27 w - Translate

📌 Stone Name: Topaz
📏 Dimension: 41.2*31.6*25.6mm
✨ Clarity: Eye Clean
🧪 Treatment: Heated

Crd

image
27 w - Translate

📌 Stone Name: Topaz
📏 Dimension: 41.2*31.6*25.6mm
✨ Clarity: Eye Clean
🧪 Treatment: Heated

Crd

imageimage
27 w - Translate

ဒီပုံလေးဟာ ကမ္ဘာတစ်ဝန်းက လူသားတွေရဲ့ နှလုံးသားကို ထိမှန်သွားစေခဲ့တဲ့၊ မျိုးစိတ်ကို ကျော်လွန်တဲ့ စာနာမှုနဲ့ မေတ္တာကို အထင်ရှားဆုံး ပြသနေတဲ့ သမိုင်းဝင် ဓာတ်ပုံပါပဲ။
အဖြစ်အပျက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းမှာရှိတဲ့ Borneo Orangutan Survival Foundation (BOSF) ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေမှာ ဖြစ်ပွားခဲ့တာပါ။
ဝန်ထမ်းတစ်ဦးဟာ မျောက်ဝံတွေရဲ့ ဘေးကင်းရေးအတွက် အဲဒီရေအိုင်ထဲမှာ ပေါက်ရောက်နေတဲ့ အဆိပ်ရှိနိုင်တဲ့ မြွေတွေကို ဖယ်ရှားရှင်းလင်းနေခဲ့ပါတယ်။ သူဟာ ရေထဲမှာ ခါးအထိမြုပ်ပြီး အလုပ်လုပ်နေချိန်မှာ...
တောရိုင်းမျောက်ဝံကြီးတစ်ကောင်က သူ့ကို မြင်လိုက်တဲ့အခါ စောင့်ရှောက်ရေးဝန်ထမ်းဟာ အန္တရာယ်ရှိတဲ့ ရေထဲမှာ ဒုက္ခရောက်နေပြီ၊ သို့မဟုတ် ရေနစ်နေပြီလို့ ထင်မှတ်သွားခဲ့တယ်။ ချက်ချင်းပဲ အားကုန် ဆန့်တန်းပြီး ဝန်ထမ်းကို ဆွဲထုတ် ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ 😔
"လက်ကို လှမ်းလိုက်ပါ၊ ကျွန်တော် ကူပါ့မယ်" ဆိုတဲ့ စကားကို ၎င်းမျောက်ဝံကြီးရဲ့ မျက်လုံးတွေ၊ သူ့ရဲ့ လက်အမူအရာတွေကနေ မြင်တွေ့နေရသလို ခံစားရပါတယ်။
ဒီအခြေအနေမှာ အံ့ဩစရာအကောင်းဆုံးအချက်က ဝန်ထမ်းဟာ တကယ်တော့ အန္တရာယ်မရှိခဲ့ဘူး၊ သူ့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနေတဲ့သူကို ဒီမျောက်ဝံကြီးဟာ ကျေးဇူးဆပ်ချင်တဲ့စိတ်နဲ့ စာနာစိတ်သက်သက်ကို အခြေခံပြီး ချက်ချင်း တုံ့ပြန်ခဲ့ခြင်းပါပဲ။
💖
ဘယ်သူကမှ သင်ပေးထားတာ မဟုတ်ဘဲ၊ အကျိုးအမြတ်ကို မမျှော်လင့်ဘဲ အသက်အန္တရာယ်စွန့်ပြီး ကူညီဖို့ ကြိုးစားခဲ့တဲ့ ဒီမျောက်ဝံကြီးရဲ့ လုပ်ရပ်က သတ္တဝါတိုင်းမှာရှိတဲ့ ဖြူစင်တဲ့ မေတ္တာတရားကို ထင်ဟပ်ပြနေပါတယ်။ လူသားတွေအနေနဲ့ တစ်ခါတရံ မေ့လျော့နေတတ်တဲ့ စစ်မှန်တဲ့ စေတနာကို ဒီတိရစ္ဆာန်လေးက ပြန်လည် သတိရစေခဲ့တာပါပဲ။
📸 ဓာတ်ပုံဆရာ Anil Prabhakar ရိုက်ကူးခဲ့တဲ့ ဒီပုံရိပ်ကို တစ်ကမ္ဘာလုံးက ချီးကျူးခဲ့ကြပြီး၊ သင်ရဲ့သူငယ်ချင်းတွေလည်း ဒီလိုလှပတဲ့ ပုံရိပ်နဲ့ အကြောင်းအရာကို မြင်တွေ့ရအောင် Like & Share လုပ်ပြီး မျှဝေလိုက်ပါ။ 🙏

