အင်္ကျီအဖြူ၊ အဖြူထည်ပေါ်က အဝါရောင်အစွန်းအထင်းတွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်မယ့် နည်း ​📚✍️
(ရေနွေးနဲ့ပြုတ်ဖို့ အချိန်ဖြုန်းစရာမလို) 🧺✨
(အင်္ကျီပေါ်က ပုံနှိပ်စတစ်ကာတွေလည်း မပျက်စီးပါဘူး!)
​လိုအပ်သည့်ပစ္စည်းများ......
* ​ရှာလကာရည် ၄ ဇွန်းခန့်
* ​ပန်းကန်ဆေးဆပ်ပြာရည် ၁ ဇွန်း
* ​အဝတ်လျှော်ဆပ်ပြာမှုန့် ၁ ဇွန်း
* ​ရေသန့် ပုံးအသေးတစ်ဝက်
​✏️ ပြုလုပ်ပုံအဆင့်ဆင့်.......
ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပါ။
ထို့နောက် အဝါရောင်အစွန်းအထင်းရှိသည့် အဝတ်အဖြူကို မိနစ် ၃၀ ခန့် စိမ်ထားပါ။
​စိမ်ပြီးနောက် အသာအယာ ပွတ်လျှော်ကြည့်ပါ။ အဝါရောင်အစွန်းအထင်း သို့မဟုတ် မှိုစွဲနေသည့် အနက်ရောင်အစက်အပြောက်များ အလွယ်တကူ ထွက်သွားပါလိမ့်မယ်။
​အရင်က ဝါကျင့်ကျင့်ဖြစ်နေတဲ့ အင်္ကျီအဖြူတွေဟာ ပြန်လျှော်ပြီးတဲ့အခါ ပိုမို တောက်ပလင်းလက်ပြီး ဝတ်ချင်စဖွယ် ဖြစ်လာပါလိမ့်မယ် 👍။
​ဒီနည်းလမ်းက အရမ်းထိရောက်ပြီး ချွေတာရာလည်းရောက်၊ အဝတ်အစားကိုလည်း မထိခိုက်စေလို့ ကျွန်တော်တို့ သဘောကျမိပါတယ် 🥰။

image
16 w - Translate

ယာဉ်မောင်းလိုင်စင်များ အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရန်မလိုဘဲ သက်တမ်းတိုး ဆောင်ရွက်ပေးမည်
စက်တင်ဘာလ (၂၉) ရက်မှစတင်၍ သက်တမ်းတိုးဆောင်ရွက်မည့် ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင်များကို Online Booking လျှောက်ထားရန်မလိုဘဲ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ထို့ကြောင့် သက်တမ်းတိုးယာဉ်များအနေဖြင့် ရုံးဝန်းအတွင်းသို့ စက်တင်ဘာလ (၂၉) ရက်မှစ၍ (၃)နာရီအတွင်း ရောက်ရှိမည့်ယာဉ်များကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယာဉ်မှန်၊ မမှန်စစ်ဆေးခြင်းနှင့် ပြောင်းလဲခြင်းယာဉ်များကို Online Booking စနစ် ရယူနိုင်ခြင်း မရှိသည့်ကာလအတွင်း ယာဉ်မှတ်ပုံတင်ထားသူ၏ မှတ်ပုံတင်အပါအဝင် ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) မူရင်းအား ခရိုင်ဦးစီးမှူးထံတင်ပြ၍ ကြိုတင်ရက်ချိန်း ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

