Duolingo ဆိုတာကတော့ ‌နိုင်ငံခြားအထူးသဖြင့် USA ဘက်သွားမယ့်လူတော်တော်များများသိပ်မစိမ်းတဲ့ English testတခုပါ။ ဒီနေရာမှ Duolingo ကို သိပ်မသိတဲ့လူငယ်တွေအတွက်ကတော့ IELTS or TOFEL တို့လိုပဲ English testတခုလို့အလွယ်မှတ်ရင်ရပါပီ။ Duolingo ဟာ IELTS or TOFEL တို့လောက်တော့အရမ်းမခက်ခဲ ပဲနဲ့ အခုဆိုတက္ကသိုလ် တော်တော် များများ လဲလက်ခံပါတယ်။
Duolingo ကိုမှာတော့ အမှတ်ပေးစည်းမျည်းတွေကိုအောက်ပါအတိုင်းခွဲခြားထားပါတယ်။

Literacy (Ability to read and write )
Comprehension(Ability to read and listen )
Conversation (Ability to listen and speak)
Production (Ability to write and speak)
Read

Readဆိုတာကို တချို့တွေက အသံထွက်ဖတ်တာလို့ပဲထင်ကြတယ် အဲ့တာလဲမမှားပါဘူး။ ဒါပေမယ့်အဓိက အားဖြင့် read ဆိုတာဟာ pronunciation မှန်မှန်ဖတ်နိုင်ယုံသာမက စာကြောင်းစာပိုဒ်ထဲကအကြောင်းကိုဖတ်လိုက်ပီးတာနဲ့ချက်ခြင်းနားလည်တာပါ။ဥပမာ ပေးရရင် ကြော်ငြာစာတန်းတခုကို မြန်မာလိုရေးထားတယ်ဆိုပါတော့ အဲ့တာကိုရုတ်တရက်ဖတ်မိလိုက်ပြီး တာနဲ့ တပြိုက်နက်ဆိုသလို ကိုယ်ကလဲနားလည်နိုင်ပါတယ် အအေးကြော်ငြာ ၊ မုန့်ကြော်ငြာ promotionစသည်ဖြင့် အတိအကျ အကုန်မမှတ်မိရင်တောင်အဓိကအကြောင်းအရာကိုခွဲခြမ်းစိတ်ဖြာနိုင်ပါတယ် အဲ့တာက reading ပါပဲ။ Duolingo မှာဆိုရင်ဖြင့် ပေးထားတဲ့မေးခွန်း နားလည်အောင်ဖတ်နိုင်မှုကအဓိကကြပါတယ်။ဒါမှသာ မေးခွန်းအကြောင်းအရာအပေါ်ကိုယ်ကပြန်လည်‌ဖြေဆိုတဲ့အခါ ကြောင်းကျိုးဆီလျော်စွာ ဖြေနိုင်မှာပါ။

Duolingo မှာ close type ဆန်ဆန်မေးခွန်းတခုပါပါတယ် close typeနဲ့မတူတာက သူကဖြည့်ရမယ့် စာလုံးတွေမပေးထားပဲနဲ့ စာလုံးအစလေးတွေပေးထားပြီး‌ဖြေခိုင်းတာပါ။ The sun rise from the e_ _ _. ဒါဆိုကိုယ်က နားလည်အောင်ဖတ်ပြီး eနဲ့စပြီး word လေးလုံးပါတဲ့ vocabကိုစဉ်းစားရမှာပါ။ East‌ဆိုတဲ့အဖြေမှန်ကိုရဖို့ဆိုတာရှေ့ကရေးပြထားတဲ့ “the Sun rise from the”ဆိုတဲ့စာကြောင်းကိုအရင်နားလည်မှဖြစ်မှာပါ။

Write

Writeဆိုတာတော့ အားလုံးလဲသိပြီးသားဆိုတော့ အထူးတလည်တော့ပြောပြစရာမလိုပါဘူး။ အဓိက grammar patternမှန်ရမယ် tensesတွေမှန်ရမယ်၊ vocabulary တွေကြွယ်၀သလောက် အမှတ်ကပိုရလာမှာပါ။ Duolingo online test ဆိုပေမယ့် After တို့ If Clause တို့သုံးမယ်၊ဆိုရင် commas (,) တွေ မေးခွန်းဆိုရင်(?) full stop (.)မကျန်ခဲ့ဖို့ပါပဲ။