image

တုန်ယမ်းအနှစ်လုပ်နည်း
အပြင်မှာ ဝယ်ရင် ခု စျေးကြီးတယ်နော်။
ကိုယ့်ဟာကိုယ်လုပ်ပြီး သိမ်းထားနော်။
အရမ်းလွယ်ပြီး အရသာကလည်း ကောင်းနေတာပါပဲ။
ပါဝင်ပစ္စည်းတွေကတော့
ငရုတ်သီးအခြောက်တောင့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
ပဒဲကော
ရှောက်ဘီလူးရွက်
စပါးလင်
နံနံပင်အမြစ်
ပုဇွန်ခြောက်
ပုဇွန်ငါးပိ
ဆား
အရသာမှုန့်
မန်ကျည်းရည်
သံပရာရည်
ပထမဆုံး ငရုတ်သီးအခြောက်တောင့်ကို အစေ့ထုတ်ပြီး ရေနွေးပူပူနဲ့နာရီဝက်ခန့် စိမ်ထားပေးပါ။
အစေ့က ရောင်းသမားဆို ထုတ်တာ ပိုကောင်းပါတယ်ရှင့်။
အိမ်စားဆိုရင် မထုတ်ချင်လည်း ရပါတယ်။
နံနံပင်အမြစ်နှင့် ရှောက်ဘီလူးရွက်အပါအဝင် ပါဝင်ပစ္စည်းအားလုံးကို တြိတ်စက်ထဲထည့်တြိတ်နိုင်တဲ့ အရွယ်ပမာဏ အထိ လှီးပေးပါ။
ပြီးရင် ပုံထဲက ပါဝင်ပစ္စည်း အားလုံးကို တြိတ်စက်နဲ့ ညက်နေအောင် တြိတ်ပေးပါ။
ပြီးရင် ဒယ်အိုးထဲ ဆီပူလာရင် တြိတ်ထားတာ အားလုံးကို ထည့်ကြော်ပါ။ နွမ်းကျလာတဲ့ထိကြော်ပါ။ ဆီများရင် ပိုအထားခံပါတယ်။ အနည်းဆုံး နာရီဝက်ခန့်ကြော်ပေးပါ။အနံ့လေးက တအားမွှေးပြီး အတော်ဆွဲဆောင်မှူ ရှိပါတယ်။
အဆီပြန်ပြီး နွမ်းလာရင် မန်ကျည်းရည် တမျိုးတည်း ( သို့ဟုတ်) မန်ကျည်းရည် + သံပရာရည် နှစ်မျိုးလုံး ထည့်ပေးလည်းရပါတယ်။
သကြားအနည်းငယ် ၊ ဆား ၊ အရသာမှုန့်အနည်းငယ် တို့ထည့် မိမိစိတ်ကြိုက် အရသာကို ပြင်ဆင်ပါ။
ပုံထဲကလို မန်ကျည်းရည်တွေခမ်းပြီး အဆီပြန်ရင်ချလို့ရပါပြီ။
ပုလင်းထဲထည့် ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် အကြာကြီးခံပါတယ်။
ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ တုန်ယမ်းဟင်းချို စသည်ဖြင့် လိုအပ်တာတွေထဲ ထည့်သုံးလို့ရပါပြီနော်။
အပြင်မှာဝယ်ရင် စိတ်မသန့်သူများ ကိုယ့်ဟာကိုယ်လုပ်ပြီး သိမ်းထားနော်။
🟥🟥🟥ရှောက်ဘီလူးရွက်နေရာမှာ မှားပြီး ရှောက်ရွက်ထည့်မသုံးရဘူးနော်။ ရှောက်ရွက်က အပူထိရင်ခါးပါတယ်။ အရွက် နှစ်ခုက အနံ့မတူသလို သုံးရတာလည်းမတူပါဘူး။ နာမည်လေးပဲ ဆင်တူနေသလောက်ပါနော် 🟥🟥🟥
အဆင်ပြေပါစေရှင့် ❤️❤️❤️
Crd - ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ
#homemadefoods #easycooking
#foodie #foodblogger#fypage #ချက်ကြီးရဲ့ချက်နည်း

image
27 w - Translate

A man being gentle with you is the most masculine thing he can do. Strength isn’t in dominance — it’s in tenderness, protection, and quiet care.🖤

