Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၈ ထပ်ရေတံခွန်တွင် တောင်ကျရေကြောင့် ပျောက်ဆုံးသူ ၂ ဦး ရှာမတွေ့သေး
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအနီးရှိ ၈ထပ်ရေတံခွန်တွင် ယမန်နေ့ (စက်တင် ဘာလ ၂၉ ရက်) ညနေ ၃ နာရီခန့်က တောင်ကျရေစီးဆင်းမှုကြောင့် ရေစီးနှင့်မျောပါပြီး ပျောက်ဆုံးသွားသည့် အမျိုးသမီး နှစ်ဦးကို ယနေ့အထိ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတခုမှ နိုင်ငံခြားသားဆရာ၊ ဆရာမများ ပါဝင်သည့်အဖွဲ့သည် ၈ထပ်ရေတံခွန်တွင် ရေဆော့ကစားနေစဉ် ရုတ်တရက် တောင်ကျရေစီးဆင်းမှုကြောင့် လူငါးဦး ရေစီးနှင့်မျောပါခဲ့သည်။
ထိုဖြစ်စဉ်တွင် နိုင်ငံခြားသားတဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး၊ အသက် ၄၃ နှစ်အရွယ် ရုရှားနိုင်ငံသားတဦးမှာ ညာဘက်ခြေထောက်ကျိုးဒဏ်ရာရရှိကာ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခံယူနေရသည်။
ပျောက်ဆုံးနေသည့် အမျိုးသမီးနှစ်ဦးကို ယခုအချိန်ထိ ရှာမတွေ့သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
မန္တလေးအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ရေဆော့ကစားနေချိန် ရုတ်တရက် တောင်ကျရေစီးလာတာပါ၊ နိုင်ငံခြားသားတဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် အမျိုးသမီးနှစ်ဦးကို အခုထိ ရှာမတွေ့သေးပါဘူး” ဟု ၏ ပြောသည်။
လူမှုကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူ နှစ်ဦးကို ဆက်လက်ရှာဖွေနေပြီး၊ ယနေ့မွန်းလွဲပိုင်းအထိ ဖုန်းလိုင်းဆက်သွယ်မှု အားနည်းနေသည့်အတွက် လက်ရှိအခြေအနေကို အတိအကျ မသိရသေးကြောင်း တာဝန်ရှိသူတဦးက ပြောကြားသည်။
“နှစ်ယောက်ကို ဆက်ရှာနေပါတယ်။ အဲဒီမှာ ဖုန်းလိုင်းမမိတော့ ဆက်သွယ်မှုမရသေးဘူး” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) တာဝန်ရှိသူတဦးက ယနေ့ မွန်းလွဲပိုင်းတွင်ပြောသည်။
၈ ထပ်ရေတံခွန်သည် ၂၀၂၀ ခုနှစ်နောက်ပိုင်းမှစ၍ သဘာဝအလှအပများသခံများအကြား စိုးရိမ်မှုများ မြင့်တက်လာသည်။
“ဒီရေတံခွန်က ရှစ်ထပ်လို့ပြောပေမယ့် တကယ်က ၁၂ ထပ်လောက်ရှိတယ်။ ရေတံခွန်အသေးလေးတွေ အများကြီးပါတယ်။ မိုးတွင်းမှာ ဒီလိုဖြစ်တတ်တယ်ဆိုတာ တာဝန်ရှိသူတွေက သတိပေးသင့်တယ်” ဟု ဒေသခံတဦးက ပြောသည်။
မြန်မာနိုင်ငံတဝှမ်း မိုးသည်းထန်စွာရွာသွန်းနေသည့်အချိန်ဖြစ်သဖြင့် မိုးရာသီကာလအတွင်း ရေတံခွန်များနှင့် မြစ်ချောင်းများသို့ သွားရောက်လည်ပတ်ခြင်းကို ရှောင်ရှားရန် ဒေသခံများက လူမှုကွန်ရက်ပေါ်တွင် တိုက်တွန်းနေကြသည်။ ရုတ်တရက်ရေကြီးမှုကြောင့် ဆိုးရွားသည့်အန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။
တောင်ကျရေကြောင့် ညောင်ခြေထောက်မြို့ဆေးရုံမှ လူနာများ အရေးပေါ်ရွှေ့ရ
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၅
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် တောင်ကျရေများ ထိုးဆင်းလာမှုကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်ခြေထောက်မြို့ဆေးရုံမှ လူနာများကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၃၀ ရက် နံနက် ၅ နာရီကျော်တွင် အုတ်တွင်းမြို့အရှေ့တောင်ဘက်ရှိ ပြောင်သေချောင်းမှ တောင်ကျရေများ ဆေးရုံဝန်းအတွင်း ဝင်ရောက်ခဲ့သဖြင့် ဆေးကုသမှုခံယူနေရသည့် လူနာ ၂၀ ကျော်ကို လူမှုကူညီရေးအသင်းများ အကူအညီဖြင့် အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရခြင်းဟု သိရသည်။
“ရေက နည်းနည်းတော့ကျသွားပါပြီ။ တောင်ကျရေက ဒလဟောစီးလာတာမို့ လမ်းတွေပေါ်ထိ ရေကျော်ခဲ့တာ။ မနက်က ဆေးရုံထဲက လူနာ ၂၀ လောက်တော့ အရေးပေါ် ရွှေ့ပေးလိုက်ရတယ်။ ဆေးရုံထဲမှာ ရေက ခါးလောက်ထိ ဖြစ်သွားခဲ့တာ။ အိမ်တွေလည်း ရေတွေတော်တော်မြုပ်သွားတယ်။ ကျွဲပွဲဘက်ကို ရွှေ့ပေးခဲ့ရတာပါ” ဟု ဒေသခံတဦးက ပြောသည်။
ညောင်ခြေထောက်မြို့ဆေးရုံမှာ တိုက်နယ်အဆင့်ဆေးရုံဖြစ်ပြီး လူနာများအား ကျွဲပွဲဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း၊ လက်ရှိ ညောင်ခြေ ထောက်မြို့အတွင်း ကားလမ်းမရေကျော်နေဆဲဖြစ်သလို ဆေးရုံဝန်း၊ ရဲစခန်းရှေ့၊ ညောင်ခြေထောက်တောင်ပိုင်း၊ အိုးဘိုကုန်းရွာဆေးပေးခန်းများလည်း ရေကျော်ပြီး နစ်မြုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ - ရင်ခုန်သံရှင်ရေးကူညီမှုအသင်း