Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငှက်ကြီးက **ကမ္ဘာ့အအန္တရာယ်အရှိဆုံးငှက်ကြီးပါ**! နာမည်က **Cassowary** (ကက်ဆိုဝေးရီ) တဲ့။
သူ့ရဲ့ထူးခြားချက်တွေက -
➡️ **ဓားလိုချွန်တဲ့ခြေသည်း** - ၁၂ စင်တီမီတာခန့်ရှည်ပြီး လူကိုပင် ဒဏ်ရာရစေနိုင်တယ်
➡️ **တစ်နာရီကို ၅၀ ကီလိုမီတာ** - အရှိန်နဲ့ပြေးနိုင်တယ်
➡️ **ဦးခေါင်းမှာ သံခမောက်လို အရိုးဆောင်း** - သစ်ကိုင်းတွေကြားမှာ ခေါင်းကိုကာကွယ်ဖို့
➡️ **အပြာရောင်လည်ပင်း + အနီရောင်အရေပြားဆွဲကျီတွေ** - ရှေးဦးသတ္တဝါတစ်ကောင်လိုမျိုး
ဒီငှက်ကြီးတွေဟာ **ဩစတြေးလျနဲ့ နယူးဂီနီတောတွေထဲမှာပဲ** တွေ့ရပြီး သစ်သီးတွေကိုအဓိကစားကာ သစ်ပင်ပေါက်ဖွားမှုကို ကူညီပေးတယ်။ ဒါပေမယ့် **အန္တရာယ်ကျတော့မယ်ဆိုရင် သူတို့ရဲ့ခြေသည်းတွေက သေစေနိုင်တဲ့အထိအင်အားပြင်းတယ်**!
သဘာဝတရားရဲ့ ဒီလိုတောက်ပြောင်ပြီး အန္တရာယ်များတဲ့ငှက်ကြီးတွေကို အနီးကပ်မချဉ်းကပ်ဖို့တော့ သတိထားရမှာပါနော်!"
ဆာလက်နဲ့ ကစားသမား ၄ ဦးကို အနားပေးမယ်လို့ အာနီဆလော့ ပြော
စက်တင်ဘာ ၂၃
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းလိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ကစားသမား ၄ ဦးကို အနားပေးမယ်လို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “ပွဲတွေ အများကြီး ကစားရတာကြောင့် အလှည့်ကျစနစ် အသုံးပြုဖို့ လိုအပ်ပါတယ်။ ကျနော်တို့ မှာ အလှည့်ကျ အသုံးပြုဖို့ ရွေးချယ်ခွင့်ရှိတဲ့အတွက် ကောင်းပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မိနစ် ၉၀ ကစားခဲ့ကြတဲ့ ဗန်ဒိုက်၊ ကိုနာတေး၊ ဆာလက်၊ ဂရာဗန်ဘာ့ချ်နဲ့ ဆိုဘို့ဆလိုင်းတို့ကို ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ မြင်တွေ့ ရမှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ အဲဗာတန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်သလက်တီကို အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၄ ဦး အပြောင်း အလဲ ပြုလုပ်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပွဲတွေ အများအပြား ယှဉ်ပြိုင်ရမှာဖြစ်လို့ အလှည့်ကျစနစ်ကို အသုံးပြုတာက အရေးပါ တယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့တာပါ။
ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားအချို့ကို အနားပေးမှာဖြစ်လို့ ပုံမှန်ကစားခွင့် မရသေးတဲ့ သူတွေနဲ့ လူငယ်ကစားသမားတွေအတွက် အခွင့်အရေးရလာဖို့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ချီယေဆာ၊ အန်ဒို၊ မာမာဒက်ရှ်ဗီလီ၊ အန်ယိုနီနဲ့ အန်ဂူမိုဟာတို့ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုလာဖို့ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံးနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲကို နိုင်ပွဲ ရယူထားပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းကိုလည်း အနိုင်ယူပြီး သူတို့ရဲ့ရာနှုန်းပြည့် နိုင်ပွဲ ရယူထားတဲ့ မှတ်တမ်းကို ဆက်ထိန်းသိမ်းချင်နေတာပါ။
လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
ပုံ - အာနီဆလော့နဲ့ ဆာလက်ကိုတွေ့ရစဉ်
#ဘောလုံးသတင်းစုံ
၈ နှစ်ကြာ ဒူးနာတာကို ၅ ရက်နဲ့ ပျောက်ကင်းခဲ့တဲ့ ကိုယ်တွေ့ဆေးနည်း
မင်္ဂလာပါရှင်။ ဒီဆေးနည်းလေးကို ကိုယ်တိုင် လက်တွေ့ စမ်းသပ်ပြီး အဆင်ပြေလို့ ပြန်လည်မျှဝေပေးတာပါ။ ကျွန်မအမေဟာ ဒူးနာတာ ၈ နှစ်လောက်ရှိနေပါပြီ။ မြန်မာဆေးရော၊ အင်္ဂလိပ်ဆေးရော အမျိုးမျိုးစုံအောင် ကုသခဲ့ပေမယ့် သက်သာမလာခဲ့ပါဘူး။
အခုတော့ ညတိုင်း ဆေးစည်းပြီး အိပ်လိုက်တာ ၅ ရက်မြောက်နေ့မှာ သိသိသာသာကို သက်သာလာပါတယ်။ ဒီနည်းက ငွေကုန်ကြေးကျလည်း သက်သာသလို ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ နာနေပါစေ စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဆေးနည်း
လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ပမာဏတူယူပြီး ညက်အောင် ထောင်းပါ။ ပြီးရင် နာနေတဲ့ ဒူးခေါင်းပေါ်မှာ စည်းပြီး အိပ်ပါ။ မနက်ကျမှ ပြန်ခွာပါ။ နောက်နေ့ညမှာလည်း ဒီအတိုင်းပဲ ပြန်စည်းပြီး အိပ်ပေးရုံပါပဲ။
ဒူးနာဝေဒနာရှင်များအားလုံး ဒီဆေးနည်းနဲ့ သက်သာပျောက်ကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီအချက်အလက်တွေက ဗဟုသုတအဖြစ် အကျိုးရှိမယ်ဆိုရင် အခြားသူများလည်း သိရှိရအောင် ပြန်လည်မျှဝေပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်(၄)ဆူ အင်းလေးဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံပွဲ စတင်
စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ၁၈ ရက်ကြာ ဒေသစာရီ ကြွချီပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၄ နာရီက စတင်ကာ ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူတို့အား နံနက် ၇ နာရီတွင် အင်းသားရိုးရာဆွဲလှေ (၄၆)စီးဖြင့် ရေလမ်းခရီး ပင့်ဆောင်ပူဇော်ကြပြီး ယနေ့တွင် ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်သည်။ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကာ အောက်တိုဘာ ၉ ရက်အထိ အင်းလေးဝဲယာ ၂၁ ဌာနသို့ အစီအစဥ်အလိုက် ပင့်ဆောင်ပူဇော်သွားမည်ဖြစ်သည်။
Ref & Photo – MOI
#သတင်းဟင်းလေးအိုးကြီး


+4