ပြောဖို့မလိုအပ်ရင် တစ်နေ့တာ မြင့်မြတ်တဲ့ တိတ်ဆိတ်မှုကို လေ့ကျင့်ခြင်းနဲ့ စကားမပြောမိအောင် ရှောင်ခြင်းဟာ အလိုအလျောက် သိတာမဟုတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ညှာတာတဲ့ စကားတစ်ခုကို ဖော်ထုတ်ဖို့ သင့်ကို ကူညီပါလိမ့်မယ် ။
တခြားလူတွေအပေါ် ပိုပြီး ညှာတာထောက်ထားမှုရှိအောင် လေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြင့်မြတ်တဲ့ တိတ်ဆိတ်မှုကို လေ့ကျင့်နေတာဖြစ်ကြောင်း သင့်ရဲ့မိသားစုကို သင်က ရှင်းပြလို့ရပါတယ် ။
သင် တိတ်ဆိတ်နေတဲ့အခါ သင့်ရဲ့ အတွေးတွေနဲ့ ရည်ရွယ်ချက်တွေကို ပိုပြီး ကြည်ကြည်လင်လင် မြင်နိုင်ပါတယ် ။ ချီးမွမ်းဖို့ နဲ့ ကဲ့ရဲ့ဖို့ သင့်ဆီမှာ ရုတ်တရက်ဖြစ်ပေါ်တဲ့ ဆန္ဒတွေကို သင် မြင်နိုင်ပါတယ် ။ ဝေဖန်ဖို့ ဆန္ဒပြင်းပြမှုဟာ တစ်ခုခုကို ပြောချင်နေတဲ့အတွက် မကြာခဏ ဖြစ်တတ်တယ်ဆိုတာကို သင် တွေ့နိုင်ပါတယ် ။ တစ်ခုခုကိုပြောဖို့ ဆန္ဒပြင်းပြမှု သင့်မှာရှိတဲ့အခါ သင်ပြောမဲ့အရာဟာ ရာနှုန်းပြည့် မှန်ရဲ့လားဆိုတာ သင့်ကိုယ်သင် မေးပါ ။
သင် ပြောမဲ့အရာဟာ ညှာတာထောက်ထားမှု ရှိရဲ့လား ၊ နူးညံ့သိမ်မွေ့မှုရှိရဲ့လား ၊ အကျိုးရှိရဲ့လား ၊ အချိန်အခါ သင့်ရဲ့လား ။ အဲဒီ စကားဟာ ငြိမ်းချမ်းမှု နဲ့ ပျော်ရွှင်မှုကို ဖြစ်စေမှာလား ။
အရာရာကို ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်ချင်တဲ့ ဆန္ဒပြင်းပြမှုကို သတိပြုလိုက်ပါ ။ သတိပြုရုံပဲ ပြုလိုက်ပါ ။ ပြီးရင် ပြုံးလိုက်ပါ ။ အဲဒီဆန္ဒဟာ ထွက်သွားလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ် ။ မြင့်မြတ်တဲ့ တိတ်ဆိတ်မှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုဆိုတဲ့ စွမ်းအား ၊ စိတ်ရှည်သည်းခံမှုနဲ့ လွှတ်ချလိုက်မှုဆိုတဲ့ အကျင့်သီလကောင်းတွေကို သင်က အားဖြည့်ပေးပါလိမ့်မယ် ။
#ဇော်ဝင်းကြူ (ပျဉ်းမနား)

