Windows ကို Reset (ပြန်ချ) နည်း
Windows 10 နဲ့ Windows 11 အတွက် နည်းလမ်းတူညီပါတယ်။
Windows ပြန်ချနည်း (Reset This PC)
ဒီနည်းကို သုံးရင် သင့်ရဲ့ File တွေ မဆုံးရှုံးစေဘဲ Windows ကို ပြန်လည်စတင်နိုင်ပါတယ် (သို့) အားလုံးဖျက်ပြီး ပြန်တင်နိုင်ပါတယ်။
အဆင့် (၁) - Reset လုပ်မယ့်နည်းလမ်းကို ရွေးပါ
1. Start Menu ကိုနှိပ်ပါ > Settings () ကိုဝင်ပါ။ (သို့) `Windows + I` နှိပ်ပြီး Settings ဖွင့်ပါ။
2. Update & Security (Windows 1 သို့ System > Recovery (Windows 11) ကိုဝင်ပါ။
3. Recovery အောက်က Reset this PC မှာ Get Started ကိုနှိပ်ပါ။
အဆင့် (၂) - File တွေကို ဘယ်လိုထားမလဲဆိုတာ ရွေးပါ
- Keep my files Apps နဲ့ Settings တွေ ပျက်သွားမယ်၊ ဒါပေမယ့် ကိုယ့်ရဲ့ Personal Files (ဓာတ်ပုံ၊ ဖိုင်တွေ) ကျန်မယ်။
- Remove everything ကွန်ပျူတာကို အသစ်အတိုင်း ပြန်ဖြစ်စေမယ် (ဖိုင်အားလုံး ဖျက်မယ်)။
အဆင့် (၃) - Windows ကို ဘယ်လိုပြန်တင်မလဲဆိုတာ ရွေးပါ
- Cloud Download Microsoft Server ကနေ Windows ကို ဒေါင်းလုပ်ဆွဲပြီး ပြန်တင်မယ် (အင်တာနက် လိုအပ်မယ်)။
- Local Reinstall ကွန်ပျူတာထဲမှာရှိတဲ့ Windows File တွေနဲ့ ပြန်တင်မယ်။
အဆင့် (၄) - Additional Settings (ရွေးချယ်စရာများ)
- Remove my files ကိုရွေးရင် Data Erasure (ဖိုင်တွေကို အပြီးဖျက်မယ်) နဲ့ Drive Cleaning (ဒရိုက်တစ်ခုလုံးသန့်မယ်) ရွေးလို့ရတယ်။
- Just remove my files ဖိုင်တွေကို ရိုးရိုးဖျက်မယ် (ပြန်ပြောင်းလို့ရနိုင်သေးတယ်)။
အဆင့် (၅) - Reset စတင်ပါ
- Reset ကိုနှိပ်ပါ > ကွန်ပျူတာ Restart ဖြစ်ပြီး Windows ပြန်တင်မယ်။
- အချိန် ၃၀ မိနစ်မှ ၂ နာရီ အထိကြာနိုင်ပါတယ်။
သတိထားရန်
- Backup အရင်လုပ်ပါ အရေးကြီးတဲ့ဖိုင်တွေကို External Drive သို့ Cloud Storage (Google Drive, OneDrive) မှာ သိမ်းထားပါ။
- Power မပြတ်စေနဲ့ Reset လုပ်နေစဉ် Laptop/PC ကို မပိတ်ပါနဲ့။
> အကူအညီလိုရင် Windows ပြန်ချတဲ့အခါ Error တက်ရင် USB Bootable Drive သုံးပြီး Clean Install လုပ်ဖို့လိုနိုင်ပါတယ်။

image

❝ပင်လယ်ဝသို့ ပို့ဆောင်မည့် ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း)များကို ရန်ကုန်မြစ်အတွင်းမှ ဖမ်းမိပြီး ဆက်စပ်တရားခံ ၆ ဦးကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့❞

