အမေရိကန်မှာ ဖောက်ခွဲရေးပစ္စည်းစက်ရုံ ပေါက်ကွဲလို့ ၁၉ ယောက်ပျောက်ဆုံး

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံမှာ သောကြာနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားပြီးနောက် လူ ၁၉ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စက်ရုံပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူငါးဦးကို အနီးအနားရှိ ဆေးရုံကို ပို့ပေးထားတယ်လို့ ဟာမ်ဖရေးစ်ခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူ ခရစ်‌ဒေးဗစ်က ပြောပါတယ်။ စက်ရုံကတော့ အလုံးစုံပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဘက်ခ်စနော့ ရှိစက်ရုံသည် ဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ် ကိုင်တွယ် သိုလှောင်တဲ့ နေရာတခုဖြစ်ပြီး ပေါက်ကွဲရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။

ဖြစ်စဉ်ကြောင့် လူဘယ်လောက်သေဆုံးလဲဆိုတာ မပြောနိုင်သေးဘူးလို့ သတင်းစာရှင်လင်းပွဲမှာ ခရစ်‌ဒေးဗစ်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်ဟာ လည်ပတ်နေပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုက ပိုပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

လူ ၁၉ ယောက် ပျောက်ဆုံးစာရင်းဝင်နေပြီး ပေါက်ကွဲမှုကြောင့် စတုရန်းမိုင်ဝက်အတွင်း အပျက်အစီးတွေ လွင့်စင်သွားခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုဟာ မတော်တဆဖြစ်ခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဟုတ်မဟုတ် သတင်းစာရှင်းလင်းပွဲမှာ ဒေးဗစ်က မပြောပါဘူး။

ဒါပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပေါက်ပွဲမှုကို တုံ့ပြန်ရာမှာ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလီက ပြောပါတယ်။
မြေဧက ၁၃၀၀ ပေါ်မှာတည်ဆောက်ထားတဲ့ အဲဒီစက်ရုံဟာ စီဖိုး၊ တီအင်န်တီနဲ့ အခြားအဆင့်မြင့် စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းတွေကို ထုတ်လုပ်နေတာဖြစ်ပြီး ကုမ္ပဏီမှာ လူ ၇၅ ယောက်ကို အလုပ်ခန့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:AP

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image
image
image

ယခုနှစ်အစောပိုင်းတုန်းက ယူနိုက်တက်နှင့်ပွဲစဉ်မှ ဖြစ်ရပ်အတွက် အာဆင်နယ် ဒဏ်ရိုက်ခံရ

အောက်တိုဘာ ၁၁

အာဆင်နယ်ဟာ ယခုနှစ် အစောပိုင်းတုန်းက ယူနိုက်တက်နှင့် အက်ဖ်အေဖလားပွဲစဉ်တွင် လက်မှတ်စည်းမျဉ်းအား လိုက်နာရန် ပျက်ကွက်မှုကြောင့် ပေါင် ၅၀၀၀၀၀ ဆိုင်းငံ့ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။

အာဆင်နယ်ဟာ ယူနိုက်တက်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင် တစ်ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပေါင် ၅၀၀၀၀ ကို ဆိုင်းငံ့ဒဏ်ရိုက်ခြင်းခံရခြင်း ဖြစ်ပြီး ယခုနှစ် (သို့မဟုတ်) မကြာမီ ပြန်လည်စတင်မယ့် အက်ဖ်အေပြိုင်ပွဲတွင် စည်းမျဉ်းချိုးဖောက်ပါက ယင်းဒဏ်ငွေကို ကျခံလာရမှာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပွဲလက်မှတ်အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းအား ယူနိုက်တက်ကို ခွဲဝေပေးရမှာ ဖြစ်ပေမယ့်လည်း အပြည့်အဝ ပေးခဲ့ခြင်း မရှိမှုနှင့်အတူ ယခုကဲ့သို့ ဒဏ်ရိုက်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလားပြိုင်ပွဲတုန်းက လန်ဒန်တွင် ဓားဖြင့် တိုက်ခိုက်မှုများအား ဆန့်ကျင်တဲ့အနေဖြင့် အဖြူရောင်ဝတ်စုံဝတ်ဆင်ပြီး ယှဉ်ပြိုင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ 'No More Red' အစီအစဉ်ဖြင့် ဓားဖြင့် ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် လူငယ်များ နစ်နာမှုကို ဆန့်ကျင့်တဲ့အနေဖြင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကစားခဲ့တာပါ။