image

image

𝗖𝗵â𝘁𝗲𝗮𝘂 𝗱𝗲 𝗩𝗲𝗿𝘀𝗮𝗶𝗹𝗹𝗲𝘀 - 𝗧𝗵𝗲 𝗣𝗮𝗹𝗮𝗰𝗲 𝗼𝗳 𝗩𝗲𝗿𝘀𝗮𝗶𝗹𝗹𝗲𝘀
Europe နိုင်ငံတော်တော်များများက Monarchy ဘုရင်စနစ်ကို ကျင့်သုံးကြပြီး Europe တိုက်တစ်ခွင်မှာလည်း ကြီးကျယ်ခမ်းနားလှပတဲ့ နန်းတော်နဲ့ရဲတိုက်များကို တွေ့မြင်နိုင်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ Versailles နန်းတော်ကလည်း ကမ္ဘာ့အလှပဆုံးနန်းတော်များထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
📚 သမိုင်းကြောင်း
—---------------------------
King Louis XIII မှ (၁၆၂၃) ခုနှစ်တွင် Versailles အရပ် ယခုနန်းတော်တည်နေရာမှာ အမဲလိုက်ရန်အိမ်ဆောင်တစ်ခုဆောက်လုပ်ခဲ့ပါတယ်။
(၁၆၃၁ - ၁၆၃၄) ခုနှစ်တွေမှာတော့ အဲ့ဒီအိမ်ဆောင်နေရာမှာ နန်းဆောင်အသေးတစ်ခုကို အစားထိုးတည်ဆောက်ခဲ့ပြီး King Louis XIV မှ (၁၆၆၁ - ၁၇၁၅) ခုနှစ်များမှာ နန်းတော်အဖြစ်သို့ တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။
(၁၆၈၂) ခုနှစ်မှာတော့ King Louis XIV သည် Versailles နန်းတော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ နန်းစိုက်ရာအရပ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။
King Louis XV နဲ့ XVI သည်လည်း Versailles နန်းတော်မှာပဲ ထီးနန်းစိုးစံခဲ့ပြီး (၁၇၈၉) ခုနှစ်မှာတော့ French Royal Family and Government အနေနဲ့ မြို့တော်ကို Paris သို့ရွှေ့ပြောင်းခဲ့ပြီး Versailles အရပ်ကို နန်းတော်ရာမြို့အနေနဲ့ ဆက်လက်အသုံးမပြုကြတော့ပါ။
(၁၈၁၀ - ၁၈၁၄) ခုနှစ်များမှာတော့ King Napoleon I သည် Versailles နန်းတော်အား ‌သူ့ရဲ့နွေရာသီစံအိမ်အဖြစ်အသုံးပြုခဲ့ပါတယ်။
ကျန်တဲ့အချိန်ကာလတွေမှာတော့ နန်းတော်ကိုအကြီးစားပြင်ဆင်မှုများမပြုလုပ်ခဲ့ဘဲ စံအိမ်တစ်ခုအဖြစ်သာ ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြပါတယ်။
(၁၉၇၉) ခုနှစ်မှာတော့ UNESCO မှ ကမ္ဘာ့အမွေအနှစ်စာရင်းထဲသို့ ထည့်သွင်းပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ နန်းတော်အတွင်းမှာ ပြတိုက်၊ပြခန်းများပြုလုပ်ခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာလှည့်ခရီးသွားလည်ပတ်မှုအများဆုံးနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။
📍 တည်နေရာ
—---------------------------
ပြင်သစ်နိုင်ငံ Paris မြို့ရဲ့အနောက်ဘက် (၁၂) မိုင်ကွာဝေးတဲ့ Versailles မြို့မှာ တည်ရှိပါတယ်။
👀 ကြည့်ရှုစရာများ
—---------------------------
Estate of Versailles လို့ခေါ်တဲ့ နန်းတော်ရာနေရာတစ်ခုလုံးမှာတော့ နန်းတော်ကြီးနဲ့ နန်းဆောင်ငယ်များ၊ ဘေးပတ်လည်ရှိ ဥယျာဉ်ကြီးများနဲ့ ပန်းခြံငယ်လေးတွေ ပါဝင်ပါတယ်။
နန်းတော်အတွင်းမှာတော့ ခေတ်အဆက်ဆက်မှ တော်ဝင်မိသားစုများနေထိုင်ခဲ့ကြတဲ့ Royal Apartments များတည်ရှိပါတယ်။
ဒါ့အပြင် ဆုတောင်းဝတ်ပြုတဲ့ခန်းမဆောင်ကြီးဖြစ်တဲ့ Royal Chapel နဲ့ ကပွဲခန်းမဆောင်ကြီးဖြစ်တဲ့ Royal Opera လည်းနန်းတော်ထဲမှာ တည်ရှိပါတယ်။
Hall of Mirrors နဲ့ Museum of the History of France စတဲ့ လေ့လာစရာနေရာများကလည်း နန်းတော်ထဲမှာ ခမ်းနားစွာတည်ရှိပါတယ်။
နန်းတော်ရာတစ်ခုလုံးရဲ့တည်ဆောက်ပုံဗိသုကာလက်ရာတွေကလည်း အံ့မခန်းဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်နေရာတစ်ခုလည်းဖြစ်တာကြောင့် တစ်ကယ်ကိုစိတ်ဝင်စားစရာကောင်းပြီး လှပခမ်းနားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
🇲🇫 အခုဖော်ပြပေးခဲ့တာကတော့ Paris, France မှာတည်ရှိတဲ့ ထိပ်တန်းလည်ပတ်စရာများထဲကတစ်ခုဖြစ်တဲ့ (Top Places to Visit in France) Château de Versailles ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆက်လက်တင်ဆက်ပေးသွားဦးမှာမို့ Page ကို Like and Follow လုပ်ပေးထားဖို့လည်းဖိတ်ခေါ်ပါရစေ။
မိမိသူငယ်ချင်းတွေနဲ့မျှဝေခံစားချင်တယ်ဆိုရင်လည်း Share လုပ်ပေးခြင်းအားဖြင့် ကူညီပေးလို့ရပါတယ်။
Autumn နဲ့အတူပြင်သစ်စာလေ့လာဖို့လည်း ဒီကနေဖိတ်ခေါ်လိုက်ပါရစေ။
အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://m.facebook.com/story.p....hp?story_fbid=152503
#autumnlearninghub #paris #france #chateaudeversailles #palaceofversailles #travel