စက်တင်ဘာ ၂၆

ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်မည့် ခန့်မှန်း ငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလိုကို ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြစ်အတွင်းမှ ဖမ်းဆီးရမိခဲ့သလို ဆက်စပ်တရားခံ ၆ ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းအရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်အနီး၌ ခင်မောင်လင်း ဆိုသူနှင့် သက်ပိုင်ထူး(ခ) သက်ပိုင် ဆိုသူတို့ မောင်းနှင်လာသည့် သမ္ဗန်စက်လှေကို စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဆက်စပ်ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တင်ဆောင်ပေးသူ ကျော်စိုးမင်း ဆိုသူကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက်၌ လည်းကောင်း၊ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီး ဆိုသူကို မွန်းလွဲ ၁ နာရီခန့် တွင် ပုဇွန်တောင်မြို့နယ်နှင့် ဇော်မင်းနိုင်(ခ) ဇော်မင်းလတ် ဆိုသူကို ရန်ကင်းမြို့နယ်တို့၌ လည်းကောင်း အသီးသီး ဖမ်းမိခဲ့သည်ဟုဆိုသည်။

အလားတူ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင် ဆိုသူကိုတော့ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ စက်လှေ ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတရားခံများကို ဥပဒေအရ အရေးယူထားရှိသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး လက်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
16 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
16 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
16 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
16 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
image
image
image

ပထမဆုံး ရည်မှန်းချက်ပန်းတိုင် အောင်မြင်ခဲ့ပြီလို့ မာရှေယာနို ပြော

စက်တင်ဘာ ၂၆

အင်တာမိုင်ယာမီအသင်းဟာ နယူးယော့ခ်စီးတီးအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိကာ မေဂျာလိဂ်ပလေးအောဖ့် တစ်နေရာရရှိခဲ့ပြီးနောက် သူတို့ရဲ့ပထမဆုံးရည်မှန်းချက်ပန်းတိုင်အောင်မြင်ခဲ့ပြီလို့ နည်းပြမာရှေယာနိုက ပြောခဲ့ပါတယ်။

မာရှေယာနိုက “ကျနော်တို့ရဲ့ပထမဆုံးရည်မှန်းချက်ပန်းတိုင်အောင်မြင်ခဲ့ပြီး ဒါက ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ကျနော်တို့ဟာ ရှေ့ကိုဆက်ပြီးတွန်းအားပေးရမှာဖြစ်သလို အကောင်းဆုံး ပလေးအောဖ့်နေရာကိုလည်း ရယူချင်ပါတယ်။ ကျနော်တို့ဟာ Supporters’ Shield အတွက်လည်း တိုက်ပွဲဝင်ချင်ပေမယ့် လာမယ့်တိုရွန်တိုနဲ့ပွဲကို အာရုံစိုက်ဖို့လိုပါတယ်” လို့ ပြောခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲစဉ်မှာ မက်ဆီက ၂ ဂိုး၊ ရိုဒရီဂွက်ဇ်နဲ့ ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဒီနိုင်ပွဲကြောင့် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး လက်ကျန်ပွဲကစားဖို့ ၂ ပွဲကျန်ရှိနေချိန်မှာ ထိပ်ဆုံးနေရာကအသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ပလေးအော့ဖ်ဝင်ခွင့်ရခဲ့ပြီးနောက် Supporters’ Shield ရယူနိုင်ဖို့လည်း အခွင့်အရေးတွေရှိနေတာဖြစ်ပါတယ်။

ဒီပွဲမှာ အင်တာမိုင်ယာမီအသင်း ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ချိန်မှာ အသင်းခေါင်းဆောင်မက်ဆီဟာ သူမကန်သွင်းဘဲ အသင်းဖော်တိုက်စစ်မှူးဆွာရက်ဇ်ကို ကန်သွင်းစေပြီး ဂိုးရရှိစေခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းနည်းပြမာရှေယာနိုက မက်ဆီကို ချီးကျူးခဲ့ပြီး ဆွာရက်ဇ်ဂိုးသွင်းနိုင်ဖို့လိုအပ်ချိန်မှာ အခုလိုပြုလုပ်ခဲ့တာက အသင်းအတွက် အလွန်ကောင်းမွန်တဲ့အရာလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီစီယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာလည်း ၂ ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲကစားထားပြီး ၃၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ပုံ - နည်းပြမာရှေယာနိုကိုတွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
16 w - Translate