image
16 w - Translate

ကမ္ဘာပေါ်မှာ အတိတ်ဆိတ်ဆုံးနေရာကတော့ Minnesota မှာရှိတဲ့ Orfield Laboratories ရဲ့ anechoic အခန်းဘဲဖြစ်ပါတယ်
ဒီအခန်းထဲမှာ အသံပမာဏဟာ မယုံနိုင်လောက်အောင် နည်းပါးပြီး -၂၄.၉ dB (ဒက်စီဘယ်)အထိ ရှိပါတယ် ဒါဟာ လူ့နားနဲ့ကြားနိုင်တဲ့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ၀ dB အောက် အများကြီး နည်းနေတာပါ
ဒီအခန်းထဲမှာ အရမ်းကိုတိတ်ဆိတ်ငြိမ်သက်လွန်းလို့ လာရောက်လည်ပတ်သူတွေဟာ သူတို့ရဲ့ နှလုံးခုန်သံ၊ အသက်ရှူသံနဲ့ သွေးစီးဆင်းနေတဲ့အသံကိုပါ ပြန်ကြားနေရပါတယ်
ဒီလို ခြောက်ခြားဖွယ်အခြေအနေဟာ လူအချို့ကို စိတ်မသက်မသာ ဖြစ်စေပါတယ် အချို့သူတွေဆိုရင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ထိတ်လန့်ခြင်းတွေ နဲ့ စိတ်ကယောင်ခြောက်ခြားတွေဖြစ်ပေါ်ကြပါတယ်
ဒီအခန်းဖန်တီးသူ Steven J. Orfield က "အခန်းထဲမှာ အချိန်အကြာကြီး နေဖို့ဆိုရင် ထိုင်နေမှရမယ် ရပ်နေရင် ၅ မိနစ်၊ ၁၀ မိနစ်လောက်သာ ခံနိုင်လိမ့်မယ်" လို့ ပြောဖူးပါတယ် အစောပိုင်း သတင်းတွေအရ ဒီအခန်းထဲမှာ အကြာဆုံးနေနိုင်ခဲ့တဲ့အချိန်ဟာ ၄၅ မိနစ် ခန့်ဘဲရှိခဲ့ဖူးတယ်လို့လည်း ဆိုကြပါတယ် ဒါပေမဲ့ ဒီလိုအချိန်ကြာကြာနေနိုင်တဲ့ စံချိန်ကို Guinness World Records က တရားဝင် မှတ်တမ်းတင်ထားတာတော့ မရှိပါဘူး
ဒီအခန်းဟာ သိပ္ပံနည်းကျ စမ်းသပ်မှု တွေအတွက် အရေးပါတဲ့နေရာတစ်ခု ဖြစ်သလို လူ့ရဲ့ အာရုံခံစားမှုအပိုင်းကို လေ့လာဖို့အတွက် အကောင်းဆုံးနဲ့ အပြင်းထန်ဆုံး စမ်းသပ်ခန်းတစ်ခုလည်း ဖြစ်ပါတယ်
ဒီအခန်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စမ်းသပ်စစ်ဆေးခဲ့ပြီး ကမ္ဘာ့အတိတ်ဆိတ်ဆုံး စံချိန်ကို ရရှိထားပါတယ် ဒီလို စံချိန်တင် ငြိမ်သက်မှုရှိတဲ့ အခန်းထဲကို ဝင်ရောက်သူတွေအတွက်ကတော့ တစ်ချိန်တည်းမှာ စိတ်ဝင်စားစရာလည်းကောင်းသလို ထိတ်လန့်စရာလည်း ဖြစ်စေနိုင်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
16 w - Translate

မယ်ရီဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ ဆံပင်နီကြောင်ကြောင်လေးပေါ့

အရမ်းသွတ်သွတ်လက်လက် နေတက်သလို လုပ်သမျှတိုင်းကလဲ အလွဲတွေကြီးပါပဲ

သူဟာ လူကြီးမိဘ တွေကို အရမ်းကူညီချင်ပေမယ့် သူလုပ်လိုက်တိုင်း အလွဲကြီးတွေ ဖြစ်လို မခိုင်းရဲကြဘူး

ဒီလိုနဲ့ မယ်ရီ လေးဟာ ဟိုယောင်ယောင် ဒီယောင်ယောင် လေး ဖြစ်နေတာပေါ့

တစ်ရက်မှာတော့ တောစပ်အနီးမှာ မုန့်စား နေတုန်း ကြောင်လေး တစ်ကောင် မုန့်လာတောင်းစားလို ကျွေးလိုက်မိရင်း အဲ့ဒီကြောင်လေး တောအုပ်ထဲကို အ၀င် စပ်စုပြီး လိုက်သွားပါတော့တယ်

မယ်ရီ တစ်ဖြေးဖြေး လိုက်သွားရင် ကြောင်လေးဟာ ၂ ကောင်ဖြစ်သွားပြီး ထူးဆန်းတဲ့ ပန်းတွေ ရှိရာကို လမ်းပြပေးခဲ့ပါတယ်

အရမ်းလှလွန်းတဲ့ ပန်းလေးမို မနေနိုင်ပဲ ခူးမိပြီး အိမ်သို သယ်သွားတဲ့နောက်မယ်ရီ ဘ၀မှာ ထူးထူးဆန်းဆန်း ကိစ္စတွေပဲ ဆက်တိုက်ကြုံလာခဲ့ရသောအခါ..
➡️ ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လိုရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️

