#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛တရုတ်ထုတ် တိုက်လေယာဉ် ၄၂ စင်း အင်ဒိုနီးရှား ဝယ်ယူမည်
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံထုတ် ချန်ဒူး ဂျေ-၁၀စီ တိုက်လေယာဉ်၄၂ စင်းထက်မနည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် အနောက်နိုင်ငံမဟုတ်သော နိုင်ငံတစ်နိုင်ငံမှ တိုက်လေယာဉ်များကို ပထမဆုံးဝယ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။ အင်ဒိုနီးရှားစစ်ဘက် ခေတ်မီစေရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရှာဖရီရှာဆိုဒင်က ပြောသည်။
သဘောတူညီချက်သည် ဒေသတွင်း အကဲဆတ်သည့်ကိစ္စဖြစ်ပြီး ပထဝီနိုင်ငံရေးအရ သက်ရောက်မှုများ ရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။ လေယာဉ်များ မကြာမီတွင် ဂျကာတာကို ရောက်မည် ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ဂျေ-၁၀ တိုက်လေယာဉ်များ ဝယ်ယူရေးအစီအစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်လတွင် ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိသည့် တရုတ်ထုတ်လေယာဉ်များဝယ်ယူမှုအတွက် ဘတ်ဂျက်ကို အတည်ပြုခဲ့ကြောင်း အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီးက အောက်တိုဘာ ၁၄ ရက်တွင်ပြောသည်။
အင်ဒိုနီးရှားစစ်ဘက်ကို အဆင့်မြှင့်တင်ရန်နှင့် ခေတ်မီစေရန် သမ္မတ ပရာဘိုဝိုဆူဘီယန်တို လက်ထက် တွင် တွန်းအားပေးလုပ်ဆောင်သည်။ဆူဘီယန်တိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် စဉ်၂၀၁၉ ခုနှစ်တွင် တရုတ်၊ ပြင်သစ်၊ ရုရှား၊ တူရကီနှင့် အမေရိကန်သို့ သွားရောက်ပြီးစစ်လက်နက် စနစ် အသစ်များနှင့် ထောက်လှမ်းရေးနှင့် နယ်မြေကာကွယ်ရေးနည်းပညာများ ရယူရန် ကြိုးပမ်းခဲ့သည်။
ကိုးကား-စီအင်န်အေ

image
34 w - Translate

The first U.S. case of a more severe strain of mpox without any recent travel history has been identified in California.
Health officials said this week that the case was confirmed in a Long Beach resident. The patient required hospitalization and is now isolating and recovering at home.
While this is the seventh case of the more severe strain confirmed in the U.S this year, it is the first without known travel, according to local officials.
Read more: https://abcnews.visitlink.me/IFukR5

image
34 w - Translate

A viral trend involving artificially generated images of a "homeless man" has prompted police warnings over safety concerns, with officials calling it "stupid and potentially dangerous."
The trend uses AI image generators to create realistic photos depicting a disheveled man appearing to be at someone's door or inside their home.
Police departments in Michigan, New York and Wisconsin have issued public warnings about the AI prank.
Read more: https://abcnews.visitlink.me/v_TowU

image
34 w - Translate

Three people are dead after a small plane crashed in Bath Township, Michigan, on Thursday evening, city officials have said.
Read more: https://abcnews.link/VSDym6J