image
16 w - Translate

မချမ်းသာပါဘူး အရမ်းပင်ပန်းတယ်
ကိုယ့်ဝါသနာနဲ့ကိုဆိုတော့ ပျော်ရွှင်နေပါတယ်🐓🐖🏡🥬🥒🌾🌻🌺

image
16 w - Translate

မချမ်းသာပါဘူး အရမ်းပင်ပန်းတယ်
ကိုယ့်ဝါသနာနဲ့ကိုဆိုတော့ ပျော်ရွှင်နေပါတယ်🐓🐖🏡🥬🥒🌾🌻🌺

image
16 w - Translate

မချမ်းသာပါဘူး အရမ်းပင်ပန်းတယ်
ကိုယ့်ဝါသနာနဲ့ကိုဆိုတော့ ပျော်ရွှင်နေပါတယ်🐓🐖🏡🥬🥒🌾🌻🌺

imageimage

အမဲသားပြားပင်စိမ်းအစပ်ကြော်လုပ်နည်း
လွယ်ကူတဲ့နည်းလေးပါ
ပါဝင်ပစ္စည်း
အမဲသား
ငရုပ်ကောင်းမှုန့်
ခရုဆီ
ငရုပ်သီးစိမ်း
ကြက်သွန်ဖြူ
ပင်စိမ်းရွက်
ချက်နည်း
အမဲသားကိုအပြားလေးတွေပါးပါးလှီး
ဆား/ဟင်းခတ်မှုန့်/ငရုပ်ကောင်းမှုန့်/ကြက်သွန်ဖြူကြိတ်ပီးသားလေးထည့်
နယ်ပြီးနှပ်ထားပေးနော်
ဒုတိယတဆင့်အနေနဲ့ ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းလေးကိုမကြေတကြေလေးရောကြိတ် ထားပါ ပင်စိမ်းလေးခြွေထားပေးနော်
ပီးရင် ဒယ်အိုးထဲဆီထည့် ဆီပူလာရင်ခုနနှပ်ထားတဲ့အမဲသားပြားလေးတွေထည့်ကြော်နည်းနည်းကြွပ်လာတဲ့ထိ အမဲသားလေးတွေကိုပါးနိုင်သလောက်ပါးပီးအပြားကြီးကြီးလေးဆိုပိုစားကောင်းတယ်
ပီးရင်ကြော်ပီးသားအမဲသားအားလုံးခပ်ထားပြီး
ဆီထဲကို ကြက်သွန်ဖြူ ငရုပ်စီးစိမ်းကြိတ်ထားတာလေးဆီသပ် ခရုစီလေးနည်းနည်းနဲ့ရေလေးထည့် နည်ူနည်း ပီးရင်အမဲသားကြော်ထားတာလေးထည့်
နောက်ဆုံးပင်စိမ်းလေး အုပ်ပေးပါ။

image
16 w - Translate

ကန်ချနဘူရီပြည်နယ် မြန်မာအလုပ်သမား ၂၈ ဦးလိုက်ပါလာသည့်ကား လမ်းဘေးကျပြီး ဖမ်းခံရ
စက်တင်ဘာ - ၂၉
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူ မြန်မာအလုပ်သမား ၂၈ ဦးလိုက်ပါလာတဲ့ ကားတစ်စီး စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်းစွာဖြတ်သန်းပြီးနောက် လမ်းဘေးမြောင်းထဲ ထိုးကျကာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်က မြန်မာအလုပ် သမား ၂၈ ဦးပြည့်ကြပ်စွာ လိုက်ပါလာတဲ့ကားမှာ ကန်ချနဘူရီပြည်နယ် ထောင်းဖာဖုမ်မြို့နယ် လမ်းဆုံ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်တန့်ခိုင်းသော်လည်း မောင်ပြေးခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာ မောင်းပြေးတဲ့ကားမှာ အခြားကားတစ်စီးနဲ့ တိုက်မိပြီး လမ်းဘေး ရေမြောင်းထဲသို့ ထိုးကျသွားခဲ့ပြီး ယာဉ်မောင်းကတော့ ထွက်ပြေးသွားခဲ့ပါတယ်။
ကားအတွင်းတွင် အထောက်အထားစာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦးနှင့် အမျိုး သမီး ၉ ဦး စုစုပေါင်း ၂၈ ဦးလုံးကို ဖမ်းဆီးခံခဲ့ရပါတယ်။
ကားပေါ်တွင် လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသားများ ပြင်းထန်စွာ ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
မြန်မာနိုင်ငံသားများသည် စံခလဘူရီမှနယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပြီး ဘန်ကောက် စမွတ်စာခွန် စမွတ်ဆွန်ခရမ် နဲ့ ချာချိုင်းဆောင်တို့တွင် အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ထွက်ခွာ လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြား ပေးချေခဲ့ရပြီး မြန်မာ အလုပ်သမား ၂၈ ဦးကို ဥပဒေ အရအရေးယူရန် ထောင်းဖာဖုမ် ရဲစခန်းသို့ ပို့ဆောင်ထားတယ်လို့ ထိုင်းသတင်းက ဖော်ပြထားပါတယ်။

image
16 w - Translate

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ
၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖိုဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချိုက သင်အောင်မြင်တာကို အသိအမှတ်ပြုဖို မေ့နေကြပြီး သင်ကျရှုးတဲ့အချိန် လက်ညိုးထိုးဖို စောင့်ကြည့်နေကြလိမ့်မယ်
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်
၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို ကြိုးစားလိုက်ပါ။
၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။
၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့ မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။
၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။
၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို မမျှော်လင့်ပါနဲ့။
၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။
၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။
၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။
၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖိုအတွက်ဖြစ်သလို ပေးကမ်းတတ်ဖိုလည်း လိုပါတယ်။
၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။
၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။
၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။
၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။
၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။
၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို မမေ့သင့်သလို တောင်းပန်စကားပြောဖိုလည်း ဝန်မလေးမိပါစေနဲ့။
၃၀။ လူအချိုက ဝေဖန်လာရင် လက်ခံနိုင်ဖို ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။
#မေတ္တာဖြင့်
#မူရင်းရေးသားသူအားလေးစားစွာဖြင့်

Other -တရုတ်စာသင်နေပြီဆိုတော့ တရုတ်လိုပြောတာကျွမ်းနေပြီပေါ့ Me -

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image