Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတစ်ယောက်ရဲ့ အဆင့်အတန်းကို
ဘယ်သူတွေက ဘယ်လို
သတ်မှတ်လဲ သိပ်စိတ်မဝင်စားဘူး။
ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေတယ်
ကိုယ်လုပ်ချင်တာကို လုပ်တယ်
ကိုယ့်ကိစ္စကိုပဲ စိတ်ဝင်စားတယ်။
စိတ်ရင်း မမှန်ရင် ကိုယ်လည်း
မပေါင်းဘူး လာလည်း မပေါင်းနဲ့
သူများ အပေါ် မှာ ဗိုလ်မကျ သလို
ကလိမ်ကကျင့်နဲ့ ခုတုံးလည်း မလုပ်ဘူး။
ကိုယ်အထာနဲ့ ပျော်သလိုနေတယ်
စည်းတွေ ဘောင်တွေ ကျော်ပြီး
ဘယ်သူ့အရေးကိုမှ မစပ်စုဘူး။
ကိုယ့်ကို စိတ်အနှောင့်အယှက်
ပေးတတ်တဲ့သူကိုလည်း ရှောင်မယ်
မလိုသူတွေကြားမှာ အလိုတူအောင်
အချိန်ကုန်ခံ မရှင်းပြတတ်ဘူး။
ရင်ဘတ်ခြင်းမတူရင် ဘဝပဲ မြင့်မြင့်
ဘဝင်ပဲ မြင့်မြင့် စကားတောင်ာင်
လေကုန်ခံ မပြောချင်ဘူး။
ကိုယ့်သမိုင်း ကိုယ်ရေးပြီး
ကိုယ့်ဘဝနဲ့ ကိုယ်ရောင့်ရဲတယ်
ကပ်ဖား ကပ်စား မပေါင်းတတ်ဘူး
ကိုယ်က မကောင်းဘူးလို့ ထင်ရင်လည်း
လာမပေါင်းပါနဲ့ ဝေးဝေးသာ ရှောင်နေပါ။
သူများအကြောင်း မသိပဲ မဝေဖန်ပါနဲ့
သိရင်လည်း မဝေဖန်ချင် ကြပါနဲ့ ။
ကိုယ့်ရုပ်ကိုယ်ပဲ ပြန်ကြည့်ပြီး ဝေဖန်ကြပါ။
#ဦးအောင်သင်း
ရုပ်ရှင်ကားသစ်အတွက် သက်ရှိသတ္တဝါကြီးအဖြစ် အသွင်ပြောင်းဖို့ နေ့တိုင်း ၁၀ နာရီကြာအောင် အချိန်ယူခဲ့ရတဲ့ မင်းသားဂျက်ကော့ အဲလော်ဒီ
Kissing Booth ဇာတ်ကားနဲ့ လူအများသိကြတဲ့ မင်းသားဂျက်ကော့ အဲလော်ဒီဟာ ဒါရိုက်တာ Guillermo del Toro ရဲ့ Frankenstein ရုပ်ရှင်ကားမှာ သက်ရှိသတ္တဝါကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူက အဲ့ဒီသတ္တဝါကြီးအဖြစ် အသွင်ပြောင်းဖို့ နေ့တိုင်း ၁၀ နာရီကြာအောင် မိတ်ကပ်အလိမ်းခံခဲ့ရတာပါ။ ဒီအကြောင်းကို အောက်တိုဘာ ၆ ရက်နေ့က ပြုလုပ်တဲ့ ရုပ်ရှင်အထူးပြပွဲမှာ ဒါရိုက်တာကြီးက ပြောပြသွားခဲ့တာပါ။
ဂျက်ကော့က နေ့တိုင်း ၁၀ ကြာအောင် အချိန်ယူခဲ့ရတယ်။ သတ္တဝါကြီးအသွင်ပြင်ဆင်လို့ပြီးမှ သူ အလုပ်စလုပ်ရတယ်။ ဒါကို စိတ်ရှည်စွာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။
သူနဲ့အတူ သိပ္ပံပညာရှင် Victor Frankenstein အဖြစ် ပါဝင်ထားတဲ့ မင်းသားကြီး အော်စကာ အီစကာကလည်း ဂျက်ကော့က အရမ်းအားစိုက်တယ်၊ ဘယ်တော့မှ မညည်းညူးဘူး။ နေ့တိုင်း မိတ်ကပ်ကို ၁၀ နာရီကြာအောင် လိမ်းခဲ့ရတယ်လို့ ပြောပါတယ်။
ဂျက်ကော့က မင်းသားအန်ဒရူးဂါဖီးဒ် အချိန်ဇယားတွေပြည့်ပြီး မအားတာကြောင့် ဒီဇာတ်ကောင်ကနေ နှုတ်ထွက်ခဲ့ပြီးတဲ့နောက်မှာ ပါဝင်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ကားကို အောက်တိုဘာ ၃၀ ရက်နေ့က 82nd Venice International Film Festival မှာ ပြသခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ကျရင်တော့ ရုံတင်ပြသမှာဖြစ်ပြီး Netflix ကနေဆိုရင်တော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
Ref: Jacob Elordi spent 10 hours doing makeup every day to transform into Frankenstein's Monster
Causative Verbs (ပြုလုပ်စေသော ကြိယာများ) ဆိုတာ ဘာလဲ?