image
27 w - Translate

Nomadland ရုပ်ရှင်နဲ့အတူ အော်စကာဆုဆွတ်ခူးထားတဲ့ အမျိုးသမီးဒါရိုက်တာ Chloé Zhao ရဲ့ Hamnet ရုပ်ရှင်ပိုစတာ ထွက်ရှိလာပါပြီ။
ဒီရုပ်ရှင်ဟာ ဂန္တဝင်ပြဇာတ်ရေးဆရာ William Shakespeare နဲ့ ဇနီးဖြစ်သူ Agnes တို့ရဲ့ သားဖြစ်သူ Hamnet ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရာကတဆင့် Shakespeare ရဲ့ ဂန္တဝင်မြောက်လက်ရာတစ်ခုဖြစ်တဲ့ Hamlet ပြဇာတ်ဖြစ်ပေါ်လာပုံကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ အကြိုပြသမှုတွေအရ Hamnet ရုပ်ရှင်ဟာ ဇာတ်လမ်းတစ်ဝက်လောက်ကစလို့ မျက်ရည်ဖြိုင်ဖြိုင်ကျရတဲ့ ရုပ်ရှင်ဖြစ်ပြီး ဒီနှစ်အတွက် ဝမ်းနည်းစရာအကောင်းဆုံး၊ ရင်အကွဲရဆုံးရုပ်ရှင်တစ်ကားဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူ Agnes Shakespeare အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Jessie Buckley ဟာ သေချာပေါက် အော်စကာဆန်ခါတင်စာရင်းမှာ ပါဝင်လာမယ်လို့ တစ်ပေးခံထားရပြီး မင်းသား Paul Mescal ဟာလည်း ဇာတ်ပို့ဆန်ခါတင်စာရင်းမှာ ပါဝင်လာဖို့ အလားအလာရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။
Hamnet ရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလကုန်မှာ စတင်ပြသသွားမှာဖြစ်ပြီး Eternals ရုပ်ရှင်ပြီးကတည်းက ရုပ်ရှင်သစ်မထွက်ရှိလာသေးတဲ့ Chloé Zhao တစ်ယောက် Hamnet ရုပ်ရှင်နဲ့အတူ အော်စကာစင်မြင့်ပေါ် တကျော့ပြန်တက်ရောက်လာမလားဆိုတာ စောင့်ကြည့်ခံစားကြရမှာပါ။

image

ကြက်ဟင်းခါး မျိုးစေ့
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်

image
27 w - Translate

တချို့ကိစ္စတွေက မေ့ချင်ယောင်ဆောင်လိုက်ရုံနဲ့ ပျောက်သွားမှာမဟုတ်ဘူး။
Happy Old Year (2019)
ဒါရိုက်တာ - Nawapol Thamrongrattanarit
#cinemaboulevard #collage #happyoldyear #gdh #aokbab

image