image

⬛ပူတင်နှင့်ထပ်မံတွေ့ဆုံမည်ဟု ဒေါ်နယ်ထရန့်ပြော
အမေရိကန်ကယူကရိန်းအတွက် စစ်ရေးအထောက်အပံ့အသစ်များ ထပ်မံပေးအပ်မည်ကို မော်စကိုက စိုးရိမ်နေစဉ် ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ ယမန်နေ့ကသဘောတူလိုက်ကြောင်း ရိုက်တာသတင်းကဖော်ပြသည်။
လာမည့်သီတင်းနှစ်ပတ်အတွင်း ရုရှားသမ္မတပူတင်နှင့် ဘူဒါပက်စ်မြို့တွင်တွေ့ဆုံသွားမည်ဖြစ်ကြောင်း လွန်စွာအကျိုးဖြစ်ထွန်းခဲ့သည်ဟု ၎င်းပြောကြားသည့်‌ နှစ်နာရီကြာဖုန်းခေါ်ဆိုမှုအပြီးတွင် ဒေါ်နယ်ထရန့်ကပြောကြားသည်။
ကရင်မလင်ကလည်းထိပ်သီးတွေ့ဆုံမှုအကြောင်း အတည်ပြုပြောကြားသော်လည်း နှစ်ဖက်စလုံးက တွေ့ဆုံမည့်ရက်ကို အတိအကျမပြောနိုင်ကြကြောင်းသတင်းကဆိုသည်။
“ကျွန်တော့်ဘဝတစ်လျှောက်လုံး အ‌ပေးအယူတွေဖြစ်မြောက်အောင်လုပ်ခဲ့ပါတယ်။ ဒါကိုလည်းလုပ်နိုင် လိမ့်မယ်လို့ထင်ပါတယ်။ အမြန်ဆုံးလုပ်နိုင်ဖို့မျှော်လင့်တာပေါ့” ဟု ထရန့်ကအိမ်ဖြူတော်ရှိ သတင်းထောက်များကိုပြောကြားသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ယနေ့အိမ်ဖြူတော်သို့သွားရောက်၍ တိုမာဟော့ခ်တာဝေးပစ် ဒုံးကျည်များအပါအဝင် ယူကရိန်းအားစစ်ရေးအကူအညီပိုပေးရန် အမေရိကန်အားတွန်းအားပေးရန် ရှိနေစဉ် အထက်ပါအတိုင်းသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
မကြာသေးမီရက်များအတွင်း ပူတင်အားပိုမိုစိတ်ပျက်လာခဲ့ခြင်းနှင့်အတူ အိမ်ဖြူတော်ကဇီလန်စကီး အား ထောက်ပံ့မှုအသစ်များပေးရန် တာဆူနေခဲ့ပုံရသော်လည်း ယခုဖုန်းခေါ်ဆိုမှုအပြီးတွင် ပြေလည်ရာ ပြေလည်ကြောင်းပြောလာသည့် ထရန့်၏လေသံကြောင့် ရေတိုကာလတွင်အကူအညီပေးမှု ဖြစ်လာနိုင် ခြေမှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သကဲ့သို့ မော်စကိုအားအမေရိကန်၏အညံ့ခံအလျှော့ပေးမှုအ‌တွက် ဥရောပ၏စိုးရိမ်မှုများပြန်လည်ပေါ်ထွက်လာခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြသည်။
ဇန်နဝါရီလကစတင်အာဏာရလာခဲ့ပြီးနောက်ပိုင်းကတည်းက ရုရှားအ‌ပေါ်အ‌ရေးယူသွားမည်ဟု ထရန့်ကပုံမှန်လိုလိုခြိမ်းခြောက်ခဲ့သော်လည်း ပူတင်နှင့်စကားပြောပြီးပါက ထိုအဆင့်များ နောက်ဆုတ် သွားလေ့ရှိသည်။
ပူတင်နှင့်အလက်စကာထိပ်သီးဆွေးနွေးပွဲမတိုင်မီတွင် အပစ်အခတ်ရပ်စဲမှုရရှိရန် ဒေါ်နယ်ထရန့်က ကြိုးစားခဲ့သော်လည်း မည်သည့်အပစ်ရပ်မှုမှ ထွက်‌ပေါ်မလာခဲ့ပေ။ အလားတူ ဇီလန်စကီး ၊ ပူတင်နှင့် ၎င်းတို့ကြား သုံးပွင့်ဆိုင်ဆွေးနွေးမှုအ‌ကြောင်း ထရန့်ကပြောကြားခဲ့သော်လည်း ယင်းဆွေးနွေးပွဲလည်း ဖြစ်ပေါ်မလာခဲ့ပေ။
ယူကရိန်းနိုင်ငံအား တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးခဲ့ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက် မည်ဖြစ်ပြီး အမေရိကန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်သွားနိုင်ကြောင်းလည်း ပူတင်က ထရန့်အားပြောကြားခဲ့သည်ဟု ကရင်မလင်အရာရှိကြီး ယူရီအူရှာနော့ဗ်ကထုတ်ဖော်ပြောကြားသည်။
ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်သည် နေတိုးအဖွဲ့နှင့်‌ဥရောပခေါင်းဆောင်အများစုနှင့်ကွဲပြားစွာ မော်စကိုနှင့်ရင်းနှီးသောဆက်ဆံ‌ရေးကို ဆက်ထိန်းထားခဲ့ကာ ကိဗ်အတွက်အနောက်တိုင်းစစ်ရေးအကူ အညီများကို မေးခွန်းထုတ်ခဲ့သူဖြစ်သည်။
“အမေရိကန်နဲ့ရုရှားသမ္မတနှစ်ဦးတွေ့ဆုံဖို့စီစဉ်ထားတယ်ဆိုတာ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့ ကမ္ဘာပြည်သူတွေအတွက်သတင်းကောင်းဖြစ်ပါတယ်။ ကျွန်တော်တို့အသင့်ရှိပါတယ်” ဟု ဗစ်တာအော်ဘန်ကပြောကြားသည်။
၎င်းအနေဖြင့်အမေရိကန်သမ္မတထရန့်နှင့် ဖုန်းနှင့်စကားပြောခဲ့ပြီး ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း မစ္စတာအော်ဘန်ကနောက်ပိုင်းတွင် ထပ်မံအတည်ပြု ပြောကြားသည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း

