Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နှစ်(၁၇၀)ကျော်သက်တမ်းရှိ မဟာမင်းထင်ကျောင်းတိုက်ကို ဂျပန်အလှူငွေဖြင့် ရှေးမူမပျက်ထိန်းမည်
အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ နှစ် ပေါင်း(၁၇၀)ကျော်သက်တမ်းရှိသော မဟာမင်းထင် ကျောင်းတိုက်ကို ဂျပန်အစိုးရအလှူငွေဖြင့် ရှေးမူမပျက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ òန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောသည်။
အဆိုပါကျောင်းတိုက်ကြီးကို မူလက အင်းဝမြို့ဟောင်း၌ (၁၈၅၂)ခုနှစ်တွင် တည်ဆောက် ခဲ့၍ မဟာမင်းလှမင်းကျော် ဦးမင်းထင်က လှူဒါန်းခဲ့ ခြင်းဖြစ်ကာ (၁၈၇၆) ခုနှစ်တွင် မန္တလေးသို့ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ကျောင်းတိုက်ကြီး ပျက်စီးယို ယွင်းမှုအခြေအနေများနှင့်ပတ်သက်၍ လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဓာတ်ပုံများပျံ့နှံ့နေ ကာ ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။
" အခုက တွက်ချက်မှုအပိုင်းက ပြီးပြီပေါ့နော်။ မြေ ပြင်ကွင်းဆင်းပြီးတော့ တွက်ချက်မှုတွေလုပ်တယ်။ လုပ်ပြီးတဲ့ဟာကို လှူဒါန်းမယ့်ဂျပန်နိုင်ငံကို သူတို့ပြန် လည်ချိတ်ဆက်ပြီးတော့ ဒီတွက်ချက်မှု နျအငာအေန တွေ ပြန်လည်တင်ပြနေတာရှိပါတယ်။ အဲဒါတွေပြီး ရင် ငွေလှူဒါန်းမှုရောက်လာပြီဆိုတာနဲ့ ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ဆက်ပြီးတော့ဆောင်ရွက်သွား မှာပါ"ဟု ၎င်းက ကပြောသည်။
ထိုသို့ပြုပြင်ထိန်းသိမ်းရန်တွက်ချက်ရာ တွင် ကျွန်းသစ်ရှားပါးမှုနှင့် ဈေးနှုန်းများကြောင့် ငွေ ကျပ် သိန်း (၁၀ဝဝဝ)ကျော်ကုန်ကျသွားမည်ဖြစ်သော် လည်း လှူဒါန်းမှုပေါ်မူတည်၍ ဦးစားပေးသတ်မှတ် ထားသောနေရာများကိုသာ ပြန်လည်အစားထိုးထိန်း သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
" အဓိကတော့ အမိုးပေါ့နော်။ ကျောင်း တော်ကြီးကလည်းစောင်းနေတော့ ပြန်တည့်ရမယ်။ အမိုးတွေပြန်မိုးမယ်။ ြငေည ဆောင်ကြီးကိုပဲ အဓိက ထားလုပ်မယ်။ လှူဒါန်းမယ့်ငွေ အတိုင်းအတာ လောက်ငမှုကိုမူတည်ပြီးတော့ တခြားလိုအပ်တာ တွေပြုပြင်သွားမှာပေါ့။ အောက်ကကြမ်းခင်းတို့၊ အဆင့်တို့၊ ရက်မတို့ ဒါတွေကို ကြပ်မတ်ပြီးတော့ ပြန် လည်ပြီးတော့ ခင်းတာတို့လုပ်မှာပါ" ဟု ၎င်းက ဆက် လက်ပြောသည်။
ဂျပန်အစိုးရ၏လှူဒါန်းမှုသည် မန္တလေးမြို့ တွင် နေရာ (၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်နေပြည် တော်တို့တွင်လည်း လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး
ဂျိုတာ အမှတ်တရအစီအစဉ်အတွက် ပရိသတ်များထံမှ အလှူငွေ ပေါင် ၂၂၅၀၀၀ အထိ ရရှိထားပြီ ဖြစ်တဲ့ လီဗာပူး
အောက်တိုဘာ ၈
လီဗာပူးက အန်ဖီးလ်ကွင်းတွင် ဒီယေဂိုဂျိုတာ အမှတ်တရ အစီအစဉ်အတွက် ပရိသတ်များထံမှ အလှူငွေ ပေါင် ၂၂၅၀၀၀ အထိ အောင်မြင်စွာ ရရှိထားပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာလာပါတယ်။
ဂျိုတာဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တုန်းက ဗြိတိန်သို့ ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် အပြင် စပိန်တွင် ညီဖြစ်သူအင်ဒရေဆေးလ်ဗားနှင့်အတူ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