ဒီနေ့တော့ English မှာ အရေးပါပြီး အသုံးများတဲ့ Causative Verbs (ပြုလုပ်စေသော ကြိယာများ) အကြောင်းကို သင်ခန်းစာပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် "make", "have", "let", "get" နဲ့ "help" ဆိုတဲ့ Causative Verb တွေရဲ့ အသုံးပြုပုံနဲ့ ဝါကျဖွဲ့စည်းပုံတွေကို လေ့လာကြရအောင်။
Causative Verbs တွေဆိုတာ တစ်စုံတစ်ယောက်ကို ဒါမှမဟုတ် တစ်စုံတစ်ခုကို တစ်ခုခု လုပ်ဆောင်စေတဲ့ သို့မဟုတ် ဖြစ်ပေါ်စေတဲ့ ကြိယာတွေပဲ ဖြစ်ပါတယ်။ ဒီကြိယာတွေရဲ့ နောက်မှာ ဝါကျတည်ဆောက်ပုံက အနည်းငယ်ကွာခြားသွားတာကို သတိထားရပါမယ်။ ဒီနေ့ဥပမာတွေမှာ Past Tense ကို အသုံးပြုသွားပါမယ်။
MAKE (အတင်းအဓမ္ဓ ပြုလုပ်စေခြင်း)
အဓိပ္ပာယ်: တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ အတင်းအဓမ္ဓစေခိုင်းခြင်း၊ ရွေးချယ်စရာမရှိအောင် ပြုလုပ်စေခြင်း။ (Force)
ဝါကျဖွဲ့စည်းပုံ: Subject + MAKE + Object + Base Verb
ဥပမာ: "She made me wash the dishes."
(သူမက ကျွန်တော့်ကို ပန်းကန်တွေဆေးခိုင်းတယ်။)
ဒီနေရာမှာ "made" က "သူမက ကျွန်တော့်ကို ပန်းကန်ဆေးဖို့ အတင်းအဓမ္ဓ စေခိုင်းခဲ့တယ်" လို့ ဆိုလိုပါတယ်။ အမေက သားသမီးကို ပန်းကန်ဆေးခိုင်းတာမျိုးပေါ့။
သတိပြုရန်: wash (Base Verb) ကိုပဲ သုံးပါတယ်။ to wash လို့ မသုံးပါဘူး။
LET (ခွင့်ပြုခြင်း)
အဓိပ္ပာယ်: တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ခွင့်ပြုခြင်း၊ ခွင့်ပြုချက်ပေးခြင်း။ (Give permission, Allow)
ဝါကျဖွဲ့စည်းပုံ: Subject + LET + Object + Base Verb
ဥပမာ: "My dad let me go by myself."
(အဖေက ကျွန်တော့်ကို တစ်ယောက်တည်းသွားခွင့်ပြုခဲ့တယ်။)
ပါတီ ဒါမှမဟုတ် ရုပ်ရှင်သွားချင်တဲ့အခါ အဖေက ခွင့်ပြုတာမျိုးပါ။
သတိပြုရန်: go (Base Verb) ကိုပဲ သုံးပါတယ်။ to go လို့ မသုံးပါဘူး။ MAKE နဲ့တူပါတယ်။
HAVE (ယဉ်ကျေးစွာ တောင်းဆိုခြင်း/ခိုင်းစေခြင်း)
အဓိပ္ပာယ်: တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ တောင်းဆိုခြင်း၊ ယဉ်ကျေးစွာ ခိုင်းစေခြင်း။ (Request, Ask, Politely make them do it)
ဝါကျဖွဲ့စည်းပုံ: Subject + HAVE + Object + Base Verb
ဥပမာ: "She had the students do the assignment."
(ဆရာမက ကျောင်းသားတွေကို လေ့ကျင့်ခန်းလုပ်ခိုင်းတယ်။)
ဒီနေရာမှာ "had" က "ဆရာမက ကျောင်းသားတွေကို လေ့ကျင့်ခန်းလုပ်ဖို့ တောင်းဆိုခဲ့တယ် ဒါမှမဟုတ် ယဉ်ကျေးစွာ ခိုင်းစေခဲ့တယ်" လို့ ဆိုလိုပါတယ်။ ကျောင်းသားတွေအနေနဲ့ ရွေးချယ်စရာမရှိဘဲ လိုက်နာရတဲ့ သဘောမျိုးပါ။
သတိပြုရန်: do (Base Verb) ကိုပဲ သုံးပါတယ်။ to do လို့ မသုံးပါဘူး။ MAKE နဲ့ LET တို့နဲ့တူပါတယ်။
GET (စည်းရုံး၍ ပြုလုပ်စေခြင်း)
အဓိပ္ပာယ်: တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ စည်းရုံးခြင်း၊ ဆွဲဆောင်ခြင်း၊ အားပေးခြင်း။ (Persuade, Convince, Give incentive)
ဝါကျဖွဲ့စည်းပုံ: Subject + GET + Object + TO + Base Verb (Infinitive Phrase)
ဥပမာ: "She got me to mow the lawn."