image
34 w - Translate

တောင်ကြီးမြို့လယ်ခေါင်မှာ လူသတ်ပြီး အလောင်းစွန့်ပစ်မှုဖြစ်
အောက်တိုဘာ ၁၇ ၊၂၀၂၅
GG (VOM)
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့လယ်ခေါင်ရှိ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းထဲမှာ ဒဏ်ရာအများအပြားနဲ့အသတ်ခံထားရတဲ့ အမျိုးသားအလောင်းကို လာရောက် စွန့်ပစ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ ညတုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံထားရတဲ့ အလောင်းကို ကားနဲ့လာရောက်စွန့်ပစ်သွားတာဖြစ်ကြောင်း အသတ်ခံရသူမှာ မျက်နှာပျက်စီးနေပြီး ခန္ဓာကိုယ်မှာလည်း ဓားထိုးသွင်းဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။
"ဓားဒဏ်ရာတွေလည်းရှိတယ်။ ဒဏ်ရာတွေတော့အများကြီးပဲသိရတယ် ။ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်း ထဲက လ္ဘက်ရည်ဆိုင်အနီးလမ်းကြားနားမှာ အလောင်းကိုလာပစ်သွားတာပါ ။ အလောင်းကတော့ ညကတည်းကသယ်သွားကြတယ်။ နားရွက်တဖက်လည်း အဖြတ်ခံထားရတယ်။တောင်ကြီးမှာခုလိုဖြစ်တာ တော်တော်ကိုရှားပါတယ်။မလုံခြုံတော့သလိုပဲ။ဘယ်လိုဖြစ်ပြီးသတ်ခံရတယ်ဆိုတာတော့ မသိရသေးဘူး။တောင်ကြီးမှာတော့ ဒီကိစ္စ အခုမနက်အတော်လေး ဟော့နေတယ်။ " လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။
အသတ်ခံရတဲ့အမျိုးသားက လောလောဆယ်မှာ မိသားစုနဲ့ အဆက်အသွယ်မရသေးကြောင်း ၊ ပိုင်ရှင်မဲ့အလောင်းအဖြစ်သတ်မှတ်ထားပြီး လူသတ်ပြီး အလောင်းစွန့်ပစ်သွားတဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းမိရေး သက်ဆိုင်ရာနယ်မြေရဲစခန်းက လိုက်လံစစ်ဆေး ရှာဖွေနေတယ်လို့သိရပါတယ်။
လက်ရှိမှာ အသတ်ခံရတဲ့ရုပ်အလောင်းကို တောင်ကြီး စဝ်စံထွန်းဆေးရုံကိုပို့ဆောင်ထားပြီး ရင်ခွဲစစ်ဆေးဖို့လုပ်နေတယ်လို့သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်း၊ အမှတ် ၂ ရဲစခန်းတို့ကို VOM မှ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

