22 w - Translate

◾️ရန်ကုန်-ပုဂံ ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲမည့်ရက် အတိအကျမသိရသေးဟုဆို
ရန်ကုန်-ပုဂံသွားရထားလမ်းပေါ်ရှိ ရန်ပယ်ချောင်းတံတား၏ အလယ်တိုင် နိမ့်ဆင်းမှုကြောင့် ယမန်နေ့(အောက်တိုဘာ ၁ ရက်) မှစ၍ ရန်ကုန်-ပုဂံ ရထားခရီးစဉ်များကို ရက်အကန့်အသတ်မရှိရပ်နားထားကြောင်း ပုဂံဘူတာကြီးမှ ထုတ်ပြန်ထားသည်။
ထိုသို့ ရပ်နားထားရသည့် ခရီးစဥ်များအား မည်သည့်ရက်တွင် ပြန်လည် ပြေးဆွဲပေးမည်ကို အတိအကျ မသိရှိရသေးကြောင်း ရန်ကုန် ဘူတာကြီးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
"မနက်ဖြန် အောက်တိုဘာ ၃ ရက်မှာလည်း ရန်ကုန်ပုဂံရထားကထွက်မှာမဟုတ်ပါဘူး။ ရောင်းချထားတဲ့ လက်မှတ်ဖိုးတွေလည်းမနက်ကျအကုန်ပြန်အမ်းပေးမှာပါ။ လက်ရှိတံတား ပြင်ချိန်ဘယ်လောက်ကြာမယ် ဘယ်တော့ရထားပြန်ထွက်မလဲဆိုတာတော့ ကျွန်မတို့အနေနဲ့အခုချိန်ထိတော့ဘာမှမသိသေးပါဘူး"ဟု ရန်ကုန် ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာ၊ ဝက္ကသေးဘူတာအနီးရှိ ရန်ပယ်ချောင်းတံတား၏ အလယ်တိုင်သည် စက်တင်ဘာ ၃၀ ရက်က ရေတိုက်စားခြင်းကြောင့် နိမ့်ဆင်းသွားသည့် အတွက်ရထားသွားလာ၍မရတော့ဘဲ ရထားပြေးဆွဲမှုကို ရပ်နားလိုက်ရကြောင်း သိရသည်။
နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင် ပြည်သူများပုဂံဘုရားသို့အဆင်ပြေပြေသွားရောက်ဖူးမြော်နိုင်ရန် မြန်မာ့မီးရထားကအထူးရထားအဖြင့်ထပ်မံပြီးတိုးချဲ့ပြေးဆွဲပေးသော်လည်း ယခုနှစ်တွင်ရေကြီးမှုများရှိနေသောကြောင့် ရထားပြေဆွဲရန် သေချာမှုမရှိကြောင်း သိရသည်။
"တချို့တွေကတော့သူတို့ရဲ့ဘွက်ကင်ယူထားတွေကိုပြန်ရုပ်သိမ်းသွားကြတယ်။ အခုပုဂံလာမယ်သူတွေက ရထားနဲ့လာဖို့ဆိုတာတံတားကပြင်ရဦးမယ်ဆိုတော့မလွယ်လောက်ပါဘူး။ ကားနဲ့လာမယ်ဆိုတော့လည်း လမ်းမှာကရေတွေကြီးနေတယ်ဆိုတော့ ဘယ်လာကြပါမလဲ။ ဒါကြောင့်သူတို့တင်တဲ့ ဘွက်ကင်တွေကိုသူတို့ဘက်ကပဲပြန်ဖျက်သွားပါတယ်"ဟု ပုဂံဒေသအတွင်း ဟိုတယ်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။
ဝက္ကသေးဘူတာအနီးရှိ ရန်ကုန်-ပုဂံသွားရထားလမ်းပေါ်ရှိ ရန်ပယ်ချောင်းတံတား၏ အလယ်တိုင်ကိုပြန်လည်ပြုပြင်ရန် ရေကျချိန်ကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - မြန်မာ့မီးရထား
#ပြည်တွင်းသတင်း