Speak

Speakingကတော့ pronunciation အရေးကြီးပါတယ်။ ကိုယ်ပြောချင်တာပီပီသသဖြစ်မှ examiner နားလည်မှာပါ။ Duolingo testဟာဆိုရင်ဖြင့် Daily English use ဘက်ကို အဓိကသွားတဲ့ပုံစံ ၊ communication ကိုဦးတည်သွားတဲ့ပုံစံလို့မြင်ပါတယ်။ Speakingကိုပြောနိုင်ဖို့ဆိုတာ ကိုယ်ပြောမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး အကျွမ်းတ၀င်ရှိမှုကလဲအရေးကြီးပါတယ်။ Duolingo မှာပေးတဲ့ပုံကိုကြည့်ပြီး 2minutes လောက်ပြောခိုင်းတဲ့ နေရာမှာဆိုရင် choiceမရှိ‌သလို၊ choice ပေးထားပြီးကြိုက်တဲ့ခေါင်းစဉ်ကို ပြောခိုင်းတာလဲရှိပါတယ်။

ဒီနေရာမှာ writing ရော speaking ပတ်သက်ပြီးပြောချင်တာက အကြောင်းအရာ အမှန်ဖြစ်ဖို့ထက် ကိုယ် များများ ပြောနိုင် ရေးနိုင်တဲ့ အကြောင်းအရာဖြစ်ဖို့ပိုအဓိက ကြပါတယ်။

ဥပမာ စာလေ့လာတဲ့ တာကောင်းလား Game ဆော့တာကောင်းလား ရေးရ ပြောရ မယ်ဆိုပါတော့။စာ လေ့လာတာ အပြင်လောကမှာဘယ်လောက်ကောင်းကောင်း ကိုယ်က သိပ်မရေးနိုင်ဘူး ‌မပြောနိုင်ဘူး၊ Game ဆော့တာနဲ့ပတ်သက်ပြီး ကိုယ့်ဆီက အကြောင်းအရာတော်တော်များများ word ‌များများ vocabularyကောင်းကောင်းသုံးနိုင်မယ်ဆိုရင် စာလေ့လာတဲ့အကြောင်းအရာ ဘယ်လောက် မှန်မှန် ကိုယ်ပိုင် တဲ့game ဆော့တဲ့အကြောင်းကိုရွေးရမှာပါ။ Duolingo က English testပါ တနည်းအားဖြင့် language skill test ပါ personal skill testမဟုတ်ပါ ပြောရမယ့်အကြောင်းအရာကောင်းမွန်မှုထက် ကိုယ်သေချာပြောပြရေးပြနိုင်တဲ့ဘက်ကိုသာရွေးရမှာပါ။

Listening

အားလုံးသိတဲ့အတိုင်း Listeningမှာ accentဆိုတဲ့လေယူလေသိမ်းအကျွမ်းတ၀င်ဖြစ်ဖို့အရေးကြီးပါတယ်။Duolingo အသံနားထောင်ပီး ပြောလိုက်တဲ့အသံက တကယ့် word ဟုတ်မဟုတ်ရွေးရတဲ့ဟာပါ ပါတယ်။ တကယ့် အသံထွက်မှန် ကိုသိမှအမှန်ရွေးနိုင်မှာပါ။ နောက်မေးခွန်းဟာဆိုရင်ဖြင့် အသံ recordလုပ်ထားတဲ့ စာကြောင်း ၊ အမေးဝါကျစသည်ဖြင့်လာတတ်ပါတယ်။