လီဗာပူးပရိသတ်များဟာ ဂျိုတာအမှတ်တရ ပြုလုပ်ရန်အတွက် ပေါင် ၂၂၆၉၉၅ အထိ လှူဒါန်းထားကြပြီးလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးက ယင်းငွေများကို ဂျိုတာအမှတ်တရအဖြစ် လူငယ်ကစားသမားများ ပြုစုပျိုးထောင်ရာတွင် အသုံးပြုလာမှာ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။
ဒါ့အပြင် လီဗာပူးက ဂျိုတာအမှတ်တရအဖြစ် အန်ဖီးလ်ကွင်းတွင် အမှတ်တရရုပ်ထု ထုလုပ်ကာ ဂုဏ်ပြုသွားရန် စီစဉ်ထားကြောင်းလည်း ကြေညာထားပါတယ်။
လီဗာပူးဟာ အန်ဖီးလ်ကွင်းရှိ စတိုးတွင် ဂျိုတာအမည်ပါ အင်္ကျီနှင့် အမှတ်တရအင်္ကျီ ရောင်းချနေပြီး ယင်းမှ ရရှိတဲ့ အမြတ်ငွေများကို လီဗာပူးဖောင်ဒေးရှင်းတွင် အသုံးပြုလာပါမယ်။
လီဗာပူးဟာ ဒီယေဂိုဂျိုတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို အသင်းမှ ရာသက်ပန် အနားပေးလိုက်ပြီးလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ဂျိုတာရဲ့ လက်ကျန် စာချုပ်သက်တမ်းအတွက် ပေါင် ၁၄ သန်းကိုလည်း မိသားစုဝင်များထံသို့ အပြည့်အဝ ပေးချေထားပြီးလည်း ဖြစ်ပါတယ်။
Credit - Myanmar Transparency News Agency
#ဘောလုံးသတင်းစုံ
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် အဆောက်အအုံတစ်လုံးပြိုကျရာက နှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ
အောက်တိုဘာ ၈
စပိန်နိုင်ငံ၊ မြို့တော်မက်ဒရစ်ရဲ့ မြို့လယ်ပိုင်းမှာ မွမ်းမံဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု အောက်တိုဘာ ၇ ရက်က ပြိုကျခဲ့တာမှာ အပျက်အစီးတွေအောက် သေဆုံးနေသူနှစ်ဦးကို အရေးပေါ် တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့ကြပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အလုပ်သမားအများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက ပြိုကျအဆောက်အအုံက ကမ္ဘာလှည့်ခရီးသွားတွေ အသိများတဲ့ Plaza Mayor အနားမှာဖြစ်ပြီး ကြမ်းပြင်အချပ်တွေကွာပြီး ပြိုကျခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေခဲ့တယ်လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ပြိုကျမှုမှာ မတူညီတဲ့ အထပ်တွေက ကြမ်းခင်းတွေအားလုံး အဆောက်အအုံရဲ့ အောက်ထပ်ကို ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ဗဟိုအစိုးရရဲ့ မက်ဒရစ်ဒေသမှ ထိပ်တန်းကိုယ်စားလှယ် ဖရန်စစ်စကို မာတင် အဂွီရီက အခင်း ဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးမှုက ပြင်းထန်ပြီး အနီးအ နားက အဆောက်အအုံတွေရော သက်ရောက်မှုဖြစ်နိုင်လို့ စစ်ဆေးနေပါတယ် လို့လည်း ပြောခဲ့ပါသေးတယ်။
မက်ဒရစ်မြို့ စည်ပင်သာယာရဲတပ်ဖွဲ့ကတော့ အနီးအနားရှိ အဆောက်အအုံတွေက လူတွေကို ကယ်ဆယ်ရွှေ့ပြောင်းပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဆောက်အအုံပြိုကျမှုမှာ ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါပေမယ့် မာတင် အဂွီရီ ကတော့ ဆယ်ယောက်လောက် ဒဏ်ရာရခဲ့ကြပြီး သူတို့ကလည်း အများအားဖြင့်တော့ အသေးအမွှား ဒဏ်ရာလေးတွေသာ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ မက်ဒရစ်မြို့တော်ဝန် ဂျို့စ် လူးဝစ် မာတီနက်ဇ်- အယ်လ်မေးဒါးက ဒဏ်ရာရတဲ့ အလုပ်သမားတွေအားလုံးကိုဆေးရုံကို တင်ပို့ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အရင်ကတော့ ရုံးအဆောက်အအုံဖြစ်တဲ့ အဆိုပါပြိုကျအဆောက်အဦကို ဟိုတယ်တစ်ခုအနေနဲ့ ပုံစံ ပြောင်း မွမ်းမံတည်ဆောက်နေတာဖြစ်ပြီး အထပ်ခြောက်ထပ်ရှိတယ်လို့ သိရပါတယ်။