ဖေဖေ့ သီချင်းတွေ ရဲ့ မူပိုင်ခွင့်က ညီမလေး ရွှေရည်သိန်းတန် ဆီမှာပါ။ သူကလည်း ဖေဖေ့ သီချင်းကို လက်လွတ်စပယ် မလုပ်ဘူး။ အစ်မတို့ရဲ့ မေမေကိုလည်း အနုပညာကြေး တစ်ဝက်ပေးပါတယ် လို့ ပြောလာတဲ့ ဝင်းပပသိန်းတန်

image

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရာတွင် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးရန် IAEA ကို တောင်းဆိုခဲ့

စက်တင်ဘာ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Atom Museum ၌ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic week forum 2025) အတွင်း “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့ (From a New Technological Rollout to a New Worldview)" ခေါင်းစဉ်ဖြင့် ပြုလုပ်သော မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့​ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ​က မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်က စ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နျူကလီးယား စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် စတင်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ရန်ကုန်မြို့တွင် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ဖွင့်လှစ်နိုင်ခဲ့သဖြင့် နျူကလီးယားနယ်ပယ်တွင် အတွေ့အကြုံကြွယ်ဝပြီး ထိပ်တန်းဖြစ်သည့် ရုရှားနိုင်ငံနျူကလီးယားစက်ရုံနှင့် နည်းပညာအပေါ် မီဒီယာမျိုးစုံနှင့်ပြည်သူလူထု ပိုမိုနားလည် သဘောပေါက်စေရန် ဆောင်ရွက်နိုင်ခဲ့သလို အမျိုးသားအဆင့်နျူကလီးယားအခြေခံ အဆောက်အအုံနယ်ပယ်များ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်ချက်များ (Terms of Reference - ToR) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ “ROSATOM" နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သိပ္ပံပွဲတော် ၂၀၂၃နှင့် သိပ္ပံပွဲတော် ၂၀၂၄ တို့ကို နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်(YTU) တို့၌ ကျင်းပနိုင်ခဲ့သည့်အတွက် မြန်မာကျောင်းသားများကို နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာနှင့် ဗဟုသုတများစွာ ရရှိစေခဲ့ကြောင်းနှင့် ROSATOM မှ ချီးမြှင့်သည့် ပညာသင်ဆုအစီအစဉ်ဖြင့် Small Modular Reactor-SMR အတွက် လုပ်ငန်းလိုအပ်ချက်များအပါအဝင် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ​ပြောကြားသည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ငန်းမှတ်တိုင် သုံးခု၊ လုပ်ငန်းအဆင့်သုံးခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM ၏ Timeline အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (International Atomic Energy Agency-IAEA)၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Technical Cooperation)တွင် ပါဝင်ခဲ့ကြောင်း၊

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အဦများ မြှင့်တင်ပေးခြင်း တို့အပြင် လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် ပါဝင်စေခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ​ပြောကြားသည်။

ထို့အတူ ၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက ကြီးမှူးကျင်းပသည့် နျူကလီးယားဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နျူကလီးယားဥပဒေကို ပြင်ဆင်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 ၂၀၂၅ ခုနှစ်အတွင်း ROSATOM နည်းပညာအကယ်ဒမီနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီတို့ ကြီးမှူးကျင်းပသည့် နိုင်ငံခြားကျွမ်းကျင်သူများအတွက် အမျိုးသားအဆင့်နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်မှုတွင် ပါဝင်သည့် အငယ်စား နျူကလီးယားလျှပ်စစ်ဓာတ်အားပေး စက်ရုံများနေရာချထားခြင်းဆိုင်ရာ ဒေသတွင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသင်တန်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလီးယားနယ်ပယ်များ မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ရေး နှစ်ပေါင်းများစွာကတည်းက ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တုံ့နှေးနေခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်ကစပြီး ရုရှားနိုင်ငံနှင့်ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှု၊ ရုရှားနိုင်ငံ၏အဘက်ဘက်မှ အားဖြည့်ဆောင် ရွက်ပေးမှုတို့ကြောင့် တိုးတက်မှုများသိသာစွာရရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ROSATOM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အခြေခံအဆောက်အဦများနှင့် အခြားသောကဏ္ဍ ပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

#centralnewsnaypyitaw

image
image
image