၃ခါနားထောင်လို့ရပါတယ် အပေါ်မှာ‌ဖြေရမယ့်အချိန်ကလဲ countingလုပ်နေတာပါ 1minပြည့်တာနဲ့ သူကနောက်မေးခွန်း auto ရောက်သွားတာပါ။ အဲ့တော့သုံးခါလုံးနားထောင်ပီးမှရေးတာထက်စာရင် တခါ‌နားထောင်ပီး ကြားသလောက် typingရိုက်ထားတာကိုယ့်အတွက် အချိန်ပိုရပါတယ်။ တချို့စာကြောင်းတွေမှာအကြောင်းအရာ တော်တော်များပါတယ်။ သုံးခါလုံးနားထောင်ပီးမှရိုက်မယ်ဆိုရင် ကျန်ခဲ့နိုင်ပါတယ် ၊စာမေးပွဲဆိုတဲ့ tensionရယ် time limit tensionရယ်ကြားထဲမှာဆိုတော့ မှားနိုင်ပါတယ်။

Duolingoကိုဖြေမယ့်လူငယ်များကိုအကြံပြုချ်တာက practice test ကိုများများလုပ်ပေးပါ။ Real testနဲ့ practice testကသိပ်မကွာပါဘူး practice testက speaking testနှစ်ခုပဲ မပါတာပါ။ဖြေဆိုချိန်ကတော့ real က 59min practiceက 15minပါ။ မေးခွန်းပုံစံအကျွမ်းတ၀င်ဖြစ်မှ လက်တွေ့ဖြေရင်အဆင်ပြေမှာပါ။

ဒီလောက်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်နော်။ အားလုံးဘဲ ပညာရေးအခွင့်အလမ်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

image

Large Niltava ( ငှက်နက်ပြာလေး )
ဒီငှက်မျိုးစိတ် ကိုတော့ တောင်ပေါ် မှာ အမြဲလိုလိုတွေ့ရတတ်တော့ အထီး၊အမ နဲ့ သားပေါက်လေး ကအစ ဓာတ်ပုံမှတ်တမ်းလေးတွေ တင်ခွင့်ရခဲ့ပါတယ်။

image

Large Niltava ( ငှက်နက်ပြာလေး )
ဒီငှက်မျိုးစိတ် ကိုတော့ တောင်ပေါ် မှာ အမြဲလိုလိုတွေ့ရတတ်တော့ အထီး၊အမ နဲ့ သားပေါက်လေး ကအစ ဓာတ်ပုံမှတ်တမ်းလေးတွေ တင်ခွင့်ရခဲ့ပါတယ်။

image

Large Niltava ( ငှက်နက်ပြာလေး )
ဒီငှက်မျိုးစိတ် ကိုတော့ တောင်ပေါ် မှာ အမြဲလိုလိုတွေ့ရတတ်တော့ အထီး၊အမ နဲ့ သားပေါက်လေး ကအစ ဓာတ်ပုံမှတ်တမ်းလေးတွေ တင်ခွင့်ရခဲ့ပါတယ်။

image

Large Niltava ( ငှက်နက်ပြာလေး )
ဒီငှက်မျိုးစိတ် ကိုတော့ တောင်ပေါ် မှာ အမြဲလိုလိုတွေ့ရတတ်တော့ အထီး၊အမ နဲ့ သားပေါက်လေး ကအစ ဓာတ်ပုံမှတ်တမ်းလေးတွေ တင်ခွင့်ရခဲ့ပါတယ်။