https://t.me/+nqhhs6tGKeRjZjA1

➡️ ဇာတ်ကားကြည့်ရန်လင့်⬇️

https://t.me/c/2088510221/3081

image

ပိန္နဲပင် အသီးသီးအောင်ပြုလုပ်နည်း
ဒီတစ်ပတ် ခြံစိုက် တောင်သူ လယ်သမားကြီးတွေကို ဆွေးနွေးတင်ပြလိုတဲ့ အချက်ကတော့ ပိန္နဲပင် အသီးသီးအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းပညာလေးပဲ ဖြစ်ပါတယ်။ အရင်တစ်လောက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ခြံစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက စာရေးသူဆီ ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်တာကတော့သူ့မှာ မချစ်စုနဲ့ ရင်ကွဲသရက်ခြံ လေးဧကရှိပါတယ်။
အဲဒီသရက်ခြံရဲ့ ခြံစည်းရိုးတွေမှာ ဗမာပိန္နဲ အိမ်မာမျိုး မျိုးကောင်းတာနဲ့ အပင် ၅၀ လောက် စိုက်ပျိုးထားပါတယ်။အပင်သက်တမ်း ၁၅ နှစ်ကျော်လာပေမယ့် ပိန္နဲသီး အသီးကောင်းကောင်း မသီးလို့ ဆရာ့ဆီ ဖုန်းဆက်အကြံဉာဏ် တောင်းခံတာပါလို့ ပြောပါတယ်။ ပိန္နဲပင်ဟာ နှစ်ရှည်သီးပင် ဖြစ်ပါတယ်။ ကိုင်းဆက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ သုံးနှစ်သားဆိုရင် အသီးစသီးပါတယ်။ စီးပွားဖြစ်တော့ မရနိုင်သေးပါဘူး။ အစေ့ စိုက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ ၁၀ နှစ်ဆိုရင် အသီးစသီးပါတယ်။
များများတော့ မသီးနိုင်သေးပါဘူး။ ပိန္နဲသီးဟာလည်း သရက်လို ရာသီစာဖြစ်တဲ့အတွက် မြန်မာတွေရဲ့ ခံတွင်းမှာ ခုံခုံမင်မင် စွဲမက်စွာစားသုံးတဲ့ အသီးတစ်မျိုးပါပဲ။ အနံ့မွှေးပြီး အရသာချိုလေးလေး၊ အသားလည်း နူးညံ့တော့ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါပဲ။
ရာသီပေါ်မှာ ပိန္နဲသီး ခပ်လတ်လတ် တစ်လုံးဆိုရင် ကျပ် ၃၀၀၀-၅၀၀၀ ထိ ဈေးပေါက်တာတွေ့ရပါတယ်။ ပိန္နဲပင်ကို မိမိအိမ်ခြံ၊ဒါမှမဟုတ် လယ်ကွင်း၊ ခြံတဲကုန်း စတဲ့မြေကွက်လပ်မှာ စိုက်ပျိုးထားမယ်ဆိုရင် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရနိုင်တဲ့အပင်ဖြစ်ပါတယ်။
ဒါပေမယ့် စိုက်တဲ့ပိန္နဲပင်က အသီးသီးဖို့ အရေးကြီးပါတယ်။ အသီးမသီးရင်တော့ အချိန်ကုန် လူပန်းဖြစ်နေမှာ သေချာပါတယ်။ပိန္နဲပင်ဟာ အကိုင်း၊ အခက်တွေက အသီးသီးတဲ့ အပင်မျိုးမဟုတ်ပါ။ ပင်မပင်စည်မှ ဖူးတံထွက်ပြီး အသီးသီးတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပင်မပင်စည်ကနေ အပွင့်ဖူးထွက်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ တချို့ကတော့ ပိန္နဲပင်မပင်စည် အခြေမှ ငါးပေ၊ ခြောက်ပေလောက်မှာ ပင်စည်ကို ပတ်ပြီး ဓားနဲ့ထစ်ကာ ပိန္နဲပွင့်ဖူးထွက်အောင်လုပ်တဲ့ နည်းပညာကို အသုံးပြုကြပါတယ်။ ဒီနည်းပညာဟာလည်း နှစ်စဉ် ဓားနဲ့ထစ်ပါများလာတော့ အပင်နာပြီး သေလွယ်တယ်လို့ သိရပါတယ်။