အာဆင်နယ်ဟာ ယခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့် အဖြစ် လာမယ့်နှစ် ဇန်နဝါရီလတွင် စတင်ကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image

ကလေး ၂ ကို ကြိမ်းမောင်းခဲ့တဲ့အမျိုးသားကို သွားရောက်ထိုးကြိတ်ခဲ့တဲ့ ဖခင် ထောင်ဒဏ်ချမှတ်ခံရ

အောက်တိုဘာ ၁၁

ကစားကွင်းတစ်ခုမှာ ကလေးကို ကြိမ်းမောင်းခဲ့ခြင်းကြောင့် သွားရောက်ထိုးကြိတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ထိုးကြိတ်ခဲ့တဲ့ ဖခင် ထောင်ဒဏ်ချမှတ်ခံရပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်က ဝမ်ချွန်ရှောင်း အမည်ရှိ ဖခင်တစ်ဦးဟာ Pandan Gardens ရဲ့ အချက် အချာနေရာ Bouncy Paradise ကစားကွင်းမှာ သူ့ရဲ့ကလေးငယ်နှစ်ဦး၊ အခြားမိသားစုဝင်တွေနဲ့အတူ ရှိနေခဲ့ပါတယ်။

ဝမ်ရဲ့သားတစ်ယောက်က သူ့ကို ကစားကွင်းမှာ လူကြီးတစ်ယောက်က ကြိမ်းမောင်းလိုက်တယ်လို့ ဆိုတာကြောင့် ကစားကွင်းထဲ ထိုင်နေတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးဆီ သွားရောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ ထိုးကျိတ်ခံရတဲ့အမျိုးသားဟာ ဆေးခွင့် ၁၄ ရက် ယူထားရပြီး အမြဲတမ်း အာရုံကြောထုံကျင်ခြင်းနဲ့ အမာရွတ် စတဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ချေရှိတယ်လို့ သိရပါ တယ်။ ဝမ်ရဲ့အပြုအမူကို ရက်စက်ကြမ်းကြုတ်ပြီး တစ်ဖက်သတ်ဆန်တဲ့အခြေအနေအဖြစ် သတ်မှတ်ထားပြီး လိုအပ်တာထက် သားကောင်ကို ပိုမိုကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောကြားပါတယ်။

ယခု အောက်တိုဘာ ၉ ရက်မှာတော့ ဝမ်ကို ထောင်ဒဏ် ၉ လ ချမှတ်ခံခဲ့ရပြီး လျော်ကြေးငွေ ဒေါ်လာ ၄၀၈ ခန့် ပေးဆောင်ဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

❝ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ထိထိရောက်ရောက် နှိုးဆော်အသိပေးကြရန် လိုအပ်ကြောင်း လဝကဝန်ကြီးပြောကြား❞

အောက်တိုဘာ ၁၁

ပြည်သူများအနေဖြင့် မိမိအမည် မဲစာရင်းတွင် ပါ/မပါ၊ အချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ/မရှိ မဲစာရင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့ လာရောက်ကြည့်ရှုနိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ကာယကံရှင်အနေဖြင့် ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ထိထိရောက်ရောက် နှိုးဆော်အသိပေးကြရန် လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်၊ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၄/၂၀၂၅) တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်မှစ၍ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထုတ်ပြန်ကြေညာခဲ့ရာ အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

အလားတူ လက်ရှိအတည်ပြုလူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာဒေသသို့ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ဝင်ရောက်မှု မရှိသေးသည့်အတွက် မဲစာရင်းပြုစုရာတွင် ကျန်ရှိနေခြင်း၊ ကွဲလွဲနေခြင်းဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သလို ယင်းတို့ကို ရွေးကောက်ပွဲနည်းဥပဒေပါ သတ်မှတ်ပုံစံများဖြည့်စွက်၍ မဲစာရင်းတွင် ပါရှိစေရေး၊ အချက်အလက်ကွဲလွဲမှု မရှိစေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်မှုရှိစေရေးနှင့် မဲပေးပိုင်ခွင့်မရှိသူများ မပါဝင်စေရေးအတွက် မိမိတို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က အလေးထားကြပ်မတ် စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း မထုတ်ပြန်မီ ပထမအကြိမ် မဲစာရင်းထုတ်ပြန်မှု၏ လိုအပ်ချက်များ၊ မပြည့်စုံမှုများအပေါ် အောက်ခြေမြို့နယ်အဆင့်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှစ၍ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စိစစ်ပြင်ဆင် ဖြည့်စွက်အတည်ပြုပြီး အဆင့်ဆင့် ကြပ်မတ်ကြီးကြပ် စိစစ်အတည်ပြုကာ လက်ရှိ အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းကို ဗဟိုကော်မတီသို့ သတ်မှတ်ရက်အရောက် ပြုစုပေးပို့ကြရန်နှင့် ဗဟိုကော်မတီမှ အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူ၍ ဒုတိယအကြိမ် မဲစာရင်း ပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image