image
34 w - Translate

⬛တေးရေးသော်ဒီဝေစျာပန ပြင်ဦးလွင်ရှိရှစ်မိုင်သုဿန်တွင်ပြုလုပ်မည်
တေးရေးသော်ဒီဝေ (ခ)ပန်းချီဝေချစ်ကို၏ စျာပနအခမ်းအနားကို မနက်ဖြန်(အောက်တိုဘာ ၁၈ ရက်) နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ရှစ်မိုင်သုဿန်၌ပြုလုပ်မည်ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
မနက်ဖြန်နံနက် ၁၀ နာရီတွင် တေးရေးသော်ဒီဝေ၏ရု်ပအလောင်းကို ပြင်ဦးလွင်မြို့၊ အထွေထွေရောဂါ ကုဆေးရုံကြီးမှတစ်ဆင့် ရှစ်မိုင်သုသာန်သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
တေးရေသော်ဒီဝေသည် နှလုံးရောဂါခံစားနေရသူဖြစ်ပြီး ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြင်ဦးလွင်မြို့ရှိ အောင်သစ္စာဆေးရုံ၌ ဆေးကုသမှုခံယူ‌နေစဉ်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက်(၇၁)နှစ်ရှိပြီဖြစ်သည်။
တေးရေးသော်ဒီဝေနှင့်ပတ်သက်သည့်အမှတ်တရတချို့ကို ဂီတမှူးနိုင်ဇော်က"ကျွန်တော်နဲ့ကိုသော်ဒီဝေ က သူ့ရဲ့နာမည်ကြီးသီချင်းတွေကို instrumental ၊ unplugged အခွေထုတ်ဖူးတယ်။ သူနဲ့အတူတူ အလုပ်လုပ်ကတည်းက သူ့စိတ်သဘောထားသိခဲ့ပါတယ်။ သူ့ရဲ့အကောင်းမြင်တဲ့ စိတ်ဓာတ်ကိုလည်း အရမ်း‌လေးစားပါတယ်။ သူနဲ့အကြာကြီးမတွေ့ဖြစ်ခဲ့ပေမယ့် သူ့ရဲ့အနုပညာမှတ်တိုင်တစ်ခုမှာ ကျွန်တော်ပါဝင်ခွင့်ရခဲ့လို့ ဂုဏ်ယူရတယ်။ သူနဲ့အတူတူအမှတ်တရရိုက်ထားခဲ့တဲ့ပုံကလည်း အခုတော့ သမိုင်းတစ်ခုဖြစ်သွားပြီပေါ့။ သူရေးထားတာ copy ဆိုပေမယ့် သီချင်းကြားတာနဲ့သူ့နာမည် တန်းသိစေတဲ့စာသားတွေက ပရိတ်သတ်ကသိမယ့်သီချင်းတွေပေါ့နော်။ သူကတော့အနုပညာလောက မှာ ဂီတလောကရော စာပေလောကမှာ‌ရော တကယ်ချစ်စရာကောင်းတဲ့ ပညာရှင်ကြီးတစ်ယောက်လို့ပဲ ညွှန်းဆိုချင်ပါတယ်" ဟု စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
တေးရေး သော်ဒီဝေကို ၁၉၅၄ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းတွင်မွေးဖွားကာ အမည်ရင်းမှာ ဦးခင်မောင်ဝေဖြစ်သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၇၇ အထိ မန္တလေးအနုပညာကျောင်း၌ ပန်းချီဘာသာရပ် သင်ကြားခဲ့ကာ ထိုမှတစ်ဆင့် ၁၉၉၀-၁၉၉၁ ၊ "ဟယ်ရီလင်း၏ ဟယ်ရီလင်း" တေးစီးရီးတွင် တေးရေး ဆရာ ဝင်းမင်းထွေးနှင့်အတူရေးသားခဲ့သည်။
၁၉၉၁-၁၉၉၂ တွင် လေးဖြူ၏တစ်ကိုယ်တော်တေးစီးရီးဖြစ်သည့် "ကန္တာရလမင်း"တွင် အလင်းရောင် အမည်ဖြင့်ရေးသားခဲ့သည့်တေးသီချင်းမှာ ပရိသတ်များယခုတိုင်ကြိုက်နှစ်သက်နေဆဲတေးသီချင်းဖြစ်ခဲ့ သည်။ တေးရေးသော်ဒီဝေသည် ဟယ်ရီလင်းနှင့်လေးဖြူအပြင် ဖိုးကျော်၊ အငဲ၊ သျှီ ၊ ရင်ဂို၊ စည်သူလွင် နှင့် တခြားသောတေးသံရှင်များစွာအတွက် တေးသီချင်း‌ပေါင်း၂၀၀ ခန့်ရေးသားခဲ့သည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - U Wei/ Fb
#ပြည်တွင်းသတင်း