နောက် အခုခေတ်ပေါ် နောက်တစ်နည်းကတော့ ပိန္နဲပင်စည်အပင်ခြေမှ ငါးပေ၊ခြောက်ပေအမြင့်ပေလောက်မှာ ပင်စည်ပတ်ပတ်လည် သစ်သားသပ်ရိုက်သွင်းတဲ့ နည်းစနစ်ပါပဲ။ ဒီနည်းဟာ ထိုင်းနိုင်ငံမှာလည်း အသုံးပြုတာတွေ့ရပါတယ်။ ပိန္နဲပင် သက်တမ်းဟာအနည်းဆုံး ၁၀ နှစ်ရှိပါတယ်။ ပင်စည်လုံးပတ် အချင်း ရှစ်လက်မ၊ ၁၀ လက်မကျော်ခန့်ရှိဖို့ လိုပါတယ်။
သပ်ရိုက်တဲ့ရာသီကတော့ မိုးဦးကျ၊ မိုးစရွာတဲ့ မေလ၊ ဇွန်လမှာ ပိန္နဲပင်ကို သပ်ရိုက်သွင်းရပါမယ်။ ပိန္နဲပင်ကို သပ်ရိုက်မသွင်းမီ အပင်ကို နွားချေး၊ မြေဆွေးနဲ့ ၁၅း၁၅း၁၅ အချိုး ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေသြဇာတွေကို တစ်ပင် နို့ဆီဘူးတစ်ဘူးနှုန်းရောပြီး နှစ်ပတ်ကြိုတင်အစာကျွေးထားဖို့ လိုပါတယ်။
ရိုက်သွင်းမယ့်သပ်ကို အသားမာတဲ့ (မဆွေးသွားနိုင်တဲ့) ပျဉ်းကတိုးသစ်လို သစ်မာကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သပ်အရွယ်အစားကတော့ အရှည်သုံးလက်မခန့်၊ အလုံးဝါးတူခန့် (ထမင်း၊ ဟင်း စားတဲ့တူ) ပြုလုပ်ပြီး ထိပ်တစ်ဖက်ကို ချွန်ပေးရပါမယ်။ ၎င်းချွန်ထားတဲ့ သပ်ချောင်းလေးများကို ပိန္နဲပင်အခြေမှ ငါးပေ၊ ခြောက်ပေခန့်အမြင့်မှာ သပ်တစ်ချောင်းနဲ့တစ်ချောင်း ရှစ်လက်မ၊ ၁၀လက်မခန့်ခွာပြီး ကျပန်းရိုက်သွင်းရပါမယ်။ ပိန္နဲတစ်ပင်ကို အနည်းဆုံး ခြောက်ချောင်း၊ ရှစ်ချောင်းထိ ရိုက်သွင်းနိုင်ပါတယ်။ သပ်ကို ရိုက်သွင်းတဲ့အခါမှာ သပ်ရဲ့အရှည်အားလုံး ပင်စည်ထဲထိ မြုပ်သွားအောင် ရိုက်သွင်းဖို့လိုပါတယ်။ ရိုက်တဲ့ကိရိယာ (တူ သို့လက်ရိုက်တုတ်) နဲ့ ပင်စည်ထိပြီး အခေါက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ရိုက်သွင်းဖို့ လိုပါတယ်။
ပင်စည်အခေါက် ဒဏ်ရာရရင်အဲဒီနေရာကနေရေဝင်ပြီး အခေါက်ပုပ်သွားနိုင်ပါတယ်။ ဒီပိန္နဲပင်စည်ကို သပ်ရိုက်ထားပြီး နှစ်ပတ်ကြာလာရင် သပ်ရိုက်ထားတဲ့ဝန်းကျင်ပင်စည်ကနေ အဖူး၊ အစို့များ ထွက်လာပြီး အပွင့်ပွင့်၊ အသီးသီးမှာ ဖြစ်ပါတယ်။ ကဲ . . . စမ်းကြည့်လိုက်ပေါ့ဗျာ။