အေစီမီလန်သို့ မပြောင်းလိုခဲ့ကြောင်း ဂန္ထဝင်နောက်ခံလူနက်စတာဖွင့်ဟလာ

အောက်တိုဘာ ၁၁

လာဇီယိုနှင့် အေစီမီလန်ဂန္ထဝင်နောက်ခံလူအလက်ဇန္ဒရိုနက်စတာက အေစီမီလန်သို့‌ ပြောင်းရွှေ့ကစားမယ့် အစီအစဉ် မရှိခဲ့ကြောင်း ဖွင့်ချလာပါတယ်။

အီတလီလက်ရွေးစင်နောက်ခံလူဟောင်းဟာ ၂၀၀၂ ခုနှစ်တုန်းက အင်တာမီလန်သို့ ပြောင်းရေး ဆွေးနွေးမှုနောက်ဆုံးအချိန်ရောက်မှ ကလပ်ဘက်က နောက်ဆုတ်သွားမှုနှင့်အတူ ရွေးချယ်စရာမရှိဘဲ အေစီမီလန်သို့ ပြောင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နက်စတာဟာ အေစီမီလန်တွင် ကစားတဲ့ ပထမဆုံးရာသီမှာပင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက နက်စတာဟာ အင်တာမီလန်သို့သာ ပြောင်းကစားလိုခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းဆိုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန်က အပြောင်းအရွှေ့နောက်ဆုံးအချိန်ကျမှ နောက်ဆုတ်သွားမှုနှင့်အတူ နက်စတာဟာ အေစီမီလန်ကို ရွေးချယ်ခဲ့ရတာပါ။

ထိုစဉ်တုန်းက လာဇီယိုဟာ ဘဏ္ဍာရေးပြဿနာများ တက်နေခဲ့တာ ဖြစ်ပြီး ကစားသမားတွေကို လုပ်ခမပေးနိုင်တာ ၈ လတိုင်တိုင် ရှိပြီလည်း ဖြစ်ပါတယ်။ နက်စတာအနေဖြင့် မဖြစ်မနေ အသင်းပြောင်းရမယ့် အခြေအနေ ဆိုက်နေခဲ့တာပါ။

နက်စတာက "ယင်းမတိုင်မီ လအနည်းငယ်တုန်းက ဂျူဗင်တပ်သို့ ပြောင်းဖို့ ဖြစ်နိုင်ခဲ့သေးတယ်။ ဒါပေမယ့် ကျွန်တော်က မပြောင်းချင်ဘူး။ ဂျူဗင်တပ်က အကျဘက်ရောက်နေတယ်။ အင်တာသို့ပဲ သွားဖို့ လုပ်ထားတာ။ ဒါပေမယ့် မေလ ၅ ရက်နောက်ပိုင်းမှာတော့ အင်တာ ပျောက်သွားတယ်။ သူတို့ အခြားရွေးချယ်စရာ ရှိလာတာဖြစ်ပါလိမ့်မယ်။ နောက်တော့ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ မီလန် ရောက်လာတယ်"လို့ ပြောကြားသွားပါတယ်။