image
image
image

image

image

🇨🇿 ချက်နိုင်ငံ (Czech Republic) အကြောင်း တစေ့တစောင်း 🇨🇿
ခြူးက ချက်နိုင်ငံမှာ ပညာသင်ကြားတယ်လို့ ပြောရင် တော်တော်များများက ချက်နိုင်ငံ ဆိုတာကို မကြားဖူး ကြပါဘူး။ အချို့ မြန်မာပြည်က လူကြီးတွေကတော့ ချက်ကိုဆလိုဗက်ကီးယားလားလို့ မေးကြတယ်။ ဒါလဲ မဟုတ်သေးပါဘူး။ ဒီပိုစ့်လေး ဖတ်ပြီးသွားရင်တော့ စာဖတ်သူတွေ ချက်နိုင်ငံ ဘယ်မှာ ရှိတယ်၊ ဘာလို့ ကျောင်းသားတွေ ချက်နိုင်ငံ မှာ ပညာသင်ကြား ကြတယ်ဆိုတာကို နားလည် သိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။
ချက်နိုင်ငံ၏ တည်နေရာ
___________________
- ချက်နိုင်ငံ ဟာ ဥရောပတိုက် အတွင်းမှာ တည်ရှိပါတယ်။ သူဟာ ဥရောပ အလယ်ပိုင်း (Central Europe) မှာ တည်ရှိပြီး ခရီးသွား အများစုက အရှေ့ဥရောပ (East Europe) မှာ ရှိတယ်လို့ မှားယွင်းစွာ ယူဆလေ့ ရှိပါတယ်။
- ချက်နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကတော့ ဂျာမနီ (Germany)၊ ပိုလန် (Poland)၊ ဆလိုဗက်ကီးယား (Slovakia) နဲ့ ဩစတြီးယား (Austria) နိုင်ငံတို့ ဖြစ်ကြပြီး အကုန်လုံးက အတော်လှပတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။
- ပရာ့ (Prague) မြို့ဟာ ချက်နိုင်ငံရဲ့ မြို့တော်ဖြစ်ပါတယ်။ ပရာ့မြို့ကနေ ဆိုရင် အထက်ပါ နိုင်ငံများကို ၂နာရီ ကနေ ၄နာရီလောက် ရထားစီးရုံနဲ့ ရောက်သွား နိုင်ပါတယ်။ ဒါကြောင့်မို့ ကျောင်းသား တော်တော်များများက ဒီလို အချက်အချာကျတဲ့ ပရာ့မြို့ကနေ weekend trips တွေ စီစဉ်ပြီး ခရီးထွက်ရတာ ကို အတာ် သဘောကျကြ ပါတယ်။
ချက်လူမျိုးများ
____________
- ချက်နိုင်ငံမှာ လူပေါင်း ၁၀သန်းကျော်ကျော်သာ ရှိပါတယ်။ အဲဒီ့အတွက်ကြောင့် လူရှုပ်ရှုပ်ယှက်ယှက် မရှိဘဲ ကျောင်းသားတွေ စာအေးအေးဆေးဆေး ဖတ်နိုင်သလို နိုင်ငံရဲ့ လုံခြုံရေး အညွှန်းကိန်း (Global peace index) က ကမ္ဘာ့ ထိပ် နံပါတ် ၁၀မှာ ရှိပါတယ်။
- ရောက်ခါစ ကျောင်းသား တော်တော်များများက ချက်လူမျိုးတွေကို အေးတိအေးစက် ဖြစ်တယ်၊ နိုင်ငံခြားသားတွေကို မဖော်ရွေဘူးလို့ ထင်မိကြပါတယ်။ အဲဒါဘာလို့လဲဆိုတော့ ဒီကလူကြီး တော်တော်များများက အရင် ကွန်မြူနစ် အစိုးရ ခေတ်တုန်းက နိုင်ငံခြားသားတွေ ကျောင်းလာတက်တာ၊ အလုပ်လာလုပ်ကြတာ မကြုံဖူး ခဲ့ကြပါဘူး။ အဲဒါကြောင့် ဒီက လူကြီးတွေဟာ အင်္ဂလိပ်စာ မနားလည်ကြသလို နားလည်တဲ့ သူကလဲ ပြောရမှာ ဝန်လေးတတ်ကြပါတယ်။ အဲဒီတော့ ကျောင်းသားများ ချက်စာကို အနည်းငယ် သင်ယူပြီး ချက်လို နှုတ်ဆတ်တတ်ရင်တောင်မှ သူတို့က အတော်သဘောကျ ကြပါတယ်။
