စိတ်ညစ်လို့ လမ်းလျှောက်နေသူကို လက်နှစ်ဖက်ပြတ်ပြီး အသက်ဆုံးအောင် ကားတိုက်ကြိတ်မှုဖြစ်ပွား

အောက်တိုဘာ ၈

လက်နှစ်ဖက်ပြတ်တဲ့ဒဏ်ရာနဲ့ ကားတိုက်ခံရ၊ ကားကြိတ်ခံရထားတဲ့ လူတစ်ဦးကို လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်သွားတဲ့လမ်းပေါ်ရှိ သ‌ပြေခြံလမ်းထဲမှာ တွေ့ရှိရပြီး ဆေးရုံတင်ပို့ဖို့ ကြိုးစားစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၇ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း ၊ လှိုင်သာယာ အနောက်ပိုင်းခရိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်တိုက်ကြိတ်ခံရတဲ့ လူမှာ အသက် ၄၀ အရွယ် ကိုအောင်ကိုဦးလို့ သိရှိရပြီး လှိုင်သာယာ ၁၉ ရပ်ကွက်၊ ဘချိုလမ်းမှာ နေထိုင်သူလို့ သိရှိရကြောင်း မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ယာဉ်မောင်းမိသားစုများ လူမှုကူညီရေးအသင်းထံကနေသိရပါတယ်။

“သက်ဆိုင်ရာနဲ့ ကျွန်တော်တို့တွေ ရောက်တုန်းက အသက်ရှိသေးတယ် မသေသေးဘူး။ လက်နှစ်ဖက်မှာ တစ်ဖက်က လုံးဝပြတ်ထွက်နေတာ။ နောက်တစ်ဖက်က ကြေသွားတာ။ အတိုက်ခံရသူ ပြောတာက သူက စိတ်ညစ်နေလို့ လမ်းလျှောက်နေတာကို ခြောက်ဘီးကားက တိုက်သွားတာလို့ ပြောတာ။ လက်နှစ်ဖက်ပဲ ထိခိုက်အောင် ဘယ်လိုပုံ တိုက်သွားလဲတော့ မသိဘူး “လို့ ယာဉ်မောင်းမိသားစုများ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ် ။

အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်က အောက်တိုဘာ ၆ ရက်နေ့ ညဉ့်နက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ဖြစ်တဲ့ သ‌ပြေခြံလမ်း (ကျောက်လမ်း) မှာ လူ အနည်းငယ်ပြတ်တာကြောင့် နောက်နေ့ ၇ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှသာ တာဝန်သိပြည်သူတချို့ သတင်းပေးမှုနဲ့ ယာဉ်တိုက်ခံရတဲ့လူနာကို တွေ့ရှိကူညီနိုင်ခဲ့တာလို့ သိရပါတယ်။

ယာဉ်တိုက်ခံရသူ လူနာကို ဆေးရုံတင်ပို့ဖို့ ကြိုးစားနေကြစဉ် သေဆုံးခဲ့တာကြောင့် လူမှုကူညီရေးအသင်းကယာဉ်နဲ့ပဲ လှိုင်သာယာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image

ဆန်နီလမ်မန်မှာ အိုးထရက်ဖို့ဒ်ရဲ့ ကော့တွိုက်စ် ဖြစ်လာမယ်လို့ အမိုရမ် ယုံကြည်နေ

အောက်တိုဘာ ၈

ရူဘင်အမိုရမ်ဟာ ဆန်နီလမ်မန်မှာ ယူနိုက်တက်ရဲ့ သီဘောက်ကော့တွိုက်စ် ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ နွေရာသီတုန်းက ပေါင် ၁၈.၂ သန်းဖြင့် ခေါ်ယူထားတဲ့ ဘယ်လ်ဂျီယံဂိုးသမားအား ဆန်းဒါးလန်းအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပထမဆုံးပွဲအဖြစ် အသုံးပြုခဲ့ပါတယ်။

ယင်းပွဲစဉ်တွင် လမ်မန်ဟာ လက်စွမ်းပြကစားကာ ဂိုးမပေးခဲ့ရပြီးနောက် ယူနိုက်တက်အသိုင်အဝိုင်းရဲ့ ယုံကြည်မှု ရရှိလာနေပါတယ်။

ယူနိုက်တက်အတွင်းလူများရဲ့အဆိုအရ အမိုရမ်က လမ်မန်ရဲ့ လေထဲတွင် ကျွမ်းကျင်စွာ ဖမ်းနိုင်မှု၊ ပါဝါနှင့် ဘောလုံးကျွမ်းကျင်စွာ ကစားနိုင်မှုတို့ကြောင့် ကော့တွိုက်စ် ၂.၀ ဖြစ်လာမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

အမိုရမ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲအား တူရကီဂိုးသမားအယ်တေးဘာယန်ဒါကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့ပေမယ့်လည်း အမှားများ ပြုလုပ်မှုနှင့်အတူ ဆန်းဒါးလန်းနှင့်ပွဲမှာတော့ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

အမိုရမ်ရဲ့ အရဲစွန့်အပြောင်းအလဲ ပြုလုပ်မှုက အလုပ်ဖြစ်ခဲ့ပြီး ဂိုးမပေးခဲ့ရတဲ့အပြင် ၂-၀ ဂိုးဖြင့်ပါ အနိုင်ရခဲ့ပါတယ်။

ယင်းပွဲတွင် လမ်မန်ဟာ လက်စွမ်းပြကစားနိုင်မှုနှင့်အတူ ကစားဖော်များရဲ့ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရတဲ့အပြင် ပရိသတ်များရဲ့ “Are you Peter Schmeichel in disguise?”လို့ ချီးကျူးသံပြိုင်အော်ဟစ်ခြင်းခံခဲ့ရပါတယ်။