မီလန်သို့ မပြောင်းလိုဘဲ အင်တာသို့သာ ပြောင်းလိုကြောင်းကို နက်စတာက "အင်တာက နောက်နှစ်မှာ ချန်ပီယံဖြစ်နိုင်တာကြောင့် မီလန်သို့ မပြောင်းလိုဘူး။ ဒါပေမယ့် မီလန်သို့ ပြောင်းခဲ့ရတယ်။ ပထမဆုံးနှစ်မှာ ချန်ပီယံလိဂ်ဖလားရတယ်။ ကျွန်တော်တို့ အားလုံးကောင်းခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဆက်သွယ်ခြင်းခံရမှုနှင့်ပတ်သက်ပြီး နက်စတာက "မီလန်သို့ မပြောင်းခင် တစ်နှစ်မှာပါ။ သူတို့(ရီးရဲလ်)နဲ့ ခြေစမ်းပွဲကစားချိန်မှာ ကျွန်တော့်ကို ရီးရဲလ်မက်ဒရစ်က ဖုန်းခေါ်လာတယ်။ ကစားသမားတစ်ဦးက သူတို့အတွက် ကစားသင့်ကြောင်း ပြောလာတယ်။ ကျုပ်ကလည်း လာဇီယိုအတွက် ကစားနေကြောင်း ပြန်ပြောခဲ့တယ်။ သူကတော့ ကျွန်တော့်ကို အရူးလို့ ထင်မှာဘဲ။ နောက်တစ်နှစ်ကျတော့ လစာမရတာ ၈ လတောင် ရှိလာပြီ ဆိုတော့ ထွက်ခွာဖို့ ဖြစ်လာရော"လို့ ပြောကြားသွားပါတယ်။

နက်စတာဟာ အေစီမီလန်သို့ ပြောင်းရွှေ့ကစားတဲ့ ပထမဆုံးရာသီမှာ ချန်ပီယံလိဂ်ဖလားနှင့် ကိုပါအီတာလီယာဖလားတို့ကို ရရှိနိုင်ခဲ့ပြီး ပွဲပေါင်းသုံးရာကျော်ကစားခဲ့ကာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

သူဟာ ကစားသမားဘဝတွင် အောင်မြင်မှု ရခဲ့ပေမယ့်လည်း နည်းပြဘဝမှတော့ ရုန်းကန်နေရပါတယ်။

သူဟာ ၂၀၂၄ ခုနှစ်တုန်းက မွန်ဇာကို ကိုင်တွယ်ခဲ့ပေမယ့် စီးရီးအေ ၁၇ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ထုတ်ပယ်ခံရပြီး ၇ ပတ်အကြာမှာ မွန်ဇာနည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရပေမယ့်လည်း နောက်ထပ် ၁၄ ပွဲကိုင်တွယ်ရာမှာ ၁ ပွဲတည်းသာ အနိုင်ရခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံမှု ဆက်လက်လက်ခံ

အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အ မှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာ ၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၀ ရက် တွင် ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ကျောင်းသား/ကျောင်းသူ ၇၅၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉၇၇ ဦး ကျောင်းတက်ရောက်လျက်ရှိပြီး တည် ငြိမ်အေးချမ်းလျက်ရှိသည့် ဒေသမှ ကျောင်းသား/ကျောင်းသူများနည်းတူ စာပေပညာများကို စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်း သား/ ကျောင်းသူများအား ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါ တည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင်လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မ တော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အောင်တိုဘာ ၁၀ ရက်တွင် ပြင်ပလူနာ ၁၀၅ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာ ၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#centralnewsnaypyitaw

image

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ
ကျပ် ဘီလီယံ ၁၁၆၃ ဒသမ ၀၁၅ ရှိ

#သတင်းဟင်းလေးအိုးကြီး

imageimage

တက်ရောက်လိုသူများအတွက်
ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်နည်း
ရက်တိုသင်တန်း ခေါ်စာ

#govjob

image

လူငယ်ကစားသမားတွေကို ဖုန်းအသုံးပြုမှုကန့်သတ်ဖို့ မစ်ခီတာရန် အကြံပေး

အောက်တိုဘာ ၁၁

အင်တာမီလန်အသင်းကွင်းလယ်လူမစ်ခီတာရန်က အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေအနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေရှိနိုင်တဲ့အတွက် ဖုန်းအသုံးပြုမှုကို ကန့်သတ်ဖို့ အကြံပေးခဲ့ပါတယ်။