image

ကွမ်တမ်ပညာ၏ သမိုင်းအကျဉ်း အပိုင်း ၁
ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ universeမှာ မျက်မြင်ထင်ရှားမြင်နေရတဲ့ အရာက နှစ်ခုရှိပါတယ်။
အဲ့အရာတွေက ဒြပ်ရယ်(matter), radiation(ဖြာထွက်ခြင်း)ဆိုတဲ့ အရာနှစ်ခုဖြစ်ပါတယ်။ ၁၉ရာစု ကုန်ခါနီးလောက်မှာ Physicsကို အကုန်လုံးနီးပါး ပြီးပြည့်စုံတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
အထူးသဖြင့် Macroscopic levelဆိုရင် Classical Physicsလို့ခေါ်တဲ့ Newtonian, Lagrangian, Hamiltonတို့ရဲ့ mechanicsတွေက ပြေပြေလည်လည်ဖြေရှင်းပေးနိုင်ပါတယ်။
Radiationဆိုတာ တစ်နည်းအားဖြင့်ပြောရရင် Electromagnetic wavesပါပဲ။ အဲ့ဒီ့အရာတွေကို မက်စ်ဝဲလ်ရဲ့ (၁၈၈၅) Electromagnetic Wave Theoryကိုသုံးပြီးတော့ လှိုင်းတွေရဲ့ interferenceဖြစ်တာတွေ diffractionဖြစ်တာတွေကို ကောင်းကောင်းရှင်းပြနိုင်ပါတယ်။
အဲ့ဒါတွေကြောင့် ရူပဗေဒပညာရှင်တွေက microscopicဘက်ကို ဦးတည်ပြီး လေ့လာကြပါတယ်။ အဲ့ဒီ့အချိန်ကာလတွေမှာ statistical thermodynamicsကရူပဗေဒလောကကို dominationလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ဘော့စ်မန်း၊ ဂစ်(စ်)၊ မက်စ်ဝဲလ်တို့ရဲ့ သီအိုရီတွေ ပေါ်ထွန်းလာတဲ့အချိန်ကာလဖြစ်ပါတယ်။ ထို့ကြောင့်၁၈၇၅ခုနှစ်လောက်တုန်းက နောင်တစ်ချိန်မှာ ကွမ်တမ်မက္ကင်းနစ်ရဲ့ဖခင်တစ်ယောက်ဖြစ်လာမယ့် မက်စ်ပလန့်ကို သူ့ရဲ့ဆရာဖီးလစ်ဗွန်‌ဂျော်လီ က သီအိုရီရူပဗေဒကို လေ့လာတာကကောင်းမွန်တဲ့အကြံတစ်ခုမဟုတ်ဘူးလို့ပြောခဲ့ဖူးပါတယ်။
ဘာကြောင့်လဲဆိုတော့ သီအိုရီရူပဗေဒကိုအကုန်လုံးနီးပါး ရှာဖွေပြီးသွားပြီ၊ အမှုန်တွေရဲ့ပုံစံ‌တွေကို တစ်ခုနှစ်ခုလောက်သာ စမ်းသပ်လိုက်ရင် ပြီးသွားပါပြီလို့ ပြောခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ စမ်းသပ်ပြီးရလာတဲ့ experimental resultတွေက classical physicsနဲ့ သဟဇာတမဖြစ်တဲ့ ရလဒ်တွေ ရလာခဲ့တယ်။
အဲ့လိုမျိုး ရလဒ်တွေက တဖြည်းဖြည်းနဲ့ များလာတဲ့အခါမှာ Classical Physicsရဲ့ crisisတစ်ခုဖြစ်လာခဲ့ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင်တော့ Classical Physicsနဲ့မကိုက်ညီတဲ့ resultsတွေကို ရှင်းပြပေးနိုင်ဖို့ theoryတွေထုတ်ဖို့ လိုလာခဲ့ပါပြီ။
ဒီအရာက ကွမ်တမ်မက္ကင်းနစ်ကို အစပျိူးစေတဲ့အရာလို့ပြောရင် မမှားပါဘူး။ အဲ့တာတွေက အလင်းအမှုန်သဘာဝတို့ ဒြပ်တွေရဲ့ လှိုင်းသဘာဝတို့ စွမ်းအင်တွေကို quantizedလုပ်ထားတဲ့အရာတွေကို လေ့လာတာပဲဖြစ်ပါတယ်။
ဒါကို ကွမ်တမ်မက္ကင်းနစ် မွေးဖွားခြင်းလို့ ခေါင်းစဉ်တပ်ကြမယ်ဆိုရင်ဒီအရာကို ဦးဆောင်ခဲ့တဲ့ သီအိုရီရူပဗေဒပညာရှင်မက်စ်ပလန့်က Quantum revolutionကို ဦးဆောင်ခဲ့တဲ့ ပညာရှင်တစ်ယောက်လို့ပြောရင် အကုန်လုံး လက်ခံကြမယ်လို့ ထင်ပါတယ်။
အဲ့ကနေမှဆက်ရရင် (၁၉၀၅)ခုနှစ်မှာ အိုင်းစတိုင်းက ပလန့်ရဲ့hypothesisရယ် ၁၈၈၇မှာ ဟက်စ်ရဲ့ Photoelectric Effectတို့ကိုအသုံးပြုပြီးတော့ အလင်းဆိုတာ စွမ်းအင်အထုတ်လေးတွေနဲ့ ပေါင်းစပ်ထားတယ်။ အဲ့လိုအရာလေးတွေကို ဖိုတွန်ဆိုတဲ့ အမှုန်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာ ပြေလည်စွာဖြေရှင်းပြပေးနိုင်ခဲ့ပါတယ်။
ဆက်ရရင် လွတ်လပ်စွာရွေ့လျားနေတဲ့ အီလက်ထရွန် ဒါမှမဟုတ် စည်းနှောင်ထားတဲ့အခြေအနေမှာရှိတဲ့ အီလက်ထရွန် တွေ‌ကို High Energy Photonတွေပါတဲ့ X-rayကို သုံးပြီးတော့ scatteringလုပ်လိုက်တဲ့အခါမှာ Photonရဲ့ angleပြောင်းသွားတာနဲ့ wavelengthကလိုက်ပြောင်းသွားတာတွေ ဖိုတွန်နဲ့အီလက်ထရွန်တို့ ထိတိုက်တဲ့အခါမှာအရွေ့စွမ်းအင်နဲ့အဟုန်ဆီကို ပြောင်းလဲသွားတာတွေကို ၁၉၂၃ခုနှစ်မှာ သက်သေပြခဲ့တဲ့ Compton scattering experiment။
အဲ့ဒီ့အပေါ်မှာဖော်ပြခဲ့တဲ့အရာသုံးခုက radiationဆိုတာ အမှုန်လိုမျိုး ပြုမူနိုင်တယ်လို့ ဆိုကြရပါမယ်။ တစ်နည်းအားဖြင့်ပြောရရင် အဲ့အရာတွေကို Particle nature of lightလို့ ဆိုလို့ရပါတယ်။
တစ်ချိန်တည်းမှာပဲ Atomic Theoryကို ပြုပြင်ပြောင်းလဲဖို့လုပ်နေတဲ့ (၁၉၁၁)ခုနှစ်က သီအိုရီရူပဗေဒပညာရှင်နေးစ်ဘိုလ်းရဲ့ အဆိုပြုထားတဲ့ယူဆချက်တွေ ပေါ်လာခဲ့ပါပြီ။ Electronရဲ့ energy level, orbits, shapeတွေကို လေ့လာဖို့ နေးစ်ဘိုလ်းဦးဆောင်ပြီးတော့ quantum numberဆိုတဲ့ အရာကိုတီထွင်လာခဲ့ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ အနှစ်ချုပ်အနေနဲ့ ပြောရရင် ၁၉၂၅ခုနှစ် အရှေ့ပိုင်းကို(၁၉၀၀-၁၉၂၅‬) Old Quantum Theoryလို့ ခေါ်လို့ရပါတယ်။ ဒီtheoryတွေက Classical Physicsက ယူဆချက်တွေကို ထည့်ပေါင်းထားတယ်ဆိုတာကို ပြသနေပါတယ်။