(သူမက ကျွန်တော့်ကို မြက်ရိတ်ဖို့ စည်းရုံးခဲ့တယ်။)
အမေက မြက်ရိတ်ရင် ၅ ဒေါ်လာ ပေးမယ်ဆိုပြီး စည်းရုံးတာမျိုးပေါ့။
သတိပြုရန်: to mow (Infinitive Phrase) ကို သုံးရပါမယ်။ mow (Base Verb) ချည်းသက်သက် မသုံးပါဘူး။ "to" ပါရပါမယ်။
HELP (ကူညီခြင်း)
အဓိပ္ပာယ်: တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ကူညီခြင်း၊ အထောက်အကူပြုခြင်း။ (Aid)
ဝါကျဖွဲ့စည်းပုံ: Subject + HELP + Object + Base Verb (သို့မဟုတ်) Subject + HELP + Object + TO + Base Verb
ဥပမာ: "EngVid has helped me improve my English." (သို့မဟုတ်) "EngVid has helped me to improve my English."
(EngVid က ကျွန်တော့် English စာတိုးတက်အောင် ကူညီခဲ့ပါတယ်။)
Causative Verb "help" ကတော့ စည်းကမ်းမများပါဘူး။ Base Verb ဖြစ်တဲ့ improve ကိုပဲ သုံးသုံး၊ Infinitive form ဖြစ်တဲ့ to improve ကိုပဲ သုံးသုံး (၂) မျိုးလုံး မှန်ကန်ပါတယ်။
အနှစ်ချုပ် သင်ခန်းစာ (Quick Review)
Causative Verbs များ၏ အဓိပ္ပာယ်များ:
MAKE: အတင်းအဓမ္ဓ စေခိုင်း (Force)
LET: ခွင့်ပြု (Give permission)
HAVE: ယဉ်ကျေးစွာ တောင်းဆို/ခိုင်းစေ (Request/Ask politely)
GET: စည်းရုံး/ဆွဲဆောင် (Convince/Persuade)
HELP: ကူညီ (Aid)
ဝါကျဖွဲ့စည်းပုံ (Structure):
MAKE, LET, HAVE နောက်မှာ Base Verb ကို အသုံးပြုပါ။
GET နောက်မှာ TO + Base Verb (Infinitive Phrase) ကို အသုံးပြုပါ။
HELP နောက်မှာတော့ Base Verb သို့မဟုတ် TO + Base Verb နှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်။
ကဲ... ဒီသင်ခန်းစာကနေ Causative Verbs တွေရဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုပုံတွေကို ကောင်းကောင်းနားလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
💬 ဒီအချက်ဟာ အထူးတလည် စိုးရိမ်စရာတော့ မဟုတ်ပါဘူး။
👉🏼 မြက်ပင်တွေကိုစားတာဟာ
✅ ဗိုက်ထဲမှာ မအီမသာဖြစ်လို့ အန်ထုတ်ချင်လို့၊
✅ မြက်ပင်ရဲ့ခပ်ကြမ်းကြမ်း အထိအတွေ့ကို ကြိုက်နှစ်သက်လို့၊
✅ မြက်ပင်က အမျှင်ဓာတ်ကြောင့် စားပြီးတဲ့အခါ ၀မ်းသွားရအဆင်ပြေတယ် ခံစားရလို့ စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။
အန်ရခြင်းကတော့ မြက်ပင်တွေကို မျိုချလိုက်တဲ့အခါ မြက်ပင်တွေက အစာအိမ်ကို ယားယံစေပြီး အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
👉🏼 ဒါပေမယ့် ဒါက ခွေးလေးရဲ့ ဗိုက်ထဲမှာရှိတဲ့ မအီမသာဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
စိုးရိမ်ရပြီး တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ပြသသင့်တဲ့အချိန်ကတော့
➡️ နာရီအနည်းငယ်အတွင်း အကြိမ်များစွာ အန်နေရင်၊
➡️ ပုံမှန်အစားအစာကို မစားတော့ရင်။
➡️ မစင်စွန့်တာမှာ ပြဿနာရှိလာရင်
➡️ နေမကောင်းတဲ့ ပုံပေါက်နေရင်
➡️ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ပြနေရင်
စတဲ့အချိန်တွေပဲဖြစ်ပါတယ်။
နေ့စဉ်မိုးလေဝသသတင်း
-----------------------
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
=========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်း နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ် တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။