image
22 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စက်သုံးဆီလုပ်ငန်းရှင်များအား ကန်ဒေါ်လာ ၂၅ သန်း ရောင်းမည်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ယခုလအတွင်း ပထမဦးဆုံးအကြိမ် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာများ ဆက်တိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရောင်းချပေးခဲ့ကြောင်း သိရသည်။
သတင်း - လူ့တလူ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဒေါ်လာဘီလီယံ ၅၀၀ ကျော် ပထမဆုံးကြွယ်ဝသူအဖြစ် အီလွန်မာ့ခ် ဖြစ်လာ
ဝါရှင်တန်၊ အောက်တိုဘာ-၂
တက်စလာလျှပ်စစ်ကားကုမ္ပဏီသူဌေး အီလွန်မာ့ခ်သည် ယခုနှစ်တွင် လျှပ်စစ်ကားကုမ္ပဏီနှင့် ၎င်း၏ အခြားစီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးများမြင့်တက်နေသဖြင့် အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်ကြွယ်၀သည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
နည်းပညာသူဌေးကြီး၏ အသားတင်ပိုင်ဆိုင်မှုသည် အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ဒေါ်လာ ၅၀၀ ဒသမ ၁ ဘီလီယံသို့ ခေတ္တရောက်ရှိခဲ့ပြီး ထိုနေ့နှောင်းပိုင်းတွင် ဒေါ်လာ ၄၉၉ ဘီလီယံကျော်သာ ကျဆင်းသွားခဲ့ကြောင်း ဖိုးဘီးစ်မဂ္ဂဇင်း၏ ဘီလျံနာအညွှန်းကိန်းက ဖော်ပြခဲ့သည်။
တက်စလာနှင့်အတူ ၎င်း၏ဉာဏ်ရည်တုလုပ်ငန်း၊ ဒုံးပျံကုမ္ပဏီ စပေ့စ်ဆက်အပါအဝင် အခြားလုပ်ငန်းများ၏ တန်ဖိုးများသည် မကြာသေးမီလများအတွင်း မြင့်တက်လာသည်ဟု သတင်းများကဆိုသည်။ လက်ရှိပိုင်ဆိုင်မှုသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့နည်းပညာကဏ္ဍပြိုင်ဘက်များထက်ကောင်းစွာ ရပ်တည်နိုင်စေခဲ့သည်။
ဖိုးဘီးစ်၏ ဘီလျံနာအညွှန်းကိန်းအရ အိုရကယ်ကို တည်ထောင်သူ လယ်ရီအီလီဆန်က ချမ်းသာကြွယ်၀မှု ဒေါ်လာ ၃၅၀ ဒသမ ၇ ဘီလီယံဖြင့် ကမ္ဘာ့ဒုတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အီလွန်မာ့ခ် ပို၍ကြွယ်၀လာမှုသည် ၎င်း၏တက်စလာ ရှယ်ယာ ၁၂ ရာခိုင်နှုန်းဆက်စပ်နေပြီး တက်စလာရှယ်ယာများသည် ယခုနှစ်အတွင်း သိသိသာသာ ဈေးနှုန်းမြင့်တက်လာခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများသည် အီလွန်မာ့ခ်အနေဖြင့် နိုင်ငံရေးထက် ၎င်း၏ ကုမ္ပဏီများအပေါ် အချိန်ပိုအာရုံစိုက်ခြင်းကို ကြိုဆိုနေကြသည်။ ၎င်းသည် ယခုနှစ်အစောပိုင်းတွင် အမေရိကန်အစိုးရအသုံးစရိတ်လျှော့ချရန်နှင့် အလုပ်အကိုင်များဖြတ်တောက်ရန်အတွက် အစိုးရစွမ်းဆောင်ရည်ဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

image
22 w - Translate

ပုဂံရဲ့ အလှဆုံး အချိန်ကို ပြောပါဆိုရင်တော့ မိုးရာသီပေါ့ 🌧
မြင်မြင်သမျှ နေရာတိုင်းက စိမ်းလန်းစိုပြေနေပြီ 🌿
မြေသင်းနံလေးရယ် မိုးရဲ့ အငွေ့သက်လေးတွေနဲ့
လည်ပတ်ရတာ အရမ်းမိုက်ပါတယ် 🍀

image
22 w - Translate

ပုဂံရဲ့ အလှဆုံး အချိန်ကို ပြောပါဆိုရင်တော့ မိုးရာသီပေါ့ 🌧
မြင်မြင်သမျှ နေရာတိုင်းက စိမ်းလန်းစိုပြေနေပြီ 🌿
မြေသင်းနံလေးရယ် မိုးရဲ့ အငွေ့သက်လေးတွေနဲ့
လည်ပတ်ရတာ အရမ်းမိုက်ပါတယ် 🍀

image
22 w - Translate

ပုဂံရဲ့ အလှဆုံး အချိန်ကို ပြောပါဆိုရင်တော့ မိုးရာသီပေါ့ 🌧
မြင်မြင်သမျှ နေရာတိုင်းက စိမ်းလန်းစိုပြေနေပြီ 🌿
မြေသင်းနံလေးရယ် မိုးရဲ့ အငွေ့သက်လေးတွေနဲ့
လည်ပတ်ရတာ အရမ်းမိုက်ပါတယ် 🍀

image
22 w - Translate

ပုဂံရဲ့ အလှဆုံး အချိန်ကို ပြောပါဆိုရင်တော့ မိုးရာသီပေါ့ 🌧
မြင်မြင်သမျှ နေရာတိုင်းက စိမ်းလန်းစိုပြေနေပြီ 🌿
မြေသင်းနံလေးရယ် မိုးရဲ့ အငွေ့သက်လေးတွေနဲ့
လည်ပတ်ရတာ အရမ်းမိုက်ပါတယ် 🍀

image
22 w - Translate

ပုဂံရဲ့ အလှဆုံး အချိန်ကို ပြောပါဆိုရင်တော့ မိုးရာသီပေါ့ 🌧
မြင်မြင်သမျှ နေရာတိုင်းက စိမ်းလန်းစိုပြေနေပြီ 🌿
မြေသင်းနံလေးရယ် မိုးရဲ့ အငွေ့သက်လေးတွေနဲ့
လည်ပတ်ရတာ အရမ်းမိုက်ပါတယ် 🍀

image
22 w - Translate

ပုဂံရဲ့ အလှဆုံး အချိန်ကို ပြောပါဆိုရင်တော့ မိုးရာသီပေါ့ 🌧
မြင်မြင်သမျှ နေရာတိုင်းက စိမ်းလန်းစိုပြေနေပြီ 🌿
မြေသင်းနံလေးရယ် မိုးရဲ့ အငွေ့သက်လေးတွေနဲ့
လည်ပတ်ရတာ အရမ်းမိုက်ပါတယ် 🍀

image
image
image
image
image

၃၀ နှစ်အောက် သတ်မှတ်ဘွဲ့ရများအတွက်
မြန်မာ့စီးပွားရေးဘဏ်က လစ်လပ်ရာထူး
၁၇၀ နေရာ အလုပ်ခေါ်စာ

#govjob

imageimage