ချက်နိုင်ငံမှာ နေတဲ့ စရိတ်စက
_______________________
- ချက်နိုင်ငံတွေက တက္ကသိုလ် တွေရဲ့ ကျောင်းစရိတ်က UK တို့ USA တို့နဲ့ ယှဉ်ရင် ၅ဆလောက်အထိ သက်သာပါတယ်။ ပညာရေးကတော့ EU Standard နဲ့ ညီမျှပါတယ်။ ချက်မှာ ကျောင်းပြီးရင် သူ့နိုင်ငံ အတွင်း အလုပ်ဆက်လုပ်နိုင်သလို အခြား ဥရောပနိုင်ငံတွေမှာလဲ သူတို့ဘာသာစကား ပြောတတ်ရင် အလုပ်သွားလုပ်လို့ ရပါတယ်။
- ချက်မှာ တခြား ဥရောပနိုင်ငံ တွေလို ယူရို (Euro) မသုံးပါဘူး။ ချက်ကိုရိုနာ (Czech Koruna = Czech crowns = Czk) ကိုသုံးကြပါတယ်။ အဲဒါကြောင့် သူ့ရဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင်တောင် နေစရိတ်စားစရိတ်က ပို သက်သာနေပါတယ်။
- Student discount အကြောင်း။ ချက်နိုင်ငံရောက်ရင် အသက် ၂၆နှစ်အောက် ကျောင်းသားတိုင်း International Student Identity Card (ISIC) ကို တက္ကသိုလ် အသီးသီးက ထုတ်ပေးကြပါတယ်။ ချက်မှာ တစ်မြို့နဲ့ တစ်မြို့ ကူးမယ်ဆိုရင် ကားနဲ့ သွားမလား၊ ရထားနဲ့ သွားမလား၊ ဘစ်ကားနဲ့ သွားမလား အကုန်ရှိပါတယ်။ ISIC နဲ့ ဆိုရင် ၇၅% အထိစျေးလျှော့ ပေးပါတယ်။ နောက်ပြီး စာအုပ်ဆိုင်တိုင်းက ၁၀% အမြဲ စျေးလျှော့ပေးပါတယ်။ electronic ဝယ်ရင်လဲ သုံးလို့ရလို တချို့ စားသောက်ဆိုင်တွေကလဲ ISIC အတွက် အထူးပရိုမိုးရှင်းတွေ အမြဲပေးထား ပါတယ်။
အထက်ပါ အကြောင်းအရာတွေကြောင့် ချက်နိုင်ငံကို လာတဲ့ ကျောင်းသားတိုင်းက ဒီမှာ ပညာသင်ရတာကို ဘဘောကျကြပါတယ်။ ဒါ့ကြောင့် မြန်မာပြည်မှာ ရှိတဲ့ ညီငယ် ညီမငယ်များကလဲ နိုင်ငံခြားပညာ သင်မယ် ဆိုရင် UK, US, Australia, Japan စတဲ့နိုင်ငံ တွေချည်း စိတ်ထဲ မထားပဲ ချက်နိုင်ငံကိုလဲ ထည့် စဉ်းစား ကြဖို့ တိုက်တွန်း လိုပါတယ်။
ဒီပိုစ့်လေးကို ဖတ်ပြီး ချက်နိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားတယ်၊ ထပ်ပြီး သိချင်တယ် ဆိုရင် Like & share လုပ်ပြီး ခြူးရဲ့ Czech-in with Chyuu page လေးကို support လုပ်ပေးပါ။ စာဖတ်သူများ အားလုံးကို ကျေးဇူးတင် ပါတယ်။ ❤️

