို သာမန်မျက်စိနဲ့ပဲ ရှာကြည့်နိုင်ပါတယ်။

image