image
16 w - Translate

☠️ 𝙁𝙞𝙣𝙖𝙡 𝘿𝙚𝙨𝙩𝙞𝙣𝙖𝙩𝙞𝙤𝙣 𝘽𝙡𝙤𝙤𝙙𝙡𝙞𝙣𝙚 ☠️

Trauma အသစ်တွေ ထပ်ပေးတော့မယ့် Final Destination ❗️❗️

“သေကံပါရင် ပြေးမလွတ်ဘူး” လိုပြောရလောက်အောင် သေခြင်းတရားဆီက ဘယ်လိုမှလွတ်အောင် ထွက်ပြေးလိုမရတဲ့ လူတစ်စုအကြောင်းကို တစ်ကားနဲ့တစ်ကား မရိုးရအောင်၊ အကြောက်တရားအသစ်အသစ်တွေနဲ့ အမြဲ up to date ဖြစ်အောင် လုပ်ပေးနေခဲ့တဲ့ကားတွေပါပဲ
Final Destination: Bloodlines ဟာ ၂၀၀၉ ခုနစ်က နောက်ဆုံးထွက်ခဲ့တဲ့ The Final Destination နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်အကြာမှ ထွက်ရှိလာတဲ့ကားဖြစ်ပါတယ်

❗️ယခုပြသမည့် ရုပ်ရှင်ဇာတ်ကားတွင် သွေးထွက်သံယိုအပြများ၊ ထိတ်လန့်ကြောက်ရွံဖွယ်ရာ ပြကွက်များပါရှိသဖြင့် ကလေးသူငယ်များ၊ ကြောက်တတ်သူများ ၊နှလူံးရောဂါအခံရှိသူများကြည့်ရှုရန်မသင့်ကြောင်း ကြိုတင်အသိပေးပါသည်❗️

😍ကြည့်ရန်နှိပ်ပါ👇

t.me/moviemart200/233

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
16 w - Translate

လူတိုင်းမှာ လမ်းမတူ
အလုပ်အကိုင်တွေ မတူပေမယ့်
ဘဝရုပ်ရှင်ထဲမှာ ကိုယ်သာလျှင် အဓိကဇာတ်ဆောင်ဆိုတဲ့
Miss World Myanmar 🇲🇲 2025 အလှမယ် ခီဆာခင်
အပြောအဆို အရေးအသားနဲ့
သူမကျင်လည်တဲ့ပတ်ဝန်းကျင် ၊
လုပ်ကိုင်နေတဲ့အရာတွေက
Miss World ပြိုင်ပြီးမှ
ပိုပြီးရင့်ကျက်လာတာ မြင်ရသလို
ခီဆာ့ရဲ့ authentic vibe ကိုလည်း
မြင်ရတယ် ✨
Miss World လိုပွဲမျိုးမှာ placement မရခဲ့ပေမယ့်
အတွေ့အကြုံကောင်းတွေ ယူလာနိုင်တာက
ဘာမှအမြင်ကပ်စရာ ပြောစရာမဖြစ်အောင်
တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပြနိုင်တာ မြင်ရတယ်🤍
အပြင်မှာလည်း အကြည်ဓာတ်ရုပ်လေးနဲ့
အေးချမ်းတဲ့အလှ🍃
Pageantry ကိုပြန်လာမယ့်တစ်နေ့
မျှော်နေမယ်👏🏻