image
image
image
33 w - Translate

Dwayne Johnson ရဲ့ရုပ်ရှင်သစ်ဖြစ်တဲ့ The Smashing Machine ဟာ ရုံဝင်ငွေအခြေအနေမဟန်လှပေမယ့် Oppenheimer, Interstellar, Inception ရုပ်ရှင်တို့ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ Christopher Nolan ကတော့ ဒီရုပ်ရှင်ကို ချီးကျူးသွားခဲ့သလို Dwayne Johnson ရဲ့သရုပ်ဆောင်စွမ်းရည်ဟာ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးတွေထဲမှာ ပါဝင်ကြောင်းလည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။
လက်ဝှေ့ကစားသမားဟောင်း Mark Kerr ရဲ့ဘဝအကြောင်း တင်ဆက်ထားတဲ့ The Smashing Machine ရုပ်ရှင်ကို Oppenheimer ရုပ်ရှင်မှာ Edward Teller အဖြစ်ပါဝင်ခဲ့တဲ့ သရုပ်ဆောင်/ဒါရိုက်တာ Benny Safdie က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Dwayne Johnson, Emily Blunt တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Benny Safdie ဟာ ဒီရုပ်ရှင်အတွက် Emily Blunt ကို Oppenheimer ရိုက်ကွင်းပေါ်မှာ စည်းရုံးခဲ့တာဖြစ်ပြီး ဒီအကြောင်းကို Christopher Nolan က -
“ငါ့ရိုက်ကွင်းမှာ မင်းပြောရမယ့်စကားတွေ အလွတ်ကျက်နေရမယ့်အချိန် မင်းက ရုပ်ရှင်သစ်အတွက် လူလိုက်စုနေတယ်လို့ ပြန်ကြားတယ်နော်” ဆိုပြီး အရွှန်းဖောက်ခဲ့သေးတာပါ။
Christopher Nolan က The Smashing Machine ရုပ်ရှင်ဟာ “အချိန်ကြာလာတာနဲ့အမျှ လူတွေပိုပြီးနားလည်လာမယ့်ရုပ်ရှင်” ဖြစ်ကြောင်း၊ Dwayne Johnson ရဲ့သရုပ်ဆောင်စွမ်းရည်ဟာ အင်မတန်ပြောင်မြောက်ကြောင်း ချီးကျူးသွားပြီး Benny Safdie ကိုလည်း မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ A24 စတူဒီယိုရဲ့ ကုန်ကျစရိတ်အများဆုံးရုပ်ရှင်ဖြစ်တဲ့ The Smashing Machine ဟာ Dwayne Johnson ရဲ့အနုပညာသက်တမ်းတလျှောက် အဖွင့်ရုံဝင်ငွေအနည်းဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ရုံဝင်ငွေအခြေအနေမကောင်းပေမယ့်လည်း ဒီရုပ်ရှင်ဟာ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Benny Safdie အတွက် ဒါရိုက်တာဆုဆွတ်ခူးပေးနိုင်ခဲ့သလို Dwayne Johnson ကိုလည်း အော်စကာစင်မြင့်ထက်ကို ပို့ဆောင်ပေးနိုင်ဖို့ အလားအလာရှိတဲ့ရုပ်ရှင်အဖြစ် ထင်ကြေးပေးခံထားရတာဖြစ်ပါတယ်။
ကိုးကား - Deadline

