၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတဲ့ ဩစတြီးယား
======================
ရေးဖ်ရန်နစ်ခ်ဦးဆောင်တဲ့ ဩစတြီးယားဟာ ဘော့စနီးယားကို နောက်ကလိုက်ကစားကာ သရေကျပြီးနောက် ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
ဘော့စနီးယားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ယခုပွဲ အနိုင်ရဖို့ လိုအပ်နေခဲ့တာ ဖြစ်ပြီး ပွဲချိန် ၁၂ မိနစ်တွင် ဟာရစ်တာဘာကိုဗစ်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၇၇ မိနစ်တွင် မိုက်ကယ်ဂရီဂိုရစ်ရှ်က ပြန်အံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းပြီး ဩစတြီးယားအတွက် ချေပဂိုးအား သွင်းယူခဲ့ပါတယ်။
ဘော့စနီးယားဟာ ယခုပွဲ နိုင်ပွဲ မရရှိမှုနှင့်အတူ ကမ္ဘာဖ့လားခြေစစ်ပွဲ အောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ထပ်မံ ကြိုးပမ်းလာရပါဦးမယ်။
ဩစတြီးယားဟာ ၁၉၅၄ ကမ္ဘာ့ဖလားတွင် တတိယ၊ ၁၉၃၄ ကမ္ဘာ့ဖလားတွင် စတုတ္ထအသီးသီး ချိတ်ခဲ့ပေမယ့်လည်း ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် လွဲခဲ့တဲ့အသင်း ဖြစ်ပါတယ်။
ယူနိုက်တက်ကို ၆ လတာ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရေးဖ်ရန်းနစ်ခ်ဟာ ဩစတြီးယားကို ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ပြီးတဲ့နောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်လည်း ထပ်မံ စွမ်းဆောင်လာနိုင်ခဲ့ပါတယ်။