image

⬛ဂါဇာနိုင်ငံတကာငြိမ်းချမ်း‌ရေးတပ်ဖွဲ့ ကုလဆုံးဖြတ်ချက်အတွက်ပြင်ဆင်နေ
ဂါဇာမှအနာဂတ်နိုင်ငံတကာတပ်ဖွဲ့အတွက် အခြေခံအုတ်မြစ်ချပေးမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ရှေ့လာမည့်ရက်များတွင် အပြီးသတ်နိုင်ရေးအတွက် ပြင်သစ်၊ ဗြိတိန်တို့က အမေရိကန်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း ရိုက်တာသတင်းတစ်ရပ်အရသိရသည်။
အမေရိကန်ကကြားဝင်စေ့စပ်ပေးထားသော အစ္စ‌ရေးနှင့်ဟားမားစ်ကြားက ခိုင်မာမှုမရှိသေးသည့် အပစ်အခတ်ရပ်စဲမှု ဆက်လက်တည်မြဲနေစဉ် ပါလက်စတိုင်းဒေသလုံခြုံ‌‌‌ရေးတည်ငြိမ်စေရန် နိုင်ငံတကာတပ်ဖွဲ့တစ်ခုအတွက် အစီအစဉ်များစတင်နေပြီဖြစ်ကြောင်း အမေရိကန်စီနီယာအကြံပေးနှစ်ဦးက ဗုဒ္ဒဟူးနေ့ကပြောသည်။
ခိုင်မာသောနိုင်ငံတကာဥပဒေအခြေခံမှုရရှိရန်နှင့် အဖွဲ့ဝင်နိုင်ငံများမှတပ်ဖွဲ့များပါဝင်ဖြည့်ဆည်းပေးမှုလွယ်ကူစေရန် ထိုကဲ့သို့သောနိုင်ငံတကာတပ်ဖွဲ့အတွက် ကုလသမဂ္ဂထံမှတာဝန်အပ်နှင်းမှုတစ်ရပ်လိုအပ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ပါစကယ်ကွန်ဖာရက်စ်က ပါရီမြို့တွင် သတင်းထောက်များကိုပြောသည်။
“အဲဒီလိုနိုင်ငံတကာမစ်ရှင်ထူထောင်နိုင်ဖို့အတွက် ပြင်သစ်ကမိတ်ဖက်တွေနဲ့ အနီးကပ်လုပ်ကိုင်နေပါတယ်။ ဒီမစ်ရှင်ကိုလည်း ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ အတည်ပြုပေးရမှာဖြစ်ပါတယ်” ဟု ပြင်သစ်နိုင်ငံခြား‌ရေးပြောခွင့်ရသူကဆက်ပြောသည်။
ယင်းဆုံးဖြတ်ချက်ကိုရှေ့လာမည့်ရက်များတွင် အဆိုပြုသွားနိုင်ရေးအတွက် အမေရိကန်၊ ဗြိတိန်တို့နှင့် အဓိကအားဖြင့်ဆွေးနွေးနေကြောင်း ၎င်းကဆက်ပြော သည်။
တပ်ဖွဲ့များပါဝင်ဖြည့်ဆည်းပေးရန် ဆန္ဒရှိသောနိုင်ငံအများအပြားနှင့် ဒေါ်နယ်ထရန့်အစိုးရကပြောဆိုဆွေးနွေးနေကြောင်း အိမ်ဖြူတော်အရာရှိကြီးတစ်ဦးကပြောကြားသည်။ အဆိုပါ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့ပေးသွားမည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်အကြောင်းကိုလည်း မိမိတို့ဆွေးနွေးနေကြောင်း အိမ်ဖြူတော်အရာရှိကြီးကဆက်ပြောသည်။
စစ်ပွဲအလွန်ဂါဇာအသွင်ကူးပြောင်းရေးစိတ်ကူးများကိုဖော်ထုတ်နိုင်ရန် ပြင်သစ်ကအခြားဥရောပနိုင်ငံများ၊ အာရပ်နိုင်ငံများနှင့်ဆွေးနွေးပွဲများကို အောက်တိုဘာ ၁၀ ရက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကာ ယင်းတွင်အနာဂတ်နိုင်ငံတကာတပ်ဖွဲ့ပုံသဏ္ဍာန်ကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဂါဇာတည်ငြိမ်မှု‌ဖော်ဆောင်ရေးတပ်ဖွဲ့သည် ကုလသမဂ္ဂကလစာပေးသော ပုံမှန်ကုလသမဂ္ဂငြိမ်းချမ်း‌ရေးထိန်းတပ်ဖွဲ့ဖြစ်မည်မဟုတ်ဘဲ ‌ဟေတီနိုင်ငံမှလက်နက်ကိုင်ဂိုဏ်းများကိုတိုက်ဖျက်ရန်နိုင်ငံတကာတပ်ဖွဲ့ တစ်ရပ်စေလွှတ်သွားရေး ကုလလုံခြုရေးကောင်စီကထောက်ခံခဲ့သည့် လုပ်ရပ်နှင့်ပိုမိုဆင်တူမည်ဖြစ် ကြောင်း သံတမန်များကပြောကြားကြသည်။
ဂါဇာအတွက်တည်ငြိမ်မှု‌ဖော်ဆောင်ရေးတပ်ဖွဲ့ထူထောင်ရန် အချိန်ယူရမည်ဖြစ်ကြောင်းနှင့် ယင်းတပ်ဖွဲ့ နှင့်ပတ်သက်သောအချက်အလက်များကို ရေးဆွဲနေဆဲဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာ က အင်္ဂါနေ့ကဗြိတိန်ပါလီမန်တွင်ပြောကြားသည်။
တပ်ဖွဲ့များပါဝင်ဖြည့်ဆည်းပေးရေးနှင့် အမေရိကန်ကပြောဆိုဆွေးနွေးနေသောနိုင်ငံများတွင် အင်ဒိုနီးရှား၊ ယူအေအီး၊ အီဂျစ်၊ ကာတာနှင့်အဇာဘိုင်ဂျန်တို့ပါဝင်ကြောင်း အမေရိကန်အရာရှိကြီး များက အမည်မဖော်ဘဲပြောကြသည်။ အီတလီကလည်း ပါဝင်ပတ်သက်လိုကြောင်းလူသိရှင်ကြား ပြောကြားထားသည်။
သတင်း - ရဲမင်း
ကိုးကား - REUTERS
#နိုင်ငံတကာသတင်း