image
33 w - Translate

လူတစ်ယောက်ဟာ ကိုယ်ချစ်တဲ့လူတွေအတွက် ဘယ်လောက်အထိကြိုးစားနိုင်ကြောင်း ပြောကြတဲ့အခါ သက်တော်ရှည် The Simpsons စီးရီးရဲ့ အကောင်းဆုံးအပိုင်းတစ်ပိုင်းကို ထည့်မပြောလို့ မဖြစ်ပါဘူး။ အဖေကြီး Homer ဟာ အကြီးကောင် အကဲစိန်လေး Bart နဲ့ အလတ်မ စာဂျပိုးလေး Lisa တို့ရဲ့ဓာတ်ပုံတွေကို အယ်လ်ဘမ်နဲ့ စနစ်တကျ သိမ်းထားပေမယ့် အငယ်ဆုံးသမီးလေး Maggie ရဲ့ဓာတ်ပုံတွေကိုတော့ အိမ်မှာ လုံးဝမတွေ့ရတာကို တစ်နေ့မှာ ကလေးတွေက သတိထားမိသွားကြပါတယ်။ ဒါဟာ Homer က အငယ်ဆုံးလေးကို မချစ်လို့လို့ ထင်ရင်တော့ အကြီးကြီးမှားသွားပါပြီ။
တကယ်တော့ Homer ဟာ နျူကလီးယားဓာတ်ပေါင်းဖိုက သူ့အလုပ်ကို အရမ်းမုန်းတဲ့သူပါ။ ဒါပေမယ့် Marge နဲ့လက်ထပ်ပြီးနောက် အိမ်ပိုင်လေးရှိဖို့နဲ့ သားသမီး ၂ ယောက်မွေးပြီး တင်ခဲ့တဲ့အကြွေးတွေကြေဖို့အတွက် သူမပျော်တဲ့အလုပ်မှာ သည်းခံပြီး နှစ်ရှည်လများ လုပ်ခဲ့တယ်။ အကြွေးတွေအကုန်ကြေသွားတဲ့တစ်နေ့မှာတော့ Homer ဟာ ချက်ချင်းပဲ သူမျက်မုန်းကျိုးတဲ့သူဌေးကို ခြေစုံကန် အလုပ်ထွက်ခဲ့ပြီး သူတကယ်လုပ်ချင်တဲ့ ဘိုးလင်းရုံမှာ အလုပ်ဝင်လျှောက်ပါရော။ ဖြစ်ချင်တော့ အလုပ်ထွက်တဲ့နေ့တုန်းက Homer နဲ့ Marge တို့ ချစ်ကြည်နူး တစ်တီးတူးခဲ့ရာကနေ Marge မှာ တတိယမြောက်ကိုယ်ဝန်ရှိလာတယ်။​ Maggie ဆိုတဲ့အငယ်ဆုံးသမီးလေးကို သူတို့မိသားစုထဲ ခေါ်လာပေးမယ့် ကိုယ်ဝန်ပေါ့။
Maggie လေးမွေးလာချိန်မှာ Homer က သူ့ဝင်ငွေအခြေအနေကို ပြန်တွက်ကြည့်ရတယ်။ သူပျော်လို့ဝင်လုပ်နေတဲ့ ဘိုးလင်းရုံကအလုပ်က သားသမီး ၂ ယောက်အထိ တင့်တောင့်တင့်တယ် ရှာကျွေးနိုင်ပေမယ့် ၃ ယောက်အထိတော့ မလောက်ငနိုင်တော့ဘူး။ လစာတိုးတောင်းကြည့်တော့လည်း အဆင်မပြေတော့ Homer ဟာ မတတ်သာတော့တဲ့အဆုံး သူခြေစုံကန်ခဲ့တဲ့ နျူကလီးယားစက်ရုံကို ဒူးထောက်ခစားပြီး အလုပ်ပြန်ဝင်လုပ်ရရှာတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့အလုပ်ခန်းထဲမှာ သူသိပ်ကြိုက်တဲ့ ဒိုးနပ်တွေပဲရှိနေတာမဟုတ်တော့ဘူး။ သမီးလေး Maggie ရဲ့ဓာတ်ပုံတွေကို နံရံအပြည့်ကပ်ထားတယ်။ “မမေ့နဲ့၊ မင်း ဒီမှာတစ်သက်လုံးလုပ်ရမှာ” လို့ကပ်ထားတဲ့စာပေါ်မှာ သမီးလေးဓာတ်ပုံတွေဖုံးရင်း စာတစ်ကြောင်း ထပ်ပေါ်လာအောင်လည်း လုပ်ခဲ့တယ်။ အဲ့စာကြောင်းက “သမီးလေးအတွက် လုပ်လိုက်ပါ” တဲ့။
Homer ဟာ အလိုက်ကမ်းဆိုးသိပ်မသိတဲ့ ခင်ပွန်းတစ်ယောက် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သားသမီးအပေါ် အရိပ်သုံးပါးနားမလည်တဲ့ အဖေတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လူကြီးဖြစ်ရက်နဲ့ ကလေးဆန်လွန်းပြီး ရှေ့မကြည့် နောက်မကြည့်လုပ်တတ်တဲ့ ဘုကလန့်ဂွစာလူတစ်ယောက်လည်း ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူဟာ မိသားစုနဲ့ သမီးလေးအတွက် ကိုယ်မပျော်ပိုက်တဲ့လုပ်ငန်းခွင်မှာ တစ်နေ့ကို ၈ နာရီမက သမီးလေးဓာတ်ပုံတွေကြည့်ပြီး အားတင်းကျော်ဖြတ်နေတဲ့လူပဲမဟုတ်လား။ ကျွန်တော်တို့ရော ကိုယ်ချစ်တဲ့လူအတွက် ဘယ်လောက်အထိ ကြိုးစားကြမလဲ။ သူတို့ရဲ့ဓာတ်ပုံလေးတွေက ကျွန်တော်တို့ကို ဘယ်လောက်အထိ အားဖြစ်စေသလဲ။
The Simpsons: And Maggie Makes Three (S6 E13)
#cineamboulevard #collage #feelings #thesimpsons #ho

image