မစ်ခီတာရန်က “ဖုန်းကိုပဲ ကြည့်နေမယ်ဆိုရင် ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အရာတွေကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျနော်ဟာ အဝတ်လဲခန်း ဒါမှမဟုတ် အားကစားခန်းမမှာ ဖုန်းအလွန်အကျွံသုံးတာကို မကြိုက်ပါဘူး။ ဒါက စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကွင်းထဲကို ရောက်ပြီဆိုရင်လည်း ခေါင်းကို ငုံ့ပြီး ဘောလုံးကိုသာ ကြည့်ကာ အသင်းဖော်တွေကို မတွေ့ရတော့ပါဘူး။ ဒါက ကလေးအများအပြားအတွက် ရောဂါတစ်ခုလိုဖြစ်နေပြီး ဘောလုံးကိုတောင် ကျော်သွားခဲ့တယ်”လို့ Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ မစ်ခီတာရန်ဟာ အင်တာမီလန်အသင်းနဲ့ စီးရီအေဖလား ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ်ရောက်ရှိခဲ့တာပါ။ အာမေးနီးယားကစားသမားဟာ အင်တာမီလန်အသင်းမှာ နည်းပြချီဗူး ယုံကြည်ရတဲ့ စီနီယာကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ လက်ရှိ အချိန်မှာ လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေချိန်မှာ မစ်ခီတာရန်က အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို အကြံပေးမှုတွေပြုလုပ်ခဲ့တာပါ။

မစ်ခီတာရန်ဟာ ကလပ်ရဲ့အဆောက်အဦအတွင်း ဖုန်းအသုံးပြုခြင်းရဲ့အန္တရာယ်တွေကို ပြောခဲ့သလို ကစား သမားတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်စေကြောင်းလည်း ပြောခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ ဒီရာသီအစကို နှေးကွေးစွာစတင်ခဲ့ပြီး ပထမ ၆ ပွဲမှာ ၂ ပွဲအထိ အရေးနိမ့်ထားတာပါ။ ဒါပေမယ့် အင်တာမီလန် အသင်းဟာ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက နာပိုလီအသင်းနဲ့ ၃ မှတ်သာ ကွာဟပါတယ်။

မစ်ခီတာရန်က သူ့ရဲ့စိတ်ဓါတ်ပိုင်းနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကို အသုံးပြုပြီး အင်တာမီလန်အသင်းကို ချန်ပီယံဆုပြိုင်ပွဲအတွက် လမ်းကြောင်းမှန်ပေါ်ရောက်ရှိအောင် ကူညီပေးဖို့ မျှော်လင့်နေပါတယ်။ အင်တာမီလန် အသင်းဟာ လာမယ့်စီးရီးအေပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal

#ဘောလုံးသတင်းစုံ

image

ရွေးကောက်ပွဲ လေ့လာသူတွေ စေလွှတ်ဖို့ အာဆီယံအဖွဲ့ ဆွေးနွေးဦးမယ်လို့ မလေးရှားပြော

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လေ့လာသူစေလွှတ်ဖို့ မြန်မာဘက်က ဖိတ်ကြားထားပေမယ့် အာဆီယံအနေနဲ့ ယခုလနှောင်းပိုင်းမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ဒီတောင်းဆိုချက်ကို ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ကြားချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို ပေးပို့ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ရွေးကောက်ပွဲ လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ကြားချက်ကို ရရှိခဲ့ပြီး ဖိတ်ခေါ်ချက်ကို မလေးရှား ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့ထားပါတယ်”လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မလေးရှားမှ လေ့လာသူအဖွဲ့တွေ စေလွှတ်မယ်လို့ သောကြာနေ့က မြန်မာ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပေမယ့် ဒီဖော်ပြချက်ကိုတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကိုးကားဖော်ပြတာမရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်တို့ ကြာသပတေးနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးအပြီးမှာ အခုလို ကြေညာချက် ထွက်လာတာပါ။ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် ဖန်တီးထားတဲ့ ပါတီတွေနဲ့အတူ ကျင်းပမှာကြောင့် အတုအယောင်အဖြစ် ဝေဖန်သူတွေနဲ့ အနောက်နိုင်ငံ တော်တော်များများက ရှုမြင်ကြပါတယ်။

မြန်မာအာဏာပိုင်တွေဟာ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုကာ ၂၀၂၂ ခုနှစ်ကစပြီး အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်ထားပါတယ်။

မလေးရှားဟာ ယခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးအပြီးမှာတော့ မြန်မာ့ရွေးကောက်ပွဲကို အဓိကအဖြစ် မရှုမြင်သင့်ကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေးကိုသာ အဓိကအားထုတ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန်က တိုက်တွန်းခဲ့ပါတယ်။

လက်ရှိမှာ‌တော့ ဒီဇင်ဘာလမှာ ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲဝင်ဖို့အတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၇ ပါတီ ရှိပြီး ခြောက်ပါတီကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။

Ref:CNA
Phtoto:Reuters

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image