image

ရေနံနှင့် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးကြရန် အသိပေး

အောက်တိုဘာ ၁၇

လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးကြဖို့ သတ္တုတွင်းဦးစီးဌာနက အသိပေး ထုတ်ပြန်ပါတယ်။

အရင်က ခွင့်ပြုထားတဲ့ လိုင်စင်တွေဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် နှစ်လကြိုတင်ပြီး လာမယ့်နှစ်အတွက် သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ရက်လွန်ဒဏ်ကြေးအဖြစ် တစ်ရက်ကို သိုလှောင်ခွင့်လိုင်စင်ကြေး ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး တစ်နှစ်ပျက်ကွက်ရင် လိုင်စင်အလိုအလျောက် ပျက်ပြယ်သွားမယ်လို့ သိရပါတယ်။

image

ရေနံနှင့် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးကြရန် အသိပေး

အောက်တိုဘာ ၁၇

လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးကြဖို့ သတ္တုတွင်းဦးစီးဌာနက အသိပေး ထုတ်ပြန်ပါတယ်။

အရင်က ခွင့်ပြုထားတဲ့ လိုင်စင်တွေဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် နှစ်လကြိုတင်ပြီး လာမယ့်နှစ်အတွက် သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ရက်လွန်ဒဏ်ကြေးအဖြစ် တစ်ရက်ကို သိုလှောင်ခွင့်လိုင်စင်ကြေး ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး တစ်နှစ်ပျက်ကွက်ရင် လိုင်စင်အလိုအလျောက် ပျက်ပြယ်သွားမယ်လို့ သိရပါတယ်။

image