Ref, AFP
Credit - Myanmar Transparency News Agency
#centralnewsnaypyitaw

ဗင်နီဇွဲလားနှင့် သံတမန်ရေး ကြိုးပမ်းမှုကို ဖျက်ရန် ထရမ့် ပြော
ဝါရှင်တန်၊ အောက်တိုဘာ ၈
ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန်ရေးရာ သဘောတူညီချက်ရရှိအောင် လုပ်ဆောင်နေသည့် အားထုတ်ကြိုးပမ်းမှု များကို ပယ်ဖျက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံအနီးတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသော သင်္ဘောများကို စစ်တပ်က ဆက်လက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် New York Times က ထိုသတင်းကို ပထမဆုံး ဖော်ပြလာခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် မူးယစ်ဂိုဏ်းများကဲ့သို့ စနစ်တကျ ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်နေ ရကြောင်း ထရမ့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံတွင်းရှိ လေကြောင်း တိုက်ခိုက်မှုများကို စဉ်းစားသုံးသပ်နေသော်လည်း ၎င်း၏စစ်ရေး လှုပ်ရှားမှုများကို ဒုတိယအဆင့်သို့ တိုးမြှင့်ရန် စဉ်းစားဆုံးဖြတ်ရခြင်း မရှိသေးကြောင်း အမေရိကန် တာဝန်ရှိသူ တစ်ဦးက ရိုက်တာကို ပြောပြခဲ့သည်။
ထရမ့်က အကြီးတန်း စစ်ဘက်ခေါင်းဆောင်များနှင့် အောက်တိုဘာ ၂ ရက်က ဘဲဥပုံရုံးခန်းတွင် အစည်းအဝေး ပြုလုပ်စဉ်အတွင်း ၎င်း၏ အထူးသံတမန် ရစ်ချတ်ဂရီနဲလ်( Richard Grenel)အား ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန် ရေးရာ သဘောတူညီချက်ရရှိအောင် လုပ်ဆောင်နေသည့် အားထုတ်ကြိုးပမ်းမှုများကို ပယ်ဖျက်ရန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဗင်နီဇွဲလား ကမ်းလွန် ပင်လယ်ပြင်တွင် သင်္ဘောများကို အမေရိကန်က တိုက်ခိုက်မှုသည် ပင်လယ်ရေကြောင်းမှ တဆင့် မူးယစ်ဆေးဝါး စီးဆင်းမှုအား ရပ်တန့်စေခဲ့ပြီး လက်ရှိတွင် အမေရိကန်အနေဖြင့် ကုန်းလမ်းကြောင်းနှင့် ပတ်သက်ပြီး စတင်သုံးသပ်နေကြောင်း ထရမ့်က ပြောသည်။
သို့သော် အိမ်ဖြူတော်က နောက်ထပ် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိပေ။
ထရမ့် သမ္မတဖြစ်လာသည့် ဇန်နဝါရီလနောက်ပိုင်း အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုများ ပြန်လည် မြင့်တက်လာခဲ့သည်။
ဗင်နီဇွဲလားသမ္မတ မာဒူရို(Nicolas Maduro)က ဗင်နီဇွဲလားနိုင်ငံအတွင်း မူးယစ်ဆေးဝါးများကို ထုတ်လုပ်နေ သည်ဟု အမေရိကန်၏ စွပ်စွဲချက်များအား ငြင်းဆိုခဲ့ပြီး အမေရိကန်သည် ၎င်းကို အာဏာမှဖယ်ရှားရန် မျှော်လင့် နေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။
ဩဂုတ်လကလည်း အမေရိကန်အစိုးရသည် မာဒူရိုအား ဖမ်းဆီးနိုင်ရန် သတင်းပေးသူကို ဆုကြေးငွေ ဒေါ်လာ သန်း ၅၀ အထိ ဆုကြေးနှစ်ဆ တိုးမြှင့်ခဲ့သည်။
ထို့နောက် မာဒူရိုအား မူးယစ်မှောင်ခိုကူးမှုနှင့် ရာဇဝတ်မှုအဖွဲ့များဖြင့် ဆက်နွှယ်နေသည်ဟု အမေရိကန်အစိုးရ ဘက်က စွပ်စွဲပြောကြားခဲ့သော်လည်း မာဒူရိုက ငြင်းဆန်ထားသည်။
Source: ရိုက်တာ
ပုံ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
#centralnewsnaypyitaw