image
16 w - Translate

လူတိုင်းမှာ လမ်းမတူ
အလုပ်အကိုင်တွေ မတူပေမယ့်
ဘဝရုပ်ရှင်ထဲမှာ ကိုယ်သာလျှင် အဓိကဇာတ်ဆောင်ဆိုတဲ့
Miss World Myanmar 🇲🇲 2025 အလှမယ် ခီဆာခင်
အပြောအဆို အရေးအသားနဲ့
သူမကျင်လည်တဲ့ပတ်ဝန်းကျင် ၊
လုပ်ကိုင်နေတဲ့အရာတွေက
Miss World ပြိုင်ပြီးမှ
ပိုပြီးရင့်ကျက်လာတာ မြင်ရသလို
ခီဆာ့ရဲ့ authentic vibe ကိုလည်း
မြင်ရတယ် ✨
Miss World လိုပွဲမျိုးမှာ placement မရခဲ့ပေမယ့်
အတွေ့အကြုံကောင်းတွေ ယူလာနိုင်တာက
ဘာမှအမြင်ကပ်စရာ ပြောစရာမဖြစ်အောင်
တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပြနိုင်တာ မြင်ရတယ်🤍
အပြင်မှာလည်း အကြည်ဓာတ်ရုပ်လေးနဲ့
အေးချမ်းတဲ့အလှ🍃
Pageantry ကိုပြန်လာမယ့်တစ်နေ့
မျှော်နေမယ်👏🏻

image
16 w - Translate

လူတိုင်းမှာ လမ်းမတူ
အလုပ်အကိုင်တွေ မတူပေမယ့်
ဘဝရုပ်ရှင်ထဲမှာ ကိုယ်သာလျှင် အဓိကဇာတ်ဆောင်ဆိုတဲ့
Miss World Myanmar 🇲🇲 2025 အလှမယ် ခီဆာခင်
အပြောအဆို အရေးအသားနဲ့
သူမကျင်လည်တဲ့ပတ်ဝန်းကျင် ၊
လုပ်ကိုင်နေတဲ့အရာတွေက
Miss World ပြိုင်ပြီးမှ
ပိုပြီးရင့်ကျက်လာတာ မြင်ရသလို
ခီဆာ့ရဲ့ authentic vibe ကိုလည်း
မြင်ရတယ် ✨
Miss World လိုပွဲမျိုးမှာ placement မရခဲ့ပေမယ့်
အတွေ့အကြုံကောင်းတွေ ယူလာနိုင်တာက
ဘာမှအမြင်ကပ်စရာ ပြောစရာမဖြစ်အောင်
တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပြနိုင်တာ မြင်ရတယ်🤍
အပြင်မှာလည်း အကြည်ဓာတ်ရုပ်လေးနဲ့
အေးချမ်းတဲ့အလှ🍃
Pageantry ကိုပြန်လာမယ့်တစ်နေ့
မျှော်နေမယ်👏🏻