ယခုအခါမှာတော့ ရူဘင်အမိုရမ်ဟာ ယူနိုက်တက်ပထမဆုံးပွဲတွင် လက်စွမ်းပြကစားသွားတဲ့ လမ်မန်အား လာမယ့် ပွဲစဉ်များတွင်လည်း ပွဲထွက်ဂိုးသမားအဖြစ် ဆက်လက် အသုံးပြုလာတော့မှာလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

imageimage

image

အမျိုးသားရေးလက္ခဏာများ ခိုင်ခိုင်မာမာ ဆက်လက်ရှင်သန်ဖွံဖြိုးစေရေးအတွက် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် အနုပညာရှင်များကို ယာယီသမ္မတတိုက်တိုက်တွန်း

အောက်တိုဘာ ၈

မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး လက္ခဏာများခိုင်ခိုင်မာမာ ဆက်လက်ရှင်သန်ဖွံဖြိုးစေရေးအတွက် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် အနုပညာရှင်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

အောက်တိုဘာ ၇ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ကျင်းပသော (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်းရင်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်အစဉ်ထာဝရ နိုးကြားရှင်သန်နေရအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်လည်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များသည် သီးခြားဂုဏ်ရည်၊ သီးသန့်မူဟန်များဖြင့် ဖြစ်ထွန်းနေခြင်းရှိသကဲ့သို့ အဆိုနှင့်အက၊ အကနှင့်အတီး၊ အတီးနှင့်အဆို၊ အဆိုနှင့်အရေးပညာရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး အပြန်အလှန်ထိန်းကွပ်မှု၊ အပြန်အလှန်ပံ့ပိုးမှုများဖြင့် တင့်တင့်တယ်တယ် ဆက်စပ်ဖြစ်ထွန်းနေသည်ကိုလည်း တွေ့နိုင်မည်ဖြစ်ကြောင်း ပြေားကြားသည်။

အလားတူ ယခု (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ယှဉ်ပြိုင်မှုသာမက ပြည်နယ်နှင့်တိုင်းဒေသကြီး အနှံ့အပြားတွင် နေထိုင်ကြသည့် ပြည်ထောင်စုသွေးချင်းများ ချစ်ကြည်ရင်းနှီးစွာ ဆုံစည်းနိုင်မှု၊ မိတ်ကောင်းဆွေကောင်းများ တိုးတက်ရရှိမှု၊ ယဉ်ကျေးမှုအနုပညာအသီးသီးကို နှီးနှောဖလှယ်မျှဝေနိုင်မှုစသည့် အကျိုးရလဒ်များမှတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တိုးမြှင့်ဖော်ဆောင်နိုင်မည်လည်းဖြစ်ကြောင်း။

ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ၏ အောင်မြင်ဖြစ်ထွန်းမှု အရှိန်အဟုန်ကို ထပ်ဆင့်မြှင့်တင်နိုင်စေရန်နှင့် ယခုကျင်းပသည့် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ရည်မှန်းချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် အနုပညာမြတ်နိုးသူ ပရိသတ်များအားလုံးက တူညီသည့်စိတ်ထားနှင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍လည်း ယာယီသမ္မတက တိုင်းတစ်ပါးယဉ်ကျေးမှုများ လွှမ်းမိုးမှုမရှိစေရေးအပြင် မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးသိမ်မွေ့ပြီး အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံစွမ်းအားများ ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်နှင့် ယခုကျင်းပမယ့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုကျင်းပရသည့် ဦးတည်ချက် (၄)ရပ်နှင့်အညီ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပြီး ယဉ်ကျေးမှုအမွေ မျှဝေပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image
image
image
image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၈

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၁၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၈၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၆၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၀၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၆၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၆၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၈၅ ကျပ်
ဝယ်ဈေး - ၃၉၈၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၅၀ ကျပ်
ဝယ်ဈေး - ၄၆၃၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၇ ကျပ်
ဝယ်ဈေး - ၉၄၄ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၇၉ ကျပ်
ဝယ်ဈေး - ၂၆.၁၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၀၁ ကျပ်
ဝယ်ဈေး - ၄၄.၈၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၈ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၇၅ ကျပ်
ဝယ်ဈေး - ၅၃၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၇၈ ကျပ်
ဝယ်ဈေး - ၂၆၁၂ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၂၀ ကျပ်
ဝယ်ဈေး - ၂၈၅၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၅ ကျပ်
ဝယ်ဈေး - ၅၁၂ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၁၂ ကျပ်
ဝယ်ဈေး - ၁၀၈၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image
21 w - Translate

Vibes.🖤
#fblifestyle

image
21 w - Translate

Outstanding Unique Statement Tourmaline Bunch Specimen’s piece From Afghanistan 🇦🇫 Available For sale in reasonable price !!
👉 weight 157 Grams

Credit to owner

image
21 w - Translate

"အလန်းစား ဒီဇိုင်းကာလာအနေအထားနဲ့ လူမှားသွားစေတဲ့ စစ်လွန်းဝတီထက်"
Photo. Credit

image
21 w - Translate

"အလန်းစား ဒီဇိုင်းကာလာအနေအထားနဲ့ လူမှားသွားစေတဲ့ စစ်လွန်းဝတီထက်"
Photo. Credit

image
21 w - Translate

"အလန်းစား ဒီဇိုင်းကာလာအနေအထားနဲ့ လူမှားသွားစေတဲ့ စစ်လွန်းဝတီထက်"
Photo. Credit

image