imageimage

သေသူ့ကလဲ့စား(စ/ဆုံး)
——————–
ရွာတွင် လူသတ်မှုဖြစ်ပွားသည်။
အသတ်ခံရသူမှာ အပျိုကြီး မအေးသင်ဖြစ်သည်။
မအေးသင်သည် ရွာလယ်ပိုင်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်သည်။ ရွာထဲတွင် ငွေတိုးချေး၊ အပေါင်ခံခြင်းဖြင့် ပစ္စည်းဥစ္စာအတော်အသင့်ရှိသူတစ်ဦးဟု ဆိုနိုင်သည်။
အသတ်ခံရသည့်ညက မိုးတွေရွာနေသည်။ လူသတ်သမားက အိမ်ပေါ်ကိုတက်ပြီး အပျိုကြီးမအေးသင်အား ကျောက်ပျဉ်နှင့်ခေါင်းကိုထုသတ်ကာ ပစ္စည်းတွေကို ယူသွားခြင်းဖြစ်သည်။
“အပျိုကြီးမအေးသင် အသတ်ခံရလို့” ဆိုသည့် သတင်းသည် ‌မနက်ခင်းတွင် ချက်ချင်းပျံ့သွားသည်။ သူ့ခြံဝင်းထဲတွင် လူတွေဝိုင်းအုံနေကြသည်။ အိမ်ပေါ်တွင်လည်း လူတွေကိုတွေ့နေရသည်။
မကြာမီ ရဲတပ်ဖွဲ့ဝင်များ ရောက်လာကြသည်။ ခြံဝိုင်းထဲတွင်လည်း ခြေရာတွေက လာကြည့်သူတွေနှင့် ထပ်နေပြီ။ အိမ်ပေါ်တွင်လည်း ခြေမဆေးဘဲ တက်လာသည့် လူတွေကြောင့် ရွှံခြေရာတွေက နေရာအနှံပင်။ ရဲအရာရှိလည်း စိတ်ပျက်သွားသည်။
အလောင်းကိုစစ်ဆေးပြီး ဆေးရုံပို့ကြသည်။ ဆေးရုံကလည်း တိုက်နယ်ဆေးရုံလေးဖြစ်သဖြင့် မကြာခင်ကမှ ရောက်လာသည့် ဆရာဝန်မလေးနှင့် ကွန်ပေါင်ဒါအပြင် သူနာပြုဆရာမတစ်ယောက်သာ ရှိသည်။
ဆရာဝန်မလေးမှာ အလုပ်ခွင်ဝင်သည်ကမကြာသေး၊ လုပ်ငန်းအတွေ့အကြုံကလည်းမရှိ။ ကျောက်ပျဉ်နှင့် ခေါင်းကို အထုခံထားရသဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းကို မကြည့်ဝံ့လောက်အောင် ဖြစ်နေ သည်။ နောက်ဆုံးတွင် ကွန်ပေါင်ဒါနှင့် စခန်းမှူးတို့ပူးပေါင်းစစ်ဆေးချက်ယူပြီး ဆရာဝန်မလေးက အတည်ပြု ပေးလိုက်ရသည်။
အပျိုကြီး အသုဘပြီးသည့်နောက်တွင်
“မအေးသင်ကို မည်သူသတ်သနည်း” ဆိုသည့် မေးခွန်းသည် တစ်ရွာလုံးစိတ်ဝင်စားနေသည့် မေးခွန်းဖြစ်သည်။ လူတွေက အမျိုးမျိုးပြောဆိုကြသည်။ စခန်းကလည်း မသင်္ကာသည့်လူတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်စစ်သည်။ သို့သော် ပြန်လွှတ်ပေးလိုက်ရသည်သာဖြစ်သည်။
နောက်ဆုံးတွင် မအေးသင်အိမ်၌ စာရင်းငှားလုပ်နေသူ ဖိုးထောင်ကို မသင်္ကာမှုဖြင့် ဖမ်းဆီးလိုက်သည်။ ဖိုးထောင်ကလည်း သူမသတ်ကြောင်း အတန်တန် ငြင်းဆိုသည်။ ဖိုးထောင်အိမ်တွင် ရှာဖွေရာ၌လည်း ဘာပစ္စည်းကိုမျှမတွေ့ဖြစ်နေသည်။
တစ်နေ့ နံနက်တွင် ဆရာဝန်မလေး ဒေါက်တာမိုးသီတာသည် စခန်းကိုရောက်လာသည်။ စခန်းမှူးက
“ဒေါက်တာပါလား … ဘာကိစ္စများလဲ”
“ဒီလိုပါ ပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလား စဉ်းစားနေတာ”
“ပြောပါဒေါက်တာ … ဒီကိုရောက်လာတာ ပြောချင်လို့ဖြစ်မှာပါ”
“ဟုတ်ပါတယ် … ကျွန်မပြောသင့် မပြောသင့် စဉ်းစားတဲ့ကိစ္စက ကျွန်မအိပ်မက်ပါ”
“ဘာတွေများ အိပ်မက် မက်လို့လဲ ဒေါက်တာ”
“အမျိုးသမီးတစ်ယောက်က ကျွန်မကို လာပြောတယ်ဆရာ။ သူ့ကိုသတ်တဲ့သူတွေဆီကို ခေါ်သွားမယ်တဲ့။ ကျွန်မကလည်း လိုက်သွားမိတယ်။ သူက ချောင်းကိုဖြတ်ပြီး လှေလေးနဲ့ ခေါ်သွားတာ။ တစ်ဖက်ကမ်းကိုရောက် တော့ ကျွန်မကို ဆက်ခေါ်သွားသေးတယ်။ အဲဒီမှာ တဲတစ်လုံးတွေ့တယ်။ တဲထဲကို သူကကျွန်မကို လက်ဆွဲပြီး ခေါ်သွားတာ။ တဲထဲမှာ လက်ဝတ်လက်စားတွေနဲ့ ပိုက်ဆံတွေ အများကြီးပဲတွေ့တယ်”
“ဒေါက်တာ့ကို လာခေါ်တယ်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ”
“ကျွန်မလည်း သေသေချာချာမသိဘူးဖြစ်နေတယ်”
“မအေးသင်လား”
“ကျွန်မ မအေးသင်ကို တစ်ခါမှ မမြင်ဖူးဘူး”
“သူ့ကိုမြင်ရင် မှတ်မိမလား”
“မှတ်မိမယ်ထင်တာပဲ”
စခန်းမှူးက သူ့စားပွဲပေါ်ရှိ ဒိုင်ယာရီထဲက ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်သည်။
“ဟုတ်တယ် … သူပဲ … သူကျွန်မကို လာခေါ်သွားတာ”
“အဲဒါ မအေးသင်ပဲ”
“ရှင်”
“ချောင်းတစ်ဖက်ကမ်းကို လှေနဲ့ကူးရတယ်လို့ပြောလိုက်တယ်နော်”
“ဟုတ်တယ် လှေနဲ့သွားကြတာ။ သူကလှေလှော်တယ်”
စာရှည်လို့တင့်လို့မရလို့လင့်လေးတင်ပေးထားပါတယ်ဆက်လက်ဖတ်ပေးပါ
Linkကိုဖတ်လို့အဆင်ပြေအောင်လုပ်ပေးထားပါတယ်
Link >https://space.kalivblog.com/?page_id=298

image